" CANDY RANGERS " အပိုင်း ( ၂ )

3.3K 13 0
                                    

" CANDY RANGERS " အပိုင်း ( ၂ )

ဇာတ်လမ်း - နတ်သား

သူပြောချင်တာ ပြောခဲ့ပြီးနောက်တော့ ကိုဗညားဆီက ဆဲရေးသံ ရောက်မလာခင်၊ နိုင်မျိုးအောင် ရုံးခန်းထဲမှ
ပြေးထွက်လာခဲ့ဖို့တော့ သတိရပါသေးသည်။ ကိုဗညား ရုံးခန်းရှိရာ အနော်ရထာလမ်းကြီးပေါ်ရောက်တော့
အပြင်ဘက်တွင် ကားတွေ၊ လူတွေက ရှုပ်ယှက်ခတ်နေသည်။ သို့သော် နိုင်မျိုးအောင် ရင်ထဲတွင် မွန်းကြပ်မှု
ဖြစ်မသွား။ လရောင်ချိုနှင့် ပြတ်စဲပြီးကတည်းက အချိန်အတောအတွင်းတွင် ပထမဦးဆုံးအကြိမ်အနေဖြင့်
နိုင်မျိုးအောင် ရည်မှန်းချက်တစ်ခုနှင့်တက်ကြွနေလေသည်။
စဉ်းစားဦးမယ်၊ အချိန်နည်းနည်းပေးဆိုပေမယ့် နောက်နှစ်ရက်နေသည်နှင့် ကိုဗညားက သူ့ကို ဖုန်းဆက်သည်။
တခြားတော့ မဟုတ်။ နိုင်မျိုးအောင် ပြောသည့် ကိစ္စကို လက်ခံသည် ဆိုသည့် အကြောင်းပင်။
တိုင်ပင်ဖော်တိုင်ပင်ဖက်ရော၊ လုပ်ဖော်ကိုင်ဖက်ပါ ရလာပြီမို့ နိုင်မျိုးအောင် သူ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့
သေချာ အကွက်ချရသည်။ ကိုဗညားပြောသလို ဂီတအဖွဲ့ တစ်ခု ထောင်သည်ဆိုတာ မလွယ်သည့်ကိစ္စမို့ အခုရှိမည့်
အခက်အခဲရော၊ နောင်ဖြစ်လာနိုင်သည့် ပြသနာများကိုပါ နှစ်ယောက်ပေါင်းပြီး ကြိုတင် စဉ်းစားကြသည်။
တကယ်တမ်း ထဲထဲဝင်ဝင် သေချာပလမ်ချပြီး စဉ်းစားကြည့်တော့မှ လိုအပ်တာတွေက တစ်ပုံကြီးဖြစ်နေသည်။
ပထမဦးဆုံးအနေဖြင့် သူတို့ထူထောင်မည့် ဂီတအဖွဲ့က သီချင်းပဲဆိုမှာလား၊ ကိုရီးယားအဖွဲ့တွေလို ကခုန်တာရော
ပါဦးမှာလား ဆိုတာကို အကျိတ်အနယ် ဆွေးနွေးရသည်။ နိုင်မျိုးအောင်က သီချင်းအဖွဲ့ပဲ လုပ်ချင်ပေမယ့်
ကိုဗညားက ဒါကို မထောက်ခံ။
"မောင်နိုင် .. ကတာခုန်တာပါ ပါရင် ကောင်းမယ် .. အဲဒါက ပိုဆန်းသစ်မယ် .. ပြီးတော့ ခေတ်နဲ့အညီလဲ
ဖြစ်သွားမယ် .. မင်းပဲ စဉ်းစားကြည့် .. တို့ဆီမှာ သီချင်းဆိုနေတဲ့ဟာတွေ .. ဘယ်သူက ဖြစ်မြောက်အောင်
ကတတ်လို့လဲ .. နောက်ကကတဲ့ အဖွဲ့နဲ့တိုက်ပြီး တစ်ကွက်ကောင်း၊ နှစ်ကွက်ကောင်းလေးလုပ်
ဟိုလှုပ်ဒီလှုပ်ဖြစ်နေတာ .. ဒါတောင် ပြီးခဲ့တဲ့ မျှော်စင်ကျွန်းရှိုးပွဲမှာ လရောင်ချိုက အဲဒီလို လုပ်ပြနိုင်လို့
ပရိတ်သတ်တွေ သောင်းသောင်းဖျဖျ အားပေးကြတာ မင်းအသိပဲ မဟုတ်လား .."
ကိုဗညားက ချက်ကျလက်ကျ ပြောဆိုလာသည့်အတွက် နိုင်မျိုးအောင် ငြင်းလို့မရတော့ပါ။ သူက ထိုအချက်ကို
ထည့်သွင်းစဉ်းစားလျှင် နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် ပြသနာကိုသာ ထောက်ပြရသည်။
"ထားပါတော့ .. ကိုဗညား .. ဒါပေမယ့် အဲဒီလို ကတာခုန်တာကို အခြေခံပြီးဖွဲ့ရင် ကျနော်တို့က ကတတ်တဲ့
ကောင်မလေးတွေ ရှာရမယ် .. အဲ .. ကောင်မလေးတွေ ကနိုင်ပါပြီတဲ့ထား .. သူတို့ကို သင်ပေးဖို့ လူတော့
လိုလာပြန်ပြီ မဟုတ်လား .. ပေါက်တတ်ကရ ဟိုကွေး ဒီကွေးကတာတော့ ကျနော်မလိုချင်ဘူး .."
"ဟ .. မောင်နိုင် .. မင်းကွာ .. နီးနီးလေးနဲ့ဝေးနေပါလား .. အဲဒါကြောင့် ..."
ကိုဗညား ကြည့်ရတာ လရောင်ချိုက အဲဒါကြောင့် မင်းကို စွန့်သွားတာဟု ပြောချင်ပုံရသည်။ သို့သော်
နိုင်မျိုးအောင်၏ အကြည့်စူးစူးက သူ့စကားမဆုံးခင် ရောက်လာသဖြင့် အဲဒါကြောင့် ဆိုသည့်နေရာမှာတင်
ရပ်သွားသည်။ ထိုစကားအစား နိုင်မျိုးအောင် မေ့နေ့သည့် ကိစ္စကိုသာ ထုတ်ဖော်ပြောရှာသည်။
"မင်း အဆက်ဟောင်းကြီး .. ရှိတယ်လေ .. မင်း မမမော်က dancing group တစ်ခု ဖွင့်ထားတာ မဟုတ်လား.."
"ဟာဗျာ .. ဘယ်နှယ့် မမမော်က ကျနော့်အဆက်ဟောင်း ဖြစ်ရမှာလဲ .. ကျနော်တို့နှစ်ယောက် ကြိုက်တောင်
မကြိုက်ဖူးပါဘူး .."
"အေး .. မကြိုက်ဘူးဆိုတာလဲ မင်းက ငါ့လို မျက်လုံးကောင်းတဲ့ကောင်းမှ မဟုတ်တာ ... ဒီလောက် အကိတ်ကြီးကို
မင်းကစပြီး ရှောင်ရတယ်လို့.."
"တော်တော် ကိုဗညား .. အလုပ်ကိစ္စပဲ ပြောကြတာပေါ့ .. မမမော်က အကသင်တန်း ဖွင့်ထားလို့လား .."
နိုင်မျိုးအောင် သူမသိသေးသည့် သတင်းကို ကိုဗညားဆီမှ မေးရင်း သူနှင့် အနည်းငယ် အဆက်အသွယ်ပြတ်သလို
ဖြစ်သွားသည့် မမမော်အကြောင်းကို ပြန်စဉ်းစားဖြစ်သည်။ မယုယုမော်ဆိုသည့် မမမော်နှင့် သူဘာကြောင့် ခပ်ခွာခွာ
ဖြစ်ခဲ့ရသည်ဆိုတာကလည်း ကိုဗညားပြောသည့်အချက်နှင့် သိပ်တော့မကွာခြားပါ။ အသက်၃၀ကျော်ဆိုတာကို
ရင်းနှီးသူများသာ သိနိုင်ကြသည့် မမမော်သည်၊ ဘယ်အချိန်ချိန်ဖြစ်ဖြစ် ဘယ်နေရာကကြည့်ကြည့်
ချောပါသည်ဆိုသော မိန်းကလေးများထဲတွင် တစ်ဦးအပါအ၀င် ဖြစ်သည်။ အထူးသဖြင့် မယ်ဗမာတွေကတောင်
ပြန်အားကျနိုင်မည့် ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းထားနိုင်သော မမမော်သည် ယောက်ျားလေးတွေအတွက်တော့
စိတ်ကူးမလွဲချင်စရာကြီးပင်။
ထိုမမမော်နှင့် သူသည် သူငယ်ချင်းတစ်ယောက်၏ အလှူပွဲတွင် တွေ့ခဲ့ရကစပြီး၊ နောက်ပိုင်း အတော်ရင်းနှီးခဲ့သည်။
တော်ယုံတန်ယုံ ယောက်ျားလေး မိတ်ဆွေနှင့် အပြင်သွား၊ အပြင်လာ မရှိဘူးဟု သိသည့် မမမော်သည် သူနှင့်တော့
ဘုရားသွားကျောင်းတက်တောင် လုပ်ခဲ့သေးသည်။ နိုင်မျိုးအောင် ဘယ်လောက် ရိုးသည်၊ အသည်ဟုပဲ ဆိုဆို၊
အမျိုးသမီးတစ်ယောက်က ဒီလောက်ထိ အခွင့်အရေးပေးလာသည်တွင် မမမော်၏ သဘောထားက
သူ့အပေါ်ဘယ်လိုဆိုတာကို နားလည်ရပါသည်။ ဒါပေမယ့် ခက်သည်က နိုင်မျိုးအောင်။
နိုင်မျိုးအောင်တွင် ရောဂါဆန်းဆန်းပဲ ရှိသည်လို့ ပြောရမလား မသိ။ သူ့ထက်အသက်ကြီးသည့် အမျိုးသမီးများကို
ဘယ်လိုမှ ရင်ခုန်လို့မရ။ ထို့အတွက်ကြောင့် မမမော်နှင့် မဖြစ်သင့်တာ မဖြစ်ရအောင်ဆိုပြီး သူကပဲစ၍
ခပ်ခွာခွာနေခဲ့တာဖြစ်သည်။
"ဖွင့်ထားတယ် .. ကုက္ကိုင်းဘက်မှာ .. Shining Stars ဆိုတဲ့ဆိုင်းဘုတ်ကြီးနဲ့.. အောင်မြင်လား မအောင်မြင်လား
မမေးနဲ့ .. မော်ဒယ်လ်ရှိုးပွဲတွေ၊ ကုန်ပစ္စည်းပရိုမိုးရှင်းတွေ သူတို့ပဲ လုပ်နေတာ .. မင်း စိတ်ကူးမလွဲနဲ့ .. မမမော်က
မင်းဆို ကူညီမှာ .."
ကိုဗညားပေးသည့် အကြံက လောလောဆယ်တွင် အသင့်တော်ဆုံးဖြစ်နေသည့်အတွက် ထိုအချက်ကို
နိုင်မျိုးအောင် လက်ခံလိုက်သည်။ အကကိစ္စနှင့် ပတ်သက်ပြီး ခေါင်းခဲစရာ တစ်ခုလျော့သွားသည့်နောက်
ကျန်သည့်ကိစ္စများကို ဆက်တိုင်ပင်ကြသည်။ ကိုဗညားက လူရွေးချယ်ဖို့ကို သူရော၊ နိုင်မျိုးအောင်ပါ
ကိုယ့်အတိုင်းအတာနှင့်ကိုယ် လုပ်ကြမည်ဖြစ်ပြီး အချိန်ကာလကို တစ်လအဖြစ် သတ်မှတ်လိုက်သည်။
ထိုတစ်လအတွင်း အဆင်မပြေမှ သတင်းစာထဲမှ ကြေညာထည့်ပြီး လျှောက်လွှာတင် လူရွေးချယ်ခြင်း လုပ်ဖို့
ယာယီသဘောတူထားသည်။ အဓိကကတော့ နိုင်မျိုးအောင်က သူဘာလုပ်နေသည်ဆိုတာကို ဂီတလောကမှာ
သတင်းထွက်မသွားစေချင်လို့ ဖြစ်သည်။ ကျန်သည့် သီချင်းရေးတာတို့၊ တီးခတ်ဖို့ Band ရှာတာတို့ကတော့
ကိုဗညားရော၊ သူပါ ဒီလောကထဲက လူများမို့ သိပ်မခက်။ သူတို့နှစ်ယောက် တာဝန်ခွဲဝေယူလိုက်သည်နှင့်
အဆင်ပြေသွားသည်။ ကိုဗညားက သီချင်းခွေနှင့် တပြိုင်နက် ဗွီဒီယိုခွေပါ ထွက်ဖို့ တာဝန်ယူလိုက်သေးသည်။
ဒီတော့ နိုင်မျိုးအောင်လည်း မမမော်နှင့်တွေ့ဖို့ကိစ္စကို သူက တာဝန်လုံးလုံးယူလိုက်ရလေတော့သည်။
ဒီလိုနှင့် ....
Girls Band တစ်ခု ဖွဲ့စည်းဖို့ကိစ္စကို ကိုဗညားက Mission Impossible ဟု ပြောခဲ့ခြင်းမှာ သူ့အလွန်တော့ မဟုတ်ပါ။
နိုင်မျိုးအောင်တို့ တားကတ်ထားခဲ့သည့် အချိန်တစ်လနီးပါး ကုန်လာသည်အထိ စိတ်ကြိုက်လူမရခြင်းက ကိုဗညား
ပြောခဲ့ခြင်းကို ထောက်ခံသလို ဖြစ်နေသည်။ တစ်ခုတော့ ရှိပါသည်။ လူ လုံးဝမရခြင်းလား ဆိုလျှင်တော့လည်း
ထိုသို့မဟုတ်ပါ။ နိုင်မျိုးအောင်ဘက်ကရော၊ ကိုဗညားဘက်ကပါ အလားအလာရှိသည်ဆိုသော
ကောင်မလေးအချို့ကို သူတို့တွေ့ခဲ့ပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် သူတို့နှစ်ယောက်စလုံး
စိတ်တိုင်းကြသည်ဟူ၍ မဖြစ်ခဲ့။ နိုင်မျိုးအောင်တို့ဘက်က ရွေးချယ်ဖို့ခက်နေသလို၊ သူတို့သွားစည်းရုံးသည့်
အချို့သော ကောင်မလေးတွေကလည်း နိုင်မျိုးအောင်တို့၏ ဘွန်း (ကန်ထရိုက်စာချုပ်) ထိုးရမည်ဆိုသော
စည်းကမ်းချက်ကြောင့် ပါဝင်ဖို့ အင်တင်တင်ဖြစ်နေကြသည်။
နိုင်မျိုးအောင်တို့ အဖို့ကလည်း ထိုသို့မလုပ်လို့ မဖြစ်။ သူတို့က သီချင်းဆိုကောင်းနိုင်သည့်သူများသာမက၊
ရုပ်ရည်အဆင်းနှင့်ပါ ပြည့်စုံသော ကောင်မလေးများကို လိုချင်တာဖြစ်လို့၊ သီချင်းခွေထွက်ပြီး
နောက်ပိုင်းနာမည်ရလာသည်တွင် ကိုယ့်ဖာသာကိုယ် တစ်စင်ထူသွားတာမျိုးကို မလိုလား။ အထူးသဖြင့်
လရောင်ချိုနှင့်ကတည်းက ခံခဲ့ရပြီးဖြစ်သော နိုင်မျိုးအောင်က ဒါကို တွက်မိလို့ အနည်းဆုံး ငါးနှစ် သူတို့နှင့်တွဲ၍
အလုပ်လုပ်ရမည်ဟု စာချုပ်ထဲမှာ ထည့်၍ရေးသားထားသည်။
ထိုကာလအတောအတွင်း အနုပညာနှင့် ပတ်သက်သော အခွင့်အရေးမှန်သမျှ နိုင်မျိုးအောင်တို့၏
ဆုံးဖြတ်မှုအောက်တွင် ရှိသည်။ ကိုယ့်သဘောနှင့်ကိုယ် ကြော်ငြာရိုက်ခွင့်မရှိ၊ မော်ဒယ်လုပ်ခွင့်မရှိ၊
သရုပ်ဆောင်အဖြစ်ပါဝင်ခွင့်မရှိ စသည့်စသည့် အသေးစိတ်အချက်အလက်များ ပါရှိလေရာ၊ နောက်ခံဘက်ဂရောင်း
အနည်းငယ်ရှိသော မိန်းကလေးများက ထိုအချက်များကို သဘောမကျ။ နိုင်မျိုးအောင်နှင့် ကိုဗညားဆိုတာ
ဂီတလောကတွင် နာမည်ရှိသောလူများဖြစ်ပြီး၊ သူတို့နှစ်ယောက် ပေါင်းလုပ်သည့်ကိစ္စမို့ စိတ်ဝင်စားကြသည့်တိုင်
အတိအလင်း စာချုပ်ကို လက်မှတ်ထိုးဖို့တော့ တစ်ယောက်မှ မရသေးပေ။
အခုလည်း ဇူးဇူးပြည့်မောင်ဆိုသည့် ကောင်မလေးကို သူတို့နှစ်ယောက်စလုံး သွားရောက် အကဲခတ်ပြီး၊
အင်တာဗျူးခဲ့ရာ အဆုံးသတ်မှာ သူမတောင်းဆိုသည့် အချက်တစ်ခုကြောင့် နှစ်ယောက်သား
လိပ်ခဲတည်းလည်းဖြစ်ကာ ပြန်လာခဲ့ရသည်။
"မောင်နိုင် .. ဘယ်လိုလဲ .. ဟိုကောင်မလေး တောင်းဆိုတာကို လက်ခံမလား .."
