" CANDY RANGERS " အပိုင်း ( ၄ )

2.5K 9 0
                                    

" CANDY RANGERS " အပိုင်း ( ၄ )

ဇာတ်လမ်း - နတ်သား

ဦးညီထွေး၏ နိုင်ကွက်ကို နင်းပြီး လရောင်ချို ပြောလိုက်ရာ တစ်ဖက်က စကားသံ တန့်သွားသည်။
စီးပွားရေးကိစ္စတွင် အမျှော်အမြင် ရှိသလောက် တခြားသော ကိစ္စများတွင် အူကြောင်ကြောင်နိုင်လှသည့်
ဦးညီထွေးကို လရောင်ချို ကောင်းကောင်း ကွန်ထရိုးလုပ်နိုင်သည်။ တစ်နည်းဆိုရသော် ဦးညီထွေးဆိုသော
ပလူကောင်သည် လရောင်ချို၏ အလှကွန်ယက်တွင် လှုပ်မရအောင် မိနေရှာသူသာ။ နှစ်ဦးသား တိတ်တဆိတ်
ချိန်းတွေ့သည်အခါမျိုးတွင် ဦးညီထွေးခမျာ လရောင်ချို ခိုင်းသမျှကို မငြင်းဆန်ပဲ လုပ်ကိုင်ပေးရရှာသည်။
ဦးညီထွေး၏ အညှာကို လရောင်ချိုက ကောင်းကောင်းကြီး ကိုင်ထားခဲ့လေသည်။
"ဘယ်လိုလဲ .. တခြားပြောစရာ မရှိတော့ဘူးလား ဦးညီ .. ဒါဆို ကျမ ဖုန်းချလိုက်တော့မယ် .."
ပြောပြီးပြီးချင်းလဲ တကယ်ကို ရပ်ပစ်လိုက်သည်။ လရောင်ချို တွက်ထားသည့်အတိုင်း စက္ကန့်မဆိုင်းပဲ တစ်ဖက်က
ပြန်ခေါ်သံကို ကြားရသည်။
"လကလေး စိတ်မကောက်နဲ့နော် ..အိမ်ကဟာကြီးကို ဖြီးဖြန်းပြီး ဦးညီ အခုလာခဲ့မယ် .. လကလေး တွေ့နေကြ
နေရာကပဲ စောင့်နော် .."
"ကောင်းပြီ .. ကျမ နာရီဝက်ပဲ စောင့်မယ် .. နောက်နာရီဝက်အတွင်း ဦးညီ ရောက်မလာရင် ဒီတစ်ပတ်အတွင်း
ကျမကို လာတွေ့ဖို့ မစဉ်းစားနဲ့တော့ ..."
ဒီတစ်ခါတော့ သူမပြောချင်တာ ပြောပြီးပြီးချင်း ဖုန်းပါတခါထဲ ပိတ်ပစ်လိုက်သည်။ ဦးညီဘက်က ဆက်ပြောမည့်
စကားတွေကို မကြားချင်တော့။ ကြားဖို့လဲ မလို။ လရောင်ချိုအတွက် ဦးညီထွေးသည် အရေးပါသည့် လူသားတစ်ဦး
ဖြစ်ပေမယ့်၊ သူမ ထည့်တွက်ရမည့် စာရင်းထဲတွင် မပါ။ လောလောဆယ် လရောင်ချို စိတ်ကို အနှောင့်အယှက်
ဖြစ်စေသူက တခြားသူ မဟုတ်ပဲ၊ သူမ မလွမ်းလောက်ပါဘူးဟု တွေးထားသည့် နိုင်မျိုးအောင် .. ပြီးတော့
ဟိုဟာမငါးယောက် အဖွဲ့။ နိုင်မျိုးအောင် ဘယ်လိုအကြံမျိုးနှင့် ဒီအဖွဲ့ကို ထောင်သည်ဆိုတာ တခြားသူတွေ မသိချင်
မသိမည်။ သူမကတော့ ကိုနိုင်ဟုခေါ်ခဲ့သူ နိုင်မျိုးအောင် အကြောင်း အတွင်းသိ၊ အစင်းသိမို့ ကောင်းကောင်းကြီး
ရိပ်မိသည်။ ဒါ သူမကို ချိုးသည့် သဘော။ သူမလို တစ်ယောက်မဟုတ်ဘူး၊ နောက်ထပ် ငါးယောက်တောင်
ပေါ်ပြူလာဖြစ်အောင် လုပ်ပေးလို့ရသည် ဆိုသော အထာ။
တကယ်လဲ ဟိုဟာမ ငါးယောက်က အောင်မြင်သွားမည်ဆိုတာ လရောင်ချို မျက်မြင် ခနလေးနှင့်တင်
ရိပ်မိလိုက်သည်။ သီချင်းတွေ၊ အသံတွေကို အပထားဦး။ ရုပ်ရည်နှင့်တင် ဟိုငါးယောက်၏ လန်းချက်က
ကိုးကျော်နေသည်။ ဒီကြားထဲ နိုင်မျိုးအောင်က ပံ့ပိုးမည်ဆိုတော့ အောင်မြင်မှုဆိုတာ သူတို့အတွက် အလွယ်လေး
ဖြစ်နေမည်။ ဟူး ... မဖြစ်ဘူး .. မဖြစ်သေးဘူး .. လရောင်ချို .. နင် တစ်ခုခု လုပ်မှ ဖြစ်မယ် ...။
စိတ်ကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းသိမ်းရင်း ဦးညီနှင့် ချိန်ထားသည့် ကမ္ဘာအေးဘုရားလမ်းပေါ်က
ကွန်ဒိုဆီသို့ သူမ၏ အော်ဒီကားလေးကို ခပ်ဖြေးဖြေး မောင်းလာခဲ့သည်။ ဒီနေရာက လရောင်ချိုနှင့် ဦးညီထွေးတို့
အမြဲ ချိန်းတွေ့နေကြ နေရာဖြစ်သည်။ တကယ်ဆို ဒီကွန်ဒိုခန်းကို ဦးညီက လရောင်ချိုအတွက် ပေးထားခဲ့သည်
ဖြစ်သော်လည်း သူမ ဒီမှာမနေ။ သူမ မိဘတွေ ဆုံးပါးသွားကတည်းက အတူသွားနေခဲ့သည့် ရန်ကင်းဘက်ရှိ
အဒေါ်အိမ်မှာပဲ နေနေဆဲဖြစ်သည်။ သူမတို့ ကျင်လည်ရာလောကဆိုသည်မှာ ကျဉ်းကျဉ်းလေးမို့ လရောင်ချို
နာမည်ပျက် ထွက်မှာကို မလိုလား။
ဦးညီထွေးနှင့် ပတ်သက်နေရသည့်တိုင် နာမည်ကြီး Nyi Group ပိုင်ရှင်၏ စပွန်ဆာဆိုသည့် ဂုဏ်ပုဒ်ကိုတော့
မလိုချင်ပါ။ ဦးညီပေးထားသည့် အော်ဒီကားနီနီလေးကို မောင်းနေတာတောင်မှ ပတ်ဝန်းကျင်က အနံ့ခံချင်နေမှန်း