ကိုဗညားနှင့်သူ ဇူးဇူးပြည့်မောင်နေထိုင်ရာ တာမွေဘက်ရှိ စားသောက်ဆိုင်တစ်ခုတွင် နေ့လည်စာ ၀င်စားရင်း
အခြေအနေကို တိုင်ပင်ဖြစ်ကြသည်။
"သူ တောင်းဆိုတာကို ကျနော်တော့ သဘောတူရခက်ခက်ပဲ .. သူက အဆိုမကောင်းတာတော့ မဟုတ်ဘူး ..
ဒါပေမယ့် Lead singer အနေနဲ့တော့ သူ့ကို မရွေးချင်ဘူး... အင်း ခက်ပါတယ်ဗျာ ... သူ့ကို သဘောတော့ကျတယ်
... ရုပ်ရော အသံရော ပြောစရာမရှိဘူး..."
"ဘာလဲ .. အိမ်နေရင်းမို့ စွပ်ကျယ်လက်ပြတ်နဲ့ ဆင်းတွေ့တာနဲ့ မင်းက သဘောကျသွားတာလား ...
ကောင်မလေးက မဆိုးဘူးကွ .. ပစ္စည်းရှိ လူတန်းစားထဲမှာ ပါတယ် .."
"ဟာဗျာ .. ကိုဗညားကလဲ .. ကျနော်က အကောင်းပြောနေတာဗျ ..."
နိုင်မျိုးအောင် စိတ်ပေါက်ပေါက်နှင့် ပြောလိုက်ပေမယ့် ကိုဗညားမျက်နှာက ပြုံးစိစိဖြစ်နေသည်။ သူ့ကိုလည်း
မော်လို့တောင် မကြည့်ပဲ မှာထားသည့် ထမင်းနှင့်ဟင်းကိုသာ သဲကြီးမဲကြီးနှင့် ငုံ့စားနေသည်။ နိုင်မျိုးအောင်လည်း
ကိုဗညားအကြောင်းသိနေသည်မို့ ဂရုစိုက်မနေပဲ သူပြောချင်တာကိုသာ ဆက်ပြောသည်။
အတွေးမြင်ကွင်းထဲတွင်တော့ ကိုဗညား ပြောသလိုပင် ရင်ဟိုက်စွပ်ကျယ်ဝတ်ထားလို့ ၀င်းဝင်းမွတ်မွတ်ဖြစ်နေသည့်
ဇူးဇူးပြည့်မောင်၏ ရင်အရှေ့ ပိုင်းက ဖြတ်ကနဲ ပေါ်လာလို့ ထမင်းလုတ်ကိုတောင် မနည်းမျိုချလိုက်ရသည်။
"ဒီအတိုင်းသာဆိုရင်တော့ ကျနော်တို့ သတင်းစာထဲမှာ ကြေညာထည့်ပြီး လူခေါ်တာကို
မလုပ်မဖြစ်လုပ်ရတော့မယ်နဲ့တူတယ် .. အခုထက်ထိ အဖွဲ့ခေါင်းဆောင်ထားရမည့်သူကို
စိတ်ကြိုက်မတွေ့သေးဘူးဗျာ .. ခက်တော့တာပဲ .. ဟူး .."
"ခက်မနေနဲ့ .. ကိုယ်တော် .. ဒီကိစ္စက မင်းစတာ .. ငါက တစ်နွယ်ငင် တစ်စင်ပါရတာ .. ငါကတော့
ပြောရမယ်ဆိုရင် ခုနက ဇူးဇူးဆိုတဲ့ကောင်မလေးရယ် ... တို့မနေ့တစ်နေ့က သဘောတူထားခဲ့တဲ့ နွယ်နီလင်းဆိုတဲ့
တစ်ယောက်ရယ် .. အဲဒီနှစ်ယောက်ထဲနဲ့တောင် အဖွဲ့ထောင်လိုက်ချင်ပြီ ... ဒီနှစ်ယောက်လည်း မဆိုးပါဘူးကွာ .."
ကိုဗညားပြောတာ ဟုတ်တော့ဟုတ်သည်။ နိုင်မျိုးအောင်တို့ အခုလက်ရှိ ရထားသည်ဟု ပြောလို့ရမည့်
နွယ်နီလင်းရော၊ ဇူးဇူးပြည့်မောင်ပါ အနုပညာအခြေခံလေးတွေ ကောင်းလှသည်။ ထို့အပြင် သူတို့
အကဲခတ်မိသလောက် ကောင်မလေးတွေက စကားပြောဆိုပုံရော၊ ပြုမူနေထိုင်ပုံရော အသွက်ကလေးတွေ
ဖြစ်သည်။ သီချင်းလည်း ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်ကြပြီး ပင်ကိုယ်အသံက မဆိုး။ ကတာခုန်တာလည်း
သင်ပေးမည်ဆိုလျှင် ရကြမည့်ပုံပေါ်သည်။ နောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် သူတို့နှစ်ယောက်၏
ရုပ်ကလေးတွေကလည်း ညီအစ်မလို့ ပြောလို့ရလောက်အောင် ဆင်တူယိုးမှားလေးတွေ ဖြစ်သည်။
မျက်နှာသွယ်သွယ်လေးတွေနှင့် လိုက်ဖက်သော ကိုယ်လုံးက ခပ်သွယ်သွယ်လေးတွေ ဖြစ်ကြပြီး အရပ်ကလည်း
မမြင့်လွန်း၊ မနိမ့်လွန်းဆိုသည့် အမျိုးအစားထဲတွင် ပါသည်။ နိုင်မျိုးအောင်တို့ တွေ့ဆုံပြီး ဆွေးနွေးခဲ့သည့်
ဝါသနာရှင်များထဲတွင် ဒီကောင်မလေးနှစ်ယောက်ကိုတော့ အတော်လေး သဘောကျကြလေသည်။
"ကျနော် နဲနဲ စဉ်းစားလိုက်ဦးမယ်ဗျာ ... ကျနော်က အစောပိုင်းတုန်းက ရွေးစရာ အတော်များမယ်ထင်လို့
ငါးယောက်လောက် လုပ်ချင်တာ .. အခုတော့ နှစ်ယောက်ထဲ ရသေးတော့ အခက်သားဗျ .. အချိန်လည်း
သိပ်မဆွဲချင်ဘူး .. လုပ်စရာကိစ္စတွေက နောက်မှာ တစ်ပုံကြီး ... နောက်ထပ်တစ်ယောက်စ၊ နှစ်ယောက်စလောက်
ရှာချင်သေးတယ် ... အခုကောင်မလေး နှစ်ယောက်ကလည်း အသံကောင်းလှတယ်ဆိုပေမယ့် တကယ် ရင်ထဲကို
စွဲပြီး ကျန်နိုင်လောက်အောင် မဖြစ်သေးဘူးဗျ .. သီချင်းစစဖွင့်ချင်းမှာ နားထောင်သူ ပရိတ်သတ်ရင်ထဲကို
လုံးဝစွဲကျန်သွားနိုင်မယ့် အသံမျိုးလိုချင်တယ် ... "
နိုင်မျိုးအောင်က ဇွဲမလျှော့သေးသည့် လေသံနှင့် ပြောသည်။ ကိုဗညားကတော့ သူ့စကားကို ထောက်ခံသည်လည်း
မဟုတ်၊ မထောက်ခံသည်လည်း မဟုတ်။ ပုခုံးတစ်ချက်သာ တွန့်ပြရင်း လုပ်လက်စ သူ့အလုပ်ကိုပဲ
ဆက်လုပ်နေသည်။ တော်တော်လေးကြာအောင် သူတို့နှစ်ဦးကြား အသံတိတ်ဆိတ်သွားပြီးမှ တအောင့်အကြာတွင်
ကိုဗညားက သူ့ကိုလှမ်းကြည့်သည်။
"ဒါနဲ့ .. မောင်နိုင် .. မင်း မမမော်နဲ့ရော သွားတွေ့ပြီးပြီလား ...
ငါ့ကိုလည်း ဘာမှ အဲဒီအကြောင်း မပြောသေးဘူးနော် .."
"မတွေ့ရသေးဘူးဗျာ .. ဖုန်းနဲ့တော့ စကားပြောဖြစ်တယ် ..."
"ဒါဆို ဘယ်လိုလဲ .. မမော်က လက်ခံတယ်တဲ့လား ... "
"အဲဒီကိစ္စ အထိရောက်အောင်ကို မပြောရသေးပါဘူး ... ကျနော်လည်း
ခင်ဗျားပြောသလို မျက်နှာပူသလို ဖြစ်နေတယ် .."
"ဟ .. မောင်နိုင်ရယ် .. မင်းကတော့ ခက်တော့တာပဲ .. ဘာမျက်နှာပူစရာရှိလဲ ..
အလုပ်ကိစ္စလို့ပဲ သဘောထားလေကွယ် .. မင်းကိုက တခြားကိစ္စဖြစ်ချင်နေသေးလို့လား .. ဟဲ .. ဟဲ .."
"မဖြစ်ချင်ပါဘူးဗျာ .. ကျနော့်အကြောင်းလည်း ခင်ဗျား သိသားနဲ့ .. ကဲပါဗျာ .. ကျနော် အခုပဲ မမမော်ဆီ
ဖုန်းထပ်ဆက်လိုက်ပါဦးမယ် .. လောလောဆယ် ဇူးဇူးပြည့်မောင်ကိစ္စက မသေချာသေးပေမယ့် မမမော်နဲ့တော့
တေ့တေ့ဆိုင်ဆိုင် စကားပြောထားလိုက်ပါ့မယ် .. ကျေနပ်ပြီမှတ်လား .."
"အေး .. ပြောထားလိုက် .. ကောင်မလေးတွေကိစ္စကတော့ နည်းနည်းအချိန်ထပ်ပေးလိုက်သေးတာပေါ့ .."
နှစ်ယောက်သား ထမင်းစားပြီးသည့်နောက်တွင်တော့ ကိုဗညားက လုပ်စရာရှိသေးသည်ဆိုပြီး သူ့ကို
လမ်းခွဲနှုတ်ဆက်ကာ ထွက်သွားသည်။ နိုင်မျိုးအောင် တစ်ယောက်တည်းသာ ကျန်ခဲ့သည်တွင် လုပ်စရာရှိလျှင်
အကြွေးမထားတတ်သည့် သူ့ထုံးစံအတိုင်း မမမော်ဆီ ဖုန်းဆက်သည်။ မမမော်နှင့် တိုက်ရိုက်ပင်
ဖုန်းပြောလိုက်ရသည်။ အလုပ်ကိစ္စတစ်ခု တိုင်ပင်ချင်လို့ မမမော်ဆီ လာတွေ့ပါရစေဆိုတော့ မမမော်က မဆိုင်းမတွ
လက်ခံပါသည်။ အခုလောလောဆယ်တော့ သူမက အကသင်တန်းချိန်ရှိနေလို့ မအားသေး၊ ညနေ (၃)
နာရီလောက်မှ အားမည်ဆိုလို့ နိုင်မျိုးအောင်က သုံးနာရီခွဲတွင် လာတွေ့မည်ဆိုပြီး ချိန်းလိုက်သည်။
နိုင်မျိုးအောင် အိမ်ကို အရင်ပြန်သွားလိုက်ပြီး ညနေ(၃) နာရီထိုးမှ အိမ်က ထွက်လာခဲ့သည်။ ကားမောင်းလာရင်းနှင့်
မမမော်အကြောင်း တွေးမိသည်တွင် စိတ်က အလိုလို လှုပ်ရှားလာရသည်။ နှစ်နှစ်ကျော်ကျော်လောက်
လူချင်းအပြင်မှာ မတွေ့ဖြစ်ပဲ အဆက်ပြတ်သလို ဖြစ်သွားခဲ့သည့် မမမော်သည် ဘာများပြောင်းလဲသွားမည်နည်း။
ကိုယ်ကာယ လေ့ကျင့်ခန်းမှန်မှန်လုပ်သလို၊ အကသင်တန်းလည်း ဖွင့်ထားသည် ဆိုသည့်အတွက် မမမော်၏
ကိုယ်လုံးကိုယ်ပေါက်သည် ထူးထူးခြားခြား ပြောင်းလဲသွားမည် မထင်။ အရင်လို ဆွဲဆောင်မှု အပြည့်ရှိဆဲ
ဖြစ်နေဦးမှာ သေချာပါသည်။ နိုင်မျိုးအောင်ကို တွေ့တိုင်း စိုက်ကြည့်တတ်သည့် ညှို့ မျက်ဝန်းတွေကရော အရင်လိုပဲ
ရှိနေဦးမှာလား။ ထိုအတွေးနှင့်ပင် နိုင်မျိုးအောင် တစ်ယောက် ရင်ခုန်၍နေသည်ဆိုက မှားမည်မထင်ပါ။
Shining Stars သင်တန်းရှိရာ မမမော်၏ ကုက္ကိုင်းက ခြံကိုရောက်တော့ အောက်ထပ်ခန်းမထဲတွင်
သင်တန်းသားများ ရှိမနေ။ သင်တန်းချိန် ပြီးသွား၍ ပြန်သွားကြပုံ ရသည်။ မမမော် ခန့်ထားသော
သင်တန်းလက်ထောက်အကူဆိုသည့် မိန်းကလေးတစ်ယောက်ကိုသာ တွေ့သည်။ ခေတ်မိန်းကလေးပီပီ
ဆံပင်အဖျားလေးတွေကို ရွှေရောင် အနည်းငယ်ဆိုးထားသော ထိုကောင်မလေးက နိုင်မျိုးအောင်ဟု
ဆိုလိုက်သည်နှင့် ထိုင်နေရာမှထ၍ သွက်သွက်လက်လက် အဖြေပေးသည်။
"မမမော်က သင်တန်းပြီးသွားလို့ အပေါ်မှ ခဏအနားယူနေတယ် အစ်ကို .. အစ်ကိုနိုင်မျိုးအောင်လာရင်
အပေါ်တက်လာခဲ့ဖို့ မှာသွားတယ် ... "
"အော် .. ဟုတ်လား .."