သိသည်။ ထို့အတွက်ကြောင့် လရောင်ချိုသည် ဦးညီထွေးနှင့် ဘယ်တော့မှ လူမြင်ကွင်းမှာ တွဲသွားတွဲလာ မလုပ်။
လုပ်ဖို့လဲ မလိုအပ်ဟု ဆုံးဖြတ်ထားပြီး တွေ့ချင်လျှင် ကွန်ဒိုအခန်းမှာသာ တွေ့ကြသည်။ လရောင်ချို စီစဉ်သမျှ
ဦးညီထွေးကလဲ လိုက်လျောရသည်မို့ အခုအချိန်ထိ သူတို့နှစ်ယောက်ကို ဘယ်သူမှ သင်္ကာမကင်း မဖြစ်ကြသေး ...။
ရပ်နေကြ နေရာတွင် သူမကားကို ထိုးရပ်လိုက်သည်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်ထားသော ဦးညီ၏
မာစီးဒီးကားသစ်ကြီးကို တွေ့သည်။ ကားထဲမှာ ဘယ်သူမှ မတွေ့သဖြင့် ဦးညီ ကိုယ်တိုင်မောင်းလာခဲ့တာ ဖြစ်ရမည်။
ထိုရောအခါ လရောင်ချို အချက်နှစ်ချက်နှင့် ဦးညီအပေါ် ကျေနပ်သွားသည်။ ပထမအချက်က ဦးညီသည် သူမ
မှာသည့်အတိုင်း အချိန်နာရီဝက်အတွင်း ရောက်အောင်လာလို့ ... နောက်အချက်က သူမနှင့်တွေ့ချင်လျှင်
ကိုယ်တိုင်ကားမောင်းလာရမည်ဆိုသော စည်းမျဉ်းကို မမေ့လို့ဖြစ်သည်။ ဦးညီ ခန့်ထားသည့် ဒရိုင်ဘာဆီမှတဆင့်
သူမတို့ သတင်းပေါက်ကြားမှာကိုလဲ လရောင်ချို မလိုလား။ သူမက ဒီလောက်ထိ စေ့စပ် သေချာသူ ဖြစ်သည်။
ပါစင်ဂျာခုံတွင် တင်ထားသည့် သူမ၏ ဆလင်းဘတ်အိတ်ကို ကောက်ယူလိုက်သည်။ ထို့နောက် ဒက်ရှ်ဘုတ်ထဲ
ဘာရယ်မဟုတ်ပဲ တစ်နေ့က ထည့်ထားမိသည့် အရေးကြီးပစ္စည်းတစ်ခုကို ထုတ်ယူပြီး အိတ်ထဲထည့်သည်။
နောက်ကြည့်မှန်ကို သူမဘက်ဆွဲယူကာ မျက်နှာအနေအထားကို တစ်ချက်ကြည့်ပြီးနောက် ကားထဲမှထွက်ကာ
ကွန်ဒိုထဲ ၀င်လာခဲ့သည်။ ဓါတ်လှေကားဆီ လျှောက်လာအလာတွင် လုပ်နေကျထုံးစံအတိုင်း အညိုရောင်
မျက်မှန်ဝိုင်းကြီးကို ထုတ်၍တပ်သည်။ ဒီလောက်ဆို တော်ယုံလူက လရောင်ချိုဟု မှတ်မိစရာ အကြောင်းမရှိ။
ခြေလှမ်းကို ခပ်မှန်မှန်လှမ်းရင်း သူမအခန်းရှိရာအထပ်သို့ တက်လာခဲ့သည်။
"ဟော .. လကလေး လာပြီ ..."
အခန်းတံခါးဖွင့်ကာ ၀င်လိုက်သည်နှင့် ဧည့်ခန်းအလယ်ရှိ ဆိုဖာတွင် ထိုင်ကာနေသည့် လူကြီးက မတ်တပ်ရပ်ရင်း
သူ့ကို ဆီးကြိုသည်။ လရောင်ချို catwalk လျှောက်သလို ခြေလှမ်းတွေကို မျဉ်းတဖြောင့်တည်း လှမ်းရင်း
ဦးညီထွေးဆီသို့ တိုးသွားသည်။ ဦးညီထွေး၏ မျက်လုံးတွေသည် ပုဇွန်မျက်လုံးလောက် နီးနီး ပြူးထွက်လာပြီး
ပါးစပ်ကြီးဟောင်းလောင်နှင့် လရောင်ချို၏ အသွင်ကို မလွတ်တမ်း ကြည့်နေသည်။ မတ်တပ်ရပ်ကာ ရှိနေသည့်
ဦးညီထွေး ရှေ့ တည့်တည့်၌ လရောင်ချို ခြေထောက်နှစ်ချောင်းကို မသိမသာကားရင်း စတိုင်လ်ကျကျ ရပ်သည်။
အိမ်ထဲရောက်သည့်တိုင် မချွတ်ရသေးသည့် နေကာမျက်မှန်ဝိုင်းကြီးကို ဟန်ပါပါနှင့် ချွတ်သည်။
မျက်မှန်ကိုင်းကို ကွေးကာခေါက်လိုက်ရင်း သူမ၀တ်ထားသည့် ကိုယ်ကျပ်ဝတ်စုံ၏ လည်ပင်းပေါက်နေရာတွင်
ထိုးထည့်ကာ ချိတ်လိုက်သည်။ လရောင်ချို ၀တ်ထားသည့် ဂါဝန်က ပေါင်လည်လောက်အထိပဲ ရှည်ပြီး
အပေါက်အောက်တစ်ဆက်တည်း အမျိုးအစား။ ဂါဝန်၏ အပေါ်ဘက်အစနှစ်စကို လည်တိုင်မှာ ချည်ပြီး
ထိန်းထားရသော halter ပုံစံ ... ဗွီပုံသဏ္ဍာန်ရှိသော လည်ပင်းပေါက်နေရာ၌ မို့ဝင်းနေသည့် ရင်သားအပေါ်ပိုင်းကို
နဂိုကမှ အသည်းယားစရာ မြင်နေရရာ မျက်မှန်ကိုင်းလေးချိတ်လိုက်ချိန်တွင် အလေးချိန်နှင့် ရင်သားမြောင်းလေးက
ပို၍ ထင်ထင်ရှားရှားပေါ်လာသည်။ လရောင်ချို လုပ်သမျှကို အလွတ်မပေးပဲ လိုက်ကြည့်နေသည့် ဦးညီထွေး၏
လည်ဇလုတ်ကြီး လှုပ်သွားသည်ကို သူမ သတိထားမိသည်။ လရောင်ချို နှုတ်ခမ်းထောင့်လေးက မသိမသာလေး
ကွေးတက်သည်။ လက်တစ်ကမ်း အကွာတွင် ရှိနေသော ဦးညီထွေးနှင့် ကိုယ်ချင်းနီးကပ်အောင် တိုးကပ်လိုက်ပြီး
ဦးညီထွေး၏ ပုခုံးကို သူမလက်တစ်ဖက်နှင့် ဖိချလိုက်သည်။
"ရှင့်ကို ဘယ်သူက မတ်တပ်ရပ်ခိုင်းလို့ မတ်တပ်ရပ်နေရတာလဲ ..."
လရောင်ချို၏ လေသံက တင်းမာပြတ်သားနေပေမယ့် အံ့သြစရာကောင်းလောက်အောင်ပင် ခရိုနီကြီးထံမှ
ဘာကန့်ကွက်သံကို မကြားရ။ သူမတွန်းလိုက်သည့်အတွက် ဘုန်းခနဲ ဆိုဖာပေါ် ပြန်ထိုင်ကျသွားသည့်
အနေအထားမှ တုတ်တုတ်တောင် မလှုပ်ပဲ လရောင်ချိုကို မော်ကြည့်နေသည်။ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု၏
အရိပ်အယောင်များကို အတိုင်းသား မြင်နေရသည်။ လရောင်ချို ဦးညီ၏ မျက်လုံးများတည့်တည့်ကို စိုက်ကြည့်ရင်းမှ
ဂါဝန်၏ အောက်ဘက်အနားသားများကို လက်နှင့်လှမ်းဆွဲလိုက်သည်။
ခပ်ဖြည်းဖြည်းခြင်း အပေါ်ဘက်သို့ ဆွဲတင်လိုက်ရာ ပေါင်ကြားက ရတနာလေးကို မလုံ့တလုံ့ကာထားသော
တြိဂံပုံပင်တီအနက်ရောင်လေးက ထင်ထင်ရှင်းရှင်း ပေါ်လာသည်။ လရောင်ချို ၀တ်ထားသည်က နောက်ဆုံးပေါ်
ဂျီစထရင်းအမျိုးအစားမို့ ပင်တီလေးက တကယ်ကို သေးသေးလေး ...။ အဓိကနေရာကိုသာ ဖုံးဖိထားနိုင်ပြီး
ဖြူဝင်းနေသည့် ပေါင်ရင်းနှင့် ဆီးခုံမို့မို့တစ်ဝိုက်ကိုတော့ အကာအကွယ်မပေးနိုင်။ ဦးညီထွေးတစ်ယောက်
နောက်ထပ်တစ်ခါ လည်ချောင်းထဲတက်လာသည့် တံတွေးကို မြိုချလိုက်ရပြန်သည်။
"ဖျောက် .."
ဦးညီထွေးကို ငုံ့ကာကြည့်နေသူ လရောင်ချိုဆီမှ လက်ဖျစ်တီးသံ ထွက်သည်။ ထိုအသံတွင် ဦးညီထွေးကိုယ်က
ဆတ်ကနဲ တုန်သွားပြီး သူမကို ကမန်းကတမ်း မော်ကြည့်သည်။ လရောင်ချိုဆီမှ အေးစက်စက်အမိန့်ပေးသံကို
ကြားလိုက်ရပြီး သူမလက်တစ်ဖက်က ဦးညီထွေးခေါင်းကို လာဆုပ်ကိုင်တော့သည်။
"ကျမ ကို ကောင်းကောင်း ဘာဂျာမှုတ်ပေး ...."
"Candy Rangers ... Candy Rangers .... ဟေး .. ဝေး ... ဖြောင်း ... ဖြောင်း ... ရွှီ ..."
မျှော်စင်ကျွန်းတစ်ခုလုံး "Candy Rangers"ဆိုပြီး အော်ဟစ်ဂုဏ်ပြုသံများနှင့် ဆူညံပွက်လောရိုက်နေသည်။
အစီအစဉ် ကြေညာသူ ကိုမောင်မောင်ကျော်သည်ပင်လျှင် နောက်ထပ် သီဆိုမည့် အဆိုတော်ကို
ခေါ်မထုတ်နိုင်သေး။ သူကိုယ်တိုင် မိုက်ကို ချိုင်းကြားတွင် ညှပ်ပြီး လက်နှစ်ဖက်နှင့် အားရပါးရလက်ခုပ်တီးကာ
အားပေးနေသည်။
တစ်ဦးနှင့်တစ်ဦး လက်ချင်းတွဲထားကြသည့် သွန်းနဒီတို့ ရိန်းဂျားမလေးတွေ အပြုံးမျက်နှာကိုယ်စီနှင့် အချင်းချင်း
ကြည့်ဖြစ်ကြသည်။ ထို့နောက် တိုင်ပင်ထားသည့်အတိုင်း ကိုယ်ကိုဆတ်ကနဲ ကိုင်းကာ ပရိတ်သတ်ကို
ဂါရ၀ပြုသည်။ လူတွေ၏ ဟေးခနဲ အားပေးသံကို ထပ်မံကြားရပြန်သည်။ ပရိတ်သတ်၏ သြဘာသံ မဆုံးခင်
သွန်းနဒီတို့ တွဲထားသည့် လက်တွေကို ဖြုတ်လိုက်ပြီး စင်နောက်ဘက်သို့ ကြွကြွရွရွလေး
လျှောက်လှမ်းဝင်လာခဲ့သည်။ ပျော်ရွှင်ကြည်နူးမှု ပီတိအရှိန်ကြောင့် သူမတို့ စိတ်အဟုန်သည် လေထဲတွင်
လွင့်ပါးကာ ခြေလှမ်းတွေ အလိုလို သွက်နေသည်။ ဆရာဖြစ်သူ နိုင်မျိုးအောင်ကို စင်နောက်ဘက်သို့
ဝင်ရာလမ်းတွင် အဆင်သင့် စောင့်နေသည်ကို တွေ့သည်။ နိုင်မျိုးအောင်၏ မျက်နှာတွင် အားရဂုဏ်ယူသည့်
အပြုံးကို အတိုင်းသား မြင်နေရသည်။
"ဆရာနိုင် !!! ..."
ရှေ့ဆုံးမှ လျှောက်လာသည့် နော်မိုးဇာ .. နိုင်မျိုးအောင်ကို မြင်သည်နှင့် လက်နှစ်ဖက်ကို ဆန့်မြှောက်ရင်း သူ့ဆီ
ပြေးဝင်လာသည်။ နိုင်မျိုးအောင်နား ရောက်သည်နှင့် ဘာမပြော ညာမပြော သူ့ကို လက်နှစ်ဖက်နှင့် သိုင်းဖက်သည်။
"မိုးဇာ ...နင် .."
နိုင်မျိုးအောင် အလန့်တကြားနှင့် ရေရွတ်သံမှ မဆုံးသေး။ နော်မိုးဇာ၏ နောက်နားတွင် ကပ်ပါလာသည့် ဇူးဇူးက
လွတ်နေသည့် နိုင်မျိုးအောင်၏ ညာဘက်ခြမ်းကို ပြေးဖက်ပြန်သည်။ ဇူးဇူးနှင့် ဘေးချင်းယှဉ်ကာ လျှောက်လာသူ
သွန်းနဒီ သူ့ရှေ့ရှိ အဖြစ်ကို မြင်ပြီး ဘာလုပ်ရမှန်း မသိ။ မြူးကြွနေရှာသည့် ခြေလှမ်းတွေ တန့်သွားသည်။
ထို့အတွက်ကြောင့် သူမနောက်မှ အပြေးတစ်ပိုင်းနှင့် လျှောက်လာကြသူ နွယ်နီနှင့် ရှင်နှောင်းက ဆရာနိုင်နားသို့
အရင်ရောက်သွားကြသည်။ သူတို့ကလဲ အားကျမခံ နိုင်မျိုးအောင်ကို ၀ိုင်းဖက်ကြသည်။ လေးဘက်လေးတန်ကို
ပိတ်ဆို့ခံလိုက်ရသလို နိုင်မျိုးအောင်တစ်ယောက် လှုပ်မရတော့ ...။
"ဟဲ့ .. ကောင်မလေးတွေ .. ငါ့ လွှတ်ကြဦး ..."