မမမော်၏ အိမ်က နှစ်ထပ်တိုက်မို့ နိုင်မျိုးအောင် အပေါ်တက်ဖို့ လှေကားကို လိုက်ရှာကြည့်သည်။
သူရောက်နေသည့် သင်တန်းခန်းမက ဟောတိုက်ဖြစ်ပြီး ဘာလှေကားမှ မတွေ့။ သူ့ကို လက်ခံစကားပြောသည့်
ကောင်မလေးက နိုင်မျိုးအောင်၏ အကြည့်သဘောကို ရိပ်မိသည် ထင်သည်။ အပြင်ဘက်ကို လက်ညိုးထိုးပြပြီး ..
"အပေါ်တက်တဲ့ လှေကားက အပြင်မှာ အစ်ကို ... မမမော်က သင်တန်းဖွင့်ဖို့ဆိုပြီး အိမ်ကို ပြန်ပြင်လိုက်တော့
လှေကားကို အပြင်ဘက် ထုတ်ထားတယ် .."
"ဒီလိုလား ... ဒါဆို အစ်ကို တက်သွားရမှာလား ..."
"ဟုတ်ကဲ့ရှင့် .. တက်သွားလိုက်ပါလား .. ကျမ တံခါးတွေ လိုက်ပိတ်စရာ ရှိလို့ လိုက်မပို့တော့ဘူး ..အစ်ကို
ရတယ်မှတ်လား .."
"အော် ... လုပ်ပါ ညီမ ရတယ် .."
တဖက်သူက အလုပ်လုပ်စရာ ရှိသေးတယ်ဟု ဆိုသောအခါ နိုင်မျိုးအောင် အားနာစိတ်နှင့် ဘာမှထပ်မမေးတော့ပဲ
အပြင်ကို ပြန်ထွက်လိုက်သည်။ အပေါ်ထပ်တက်သည့် လှေကားကို ရွှေရောင်ဆံပင်ပိုင်ရှင်မလေး
ပြောလိုက်သလိုပင် တိုက်၏ ညာဘက်ခြမ်းတွင် တွေ့သည်။ လှေကားက သံပန်းတံခါးတစ်ချပ် ရှိသော်လည်း
သော့ခတ်ထားခြင်း မရှိပါ။ ရောက်တော့မှ မထူးတော့သည်မို့ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ပဲ သံပန်းတံခါးကို
အသာတွန်းလိုက်ပြီး လှေကားထစ် အတိုင်း တက်လာခဲ့သည်။ လှေကားထစ် ဆယ့်တစ်ထစ်ဆုံးလို့
ဖိနပ်ချွတ်ရောက်သည့် အချိန်တွင် ညာဘက်ဘေး၌ သစ်သားတံခါး တစ်ချပ် စေ့ထားသည်ကို တွေ့သည်။
နိုင်မျိုးအောင် "မမမော်" ဟု ခေါ်ရင်း တွန်းဖွင့်လိုက်သည်။
အထဲမှ ဘာတုံ့ပြန်မှုမှ မကြား။ နိုင်မျိုးအောင် အိမ်ပေါက်ဝတွင် ရပ်ရင်း ခဏတော့ ငိုင်နေသေးသည်။
အတွင်းဘက်ကို လှမ်းကြည့်တော့လဲ ခန်းလုံးပြည့်လိုက်ကာစက ကွယ်နေသဖြင့် ဘာမှ မမြင်ရ။ မမမော်များ
အောက်ကကောင်မလေး ပြောခဲ့သလို အိပ်ခန်းထဲဝင်ပြီး အနားယူနေတာလား။ ဒါဆို သူ ဘာလုပ်ရမလဲ။
လှည့်ပြန်သွားရင် ကောင်းမလားလို့ စဉ်းစားလိုက်စဉ်မှာတွင် သူ့နားထဲ၌ မသဲမကွဲ အသံတစ်ချို့ကို
ကြားလိုက်ရသည်။ နိုင်မျိုးအောင် ဘာမှ စဉ်းစား မနေတော့ပဲ "မမမော်" ဟု အသံမြှင့်ကာ ထပ်ခေါ်ရင်း လိုက်ကာကို
ဖယ်၍ ၀င်လိုက်သည်။ သပ်ရပ်သန့်ရှင်းသော ခေတ်မီဧည့်ခန်းတစ်ခုက နိုင်မျိုးအောင်ကို အသင့်စောင့်ကြိုနေသည်။
သို့သော် ထိုဧည့်ခန်းထဲ၌ ဘယ်နေရာတွင် ဘာရှိသည်ကို နိုင်မျိုးအောင် အကဲခတ်ချိန် မအားပါ။ ဧည့်ခန်းအလယ်ရှိ
ဆိုဖာပေါ်မှနေ၍ သူ့ကို မျက်လုံးအပြူးသားနှင့် လှမ်းကြည့်နေသည့် မမမော်၏ ကိုးယိုးကားယား ဖြစ်သွားသော
ပုံစံကသာ သူ့အမြင်အာရုံတွင် ရှိနေသည်။ မမမော်သာလျှင်မက နိုင်မျိုးအောင်ကလည်း မျက်လုံးအပြူးသားဖြစ်ကာ
မမမော်လက်နှင့် ကိုင်ထားသည့် ပေါင်ကြားထဲမှ အရာကို ငေးကြောင်၍ ကြည့်မိနေတော့သည်။
"ဟင် ... မောင်နိုင် .."
"ဟာ .. မမမော် .."
မမမော်ရော သူပါ အာမေဋိတ်သံ ကိုယ်စီ ထွက်သွားကြပေမယ့် ရုတ်တရက်တော့ ဘာလုပ်ရမှန်း မသိ။ အမျိုးအမည်
ဖော်ရခက်သော ခံစားချက်ပေါင်းများစွာက သူတို့နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် ဖြတ်ပြေးကုန်သည်။
စက္ကန့်ပိုင်းမျှ ကြာအောင် ကြက်သေသေသလို ဖြစ်နေကြရာမှ အရင်ဆုံး သတိဝင်လာသူ မမမော်က
ကိုးယို့ကားယားဖြစ်နေသည့် သူမအနေထားကို ပြင်ဖို့ ကြိုးစားသည်။ ထိုသို့ ကြိုးစားလိုက်မှ
မမမော်လက်နှင့်ကိုင်ထားသည့် အရာက ရှင်းရှင်းလင်းလင်းကြီး အပြင်သို့ရောက်လာသည်။ မုန်လာဥနီလိုလို
ဘာလိုလို ပုံစံပေမယ့် ပန်းရောင်ဖြစ်နေသော ထိုအရာက မုန်လာဥမဟုတ်ပါ။ ထို့အပြင် တဂျီးဂျီး မြည်နေသေးသည့်
အသံကြောင့် ဘာဆိုတာ နိုင်မျိုးအောင် မေးစရာ မလို။ မမြင်သင့်တာကို မြင်လိုက်ပြီ ဆိုသော အသိနှင့်
နိုင်မျိုးအောင် နောက်ပြန်လှည့်ထွက်ဖို့ ပြင်သည်။
"မောင်နိုင် !! .."
နိုင်မျိုးအောင်၏ ခြေထောက်အစုံသည် စစ်သားလေးတစ်ယောက် သတိဆိုသည့် အမိန့်သံကြားလိုက်ရသလိုနှယ်
တိကနဲ ရပ်တန့်သွားသည်။ တုန်တုန်ရီရီနှင့် ခေါ်လိုက်သည့် မမမော်၏ အသံထဲတွင် သူမမြင်နိုင်သည့် ဆွဲအားများ
ပါနေသည့်အလား နိုင်မျိုးအောင်တစ်ယောက် တုပ်တုပ်တောင် လှုပ်ဖို့ သတိမရ။ ထိုသို့ မမမော်ကို ကျောခိုင်း၍
တောင့်တောင့်ကြီး ရပ်နေဆဲမှာပင် သူ့နောက်ဘက်မှ လှုပ်ရှားသံများ ကြားရသည်။ အသိဝင်လာလို့ မမမော်ဘက်
လှည့်ကာ တစ်ခုခုပြောမည်ပြင်လိုက်ချိန်တွင် သူ့ကျောပြင်ကို တင်းတင်းအိအိ အရာတစ်ခုက လာထိတွေ့သည်။
သူ့ကိုယ်ကိုလည်း မမမော်၏ လက်နှစ်ဖက်နှင့် သိုင်းဖက်ခြင်း ခံလိုက်ရသည်။
"မမမော် .. ကျနော် .."
"မောင်နိုင် .. ဒီလိုမျိုးကြီး ဖြစ်သွားမှတော့ မမမော်ကို ပစ်မသွားပါနဲ့ကွာ .. "
"မ .. မဟုတ်သေးဘူး ထင်တယ် .. မမမော် .. ကျ .. ကျနော် .. ဒီကိစ္စကို ..."
စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေသည့် နိုင်မျိုးအောင်၏ အသံသည် သူ့ရင်ပတ်ပေါ်၌ ဖွဖွလေး ရွေ့ လျားနေသည့်
မမမော်၏ လက်အစုံကြောင့် ပြောချင်သည့် စကားကို ဆက်လို့မရ။ လူချင်းပူးကပ်ထားလို့ မမမော်ထံမှ
ရောက်ရှိလာသော သင်းပျံ့သည့် ရနံ့၊ ကြီးမားထွားကျိုင်းပါသည်ဟု သိခဲ့သော နို့ကြီးနှစ်လုံး၏ တင်းတင်းအိအိ
လာထိသော အထိအတွေ့၊ မျက်စိထဲတွင် ပြတ်ပြတ်သားသား မြင်ခဲ့ရသည့် အယ်ဖောင်းနေသည့် အင်္ဂါကြီး ...
ဒါတွေဒါတွေ အားလုံးက နိုင်မျိုးအောင်ကို ဘက်စုံထောင့်စုံမှ ရုန်းထွက်မရအောင် ဖမ်းစားထားမှုကြောင့်
သွေးသားဆန္ဒများ တက်ကြွလာရသည်။ လရောင်ချိုနှင့် ကွဲကွာခဲ့ရပြီး ကာလကတည်းက မိန်းမနှင့်
ပြတ်လတ်ခဲ့ရမှုကလည်း တောက်လောင်စပြုနေသည့် သူ၏ ရမက်အရှိန်ကို ထပ်၍ လောင်စာ ထိုးပေးနေသည်။
"မောင်နိုင် ... မမမော်က မိန်းမသားပါ ... တစ်ရှက်ကနေ နှစ်ရှက် မဖြစ်ပါရစေနဲ့ ... မမမော်ကို ဒီလိုအခြေအနေနဲ့
တွေ့သွားမှတော့ မမကို ထားပြီး ထွက်မသွားပါနဲ့ ... မမမော်ကို ချစ်ပေးပါလားကွယ် ... "
မမမော်၏ စကားက ပြတ်သားသည်။ သူမ၏ လိုလားတောင့်တမှုကို အတိအလင်း ထုတ်ဖော်ကာ ပြောကြားခြင်း
ဖြစ်သည်။ နိုင်မျိုးအောင် ဘာလုပ်ရမည်နည်း။ ခေါင်းထဲတွင် ထူပူနေမှုကြောင့် ဘာကိုမှ စဉ်းစားလို့မရ။ နိုင်မျိုးအောင်
တွေတွေဝေေ၀ ဖြစ်နေဆဲမှာပင် သူ့ကိုသိုင်းဖက်ထားသည့် မမမော်၏ လက်က သူ့ပုဆိုးရှေ့သို့ ရောက်လာသည်။
နိုင်မျိုးအောင်၏ အပေါ်ခေါင်းကသာ အလုပ်မလုပ်တာ ဖြစ်သည်။ အောက်က ခေါင်းကတော့ အလုပ်လုပ်တာမှ
သွက်လက်လှသည်။ သူ့အကောင်သည် ဘယ်အချိန်ကတည်းက ခေါင်းထောင်ထနေသည် မသိ။ မမမော် လက်နှင့်
တင်းတင်းဖိကိုင်ခြင်းခံရမှုကို ဆတ်ကနဲ ထရုန်းခြင်းဖြင့် တုန့်ပြန်သည်။
"အိုး .. မောင်နိုင် ... မင်း .. မင်းဟာက မနည်းမနောကြီးပါလား ..."
ဒီအခြေအနေ ရောက်မှတော့ နိုင်မျိုးအောင် ခေါင်းထဲတွင် တခြား ဘာအကြောင်းအရာမှ မရှိတော့ပါ။ ရုတ်ချည်း
ကိုယ်ကို လှည့်လိုက်ပြီး မမမော်၏ တစ်လုံးတစ်ခဲကိုယ်ကို ဖက်ပွေ့သည်။ တင်းတင်းကြပ်ကြပ် ဖက်လိုက်သည်မို့
မမမော်၏ ရင်သားအစုံက သူ့ရင်အုပ်ထဲ နစ်ဝင်သွားမတတ်ဖြစ်သည်။ နိုင်မျိုးအောင် စိတ်ထဲ ဖျင်းကနဲ
ဖြစ်သွားရပြီးနောက် သူ့ခေါင်းက မမမော်ရှိရာသို့ အလိုလို ငုံ့ကျသွားသည်။ မမမော်ဆီမှ နှုတ်ခမ်းနီနံ့ သင်းသင်းက
နိုင်မျိုးအောင်၏ နှုတ်ခမ်းပေါ်သို့ ကူးသွားရသည်။
"အင်း ... မောင်နိုင်ရယ် .. အင်း .."
မမမော်၏ မျက်လုံးတွေက မှေးစင်းကျသွားသလို၊ နိုင်မျိုးအောင်ကို ဖက်တွယ်ထားမှုကလည်း သူ့အားနှင့်အပြိုင်
တင်းကြပ်လာသည်။ တစ်ဦးနှင့်တစ်ဦး အားနှင့် ဖက်ပွေ့ ထားမှု၏ ရလဒ်အဖြစ် အောက်ပိုင်းရှိ လိင်အင်္ဂါအချင်းချင်းပါ
တေ့ထောက်မိကုန်သည်။ ထိုရောအခါ ပွတ်တိုက်မှု အရှိန်နှင့် နဂိုကတည်းက လျော့ရဲရဲ ဖြစ်နေသည့် မမမော်၏
ထဘီက ကျွတ်ကျသွားသလို၊ နိုင်မျိုးအောင် ၀တ်လာခဲ့သည် ပုဆိုးကလဲ ခါးပုံစပြေကာ ကွင်းလုံးပုံကျသည်။
ကျန်နေသေးတာဆိုလို့ သူ့အတွင်းခံဘောင်းဘီသာ ရှိတော့သည်။ ဒါကလည်း မာန်ထနေသည့် သူ့အကောင်ကို
ကာကွယ်ဖို့ သိပ်တော့လုံခြုံသည်ဟု ပြောလို့မရ။ ပေါင်ခြံခြင်း ပွတ်တိုက်ခံရမှုကြောင့် နေရာပျက်ယွင်းနေသည့်
ဘောင်းဘီက အောက်သို့လျှောကျကာ အရည်ကြည်စိမ့်ထွက်စပြုနေသည့် ထိပ်ခေါင်းက သားရေကြိုးစပေါ်မှ
ထိုးထွက်နေသည်။
"လာ .. မောင်နိုင် ... အထဲကို သွားကြမယ် .."