နိုင်မျိုးအောင်တစ်ယောက် မွေးကတည်းက ပါလာသည့် လက်နှစ်ဖက်ကို ဘယ်လို အသုံးပြုရမှန်း မသိပဲ
မျက်လုံးကြီးအပြူးသားနှင့် အော်နေမိသည်။ အရှက်ကြီးသူပီပီ မျက်နှာကြီးက ချက်ချင်း နီရဲတက်လာသည်။
နိုင်မျိုးအောင်ဆိုသည်က ကိုဗညားတို့လို မဟုတ်ပဲ တပည့်မချောတွေနှင့်ဆို အမြဲတမ်း တည်တည်တန့်တန့်နေသူ
ဖြစ်သည်။ သူ့နှလုံးသားထဲတွင် ဆံပင်ရှည်လေးတွေနှင့် နွဲ့နွဲ့လေး လှသည့် သွန်းနဒီက နေရာယူထားသည်တောင်မှ
အခုအချိန်ထိတိုင် သူ့ဘက်က စိတ်ဝင်စားမှု အရိပ်အယောင်ကို ပြခဲ့တာ မဟုတ်။
Girls Band အဖွဲ့ အောင်မြင်ဖို့ကိုသာ နံပါတ်တစ်အချက်အနေနှင့် ရှေ့တန်းတင်ထားခဲ့ရာ နုပျိုချောမောသည့်
အလန်းစားလေး ငါးယောက်နှင့် အချိန်တော်တော်များများ တွေ့နေရသည့်တိုင် စိတ်ထိန်းနိုင်ခဲ့သည်။ သို့သော်
အခုလိုမျိုး ကိုယ်ထိလက်ရောက် အဖက်ခံရသည်တွင် သူ့စိတ်တွေ ထွေပြားလာရသည်။
ဒါကလဲ နိုင်မျိုးအောင်ကို အပြစ်တင်လို့မရ။ သွန်းနဒီတို့ အားလုံး ဒီနေ့ဝတ်လာသည့် တူညီဝတ်စုံကလဲ
ယနေ့ခေတ်စားနေသည့် ကိုရီးယားမလေးတွေ ပုံစံအတိုင်း ၀တ်လာကြသည်မို့ အမှန်ဆို မြင်တာနှင့်တင်
စိတ်ထချင်စရာ ကောင်းနေသည့် ဒီဇိုင်း။ ပခုံးထက်တွင် ဒေါက်ကလေးများထည့်ကာ ချုပ်ထားသည့်
ဘလောက်စ်အင်္ကျီအပေါ်ပိုင်းက မှန်သားလို ကြည်လင်နေသည့်ဇာနှင့်၊ အောက်ဘက်တွင်တော့ သားရေပျော့နှင့်
ချုပ်ထားသည့် ပေါင်လည်လောက်ရှည်မည့် နက်ပြောင်နေသော ဘောင်းဘီတို။ သူမတို့ကိုယ်ရှိ အကွေ့အ၀ိုက်၊
အရှိုက်အဖောင်းတွေကို ဆယ်ပေလောက်အကွာက ကြည့်လျှင်တောင် ကောင်းကောင်း မြင်နိုင်သည်။ အခုလိုမျိုး
အနီးကပ်ဆိုတော့ ပြောမနေနှင့်တော့။ ဒီကြားထဲ မိုးဇာ၊ ဇူးဇူး၊ နွယ်နီနှင့် ရှင်နှောင်းက နိုင်မျိုးအောင်ကို
ဖက်ထားရင်းနှင့် အငြိမ်မနေ။ ခုန်ဆွခုန်ဆွ လုပ်နေကြသေးသည်။
"ဟေး .. သွန်း .. လာလေ .. နင်က တစ်ယောက်ထဲ ဘာလုပ်နေတာလဲ ...သစ္စာဖောက်တာလား .."
တစ်ယောက်ထဲ ဘာလုပ်ရမှန်း မသိပဲ ရပ်ကာ လက်ချောင်းလေးတွေ အချင်းချင်း အပြန်ပြန်အလှန်လှန်
ဆုပ်နယ်နေသူ သွန်းနဒီကို ရှင်နှောင်းက လှမ်းခေါ်သည်။ ကောင်မလေး လေးယောက် အညှပ်ခံထားရမှုမှ
ကိုယ်ကိုတွန့်ကာ ရုန်းနေသူ နိုင်မျိုးအောင် ထိုအသံကြောင့် သွန်းနဒီကို လှမ်းကြည့်မိသည်။ မျက်ဝန်းချင်း တဒင်္ဂမျှ
ဆုံသည်။ ရယ်မလို ငိုမလို မျက်နှာပေးနှင့် သွန်းနဒီ၏ အနေအထားကြောင့် နိုင်မျိုးအောင် ရင်ထဲ
တုန်လှုပ်သွားသည်။ ဘာလုပ်ရမှန်း မသိသည့် လက်နှစ်ဖက်ကို လုပ်မိလုပ်ရာတွန်းဖယ်၍ ရုန်းထွက်လိုက်သည်။
"အမေ့ .. ဆရာ .."
"အိုး ... ဆရာ .. ဘာကို လာကိုင်တာလဲ ..."
"အယ် ..."
"ဆရာ .. မလုပ်နဲ့.."
နိုင်မျိုးအောင် လက်နှင့် ဘာတွေထိသွားသည် မသိ။ ၀ိုင်းအုံနေသည့် ကောင်မလေးလေးယောက် အနားကနေ
ရှဲသွားသည်။ ထိုအခိုက် သူတို့နောက်ဘက်မှ ယောက်ျားသံဝါ၀ါကြီးကို ကြားလိုက်ရသည်။
"ဟဲ့ ကောင်မလေးတွေ .. ကောင်ကလေးကို လွှတ်လိုက် .."
နိုင်မျိုးအောင်တို့ အကုန်လုံး အသံကြားရာသို့ လှည့်ကြည့်လိုက်ရာ စပ်ဖြဲဖြဲ အမူအယာနှင့် သူတို့ရှိရာသို့
လျှောက်လာသည့် ကိုဗညားကို တွေ့သည်။ ကိုဗညားတစ်ယောက်ထဲ မဟုတ်။ တိတ်ရီကော်ဒါကိုင်၍
လိုက်လာသူတစ်ယောက်လဲ ပါသည်။ အနားရောက်လာသည့် ကိုဗညား လက်နှစ်ဖက်ကို တန်းနေအောင်
ရှေ့ဆန့်ထုတ်သည်။ ပြုံးဖြီးဖြီး မျက်နှာပေးနှင့် ...
"ကောင်မလေးတွေ လာကြလေ .. ငါနဲ့လဲ အောင်ပွဲခံရအောင် ..."