မမမော် လက်ဆွဲခေါ်သည့်နောက်သို့ နိုင်မျိုးအောင် အလိုလိုပါသွားသည်။ အပြင်ဘက် ဧည့်ခန်းတွင် သူ့ပုဆိုးရော၊
မမမော် ထဘီရော၊ မုန်လာဥပန်းရောင်ရော ကျန်ခဲ့ပေမယ့် ကာယကံရှင် နှစ်ယောက်စလုံး ဒါတွေကို သတိမပြုမိကြ။
ဆူညံပေါက်ကွဲစ ပြုနေပြီဖြစ်သော ရင်ခုန်သံနှင့်အတူ တရိပ်ရိပ်တက်လာသည့် ဆန္ဒတစ်စုံကြောင့်
ခြေလှမ်းတွေကိုသာ သွက်သွက်လျှောက်မိကြသည်။ မမမော်၏ အိပ်ခန်းထဲ သူတို့နှစ်ယောက် ရောက်မှန်းမသိ
ရောက်လာကြသည်။
"ကဲ .. မောင်နိုင် .. မမမော်ကို မင်း သဘောပဲ ..."
ခုတင်နားတွင်ရပ်မိကြပြီးနောက် မမမော်က ကျန်နေသေးသည့် သူ့တီရှပ်ကို ခေါင်းပေါ်မှ ဆွဲချွတ်ရင်း ပြောသည်။
အနီရဲရဲ ဘရာစီယာလေးနှင့် မနိုင့်တနိုင် ထုတ်ထားရသည့် ၀င်းမွတ်နေသော နို့ကြီးနှစ်လုံးကို မြင်လိုက်သည်တွင်
နိုင်မျိုးအောင်တစ်ယောက် စိတ်ချွန်းတို့ ပွင့်ထွက်ကုန်သည်။ မမမော်၏ ကိုယ်ကို ပခုံးနှစ်ဖက်မှ ကိုင်၍ ခံတင်ပေါ်သို့
တွန်းချလိုက်သည်။ မွေ့ယာပေါ် ပက်လက်လန်ကာ ကားယားကျသွားသော မမမော်မှ နေသားတကျ မဖြစ်သေး။
သူက မမမော်၏ ပေါင်တံတွေကို ဆွဲကိုင်ပြီး ကားထုတ်လိုက်ပြီ ဖြစ်သည်။ သဘောရှိဆိုပြီး ခွင့်ပြုထားသည်မို့
နိုင်မျိုးအောင် သဘောရှိပင် မြန်မြန်ဆန်ဆန် တေ့၍ဆောင့်သွင်းသည်။
"မောင်နိုင် ... ဖြေးဖြေး .. မင်း ဟာ .. အီး .."
ဆင်မုန်ယိုသည့်နှယ် ၀ုန်းဒိုင်းကျဲကာ ကမူးထူးရှိုး နိုင်မျိုးအောင်ကို မမမော် လှမ်းတားဖို့ ကြိုးစားပါသည်။ သို့သော်
အကာအကွာမဲ့နေသည့် ပေါင်ခြံကြားရှိ အပေါက်ဝကို ပစ်မှတ်ရှာတွေ့သွားပြီး တိုက်ရိုက်ဝင်လာသည့်
နိုင်မျိုးအောင်၏ အချောင်းကြီးကြောင့် အီးကနဲသာ အော်လိုက်နိုင်ရှာသည်။ သူမ၏ မုန်လာဥ
ဘယ်လောက်ကောင်းသည် ပြောပြော၊ စံချိန်မီဖြစ်သော နိုင်မျိုးအောင်၏ ပစ္စည်းကို မမီလှ၍ ၀င်ဝင်လာခြင်း
မချိမဆန့် ခံလိုက်ရသည်။
"အီး ... . နာတယ် . မောင်နိုင် .. ဖြေးဖြေး .. အီး ...ကျွတ် ကျွတ် .."
ဆန္ဒဇော၌ လိုက်ပါသွားသူ နိုင်မျိုးအောင် တင်းရင်းစီးပိုင်သည့် အထိအတွေ့ရော၊ မမမော်၏
ရှုံ့ မဲ့မဲ့အပြောကြောင့်ရော တ၀က်ကျော်ကျော် တိုးဝင်သွားသည့် သူ့လိင်တံကို လမ်းခုလတ်မှာ ရပ်ထားလိုက်သည်။
"ဆောရီး ... မမမော် .. ကျနော် လောကြီးသွားတယ် .. အရမ်းနာသွားလား ..."
"ရုတ်တရက်ကြီးမို့ပါ .. ဖြေးဖြေး ဆက်သွင်းရင် ရမှာပါ .. ဆက်သွင်းလေ .."
ဖြစ်ပေါ်လာသည့် အခြေအနေကို မမမော်ကပဲ အသုံးချတာလား၊ နိုင်မျိုးအောင်ကပဲ အသုံးပြုတာလားတော့ မသိ။
နောက်မိနစ်ပိုင်း အကြာတွင်မူ ခုတင်ပေါ်က လူသားနှစ်ဦးကတော့ တက်ညီလက်ညီနှင့်ကို လှုပ်ရှားနေကြသည်။
နိုင်မျိုးအောင် အဖို့ တောင့်တင်းပြီး စွဲမက်ဖွယ်ကောင်းလှသည့် မမမော်ကို စိတ်ရှိလက်ရှိ လုပ်ရသည်မှာ
အကောင်းကြီး ကောင်းနေသလို၊ မမမော်ကိုယ်တိုင်ကလည်း သန်မာပြီး အားပြင်းလှသည့် နိုင်မျိုးအောင်၏
ဆောင့်ချက်တွေကို အားရလှသည်။ အထူးသဖြင့် အိမ်ရှေ့ခန်းမှာ ကျန်ခဲ့သောကောင်ထက် အလုံးအထည်ပိုကြီးပြီး
သံချောင်းလို မာနေသည့် နိုင်မျိုးအောင်၏ အတန်ကြီးကို သဘောကျသည်။ ထိုအတန်ကြီး အားမာန်အပြည့်နှင့်
တစ်ချက်ပြီးတစ်ချက် ၀င်လာမှုက သူမကို ထူးကဲသည့် အရသာတွေ ဆက်တိုက်ပေးနေသည်။ မမမော်
အကြိမ်တော်တော်များများ ကောင်းသွားရသည်။ နောက်ဆုံး အဆုံးသတ် နိုင်မျိုးအောင် ပြီးသွားချိန်တွင် သူမ
လှုပ်တောင် မလှုပ်နိုင်။ ခြေကုန်လက်ပန်းကျသလို ဖြစ်ပြီး သူမပေါ် ပိကျလာသည့် နိုင်မျိုးအောင်၏ကိုယ်ကိုသာ
တင်းတင်းဖက်ထားမိတော့သည်။
မုန်တိုင်းကျတုန်းက ၀ုန်းဒိုင်းကျဲခဲ့မိသလောက်၊ မုန်တိုင်းစဲသည့် အချိန်ရောက်သောအခါ နိုင်မျိုးအောင် ပုံမှန်
အသိပြန်ဝင်လာသည်။
"မမမော် .. ကျနော်တို့..."
"ရှူး .. မောင်နိုင် ...အခုဖြစ်သွားတဲ့ကိစ္စကို မမမော်တို့ စိတ်ထဲမှာပဲ ထားလိုက်ကြရအောင်လား ... မမမော်တို့
နှစ်ယောက်ထဲ သိတဲ့ လျှို့ ဝှက်ချက်ပေါ့ .."
နိုင်မျိုးအောင် ဒီလောက်တော့ မအပါ။ မမမော်၏ စကားက ဘာဆိုတာကို သဘောပေါက်သလို၊
ဒီလိုအခြေအနေရောက်အောင် တမင်တကာလို ဖန်တီးခဲ့သည့် မမမော်၏ လုပ်ဆောင်ချက်ကိုလည်း
အနည်းငယ်တော့ ပြန်စဉ်းစားမိလာသည်။ နိုင်မျိုးအောင် ဒီအချိန်လာမယ်မှန်း သိလျှက်နှင့် အိမ်ရှေ့ခန်းကြီးမှာ
ဒီလိုအာသာဖြေနေသည်ဆိုတာ တိုက်ဆိုင်မှုရယ်လို့ ပြောဖို့တော့ ခက်ပါသည်။ သို့သော် နိုင်မျိုးအောင် ဒါတွေကို
သူ့စိတ်ထဲမှာပဲ ထားလိုက်သည်။ မမမော်ကိုယ်တိုင်က လျှို့ဝှက်ချက်ဆိုပြီး ဆိုခဲ့မှတော့ သူလည်းပဲ
လျှို့ဝှက်ယုံပဲလေ။ ဘာမှ ဆက်မပြောတော့ပဲ မမမော်က သူမကို ဘာဖြစ်လို့ လာတွေ့ရတာလဲဆိုသည့်
အမေးကိုသာ ရှင်းပြရသည်။
ရယ်တော့ရယ်စရာကောင်းနေမလား မသိပါ။ နိုင်မျိုးအောင်၏ ဘ၀တွင် ပထမဆုံးအကြိမ်အဖြစ်
အလုပ်ကိစ္စနှင့်ပတ်သက်ပြီး ဆန့်ကျင်ဘက်လိင် အမျိုးသမီးတစ်ယောက်နှင့် အိပ်ယာပေါ်တွင် ဆွေးနွေးရခြင်းပင်။
ရိုးရိုးတန်းတန်းတောင် မဟုတ်။ နှစ်ဦးစလုံး စိတ်ကူကိုယ်တူ အချစ်ပွဲကို လတ်တလော နွှဲခဲ့ကြပြီးသား။
တော်တော်တော့ မကြုံဘူးသည့် အဖြစ်ဟု ဆိုရမည်။ အကနည်းပြအဖြစ် တာဝန်ယူပေးဖို့ ကိစ္စဟုဆိုတော့
နိုင်မျိုးအောင် မမမော်ကို အကျယ်တ၀င့်တောင် ရှင်းပြနေဖို့ မလိုလိုက်ပါ။ မမမော်က condition တစ်ခုတည်းသာ
တောင်းဆိုပါသည်။ ထိုအချက်ကလည်း နိုင်မျိုးအောင်အဖို့ ဘာမှ ငြင်းချင်စရာ အကြောင်းမရှိ။ သူ မတတ်နိုင်သည့်
ကိစ္စမှ မဟုတ်သဖြင့် ကျေကျေနပ်နပ်ပင် လက်ခံလိုက်ပြီး ထိုတောင်းဆိုချက်ကို လက်တွေ့အကောင်အထည်
ဖော်ပေးဖို့သာ မမမော်၏ ကိုယ်ပေါ်တွင် လွှမ်းကာထားသည့် စောင်ကို ဖယ်ခွာလိုက်လေသည် ...။
"ဟူး ... ဒီ တစ်ယောက်လည်း ဘာမှ မထူးခြားပါလား ကွာ .."
သီချင်းဖွင့်ထားသည့် စီဒီစက်ကို ပိတ်ပစ်လိုက်ပြီးနောက် နိုင်မျိုးအောင် ဆိုဖာနောက်မှီပေါ် လက်နှစ်ဖက်ဆန့်ကာ
တင်လိုက်ပြီး ကိုယ်ကိုလျှော၍ ထိုင်လိုက်သည်။ ဒီရက်ပိုင်းအတွင်း ခေတ်စကားနှင့် ပြောရလျှင် သူတော်တော်
ဆယ့်တစ်ကျပ်ကျနေသည်ဟု ဆိုရမည်။ သတင်းစာထဲမှ ကြေညာထည့်၍ အလားအလာရှိနိုင်မည့်
အဆိုဝါသနာရှင်များကို ဖိတ်ခေါ်ခဲ့သည်မှာ နှစ်ပတ်ကျော်ကျော် ကြာလာသည့်တိုင် နိုင်မျိုးအောင် စိတ်ကြိုက်
လူမရသေး။ သူတို့ ကြေညာထည့်ထားတာကို စိတ်မ၀င်စားကြလို့လားဆိုလျှင်တော့လည်း ထိုသို့ မဟုတ်ပါ။
စိတ်ဝင်တစား လာရောက်အရွေးခံသည့် မိန်းကလေး အယောက်နှစ်ဆယ်လောက် ရှိသဖြင့် ရွေးမယ်ဆိုလျှင်
ထိုထဲက ရွေးလို့တော့ ရပါသည်။ သို့သော် ခက်နေသည်က နိုင်မျိုးအောင် လိုချင်သည့် ရင်ထဲကို
စွဲညိစေလောက်အောင် အသံအားကို ပိုင်ဆိုင်သည့်သူက တစ်ယောက်မှ မပါ။
အခုလည်း စကာတင်ရွေးထားသည်ဆိုသော မိန်းကလေးအချို့ အား အသံသွင်းပြီး အစမ်းသီဆိုခိုင်းထားသည်ကို
နိုင်မျိုးအောင် နားထောင်နေသည်မှာ နောက်ဆုံးတစ်ယောက်ပင် ရောက်လာခဲ့ပြီ ဖြစ်သည်။ ထူးထူးခြားခြား
ရင်ထဲကို စွဲကျန်ခဲ့သည်ဟူ၍ မဖြစ်ပေ။
လူရှာမရသည့်ကိစ္စနှင့် ပတ်သက်ပြီး မနေ့တစ်နေ့က ကိုဗညားနှင့် သူ့စတူဒီယိုမှာတွေ့တော့ နိုင်မျိုးအောင်ကို
ဖြောင်းဖြရှာသည်။
"မောင်နိုင် ... မင်း စိတ်လျှော့လိုက်တော့ .. တခါတလေကျတော့လည်း ပါရမီရှင်ဆိုတာ ရွက်ပုန်းသီးလို
ဖြစ်နေတာကွ .. ကိုယ်ရှာနေတဲ့အချိန်မှာ ကိုယ်နဲ့လာတွေ့ဖိုဆိုတာကလည်း ရေစက်ရှိဖို့လိုသေးတယ် .. ရှိတဲ့လူနဲ့ပဲ
လုပ်ကြတာပေါ့ .. ဇူးဇူးတို့ နှစ်ယောက်ထဲနဲ့တောင် မဆိုးပါဘူးကွ ... ဟိုမှာကြည့်ပါလား ... တော်တော်မိုက်တဲ့
အဆင်လေးတွေပဲ .."
ဇူးဇူးပြည့်မောင်နှင့် နွယ်နီလင်း တစ်ယောက်နှင့်တစ်ယောက် ရွှင်ရွှင်မြူးမြူးကြည့်ပြီး သီချင်းတစ်ပုဒ်ကို
မြိုင်မြိုင်ဆိုင်ဆိုင် ဆိုနေကြသည့် မြင်ကွင်းက သူတို့ရပ်နေရာနှင့် အသံသွင်းခန်း၏ မှန်တစ်ချပ်သာ ခြားနေသည်။
နိုင်မျိုးအောင် လှမ်းကြည့်သည်တွင် ဇူးဇူးက သီချင်းဆိုနေရင်းမှ သူ့ကို လှမ်းပြုံးပြသည်။ ရွှင်မြူးတက်ကြွနေသည့်
ဇူးဇူး၏ ပုံစံကြောင့် နိုင်မျိုးအောင် စိတ်မကြည်တာတောင် အနည်းငယ် လွင့်ပျောက်သွားသလို ဖြစ်သည်။
ခါးပေါ်တီရှပ်နှင့် ဂျင်းဘောင်းဘီတိုတိုလေး ၀တ်ထားသည့် ဇူးဇူးပုံစံက မှန်တစ်ချပ် ခြားနေသည့်တိုင် ရင်ခုန်နှုန်း
မြန်ချင်စရာ ကောင်းနေသည်။ ဇူးဇူးကို အားပေး တုံ့ပြန်သည့် အနေနှင့် ညာဘက်လက်မကို ကမန်းကတန်း
ပြန်ထောင်ပြလိုက်ရသည်။
"မောင်နိုင် .. မင်းတို့နှစ်ယောက်က ရိုးတောင်မှ ရိုးရဲ့ လား ...
ကောင်မလေးက မင်းကြည့်လိုက်ရင် ပြုံးပြုံးသွားတယ် .."
အတူတွဲဆိုနေသူ နွယ်နီလင်းဘက် ဇူးဇူးမျက်နှာက လှည့်သွားသည်နှင့် ကိုဗညားက သူ့နားကို ကပ်ပြီး
တီးတိုးပြောသည်။
"ဟာဗျာ .. မဟုတ်တာ .. ရိုးပါတယ်ဗျ .. ဆရာတပည့်ပဲ ဒီလောက်တော့ ရင်းနှီးမှာပေါ့ .. အဲဒီလိုသာ
ပြောကြကြေးဆို ခင်ဗျားနဲ့ နွယ်နီနဲ့ကရော ရိုးလို့လား ..."
"ဟဲ ဟဲ ... အမှန်အတိုင်း ပြောရရင် ငါက မရိုးချင်ဘူး .. ကောင်မလေးက ရိုးနေလို့ ခက်နေတာ .."
နိုင်မျိုးအောင် မျက်မှောင်ကုတ်ပြီး ကိုဗညားကို ကြည့်တော့ ဟိုက ဟက်ဟက်ပက်ပက် ရယ်နေသည်။ ကိုဗညားနှင့်
ဖက်ပြိုင်ပြောနေလျှင် ဒီအကြောင်းအရာတွေထဲကပဲ တ၀ဲလည်လည် ဖြစ်နေမှာမို့ နိုင်မျိုးအောင်
အလုပ်အကြောင်းကိုသာ ခေါင်းစဉ်လွှဲပြီး တိုင်ပင်ခဲ့ရသည်။
"ကိုဗညား .. သီချင်းတွေကို MTV ရိုက်ဖို့ ကိစ္စကို ဘယ်သူနဲ့ ပြောထားလဲ.. သေချာ ကောင်းကောင်း
ရိုက်နိုင်မယ့်သူနဲ့မှ ဖြစ်မှာ ..."
"အဲဒါကို စိတ်မပူစမ်းပါနဲ့ .. မောင်နိုင် ... ဒီလို သီချင်းတွေက ဇာတ်လမ်းဇာတ်ကွက် ဆင်စရာ သိပ်မလိုပါဘူး ..
မင်းပြောသလို အကကို ဦးစားပေးမှာပဲဆိုတော့ ပြသနာ မရှိပါဘူး ... မင်း မမမော်သာ ပံ့ပိုးနိုင်ဖို့ လိုတယ် .."
"မမမော်ဘက်ကတော့ ရပါတယ် ... ဇူးဇူးတို့နဲ့လည်း တွေ့ပြီးသွားပြီလေ ... သူ လုပ်ပေးမှာပါ .. ပြသနာ မရှိပါဘူး .."
"ဟ .. ပိုင်လှချည်လား .. မောင်နိုင်တို့ ဒီလောက်ပိုင်တာ ဒီတစ်ခါပဲ မြင်ဖူးသေးတယ် ..."
နိုင်မျိုးအောင်လည်း ကိုယ့်အကြောင်းနှင့်ကိုယ်မို့ ကိုဗညားကို ရှင်းပြမနေတော့ပါ။ အလုပ်ကိစ္စနှင့် ပတ်သက်ပြီး
မမမော်နှင့် ထပ်တွေ့ဖြစ်ကြသည့် အကြိမ်တိုင်း ဘယ်လိုဘယ်ပုံ အဆုံးသတ်ကြသည်ဆိုတာ သူသာလျှင်
အသိဆုံးဖြစ်သည်။ ပြောရလျှင် ဒီGirls Band ထောင်ဖို့ ကိစ္စ၌ လောလောဆယ်ဆယ် အကျိုးအမြတ်ရသည်က
နိုင်မျိုးအောင်အတွက် မမမော်နှင့် ပတ်သက်မှုသာ ရှိသည်။ မမမော်ဆီမှ သူမသိသော ကိစ္စတွေ၊ သူမလုပ်ဖူးသော
ပုံစံတွေ တော်တော်များများ နိုင်မျိုးအောင် လေ့လာခွင့် ရနေသည်။ နိုင်မျိုးအောင် အတွက် တန်ဖိုးရှိလှပါသည်။
မမမော်ဘက်က ကြည့်ပြန်တော့လည်း နိုင်မျိုးအောင်သည် သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည့်
အကောင်းဆုံးသော အလုပ်ဖော်ဖြစ်သည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိလှသည်မို့ နိုင်မျိုးအောင်၏ မဟာအကြံအစည်တွင်
ဒီအချက်ကတော့ ရာနှုန်းပြည့် ကောင်းသည့် အချက်ဖြစ်နေသည်။
"ကဲ မောင်နိုင် ... ငါ အလုပ်ကိစ္စရှိလို့ လစ်ဦးမယ် .. ဟောဒီမှာ နောက်ဆုံးရွေးထားတဲ့သူတွေရဲ့  အသံသွင်းထားတဲ့
စီဒီခွေ ... လူတစ်ယောက်ချင်းစီရဲ့ နာမည်ကို စီဒီပေါ်မှာ ရေးထားတယ် .. ကိုယ်ရေးဖိုင်ကတော့ မင်းဆီမှာ
ကော်ပီရှိပြီသားနော်... ငါ့စိတ်နဲ့ သဘောကျတဲ့သူတွေလည်း စီဒီပေါ်မှာ marking တခါထဲ ပေးထားတယ်.. မင်းပဲ
ဖိုင်နယ်ဆုံးဖြတ်လိုက် .. အဲဒါမှ သဘောမကျဘူးဆိုရင်တော့ ဒီနှစ်ယောက်နဲ့ပဲ လုပ်ကြတာပေါ့ .. မင်းနဲ့ငါနဲ့
ဝေစုတည့်မှာပါ .. တစ်ယောက်တစ်ယောက်ချင်းစီပဲလေ.. ဟဲ ... ဟဲ .."
ထုံးစံအတိုင်း နောက်နောက်ရွှတ်ရွှတ်ပြောရင်း သူ့လက်ထဲ စီဒီခွေတွေ ထိုးထည့်ပြီးနောက် ကိုဗညားက
သုတ်သုတ်သုတ်သုတ်နှင့် ထွက်သွားသည်။ ဗြဟ္မာဦးခေါင်းကြီး ရွှေ့လာတာ မဟုတ်ပေမယ့် ကိုဗညားက
လုံးလုံးကြီးကို သူ့ပခုံးပေါ် တာဝန်လွှဲသွားတာမို့ နိုင်မျိုးအောင် ဒီနေ့ စတူဒီယိုတောင် မသွားနိုင်။ အိမ်မှာပဲ
နေလိုက်ပြီး တစ်ယောက်ချင်း သီဆိုထားသည်ကို အသေအချာ နားထောင်နေတာ မနက်ကတည်းက ဖြစ်သည်။
အခုတော့ နားထောင်ရမည့်သူသာ ကုန်သွားသည်။ ၁၀၀ ရာခိုင်နှုန်း စိတ်တိုင်းကျသည်ဟူ၍ ဖြစ်မနေ။ မဖြစ်မနေ
ရွေးရမည်ဆိုလျှင်တော့ ကိုဗညားရော၊ သူပါ လက်ခံနိုင်သည့် ကောင်မလေးနှစ်ယောက်လောက်
ရွေးလို့ရနေသည့်တိုင် နိုင်မျိုးအောင် စိတ်ထဲ မတင်မကျဖြစ်နေလေသည်။
"တီ .... တီ ... တီ .."
စားပွဲပေါ်ရှိ တင်ထားသည့် ဟန်းဖုန်းဆီမှ အသံကြောင့် နိုင်မျိုးအောင် ကောက်မကိုင်သေးပဲ
ဘယ်သူခေါ်တာလဲဆိုတာကို အရင်ကြည့်သည်။ နိုင်ငံခြားကောလ် ဆိုပြီး ပေါ်နေသဖြင့် "ငါတော့ တရားနာရပြီ" လို့
စိတ်ထဲတွေးရင်း ကောက်ကိုင်လိုက်သည်။
"ဟယ်လို .. သား ... မျိုးအောင်လား .."
"ဟုတ်တယ် .. မေမေ .. မျိုးအောင်ပါပဲ .. စိတ်မပူနဲ့ မေမေ ...ဒီဖုန်းကို နိုင်မျိုးအောင်ပဲ ကိုင်တယ် ..
ဘယ်မိန်းကလေးမှ ကိုင်ပြီး မဖြေဘူး .."
နိုင်မျိုးအောင် ဒီလိုအစပျိုးပြီး ပြောလိုက်လို့ ဒေါ်စန္ဒီကျော်က ဖြုံသွားသည်ဆိုလျှင် တက်တက်စင်အောင် လွဲမှာ
သေချာသည်။
"အမလေး .. မျိုးအောင်ရယ် .. သားကပဲ ပြောရတယ် ရှိသေး .. သားပြောသလိုပဲ
တခြားမိန်းကလေးတစ်ယောက်က ကိုင်ပြီး ဖြေပါစေဦး ... ငါ့ ရှိတဲ့ စိန်နားကပ်လေး ရောင်းပြီး
အမွေထပ်ပေးလိုက်ဦးမယ် ..."
"မရောင်းပါနဲ့ မေမေရယ် .. မေမေ နားပေါက်ဟောင်းလောင်းကြီး ဖြစ်နေတော့ ကြည့်မကောင်းပါဘူး .. ကိုယ့်အမေ
အလှပျက်မှာ သားလုပ်တဲ့သူက မလုပ်ရက်ပါဘူး .. ဟဲ ဟဲ .. "
"တော်တော့ မျိုးအောင် .. ရွှတ်နောက်နောက် လုပ်မနေနဲ့.. ငါ ပြောစရာ အကြောင်း ရှိလို့ ခေါ်တာ .."
"ပြောလေ .. မေမေ ... သားကိုအိမ်ထောင်ပြုဖို့ အကြောင်းကလွဲရင် ကျန်တာ အကုန်ပြောလို့ရတယ် .."
"အေး .. ဒီမှာ မျိုးအောင် ... ကြူကြူနဲ့မေမေ အင်္ဂါနေ့တုန်းက သားအကြောင်းနဲ့ ပတ်သက်ပြီး ပြောဖြစ်ကြတယ် ..
အဲဒါ ကြူကြူကပြောတယ် ... ရှစ်မိုင်မှာတဲ့ ကြူကြူတို့ အသိတစ်ယောက်ရှိတယ် .. အဲဒါ .."
"မေမေရယ် .. ခက်တော့တာပဲ .. သားကို ဘယ်သူနဲ့မှ မတွေ့ခိုင်းပါနဲ့လား .. အခုတလော အလုပ်များနေတယ် ..
မမကြူကိုလဲ သွားသွားမပြောစမ်းပါနဲ့.."
ဒေါ်စန္ဒီကျော်၏ နောက်ဆက်တွဲစကားတွေကို သိနေသည့်အလား နိုင်မျိုးအောင် တခါထဲ ငြင်းလိုက်သည်။
စိတ်ထဲမှလည်း မရီးဖြစ်သူ မမကြူတစ်ယောက်ပါ အမေလုပ်သူ၏ စက်ကွင်းအတွင်း ပါလာပြန်ပြီဟု
တွေးလိုက်မိသေးသည်။
"မျိုးအောင် ... နင်နဲ့ ပြောရတာ အဆင်ကိုမပြေဘူး .. အဲဒါ နင့်အတွက် အကျိုးရှိမယ့် ကိစ္စကို ပြောမလို့ .. တော်ပြီ ..
ရော့ ဒီမှာ သားကြီးနဲ့ပဲ ပြောလိုက် .."
ဖုန်းက ဒေါ်စန္ဒီကျော်လက်ထဲမှ နေ၍ အစ်ကိုလုပ်သူ နိုင်မျိုးကျော်လက်ထဲ ပြောင်းသွားတော့မှ နိုင်မျိုးအောင်
သူ့အမေ၏ စကားက နည်းနည်း ထူးဆန်းနေသည်ဟု ခံစားရသည်။ ပုံမှန်အတိုင်းဆို ကိုကိုကျော်သည် သူ၏
ကိုယ်ရေးကိုယ်တာကိစ္စများတွင် ၀င်ပါတတ်သူ မဟုတ်။
"ပြော .. ကိုကိုကျော်.. မေမေ့စကားက ထူးဆန်းနေပါလား .. ကျနော့်ကို ဘယ်သူနဲ့ သွားတွေ့ခိုင်းမလို့လဲ ..."
"မင်းနဲ့ မေမေနဲ့က ဘုနဲ့ဘောက်မို့ လိုရင်းအကြောင်းကို မရောက်လိုက်တာပါကွာ .. တကယ်ပြောချင်တဲ့ ကိစ္စက
မင်းအလုပ်နဲ့ ပတ်သက်မယ့် ကိစ္စဟ .. ."
ကိုကိုကျော် ရှင်းပြမှ နိုင်မျိုးအောင် အကြောင်းစုံ သဘောပေါက်သည်။ ကိုကိုကျော့် မိန်းမ မမကြူသည်
လွန်ခဲ့တဲ့တစ်ပတ်လောက်က ဖေ့ဘုတ်သုံးရင်း ဆယ်တန်းတုန်းက သူငယ်ချင်းဟောင်းတစ်ယောက်နှင့် အွန်လိုင်းမှာ
ပြန်ဆုံဖြစ်ကြသည်။ ကျောင်းတုန်းက အင်မတန် ရင်းနှီးခဲ့ကြသူများမို့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းဆက်ပြီး
စကားပြောဖြစ်ကြရာမှ မိသားစုများ အကြောင်း ရောက်သွားခဲ့သည်။ နိုင်မျိုးအောင်၏ အကြောင်းနှင့်
အလုပ်အကိုင်လည်း ဆက်စပ်ပြီး ပြောမိသွားရာမှ မမကြူ၏ သူငယ်ချင်းက သူစတူဒီယိုထောင်ထားသည်ကို
သိသွားပြီး အကူအညီတစ်ခုတောင်းသည်။ တခြားတော့ မဟုတ်ပါ။ သူမအောက် ညီမက သီချင်းဆိုတာ
ဝါသနာပါပြီး စီရီးခွေထုတ်ချင်နေသဖြင့် နိုင်မျိုးအောင်နှင့် မိတ်ဆက်ပေးချင်တာ ဖြစ်သည်။
သုံးယောက်နှင့် တစ်ပိုင်းသာရှိသော သြဇီက မိသားစုတွင် ထိုကိစ္စက မမကြူထံမှတဆင့် အချိန်မဆိုင်းပဲ
ယောက္ခမဖြစ်သူ ဒေါ်စန္ဒီကျော်ဆီရောက်သည်။ သတင်းပလင်းတွေ ဖလှယ်လို့ သိပ်ကောင်းနေသော
အင်တာနက်ခေတ်မို့ မမကြူ သူငယ်ချင်းဖြစ်သူ၏ ညီမကို ဒေါ်စန္ဒီကျော် လူချင်းအပြင်မှာ မတွေ့ဖူးတာသာ
ကျန်တော့သည်။ ဘယ်နေ့မှာ ဘယ်အင်္ကျီဝတ်ကာ ဘယ်ကိုသွားပြီး၊ ဘယ်နေ့မှာ ဘာဟင်းကို ကိုယ်တိုင်ချက်ပြီး
စားသည်ဆိုတာကအစ ဖေ့ဘုတ်ကနေ သိသွားရှာသည်။ ကိုကိုကျော် အပြောအရဆိုလျှင် သူမနှင့်တောင်
ချက်တင်ပြောဖြစ်လိုက်သေးသည်ဟု ဆိုသည်။ ထိုသို့ သြဇီမှ ဒေါ်စန္ဒီကျော်က ရန်ကုန်ရှိကလေးမကို နှစ်ရက်၊
သုံးရက်လောက် လေ့လာပြီးသည်နှင့် နိုင်မျိုးအောင်ဆီ အကြောင်းကြားဖို့ သူကပင် စတင်ဖုန်းဆက်တာဖြစ်သည်။
"အော် .. ဒါနဲ့တင် .. အမေလုပ်တဲ့သူက သားဖြစ်သူကို ချက်တင်ထဲက ကောင်မလေးတစ်ယောက်နဲ့ ပြီးစလွယ်
သဘောတူလိုက်တယ်ပေါ့ .. ခေတ်ကာလများ လိုက်ကို မမီဘူး .."