"လာဘူး .. ဦးကို သာမီး ကြောက်တယ် .. "
ကနွဲ့ကလျလေသံ တမင်တကာလုပ်ကာ လှမ်းပြောလိုက်သည့် နော်မိုးဇာ၏ စကားတွင် သူတို့တစ်ဖွဲ့လုံး ၀ါးခနဲ
ပြိုင်တူ ရယ်ဖြစ်ကြသည်။ ကိုဗညားက နင်သိမယ်နော်ဆိုသည့် သဘောနှင့် လက်ညိုးကိုဆဆလှုပ်ရင်း နော်မိုးဇာကို
လှမ်းကြိမ်းသည်။ ဟိုကောင်မလေးက မဖြုံ။ ပြောင်ချော်ချော် မျက်နှာပေးနှင့် ကိုဗညားကို လျှာကလေးတောင်
ပြန်၍ထုတ်ပြသည်။ နိုင်မျိုးအောင်လဲ ထိုတော့မှ အသက်ကို မှန်မှန်ပြန်၍ ရှူရသည်။ မိန်းကလေးလေးယောက်၏
အပွေ့အဖက်ကို ခံလိုက်ရသည်မို့ ရင်ထဲတွင် ဖိုလှိုက်ဖိုလှိုက်ဖြစ်နေမှုက တော်ရုံနှင့် မပျောက်ချင် ..။
ကိုဗညားက သူ့နောက်တွင် ပါလာသည့် သူနှင့် နိုင်မျိုးအောင်တို့ကို မိတ်ဆက်ပေးသည်။ တခြားသူ မဟုတ်။
နာမည်ကြီးဂျာနယ်တိုက်တစ်ခု၏ ပင်တိုင်သတင်းထောက် ဖြစ်သည်။ ဒီမျှော်စင်ကျွန်း ရှိုးပွဲအတွက်
သတင်းလာယူရင်း ၀က်ဝက်ကွဲအောင် အားပေးခံရသည့် Candy Rangers အဖွဲ့ကို သတိထားမိသွားသည်။
အခုခေတ်တွင် ဒါမျိုးက ဦးဦးဖျားဖျား သတင်းဖြစ်မှာမို့ ဂျာနယ်အတွက် အင်တာဗျူးလုပ်ချင်သည်ဆိုပြီး ပါလာတာ
ဖြစ်သည်။ နိုင်မျိုးအောင်အဖို့လဲ ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်သည်။
သူအနေနှင့် တပည့်မတွေကို ပွဲထုတ်လိုက်ပြီ ဖြစ်ရာ အချိန်တိုလေးအတွင်းမှာ နာမည်ပြန့်သွားဖို့က
အရေးကြီးသည်။ ထို့အတွက်ကြောင့် သတင်းထောက်ဖြစ်သူကို Candy Rangers အဖွဲ့ဖြစ်ပေါ်လာပုံက အစ၊
နောက်ပြုလုပ်မည့် အစီအစဉ် အချို့ ကိုပါ ပေးသိလိုက်သည်။ ဟိုလူကလဲ နိုင်မျိုးအောင် ရှင်းပြသမျှကို
ရီကော့လုပ်သွားယုံသာမက သွန်းနဒီတို့အဖွဲ့ကိုပါ ဓါတ်ပုံအနည်းအကျဉ်း ရိုက်သွားသည်။ နာရီဝက်
မရှိတရှိလောက်တော့ မျှော်စင်ကျွန်းထဲတွင် သူတို့ ကြာသွားသည်။ ဂျာနယ်လစ်ဖြစ်သူ နှုတ်ဆက်ပြီး ပြန်သွားမှ
သူတို့တွေလဲ လမ်းခွဲဖို့ ပြင်ကြရသည်။
"ဆရာနိုင် .. သာမီးတို့က ပြန်ကြရတော့မှာလား .. ဒီမှာ ပျော်လို့ကောင်းတုန်း ..."
အားလုံးထဲတွင် သူများထက် အနည်းငယ် ပိုကဲသည့် နော်မိုးဇာက အရှိန်မသေသေးသည့် အပျော်မျက်နှာနှင့်
နိုင်မျိုးအောင်ကို ကြည့်ရင်း ခပ်နွဲ့နွဲ့ဆိုသည်။ နိုင်မျိုးအောင် လက်ပတ်နာရီကို ငုံ့ကြည့်သည်။ ကိုးနာရီနှင့် ငါးမိနစ်ကို
ပြနေသည်။ စောသည်ဟုလဲ ပြောလို့မရ၊ နောက်ကျသည်ဟုလဲ ပြောလို့မရသည့် အချိန်။ နိုင်မျိုးအောင်
ဆုံးဖြတ်ရခက်စွာနှင့် ကိုဗညားကို လှမ်းကြည့်တော့ သူ့ကို ပုခုံးတစ်ချက် တွန့်ပြသည်။
"ဒီလိုလုပ်လေ .. ကိုယ်တို့တွေ ဒီနေ့ ပရိတ်သတ်ရဲ့ ရင်ထဲကို သီချင်းတစ်ပုဒ်ထဲနဲ့ ရောက်ရှိသွားတဲ့
အထိမ်းအမှတ်အဖြစ် တစ်ခုခု သွားစားရအောင် .. မောင်နိုင် ဒကာခံပေါ့ ဟုတ်ပြီလား .. "
"ဗျာ .. ကျနော်က ဒကာခံရမယ် ဟုတ်လား ..."
"ဟုတ်တယ် .. မင်းက ငါတို့အုပ်စုရဲ့ ဦးဆောင်သူလေ .. မင်း ဒကာခံရမှာပေါ့ .. မင်း မခံလို့ ဘယ်သူခံမှာလဲ ..
ဟိုကောင်မလေးတွေ ခံကြမှာလား ... ဟေ့ မိုးဇာ ဘယ်လိုလဲ "
ကိုဗညားက သူ့ထုံးစံအတိုင်း စကားကို နောက်ရွှတ်ရွှတ်နှင့် ပြောရင်း တဆက်ထဲမှာ သူ့ကိုလျှာထုတ်ပြခဲ့သူ
မိုးဇာကို လှမ်းနှိပ်ကွပ်သည်။ ဒါပေမယ့် ဟိုက နော်မိုးဇာလေ။ တခြားသူမှ မဟုတ်တာ။
"ဦးဗညားနော် .. ဘယ်နှယ့် မိုးဇာတို့က ခံရမှာလဲ .. ဒီအဖွဲ့ထဲမှာ ဦးဗညားလဲ ဦးဆောင်သူပဲလေ ..
ဆရာနိုင်နဲ့ ဦးဗညား တစ်ဝက်စီခံကြပေါ့ .. ခိ .. ခိ .."
ကောင်မလေး ငါးယောက်စလုံး ခိုးခိုးခစ်ခစ်နှင့် ရယ်မိကြပြန်သည်။ နိုင်မျိုးအောင် ရယ်ချင်စိတ်ကို
မနည်းထိန်းသိမ်းလိုက်ရပြီး နောက်ထပ် စကားတွေ အပြန်အလှန် စစ်မထိုးခင် ဆုံးဖြတ်ချက် ချပေးလိုက်ရသည်။
"ကဲ .. ဒါဆို တို့တွေ ရွှေလီအကင်ဆိုင် သွားမယ် .. အကင်စားရင်းနဲ့ နဲနဲပါးပါး သောက်ကြမယ် ..