နိုင်မျိုးအောင်၏ စကားဆုံးဆုံးခြင်း၊ နောက်ဘက်မှနေ၍ "ငါ ကြားတယ်နော်" ဆိုသည့် အသံက ရောက်လာသည်။
နိုင်မျိုးအောင် ဇက်ကလေးပုပြီး ဘာမှဆက်မပြောတော့ပဲ ကိုကိုကျော် ပြောသည်ကိုသာ နားထောင်နေလိုက်ရသည်။
ကိုကိုကျော်က သူ့ကို ဖုန်းနံပါတ်တစ်ခုနှင့် ရှစ်မိုင်က လိပ်စာတစ်ခုကို ပေးသည်။ နိုင်မျိုးအောင် အဆင်ပြေလျှင်
မြန်မြန်ဆန်ဆန် သွားတွေ့စေချင်ကြောင်းလဲ တခါထဲ ထပ်ပြောသည်။
ပုံမှန်အတိုင်းသာဆိုလျှင် နိုင်မျိုးအောင် စိတ်ဝင်စားချင်မှ စိတ်ဝင်စားမည်ဖြစ်သော်လည်း၊ စီးရီးခွေထုတ်ချင်ပါသည်
ဆိုသော အပြောကြောင့် တော်တော်လေး စိတ်ဝင်စားသွားသည်။ အဓိကကတော့ စီးရီးထုတ်ချင်ရလောက်အောင်
အသံဘယ်လောက်ကောင်းနေလို့လဲ ဆိုတာကို သိချင်တာပါပါသည်။ ထို့အတွက်ကြောင့် ဘာမှတောင်
အထွန့်တက်မနေတော့ပဲ အခုပဲ ဖုန်းဆက်လိုက်မည်ဆိုပြီး ကိုကိုကျော့်ကို ခပ်ကျယ်ကျယ်အော်၍
ကတိပေးလိုက်လေတော့သည်။
မနေ့က မမကြူ၏ သူငယ်ချင်းဖြစ်သည်ဆိုသော ရှစ်မိုင်က အစ်မနှင့် နိုင်မျိုးအောင် ဖုန်းပြောလိုက်ရသည်။
စီးရီးထုတ်ပြီး သီချင်းဆိုချင်သည် ဆိုသော ကောင်မလေးနှင့်တော့ မတွေ့။ အစ်မဖြစ်သူ မဖြိုးဝေသီ ပြောပြချက်အရ
အပြင်ရှော့ပင်းထွက်သွားသည်ဆိုလို့ နိုင်မျိုးအောင်ဖုန်းဆက်တာနှင့် လွဲသွားရသည်။ ကိစ္စတော့ မရှိ။ မဖြိုးဝေသီက
ဖော်ဖော်ရွေရွေနှင့် ဖုန်းထဲကနေ အကြောင်းစုံကို ရှင်းပြလို့ နိုင်မျိုးအောင် သွန်းနဒီဆိုသော သူ၏ potential
အဆိုတော်မလေးအကြောင်း တော်တော်သိလိုက်ရသည်။ နိုင်မျိုးအောင် ဘက်ကလည်း မဖြိုးဝေသီကို
သူလုပ်ချင်နေသည့် Girls Band အဖွဲ့အကြောင်း အရိပ်အမြွက် ပြောပြသည်။ အစ်မဖြစ်သူ မဖြိုးဝေသီကတော့
ဘာမှ ထင်မြင်ချက်မပေး။ သွန်းနဒီနှင့် တွေ့မှသာ ကိုယ်တိုင်ပြောဖို့ နိုင်မျိုးအောင်ကို တိုက်တွန်းရှာသည်။
ထို့အတွက်ကြောင့် ဒီနေ့မနက် အိပ်ယာက နိုးနိုးချင်း နိုင်မျိုးအောင် ရှစ်မိုင်ဘက်ကို ထွက်လာခဲ့သည်။ မဖြိုးဝေသီ
ပြောပြထားလို့ သွန်းနဒီက မနက်ဘက်ဆိုလျှင် အိမ်မှာရှိတတ်မှန်း သိထားရာ နိုင်မျိုးအောင်
ဖုန်းကြိုဆက်မနေတော့။ စိတ်မြန်လက်မြန် ရှိတတ်သော သူ့ထုံးစံအတိုင်း လူချင်းသွားတွေ့ပြီး
စကားပြောလိုက်တော့မည်ဟု စဉ်းစားလိုက်သည့် အချိန်တွင် ခြေထောက်က
သူ့ကွန်ဒိုရှေ့သို့ရောက်နေပြီဖြစ်သည်။ သူ့ပရာဒိုကားပေါ်တက်၊ စက်နှိုး၍သာ ရှစ်မိုင်ဘက်သို့
တန်းမောင်းလာခဲ့သည်။ ပြည်လမ်းမကြီးတလျှောက် အေးအေးလူလူနှင့် ကားမောင်းလာရင်းမှ သွန်းနဒီဆိုတာ
ဘယ်လိုကောင်မလေးမျိုး ဖြစ်နိုင်မလဲဆိုတာကို ကြိုတင်စဉ်းစားနေမိသည်။
နိုင်မျိုးအောင် သိရသလောက်သော သတင်းအချက်အလက်များအရ သွန်းနဒီဆိုတာ ခေမည့် ကောင်မလေးတော့
မဟုတ်နိုင်။ ၀န်ကြီးဌာနတစ်ခုမှ ညွှန်မှုးဖြစ်သူ၏ သမီးအငယ်ဆုံးဖြစ်ပြီး၊ စင်္ကာပူမှာ ကျောင်းတက်ပြီး ဘွဲ့တစ်ခု
ပိုင်ဆိုင်ထားသည်ဆိုသော အချက်နှင့်ပင် သူမ၏ လက်ရှိအခြေအနေကို အကဲခတ်နိုင်သည်။ ပြောရမည်ဆိုလျှင်
နိုင်မျိုးအောင်နှင့် အချိတ်အဆက် မဖြစ်ဘူးဆိုလျှင်တောင်မှ သူမဖာသာသူမ စွမ်းအားနှင့် စီးရီးခွေတစ်ခွေ
ကောင်းကောင်းထုတ်နိုင်သော အင်အားတော့ ရှိမည်မှာ သေချာပါသည်။ ယနေ့ခေတ်တွင် ပိုက်ဆံရှိ သားသမီးတွေ
ဒါမျိုးလုပ်နေကြသည်မှာ နိုင်မျိုးအောင်တို့အဖို့ မမြင်ချင်မှ အဆုံးပင်။ အချို့များဆို သီချင်းတောင် ရိုးရိုးဆိုတာ
မဟုတ်ပဲ၊ ကာရာအိုကေခွေကိုပါ နာမည်ကြီး မင်းသမီး၊ မင်းသားပေါင်းစုံနှင့် တွဲရိုက်ပြီး တပြည်လုံး ဖြန့်သည်က
ရှိသေးသည် မဟုတ်လား ...။
"ခြံ နံပါတ် ၂၁ ဆိုတော့ ဒါပဲ ထင်တယ် ..."
ရထားသည့် လိပ်စာအတိုင်း လူအသွားအလာ ရှင်းနေသည့် လမ်းတလျှောက် မောင်းဝင်လာသည်တွင် သွန်းနဒီတို့
အိမ်ဟု ထင်ရသော နှစ်ထပ်တိုက်ကို လမ်း၏ ညာဘက်တွင် တွေ့ရသည်။ နိုင်မျိုးအောင် ခြံတံခါးဝကို
ကျော်ကာမောင်းလာပြီးမှ မလှမ်းမကမ်းတွင် လမ်းဘေးကပ်ရပ်လိုက်ပြီး ကားပေါ်က ဆင်းလာခဲ့သည်။
ကျော်လာခဲ့သည့် ခြံတခါး ရှေ့သို့ ပြန်လျှောက်လာစဉ် မြင်နေရသည့် နှစ်ထပ်တိုက်ကို လှမ်းကြည့်သည်။ တိုက်က
အသစ်ဖြစ်ပြီး တော်တော်လေး ခေတ်မီသော အပြင်အဆင် ရှိလှသည်။ တိုက်မျက်နှာစာ ရှေ့တွင်တော့
မြေကွက်လပ် ခပ်ကျယ်ကျယ်တစ်ခုက ရှိနေပြီး သဇင်တိုင်များကို ညီညီညာညာ စိုက်ထူထားသည်ကို တွေ့ရသည်။
ကြည့်ရတာ သဇင်ပန်းတွေများ စီးပွားဖြစ် စိုက်တာလား မသိ။
ခြံတံခါး ရှေ့သို့ ရောက်လာပြီမို့ နိုင်မျိုးအောင် လူခေါ်ခေါင်းလောင်း ခလုတ်ကလေးကို လှမ်းနှိပ်ဖို့ ပြင်သည်။
သူ့လက်နှင့် ခလုတ်အဖြူလေး နှိပ်မိတော့မည့်ဆဲဆဲတွင် နားထဲ၌ သီချင်းဆိုညည်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။
မသဲမကွဲ ကြားလိုက်ရသည့် ထိုအသံသည် နိုင်မျိုးအောင်၏ အကြားအာရုံမှ တဆင့် သူ့တကိုယ်လုံးသို့
စီးဆင်းသွားသည်။
" မိုး ရွာမယ်ဆိုရင်လေ သည်းလိုက်စမ်းပါ့ကွယ် .. ခြိမ်းပြီးတော့မှ မရွာရင် .. ပျိုး ပင်ပျိုငယ်တွေကို ပျိုးတဲ့ရာသီမို့
မျှော်နေစဉ် သွန်းဖြိုးလိုက်ဦး .. "
P.S: ကြိုက်ခဲ့ဖူးတဲ့ရုပ်ရှင်ကားတစ်ကား အလွမ်းပြေပါ :)
နိုင်မျိုးအောင် ဆိုသူမှာ သီချင်းသီဆိုမှုနှင့် စိမ်းလွန်းသူမဟုတ်။ သူ့အလုပ်၏ သဘောသဘာဝအရကိုက
နေ့စဉ်နှင့်အမျှ အဆိုတော်ပေါင်း မြောက်မြားစွာနှင့် ဆက်ဆံနေရသူ ဖြစ်သည်။ သို့သော် ယခု ကြားလိုက်ရသည့်
မိန်းကလေး၏ သီဆိုသံလောက် သူ့ရင်ကို လှုပ်ခါသွားတာမျိုး မကြုံဘူးပါ။ ချိုမြိန်ပြီး စူးရှစွာ ထွက်ပေါ်လာသည့်
သီချင်းသံသည် သူ့ရင်ကို အကောင်းစား နှစ်ချို့ဝိုင်တစ်ခွက်နှယ် ထိုးဖောက်ဝင်ရောက်သည်။ ရက်ပေါင်းများစွာ
ကြာအောင် လိုက်လံရှာဖွေ နေခဲ့ရသော lead singer ဆိုတာ သူ့ရှေ့တွင် မြင်နေရသည့် သဇင်ခြံထဲမှာ
ရှိနေသည်ဆိုတာ နိုင်မျိုးအောင် ထိုခဏ၌ သိလိုက်သည်။ ဘာကိုမှ စဉ်းစားမိမနေတော့ပဲ နိုင်မျိုးအောင်လက်က
သံပန်းတံခါးကို တွန်းဖွင့်သည်။ တိုက်တိုက်ဆိုင်ဆိုင် သံပန်းကလည်း စေ့ယုံစေ့ထားရာ နိုင်မျိုးအောင်လက်နှင့်
အတွန်းတွင် လူတစ်ကိုယ်စာ ဖွင့်ဟသွားသည်။ ထိုရောအခါ သူ့ကို ညို့ ယူဖမ်းစားထားသည့် အသံထွက်ပေါ်ရာသို့
နိုင်မျိုးအောင် ခြေလှမ်းတွေက အလိုလို ဦးတည်သွားတော့သည်။
ပတ်ဝန်းကျင်၏ လေပြည်ထဲတွင် သဇင်ရနံ့ တွေက လွှမ်းခြုံထားသည်။ သို့သော် နိုင်မျိုးအောင် စီစီရီရီ
ဖူးပွင့်နေကြသည့် သဇင်ပန်းတွေကို အကဲခတ်ကြည့်ဖို့တောင် စိတ်မ၀င်စား။ တန်းစီပြီး ရှိနေသော သဇင်တိုင်တွေ
ကာဆီးထားလို့ ဘယ်သူဆိုနေတာမှန်း မသိနိုင်သေးသည့် သီချင်းသံ ထွက်ပေါ်လာရာသို့ တစ်လှမ်းချင်း
တိုးကပ်လာမိသည်။ သူ့ခြေလှမ်းတွေ ရှေ့သို့ တိုးမိလေလေ၊ လေထုထဲတွင် ရှိနေသည့် အသံက ပို၍ ပြတ်သားစွာ
ကြားလာရလေလေ ဖြစ်သည်။ အဆိုသံသည် အဖြတ်အတောက်မှန်သည်။ အဆွဲအငင် ပိုင်လှသည်။
ပေါ့ပေါ့ပါးပါးလေး သီဆိုနေတာ ဖြစ်သည့်တိုင် ငယ်ရွယ်နုပျိုသောအသံ၏ အားကြောင့် မူရင်းသီဆိုထားသူ
မီမီဝင်းဖေထက်တောင် ပိုပြီး သာသလို ရှိသည်။ နိုင်မျိုးအောင် စိတ်ဝင်စားမှုကို ထိန်းမရတော့။ သူ့ရှေ့တွင်
ပိတ်ဆို့နေသည့် သဇင်တိုင် နှစ်ခုကြားမှနေ၍ တိုးထွက်လိုက်သည်။
"အိုး .."
နိုင်မျိုးအောင် ခေတ္တခဏ အသက်ရှူရပ်သွားသည်လို့တောင် ထင်ရသည်။ ပလတ်စတစ်ရေပိုက် အနီလေးတစ်ခုကို
ကိုင်ပြီး သဇင်တိုင်များကို ရေဖြန်းနေသည့် မိန်းကလေးတစ်ယောက်၏ မြင်ကွင်းက သူနှင့် မလှမ်းမကမ်းမှာ
ရှိနေပါသည်။ နိုင်မျိုးအောင် ရှိရာသို့ ကျောပေးထားသည့်မို သီချင်းဆိုနေသည့် ထိုကောင်မလေးသည် သူ့ကို
မမြင်သေးပေ။ ယနေ့ခေတ် မိန်းကလေးတွေ ၀တ်လေ့ရှိသည့် အိမ်နေရင်းဝတ် အပေါ်အောက်ဝမ်းဆက်
ချည်သားဝတ်စုံကို ၀တ်ဆင်ထားသည့် ထိုကောင်မလေးသည် နောက်ကမြင်ရသည်ကိုပင် ရင်ခုန်ချင်စရာ
ကောင်းလှသည်။ တင်ပါးထိအောင်ရှည်သော နက်မှောင်နေသည့် ဆံပင်တွေကို ဘယ်ညာနှစ်ဘက်ခွဲကာ
ခေါင်းစည်းကြိုးနှင့် စည်းထားလေရာ၊ သီချင်းဆိုရင်း ယိမ်းနွဲ့လေတိုင်း အချိုးကျလှသည့် သူမကိုယ်ပေါ်၌
ဆံနွယ်တွေက လိုက်၍ကခုန်နေသည်။ နောက်ကမြင်နေခြင်း ဖြစ်သဖြင့် မျက်နှာအနေထားက မည်သို့ရှိသည်ဆိုတာ
မသိနိုင်။ သို့သော် ဖြောင့်စင်းသည့် ခြေတံတွေ၏ အလှနှင့်၊ မသိမသာ လှုပ်ခတ်သလို ဖြစ်နေသော
တင်ပါးဝိုင်းဝိုင်းလေးကို ကြည့်ရင်းကပင် နိုင်မျိုးအောင် ရင်ခုန်နှုန်း မြန်လာရသည်။ ကိုယ့်အဖြစ်ကိုယ်လည်း
သတိပြုမိသွားပြီး မဟုတ်တော့ပါဘူးဆိုတာ တွေးကာ သူရှိနေကြောင်း အသိပေးဖို့ နောက်ကနေ
လှမ်းခေါ်လိုက်သည်။
"ဒီမှာ .. ညီမ .."
"အမေ့ ..."
အဖြစ်အပျက်က မြန်လွန်းလှ၍ နိုင်မျိုးအောင် ရှောင်ချိန်မရလိုက်။ မျက်လုံးလေး အ၀ိုင်းသားနှင့် လန့်ဖြန့်သွားသည့်
ကောင်မလေးကို ရှင်းပြချင်သည့်ဇောနှင့် ရှေ့ကတိုးခိုက် ကောင်မလေးကိုင်ထားသည့် ရေပိုက်က
သူ့ဘက်လှည့်လာသည်။ နိုင်မျိုးအောင် တကိုယ်လုံး သင်္ကြန်မရောက်သေးပဲ သင်္ကြန် အကျခံလိုက်ရသည်။
မျက်နှာတည့်တည့်ကို လာစင်သည့် ရေတွေကို လက်ဖြင့် သုတ်ချလိုက်မှ ကောင်မလေးက သတိဝင်လာဟန်နှင့်
ရေပိုက်ကို လွှတ်ချလိုက်သည်။
"ရှင် .. ရှင် ဘယ်သူလဲ ???? .. ဘယ်လိုဖြစ်လို့ ဒီထဲ ရောက်နေတာလဲ .. "
"မမရေ .. ဒီမှာ လာပါဦး !!! ..."
နိုက်တင်ဂဲလ်မလေး၏ အသံကုန်ခြစ်ကာ အော်မှုကြောင့် အိမ်ထဲမှ မိန်းမကြီးတစ်ယောက်နှင့် မိန်းမရွယ်တစ်ယောက်
အပြေးတစ်ပိုင်းနှင့် ထွက်လာကြသည်။ အခြေအနေတွေ ရှုပ်မလာခင် ရှင်းပြမှ ဖြစ်တော့မှာမို့ နိုင်မျိုးအောင်
သူ့နာမည်ကို ပြာပြာသလဲ ထုတ်ဖော်ကာ ပြောရသည်။
"ညီ .. ညီမ .. အကို့နာမည် နိုင်မျိုးအောင် .. တခြားသူ မဟုတ်ဘူး .."
"အယ် !!! .. ကို .. ကိုနိုင်မျိုးအောင် .. Tops စတူဒီယို ပိုင်ရှင် .."
"ဟုတ် ... ဟုတ်ပါတယ် .. ညီမက သွန်းနဒီဆိုတာ မှတ်လား .."
"ရှင် !! .. ဟုတ် .. ဟုတ်ပါတယ် .."
တစ်ယောက်နှင့်တစ်ယောက် ကို့ယိုးကားယားနှင့် မိတ်ဆက်လို့ အပြီးတွင် အိမ်ထဲက ထွက်လာသူနှစ်ယောက်က
သူတို့နားကို ရောက်လာကြသည်။
"ဟဲ့ ... သွန်း .. ဘာဖြစ်တာလဲ .. သူက ဘယ်သူလဲ .. ရေတွေလဲ စိုလို့.."
"ကျနော် နိုင်မျိုးအောင်ပါ အန်တီ ... တေးသံသွင်းစတူဒီယို ပိုင်ရှင်ပါ .. ဒီက ညီမ သွန်းနဒီ သီချင်းဆိုချင်တဲ့
ကိစ္စနဲ့ပတ်သက်ပြီး တိုင်ပင်ရအောင် လာခဲ့တာပါ .."
နိုင်မျိုးအောင်ကပင် ပြေပြေလည်လည် ဖြစ်သွားအောင် သွန်းနဒီတို့ မိသားစုကို သူ့လာရင်းကိစ္စကို ရှင်းပြရသည်။
ရှေ့မျက်နှာနောက်ထား၍လည်း သွန်းနဒီ သီချင်းဆိုနေတာကို ခိုးကြောင်ခိုးဝှက်နှင့် နားထောင်မိသလို
ဖြစ်ခြင်းကိုလည်း တဆက်တည်း တောင်းပန်လိုက်သည်။ အကြောင်းစုံသိတော့ နိုင်မျိုးအောင်ကို
ပြန်အားနာသည်က အစ်မဖြစ်သူ မဖြိုးဝေသီနှင့်အတူ ရောက်လာသည့် သွန်းနဒီတို့အမေ ဒေါ်သီရိနွယ်။
ပြာပြာသလဲ ရှင်းပြနေသည့် နိုင်မျိုးအောင်၏ စကားတွေကို ရယ်ကျဲကျဲ မျက်နှာပေးနှင့် ကြည့်နေသည့်
သွန်းနဒီဘက်ကိုလှည့်ကာ ..
"အဲဒါနဲ့ပဲ ဧည့်သည်ကို ရေနဲ့ပက်လိုက်ရလား .. သမီးရယ် .. မောင်နိုင်မျိုးအောင်မှာ တစ်ကိုယ်လုံး စိုရွှဲကုန်ပြီ .."
"မာမီကလဲ .. သမီးမှ သူ့ကို မသိတာ .. ရုတ်ချည်းနောက်ကပေါ်လာတော့ လန့်ပြီး ပြွတ်နဲ့ထိုးမိတာပေါ့ .."
ကြွက်စုတ်ရေမွန်းသလို ဖြစ်သွားသူ နိုင်မျိုးအောင်ကို ကြည့်ရင်း သွန်းနဒီ၏ မျက်နှာက မချိုမချဉ်နှင့် ရယ်ကျဲကျဲ
ပုံစံပေါက်နေသည်။ အေး .. ငါလည်း ပြွတ်နဲ့ပြန်ထိုးလိုက်ရလို့ မကောင်းဖြစ်သွားမယ်ဟု
စိတ်ပေါက်ပေါက်နှင့်တွေးရင်း မျက်နှာဝိုင်းဝိုင်းပြည့်ပြည့် ကောင်မချောလေးကို စိုက်ကြည့်လိုက်တော့ သူ့အကြည့်ကို
မခံနိုင်သည့်နှယ် မျက်လွှာချသွားသည်။ အမေလုပ်တဲ့သူနှင့် အစ်မဖြစ်သူက ဘေးနားမှာ ကပ်လျက်ကြီး
ရှိနေသည့်အတွက်ကြောင့် ကော်ပတ်ရုပ်လှလှလေး တစ်ရုပ်လို လက်ကလေးကိုယှက်ပြီး ရပ်နေသည့်
ကောင်မလေးကို ကြာကြာမကြည့်ရဲ။ ချက်ချင်း အကြည့်ကို လွှဲလိုက်ရသည်။
"မောင်နိုင်မျိုးအောင် ... အထဲကို ၀င်ထိုင်ပါဦးလား ... ရောက်မှတော့ အလုပ်ကိစ္စ ပြောသွားပေါ့ .."
သွန်းနဒီတို့ အမေ၏ ဖိတ်ခေါ်ချက်နှင့်ပင် နိုင်မျိုးအောင် သွန်းနဒီတို့ ဧည့်ခန်းကို ရောက်ခဲ့ရသည်။ ဖော်ဖော်ရွေရွေ
ရှိလှသော သွန်းနဒီတို့ မိသားစုကြောင့် ရေစိုကြီးနှင့် ဧည့်ခန်းမှာ ထိုင်နေသည့် အဖြစ်ကိုတောင် မေ့သွားခဲ့သည်။
သူပြောသမျှကို ထိုင်နားထောင်နေသည့် သွန်းနဒီတို့ ညီအစ်မကို မိန်းကလေးဂီတအဖွဲ့ထူထောင်ချင်သည့် သူ၏
မဟာစီမံကိန်းကြီး အကြောင်း ရှင်းပြသည်။ သွန်းနဒီ၏ သီဆိုဟန်က ကောင်းလွန်းလှသဖြင့် မိန်းကလေးအဖွဲ့တွင်
ဦးဆောင်သူအဖြစ် ထားချင်ပါသည်ဟုလည်း တဆက်တည်း ကမ်းလှမ်းလိုက်သည်။ သူမကို ရှေ့ တည့်တည့်ထားပြီး
အဆိုကောင်းသည်ဟု ပေါ်တင်ချီးမွမ်းလို့လားတော့ မသိ၊ သွန်းနဒီ၏ မျက်နှာလေးက ရှက်သွေးလေးတွေ
ဖြာနေသည်။ နိုင်မျိုးအောင်၏ မျက်နှာကိုတောင် တေ့တေ့ဆိုင်ဆိုင် မကြည့်ရဲတော့ပဲ သူ့ရင်ပတ်ကိုပဲ
စိုက်ကြည့်နေသဖြင့် မလုံမလဲတောင် ဖြစ်ရသည်။ ယောက်ျာလေးတွေသာ မိန်းကလေးတစ်ယောက်
ရေစိုသွားသည့်အလှကို ငမ်းကြတာ မဟုတ်ပဲ၊ မိန်းကလေးတွေကလည်း ခပ်တောင့်တောင့်
ယောက်ျားလေးတစ်ယောက် ရေစိုထားသည်ကို စိတ်ဝင်စားကြသည်ပဲလားတော့ မသိ။
နိုင်မျိုးအောင် နေရထိုင်ရ ခက်သလို ဖြစ်လာလို့ သွန်းနဒီကို သူအကြံပြုသည့် ကိစ္စနှင့် ပတ်သက်ပြီး စဉ်းစားပြီး
တစ်ရက်နှစ်ရက်အတွင်း အဖြေပေးပါဟု မြန်မြန်သွက်သွက်ပြောရသည်။ အဲဒီနောက်တော့ ဒေါ်သီရိနွယ်က
မနက်စာစားသွားပါလားဟု ထမင်းစားခန်းမှ ထွက်၍ ဖိတ်ခေါ်ချက်ကို၊ ရေစိုပြီး ချမ်းနေလို့ပါဆိုသည့်
အကြောင်းပြချက်နှင့် ရှောင်ဖယ်ကာ ထွက်ပြေးလာခဲ့သည်။ တကယ်လည်း နိုင်မျိုးအောင်တစ်ယောက် သူ့ကားပေါ်
ပြန်ရောက်ချိန်တွင် အတော်လေး ချမ်းနေလေသည်။
"ဘာကြည့်နေတာလဲ ကိုနိုင် .. မရွံပါနဲ့ .. ချိုကသန့်ပါတယ် ... ခိ .. ခိ ... အမွေးတောင် တစ်ပင်မှ မရှိဘူး .. "
ပြုံးစစနှင့် မထေ့တထေ့ရယ်ရင်း လရောင်ချိုက ပေါင်တန်နှစ်ဖက်ကို ဘေးဘက်သို့ ဆန့်ထွက်သွားအောင် ပို၍
ကားပေးလိုက်သည်။ မို့ယာပေါ် လက်နှစ်ဖက်ကို နောက်ပြန်ထောက်ထားရာမှလည်း ညာဘက်လက်အား
သူမပေါင်ကြားသို့ ရွှေ့ ယူလိုက်သည်။ အဖုတ်နှုတ်ခမ်းသားနှစ်ဖက်ကို လက်ညိုးနှင့် လက်ခလယ်သုံးကာ ဘေးသို့
ဆွဲဖြဲပြသည်။ လရောင်ချိုလုပ်သမျှကို မျက်စိသူငယ်နှင့် ကြည့်နေသည့် နိုင်မျိုးအောင်၏ မြင်ကွင်းတွင် ဟသွားသည့်
အ၀တွင်းမှ နီနီရဲရဲအတွင်းသားတွေက ရွစိရွစိနှင့် လှုပ်ရှားနေသည်။ ရင်ထဲ ကတုန်ကရင် ဖြစ်လာသည်မို့
နိုင်မျိုးအောင် တံတွေးကို ဂွပ်ခနဲ မျိုချမိသည်။ နားထင်တလျှောက် စီးကျလာသည့် ချွေးစေးကို လက်ဖျံဖြင့်
လှမ်းသုတ်သည်။
"ကဲပါ .. အချိန်တွေ ကြာပါတယ် ... ကိုနိုင့်ခေါင်းက ချို့ ပေါင်ကြား ရောက်မလာရင်
ချို့ ဟာကပဲ ကိုနိုင်ဆီလာတော့မယ် .. ရယ်ဒီ .. .၀မ်း .. တူး ..."
"ချို !!! .. နေဦး ... ကို .. ကို .."