လွတ်လွတ်လပ်လပ်ပေါ့ .. အချိန်တစ်နာရီလောက် သတ်မှတ်လိုက်မယ် ..
အိမ်ကိုဖုန်းဆက်ပြီး ခွင့်တောင်းရမယ့်လူတွေ တောင်းလိုက်ကြ .. အဆင်မပြေရင်လဲပြော ..."
သွန်းနဒီနှင့် ဇူးဇူး ကိုယ်စီကိုယ်စီ အိမ်ကို ဖုန်းဆက်ကာ အကြောင်းကြားကြသည်။ နွယ်နီအိမ်က အစကတည်းက
လွတ်လပ်သည်မို့ နောက်ကျမည့်ကိစ္စကို လှမ်းအကြောင်းကြားဖို့ မလို။ နယ်ကလာသူ နှစ်ယောက်ဖြစ်သည့်
ရှင်နှောင်းနှင့် နော်မိုးဇာကလဲ အဖွဲ့ထဲပါဝင်မည်ဆိုပြီး စာချုပ်ကို လက်မှတ်ထိုးလိုက်ကတည်းက နိုင်မျိုးအောင်
ငှားပေးခဲ့သည့် တိုက်ခန်းမှာ နေနေတာမို့ သူမတို့မှာ ရှော့မရှိ။ သွန်းနဒီနှင့် ဇူးဇူး ဖုန်းဆက်ပြီးလို့ အိုကေဟု
ကိုယ်စီအဖြေပေးလိုက်သည်နှင့် သူတို့တွေ အားလုံး အကင်ဆိုင်ဆီသို့ ချီတက်လာခဲ့ကြသည်။
ညဘက်ရောက်နေပြီမို့ လမ်းမပေါ်တွင် ကားရှင်းနေလေရာ သိပ်တောင် မမောင်းလိုက်ရပဲ အကင်ဆိုင်သို့
ရောက်လာကြသည်။ ဟော့ရှော့ကောင်မလေး ငါးယောက်နှင့် တွဲကာ ဆိုင်ထဲဝင်လာသည့် နိုင်မျိုးအောင်နှင့်
ကိုဗညားဆီသို့ တစ်ဆိုင်လုံးရှိ မျက်လုံးတွေက စုပြုံကာရောက်လာသည်။ နိုင်မျိုးအောင်က နဂိုကတည်းက
ခပ်တည်တည်နေသည်မို့ သူ့မျက်နှာအမူအယာက မပြောင်းလဲသော်လည်း ကိုဗညား၏ မျက်နှာကမူ
သကာရည်ပုံးထဲကျသွားသည့် ပုရွက်ဆိတ်လို ဖြစ်နေသည်။
ဆိုင်ထဲတွင် ထိုင်ဖြစ်ဖြစ်ချင်း နိုင်မျိုးအောင်က သူနှင့် ကိုဗညားအတွက် စည်ဘီယာမှာပြီး
ကောင်မလေးတွေအတွက်တော့ အကင်မျိုးစုံ မှာပေးလိုက်သည်။ သူက ဒီလို စီစဉ်လိုက်ပေမယ့် နောက်နာရီဝက်
အကြာတွင်တော့ စားပွဲပေါ်ရှိ ဘီယာခွက်က ခုနှစ်ခွက်တိတိ ဖြစ်သွားသည်။ ခုခေတ် ကောင်မလေးတွေလေ။
သိကြတယ် မဟုတ်လား။ ဘီယာဆိုတာလောက်ကတော့ အပျော့ဆိုသည့် ဟာမလေးတွေ။ နိုင်မျိုးအောင်လဲ
ဒီနေ့တစ်ရက်တော့ ရှိစေတော့ဟု စိတ်ဆုံးဖြတ်လိုက်ပြီး ကန့်ကွက်တာတွေ ဘာတွေလုပ်မနေ။
တစ်ယောက်နှင့်တစ်ယောက် အားမနာလျှာမကျိုး စနောက် ပျော်မြူးနေကြသည့် သူ့အဖွဲကိုသာ သဘောတကျနှင့်
လိုက်ကြည့်နေမိသည်။ ထိုသို့ စကားဝိုင်းတွင် မပါပဲ ဘီယာကို မျှင်းသောက်ရင်း ငေးကြည့်နေသည့်အတွက် သူနှင့်
သွန်းနဒီ ခဏခဏ မျက်လုံးချင်း ခလုတ်တိုက်မိသည်။ နိုင်မျိုးအောင် ရင်ထဲ နွေးကနဲဖြစ်သည်။ ဘီယာကပဲ
ခါတိုင်းနှင့်မတူပဲ ပြင်းလို့လား၊ သွန်းနဒီ၏ အလှမှာပဲ ယစ်မူးလို့လားတော့ မသိ။ နိုင်မျိုးအောင်တစ်ယောက်
တစ်ကိုယ်လုံး နွေးထွေးလာပြီး ရီဝေေ၀ဖြစ်လာသလို ခံစားရသည်။
"ကဲ .. အချိန်တစ်နာရီလဲပြည့်ပြီ .. ခွက်တွေလဲ မှောက်ကုန်ပြီ .. အားလုံး ပြန်ကြရအောင် ... "
ဒီတစ်ခါတော့ နိုင်မျိုးအောင် စကားကို ဘယ်သူမှ မကန့်ကွက်ပဲ အကုန်လုံး ထိုင်နေရာမှ ထရပ်ကြသည်။
ခရားရေလွှတ် တတွတ်တွတ်နှင့် တစ်နာရီကြာအောင် ပြောခဲ့ပြီမို့ သာလိကာငါးယောက် နောက်ထပ်စကားလဲ
မထွက်တော့။ သူ့လူကိုယ့်လူ လက်ချင်းတွဲကာ ထားရင်း ကားရပ်ထားရာသို့ ပြန်လျှောက်လာခဲ့ကြသည်။
"နွယ်နီ .. မိုးဇာနဲ့ ရှင်နှောင်း .. မင်းတို့ သုံးယောက်က ကိုဗညားနဲ့ လိုက်သွား .. ကိုဗညားပြန်မယ့်ဘက်နဲ့
လမ်းသင့်တယ် .. ဇူးဇူးနဲ့ နဒီက ဆရာနဲ့ လိုက်ခဲ့ ... အိမ်ကို အခုပြန်လာနေပြီလို့လဲ ဖုန်းဆက်လိုက်ဦး .. "
နိုင်မျိုးအောင် စကားအတိုင်း နွယ်နီတို့က ကိုဗညားနှင့်အတူပါသွားပြီး ဇူးဇူးနှင့် နဒီက သူ့ပရာဒိုနောက်ခန်းထဲမှ
ငြိမ်သက်စွာ လိုက်လာခဲ့ကြသည်။ ဇူးဇူးနှင့် နဒီဆိုတာ နဂိုတုန်းက သိပ်အစေးကပ်သူမဟုတ်လို့ နိုင်မျိုးအောင်
အခေါ်ကြောင့် အတူထိုင်ကာ လိုက်လာသည့်တိုင် တစ်ယောက်နှင့်တစ်ယောက် စကားဆိုဖြစ်ခြင်း မရှိကြ။