နိုင်မျိုးအောင် အလန့်တကြားနှင့် ကန့်ကွက်သည်မှ မဆုံးသေး။ သူ့အမြင်အာရုံတွင် ဖြူဖြူဖွေးဖွေး အရာကြီးက
ပိကျလာသည်။ ဘယ်လိုကနေ ဘယ်လို လရောင်ချို လှုပ်ရှားလိုက်သည် မသိ။ မို့ယာပေါ်တွင် ဒူးထောက်ကာ
ထိုင်နေသည့် သူ့မျက်နှာတည့်တည့်ပေါ်သို့ လရောင်ချိုက ခွစီးပြီးသား ဖြစ်နေသည်။
စွဲမက်ဖွယ်ကောင်းခဲ့ရသည့် လှပပြည့်ဖြိုးသော ပေါင်တန်နှစ်ဖက်သည် နိုင်မျိုးအောင်၏ ပခုံးနှစ်ဖက်ပေါ်သို့
ပိုင်ပိုင်နိုင်နိုင် ကျလာသည်။ ဘယ်လိုမှ ရှောင်ချိန် မရလိုက်။ နိုင်မျိုးအောင် ပေါင်တန်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး
တွန်းချမည်အပြု၌ တင်းကနဲ သူ့ဆံပင်တွေကို ဆုပ်စွဲခံလိုက်ရသည်။ နိုင်မျိုးအောင် မျက်နှာက လရောင်ချို ဆီးစပ်နှင့်
ပြေးကပ်သွားသည်။ အားနှင့်ဆွဲကာ တင်းတင်းကြပ်ကြပ် ဖိထားခံရသည်မို့ နိုင်မျိုးအောင်၏ နှာခေါင်းဝသည်
အဖုတ်အပေါ်ပိုင်းနှင့် ထိမိပြီး ပြားကပ်သည်။ အသက်ရှူရန်ပင် ခက်လာပြီး ဖလူး ဖလူးဆိုသည့် အသံများ နှာဝက
ထွက်လာသည်။ နိုင်မျိုးအောင် ရုန်းကန်ထွက်ဖို့ ကြိုးစားသည်။ သို့သော် သူဘယ်လို ရုန်းရုန်း လွတ်ထွက်သည်ဟူ၍
မဖြစ်။ အသက်ရှုပ်ကြပ်ကာ ရင်ထဲမွန်းတက်လာမှုကို မခံနိုင်သည့်အဆုံး ပါးစပ်ကို ဟလိုက်ရသည်။
"ဒီလိုမှပေါ့ ကိုနိုင်ရယ် .. ပါးစပ်ဟလိုက်တော့ အဆင်ပြေသွားပြီ မှတ်လား .. ကဲ .. လျှာလေးပါ ထုတ်လိုက်ဦး .."
လရောင်ချို၏ ခပ်ငေါ့ငေါ့ အသံကြောင့် သူ့အသည်းထဲ အေးစက်သွားသည်။ ရုန်းကန်နေသည့် သူ့ခေါင်းကို
ညှစ်ကိုင်ထားသည့် သူမလက်တွေဆီမှ တင်းကြပ်မှုက တိုးလာသည်။ ဆေးဆိုးကာ ပုံဖော်ထားသည့်
လက်သည်းတွေ၏ ချွန်မြမှုက ဦးခေါင်းခွံ အရေးပြားကို ထိုးဖောက်မတတ်ဖြစ်လာရာ နိုင်မျိုးအောင်
ကြောက်ကြောက်လန့်လန့်နှင့် လျှာကို ထုတ်လိုက်ရသည်။ သူ့လျှာသည် ကျွိချွဲချွဲ အရာတစ်ခုကို တန်းထိုးမိသည်။
ထိတ်လန့်ပြီး ကမန်းတန်း ပြန်ရုတ်မည်အပြု ထိုအရာက သူ့လျှာကို ဆတ်ကနဲ ဖမ်းညှပ်သည်။
"အား !! ..."
နိုင်မျိုးအောင် ကြောက်အားလန့်အားနှင့် အော်သည်။ သို့သော် သူ့အသံသည် အပြင်ဘက်သို့ မရောက်။
ဝူးဝါးဝူးဝါးဆိုသော အသံများသာ ထွက်ပေါ်လာပြီး ညှပ်ကာ အဆွဲခံရသည့်လျှာက ဘယ်လိုမှ ပြန်ထုတ်လို့မရ။
ထိုအခိုက် သူ့နားထဲတွင် စက်ရုံအလုပ်ရုံများတွင် ကြားရသည့် မော်တာသံတစ်ခုကို ဂျီးခနဲကြားလိုက်သည်။
နိုင်မျိုးအောင် မျက်လုံးအပြူးသားနှင့် ကြည့်နေခိုက် လရောင်ချို၏ နီနီရဲရဲ အတွင်းသားတွေက ဒလိမ့်တုံးများလို
အတွင်းဘက်သို့ လိမ့်ကာ ၀င်သည်။
"ဟာ ... ဟေ့ ဟေ့ .. နေ .. နေဦး .. ငါ့လျှာ ..."
နောက်ဆက်တွဲ အန္တရာယ်ကို ရိပ်မိလို့ နိုင်မျိုးအောင် သူ့ပခုံးပေါ်မှ လရောင်ချိုကို အားကုန်တွန်းချသည်။ ဘယ်လိုမှ
မရ။ သွယ်လျသည်ဟု သိခဲ့ရသော လရောင်ချို၏ ပေါင်တန်နှစ်ဖက်က စတီးချောင်းများလို သန်မာလွန်းလှသည်။
နိုင်မျိုးအောင်၏ ခေါင်းကို ညှပ်ကာကိုင်ထားသည့် သူမလက်နှစ်ဖက်ကလည်း ပြုတ်တူများလို သန်စွမ်းနေသည်။
နိုင်မျိုးအောင်၏ လျှာက တလိမ့်လိမ့်နှင့် ရှည်ထွက်လာသည်မှာ သူ့လျှာ၏ အလယ်ပိုင်းကိုပင် ငုံ့ကြည်လျှင်
မြင်နေရသည်။ ဒီအတိုင်းသာဆက်သွားလျှင် သူ့လျှာက ပါးစပ်ထဲမှ ပြတ်ထွက်ယုံရှိတော့မည်။
"အမေရေ .. ကယ် ... ကယ်ပါဦး ..."
ခလုတ်ထိ အမိတဆိုသည့် စကားကို လက်ကိုင်ထားပြီး သြဇီက အမေကို လှမ်းတသည်။ တကိုယ်လုံးရှိ အားတွေကို
သုံး၍လည်း လရောင်ချို၏ကိုယ်အောက်မှ လွတ်ထွက်သွားအောင် ရုန်းသည်။ ဒီတစ်ကြိမ်တော့ ရှိသမျှ
သက်စောင့်အားကို သုံးလိုက်လို့လား မသိ။ သူ့အပေါ်ရောက်နေသူ လရောင်ချို၏ ကိုယ်က ယိမ်းထိုးကာလှုပ်သည်။
ဟော .. လွတ် .. လွတ်ပြီ .. . ဟာ .. ကျ .. ကျပြီ ...!!!
လွတ်ပြီဆိုပြီး ပျော်သွားသည့် နိုင်မျိုးအောင်၊ သူ့ကိုယ်က ငိုက်၍ ရှေ့ သို့ထိုးကျသွားသည် ရင်ထဲကလီစာတွေ
ဗြောင်းဆန်သွားမတတ် ကြောက်လန့်သည်။ ဇောချွေးတွေ တမဟုတ်ချင်း ပြန်လာပြီး ငိုက်စိုက်ကျသည့် ခေါင်းကို
ပြန်မတ်ဖို့ ကြိုးစားစဉ်မှာပင် သူ့ခေါင်းကို နီနီရဲရဲ အသားတွေက ၀ါးမျိုလိုက်သည်။
"အားးးးးးးးး ..."
ကြောက်အားလန့်အားနှင့် တွန်းထုတ်လိုက်သည့် သူ့လက်နှစ်ဖက်က ပါးပြင်ပေါ်မှ အသားကို ခပ်ဆတ်ဆတ်
ရိုက်မိသောအခါ နိုင်မျိုးအောင် မျက်လုံးနှစ်ဖက် ပွင့်သည်။ တစစီ ပြိုကွဲနေသည့် အသိစိတ်က သူ့ဦးနှောက်ထဲ
ပြန်ရောက်လာသည်နှင့် အရင်ဆုံး သတိထားမိတာက သူ့ကိုယ်သည် ချွေးတွေနှင့် ရွှဲနေတာ ဖြစ်သည်။ တကိုယ်လုံး
ဂျိုင်းနှင့် ပေါင်ကြားပါမကျန် ထွက်နေသည့် ချွေးတွေကြောင့် ကိုယ်ပူတော့ ကျသွားမှန်း နိုင်မျိုးအောင်သိသည်။
မျက်နှာပေါ် ရှိနေသေးသည့် လက်နှင့် နဖူးကို စမ်းကြည့်သည်တွင် အဖျားလည် သိပ်မရှိတော့ပေ။ ကိုဗညား
အကြံပေးသလို မနက်က ဆေးခန်းသွားပြလိုက်လို့ ထိုးဆေးတစ်လုံးထဲနှင့် အတော်သက်သာသွားဟန်ရှိသည်။
နိုင်မျိုးအောင် လှဲနေရာမှ လူးလဲထပြီး ချွေးစိုနေသည့် အ၀တ်တွေကို လဲဖို့ ပြင်သည်။
ရှစ်မိုင်ကအိမ်တွင် နိုက်တင်ဂဲလ်မလေး သွန်းနဒီအား သူ့Girls Band ထဲတွင် ပါဝင်လာအောင် ရေစိုကြီးနှင့်ထိုင်ကာ
လေရွှီးခဲ့ရသည့် အကျိုးဆက်နှင့် နိုင်မျိုးအောင် မနေ့ညက ဖျားသည်။ ည၇နာရီလောက်ကတည်းက အဖျားက
တရိပ်ရိပ်တက်လာပေမယ့် ပေပြီး ဒီကိုဂျင်တစ်လုံးသောက်၍ အိပ်လိုက်သည်။ မနက်ကျတော့ အဖျားက
တော်တော်ကြီးပြီး ခေါင်းက မထူနိုင်တော့။ ကိုဗညားနှင့် ချိန်းထားသည့် အလုပ်ကိစ္စရှိလို့ သူမလာနိုင်တော့ဘူးဆိုပြီး
ဖုန်းဆက်လိုက်တော့ ဟိုက နိုင်မျိုးအောင် ဖျားနေမှန်း သိသွားသည်။ အလုပ်မလာတာ ပြသနာ မရှိပေမယ့်
ဆရာဝန်တော့ သွားပြဖို့ အတင်းပဲ ပြောသဖြင့် သူလည်း ကြိုးစားပြီး ကွန်ဒိုရှေ့မှာ အရန်သင့်ရှိသော ဆေးခန်းကို
သွားပြလိုက်သည်။ ထိုဆေးခန်းက ပြန်လာပြီးကတည်းက ဆေးသောက်ပြီး အိပ်နေသည်မှာ အခုအချိန်ထိ
ဖြစ်သည်။
"ရှီး .. ဘယ်နှစ်နာရီတောင် ထိုးနေပြီလဲ မသိဘူး .."
ဘော်ဒီဖစ် စွပ်ကျယ်အဖြူတစ်ထည်ကို ဗီဒိုထဲမှ ထုတ်ကာ ၀တ်ပြီးနောက် အိမ်ရှေ့ ဘက်ထွက်လာရင်း
ဧည့်ခန်းထဲက နာရီကို လှမ်းကြည့်သည်။ နေ့လည် နှစ်နာရီတောင် ကျော်နေပြီပဲ။ ကိုယ်ပူကျသွားသည် ဆိုတာ
မှန်ပေမယ့် အခုအချိန်မှ စတူဒီယို သွားဖို့တော့ မဖြစ်နိုင်တော့။ ဇူးဇူးတို့သီချင်းတိုက်သည်က
မနက်ကတည်းမှဖြစ်သဖြင့် အခုအချိန်လောက်ဆို ပြီးလောက်ပြီ ထင်သည်။ ဇူးဇူးတို့ဆိုပြီး စဉ်းစားမိမှ နိုင်မျိုးအောင်
ကိုဗညားကို သွန်းနဒီနှင့် တွေ့ခဲ့သည့်ကိစ္စ မပြောရသေးမှန်း သတိရသည်။ သူလိုချင်သည့် အဆိုကောင်းမည့်
ကောင်မလေးကို ရပြီဆိုတာ သိလျှင် ကိုဗညားလည်း ၀မ်းသာသွားလောက်သည်။ သွန်းနဒီက သူ့ကမ်းလှမ်းချက်ကို
လက်ခံသည်၊ လက်မခံသည် မသိသေးပေမယ့် ကိုဗညားကိုတော့ ပြောထားတာ ကောင်းမည်ဟု စဉ်းစားပြီး
မအိပ်ခင်က ရှိုးကေ့စ်ဗီဒိုပေါ်တွင် တင်ထားခဲ့သော ဟန်းဖုန်းကို ကောက်ကိုင်လိုက်သည်။
"တင်း တောင် ... တင်း တောင် .."
တံခါးဝမှ လူခေါ်ခေါင်းလောင်းသံကြောင့် နိုင်မျိုးအောင် ကြောင်ပြီး ရပ်ကြည့်နေမိသည်။ ဒီအသံ သူ့တိုက်ခန်းတွင်
မမြည်သည်မှာ လပေါင်းများစွာ ကြာခဲ့ပြီမို့ ပထမတော့ အိပ်မက်မက်နေတာလားဟုတောင် ထင်လိုက်သေးသည်။
သို့သော် အဆက်မပြတ် ထပ်ကာ မြည်နေသည့် အသံတွင် အိပ်မက်မဟုတ်မှန်း သိပြီး၊ မြန်မြန်သွက်သွက်ပင်
တံခါးဆီ ရောက်သွားသည်။
"ဟင် !! ... ဇူးဇူး ..."
"ဟုတ်တယ် .. ဇူးဇူးပါ .. အိမ်ထဲကို မခေါ်တော့ဘူးလား ဆရာ .. ဒီမှာ အထုပ်တွေဆွဲထားရလို့.. "
ထင်မှတ်မထားသူကို ကြွပ်ကြွပ်အိတ်ထုပ်တွေနှင့် တံခါးဝမှာ တွေ့လိုက်ရသဖြင့် နိုင်မျိုးအောင် ယောင်နနနှင့်
ငေးကြောင်ကြည့်နေမိသည်။ ဇူးဇူးက ပြုံးရယ်ကာ သာလိကာမလေး သဖွယ် ပြောလိုက်မှ နိုင်မျိုးအောင် သတိရပြီး
အပေါက်ဝတွင် ပိတ်ရပ်နေသည့် သူ့ကိုယ်ကို ဖယ်ပေးလိုက်သည်။ ဇူးဇူက သူ့ဘေးနားမှ ကျော်ဖြတ်ပြီး အိမ်ထဲသို့
ဝင်သွားသည်တွင် နိုင်မျိုးအောင်၏ နှာဝသို့ သူမကိုယ်မှ ရေမွှေးနံ့နှင့်အတူ၊ စားစရာတစ်ခု၏ အနံ့ကိုပါ ရလိုက်သည်။
" ဆရာ ဖျားနေတာ သက်သာသွားပြီလား .. ပုံစံ ကြည့်ရတာတော့ မဆိုးပါဘူး .. ဒါနဲ့ ဒီမှာ မုန့်တွေဝယ်လာတယ် ..
ဒါတွေ ဘယ်မှာ ထားလိုက်ရမလဲ .."
"သြော် .. ရတယ် .ဇူးဇူးရယ် . အားနာစရာ .. ပေး ကျနော့်ကိုပေး ..."
"နေပါ .. ဇူးဇူး ကိုယ့်ဟာကိုယ်လုပ်ပါ့မယ် .. ဒါနဲ့ ဆရာ ဘာစားထားသေးလဲ ..."
"ဘာမှ မစားရသေးဘူး .. အခုလေးတင် အိပ်နေတာက နိုးတာ .."
"ဟုတ်လား .. ဒါဆို အတော်ပဲ ... ဇူးဇူးက ဒီထိပ်နားမှာ ကြေးအိုးဆိုင်တွေ့လို့ ကြေးအိုးနှစ်ပွဲ ၀ယ်လာခဲ့တာ .. ဆရာ
စားမယ်မှတ်လား .. ဇူးဇူး ပြင်လိုက်မယ် .."
"ဟုတ် .. ဟုတ်ကဲ့ .."

အပိုင်း ( ၃ ) ကိုဆက်လက်အားပေးကြပါ
ချစ်ခြင်းများစွာဖြင့်
#မန္တလာမောင်မောင်တုတ်

Rated Collection (Normal)Where stories live. Discover now