နိုင်မျိုးအောင် ကိုယ်တိုင်ကလဲ ကားမောင်းနေလျှင် သိပ်စကားပြောလေ့ပြောထ မရှိသူမို့ အသွားအလာရှင်းနေသည့်
လမ်းတလျှောက် လီဗာကိုဖိကာနင်းပြီး ခပ်မြန်မြန်မောင်းလာမိသည်။ လမ်းသင့်သည့် ဇူးဇူးတို့ တိုက်ခန်းဆီ
အရင်ရောက်သည်။ ဇူးဇူးက ကားပေါ်မှဆင်းပြီးနောက် သူတို့ကို လက်ပြနှုတ်ဆက်သည်။ နိုင်မျိုးအောင်နှင့် သွန်းနဒီ
ကိုယ်စီလက်ပြန်ပြပြီးနောက် ရှစ်မိုင်ဘက်သို့ ဦးတည်ကာ မောင်းလာခဲ့သည်။
လရောင်ချို ခြေထောက်နှစ်ချောင်းကို ခွဲကာရပ်ရင်း သွယ်လျဖြောင့်စင်းသည့် ပေါင်တန်နှစ်ဖက်ကို
ကားထားပေးသည်။ လက်နှစ်ဖက်ကိုမူ ခါးတစ်ဖက်ဆီမှာ ထောက်ထားပြီး သူမ၏အကွဲကြောင်းတလျှောက်
အားရပါးရ လျက်နေသည့် ဦးညီထွေးကို စိတ်ကျေနပ်မှုအပြည့်နှင့် ငုံ့ကြည့်နေသည်။ ဆီးခုံကို
ခပ်ကော့ကော့ဖြစ်အောင် လုပ်ထားပေးသည်မို့ ဦးညီ၏ လျှာ အပြားလိုက် အပေါ်အောက်
လှုပ်ရှားသွားလာနေသည်ကို ဧည့်ခန်းမီးအလင်းရောင်နှင့် ထင်ထင်ရှားရှား မြင်နေရသည်။
ဟိုးအောက်ခြေမှ အပေါ်ဘက်သို့ လျှာဖျားလေး ရွေ့လာတိုင်း ပြတ်ခနဲ ပြတ်ခနဲ မြည်နေသည့် အသံများက
လရောင်ချိုအတွက် သာယာချိုမြန်သော ဂီတသံများပင်။ ထို့အပြင် သူမဆန္ဒအတိုင်း မငြင်းဆန်ပဲ လျှာနှင့်
ပြုစုနေသူမှာ ဦးညီထွေးဆိုသည့် သူဌေးကြီး ဖြစ်နေသည့်အတွက်လဲ လရောင်ချိုမှာ
အချိုပေါ်သကာရည်လောင်းထားသလို ခံစားနေရသည်။ နိုင်မျိုးအောင်နှင့်တုန်းက မရခဲ့သော အရာကို
ဦးညီထွေးဆီမှ ရခဲ့သဖြင့်လဲ သူမ ကိုနိုင်ဆီမှ စွန့်ခွာခဲ့သည် မဟုတ်လား ..။
"အား .. ရှီး .... ထိတယ် ... လုပ် .. အဲဒီလိုမျိုး လုပ် ..."
ဦးညီ၏ လျှာက ငေါ့တော့ထောင်နေသည့် အစေ့ကလေးကို ထိုးလိုက်မိသည်တွင် လရောင်ချို၏ ပေါင်တန်နှစ်ဖက်
ဆတ်ခနဲ တုန်ခါသွားရသည်။ ကောင်းလွန်းလှသည့် အရသာကြောင့် ပေါင်တန်ဖြူဖြူလေးများ၏ အရင်းပိုင်း၌
ကြက်သီးကလေးများပင် ဖြန်းခနဲထသည်။ လရောင်ချို ခါးထောက်ပြီး စတိုင်လ်ကျကျ ရပ်မနေနိုင်တော့။
ပေါင်ကြားနှင့် မျက်နှာကပ်နေသည့် ဦးညီ၏ ခေါင်းကို လှမ်းကိုင်ပြီး ဆံပင်တွေကို လက်နှင့်တင်းတင်း ဆုပ်ဆွဲသည်။
ဦးညီ၏ မျက်နှာတစ်ခုလုံး သူမအင်္ဂါစပ်နှင့် ထိကပ်ပြီး ချွန်ထွက်နေသည့် နှာခေါင်းတောင်မှ ပိပြားသွားသည်။
လရောင်ချို ဘာလိုချင်သည်ဆိုတာကို သဘောပေါက်သည့် ဦးညီကလဲ ဖောင်းထနေသည့် အစေ့လေးကို
နှုတ်ခမ်းဖြင့်ဖိကာ အတင်းစုပ်နမ်းသည်။
"အား ... လာ .. လာပြီ ... မရပ်နဲ့ .. မရပ်နဲ့နော် ... ဆက်လျက်ပေး .. "
လရောင်ချို၏ တောင်းဆိုမှုကြောင့် ဦးညီထွေး မေးရိုးများ ညောင်းလာသည့်တိုင် ပါးစပ်ကို ပြန်မစေ့နိုင်သေးပေ။
တစ်လစ်ထုတ်ထားရသည့် လျှာကိုလဲ ဆန့်နိုင်သမျှဆန့်ထားရပြီး တစိမ့်စိမ့်ထွက်ကျလာသည့် အရည်တွေကို
သိမ်းကျုံးကာ လျက်ယူသည်။ အကျအန လိမ်းဖြီးလာသည့် ဆံပင်တွေကို အားနှင့်ဆောင့်ဆွဲထားတာ ခံရသည့်တိုင်
ဦးညီထွေး လရောင်ချိုကိုတော့ ပြသနာမရှာရဲ။ ဦးညီထွေး၏ အမှောင်စိတ်ကို လရောင်ချိုဆိုသော
အလှနတ်ဘုရားမလေးက ကြီးစိုးထားခဲ့ပြီဖြစ်ရာ သူမ ဆန္ဒပြည့်ဝသွားဖို့က အခုအချိန်မှာ အရေးကြီးဆုံး ...။
အကယ်၍များ အခုအချိန် မြွေကိုက်ခံရလျှင်တောင်မှ ဦးညီထွေး တုပ်တုပ်လှုပ်ရဲမှာ မဟုတ်။ လှုပ်လို့မရအောင်ကိုလဲ
သူ့ခေါင်းကို လရောင်ချို၏ ပေါင်တန်နှစ်ဖက်က ဖိညှပ်ထားသည်။ တော်တော်လေး ကြာမှ ဆံပင်တွေကို
တင်းတင်းဆွဲထားသည့် လရောင်ချို၏ လက်အားက လျော့ကျသွားသည်။
"ကျမ အိတ်ထဲက ပစ္စည်းကို ယူပြီး အခန်းထဲလိုက်ခဲ့ .. ဦးညီ ..."
"ဟုတ် .. ဟုတ်ကဲ့..."
ခါးထိလိပ်တင်ထားသည့် ဂါဝန်၏ အောက်နားစ ပြန်ဆွဲကာချလိုက်ပြီးနောက် လရောင်ချို အိပ်ခန်းရှိရာ
အတွင်းဘက်သို့ လှည့်ထွက်သွားသည်။ ဦညီထွေးဘက်သို့ တစ်ချက်မျှ ယောင်လို့တောင် လှည့်မကြည့်။
ခြေလှမ်းမှန်မှန် လျှောက်သွားနေသည့် သူမပုံစံက ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နှင့် ဒေါင်းပျိုမလေးအလား
ကြွားကြွားဝင့်ဝင့်ရှိလှသည်။ နှုတ်ခမ်းထောင့်တွေ ပေကျန်နေသေးသည့် အရည်တစ်ချို့ကို လက်ခုံနှင့်သုတ်လိုက်ရင်း
ဦးညီထွေး လရောင်ချိုထားခဲ့သည့် ဆလင်းဘတ်အိတ်ကို ဖွင့်သည်။ သူနှင့် လရောင်ချို တွေ့ကြတိုင်း
အဖုတ်လျက်ပေးပြီးလျှင် ဒုတိယအဆင့်အနေနှင့်ဘယ်လိုလုပ်ပေးရသည်ဆိုတာကို နားလည်ပြီးသား ဖြစ်သည်။
လရောင်ချို ညွှန်းဆိုသည့် ပစ္စည်းကို အိတ်အပေါ်ယံမှာတင် တွေ့သည်။ မရဲတရဲနှင့် ကိုင်တွယ်လိုက်ပြီး အိတ်ကို
ဆိုဖာပေါ် ပြန်တင်လိုက်သည်။ အိပ်ခန်းဘက် ဦးတည်သွားနေသည့် လရောင်ချိုနောက်ကို လိုက်တော့မည်ဆိုပြီး
ဒူးထောက်ထားရာမှ ထမည်အပြု ကြမ်းခင်းကောဇောပေါ်တွင် ကျနေသည့် ပင်တီလေးကို တွေ့သည်။ လက်က
မ၀ံ့မရဲနှင့် သုံးမြှောင့်ပုံ ပင်တီပါးပါးလေးကို ကောက်ယူလိုက်သည်။
တုန်ယင်နေသောလက်နှင့် ကိုင်ထားမိပြီးမှ လရောင်ချိုများ ပြန်လှည့်ကြည့်မလားလို့ တဒိတ်ဒိတ်ခုန်နေသာ ရင်နှင့်
အိပ်ခန်းဘက်သို့ လှမ်းကြည့်ဖြစ်သည်။ လရောင်ချို၏ အရိပ်အယောင်ကိုမှ မတွေ့မှ သက်ပြင်းတစ်ခုကို ဟူးခနဲ
ချရသည်။ နောက်ကျနေလို့ မဖြစ်ဆိုတာ ချက်ချင်း တွေးမိပြီး ပင်တီလေးကို လိပ်ကာ ၀တ်လာသည့်
ကွာတားဘောင်းဘီ၏ ဘေးအိတ်ထဲ အသာထိုးထည့်လိုက်သည်။ ထို့နောက် အိပ်ခန်းဘက်သို့ အပြေးအလွှားပင်
လျှောက်သွားသည်။
"ခလုတ်ဖွင့်လိုက်လေ.. ပြီးရင် ကျမကို ကောင်းအောင် လာလုပ်ပေး ..."
အမြဲဆုံတွေနေကြ အိပ်ခန်းကျယ်ကြီးထဲရှိ ကုတင်အကောင်းစားကြီးနားတွင် လရောင်ချို မတ်တပ်ရပ်ကာ
ရှိနေသည်။ သို့သော် အပြင်မှာ တွေ့ခဲ့သည်အတိုင်းတော့ မဟုတ်ပါ။ လရောင်ချို၏ ကိုယ်ပေါ်တွင်
အ၀တ်အစားဆိုလို့ ဘာဆိုဘာမှ မရှိပဲ ပကတိအတိုင်း ဖြစ်နေသည်။ အသက်ရှူမှားလောက်ဖွယ်ရှိသည့်
လရောင်ချို၏ ကိုယ်လုံးတီးအလှကြောင့် ဦးညီထွေး မျက်လုံးတွေ အပြင်ဘက်သို့ ခုန်ထွက်လာသလားတောင်
ထင်ရသည်။ မို့ဝန်းနုထွတ်နေသည့် ရင်နှစ်မွှာက ကော့ကော့လေး .. အဲဒီအောက်ဘက်က ခါးလေးကတော့
သေးသေးကျဉ်ကျဉ် .. အောက်ဘက်က မုန့်ပေါင်းလေးကတော့ ခုနက အသေအချာ အရသာခံပြီးသားမို့
ဘယ်လောက်ထိ မက်မောဖို့ကောင်းသည်ဆိုတာ ဦးညီထွေး အသိဆုံး ...။
"ဟေ့ .. ငေးမနေနဲ့ ..အချိန်ကြတယ် .. မြန်မြန်လာပြီး လုပ်တော့ .. ဘာလဲ ကျမ ထပြန်သွားရမှာလား ..."
ဦးညီထွေးအတွက် လရောင်ချို၏ စကားသံသည့် တန်ခိုးရှင်တစ်ယောက်၏ စေခိုင်းမှုပင်။ ခပ်ထန်ထန်
ပြောလိုက်သည့် လရောင်ချိုကို စကားတစ်ခွန်းတောင် ပြန်မပြောရဲပဲ အိတ်ထဲက ယူလာသည့် ပစ္စည်းကို
ခပ်တင်းတင်း ဆုပ်ကိုင်ပြီး တိုးသွားရသည်။ သူမနားတိုးလာသည့် ဦးညီထွေးကို လရောင်ချိုက စူးခနဲတစ်ချက်
စိုက်ကြည့်ပြီး သူမကိုယ်ကို ချာခနဲ ကုတင်ဘက်သို့လှည့်သည်။ ညာဘက်ခြေထောက်ကို အသာကွေးမြှောက်၍
ကုတင်စွန်းတွင် တင်လိုက်သည်။ ဘယ်ဘက်ခြေထောက်ကိုတော့ ကြမ်းပြင်တွင် ထောက်ထားဆဲ ဖြစ်သည်။
ထိုရောအခါ ဆင်စွယ်လို ဖြောင့်တန်းသွယ်လျသည် ပေါင်တန်နှစ်ခုကို အပီအပြင် ကားပေးထားသလို ဖြစ်သည်။
တစ်ချီပြီးထားသည့် ရတနာတွင်းဝလေးမှာ အရည်ကြည်တွေလဲ့၍ ခပ်ဟဟလေး ပွင့်နေရှာသည်။
ဘာလုပ်ရမည်ဆိုတာကို သဘောပေါက်ပြီးသား ဖြစ်သော ဦးညီထွေး .. လက်ထဲကိုင်ထားသည့် ပစ္စည်း၏
ခလုတ်ကိုဖွင့်လိုက်သည်။ ဂျပန်ဖြစ်ဖြစ်သော အရှည်ခြောက်လက်မကျော်ကျော် ရှိသည့် ထိုပစ္စည်းသည် ဂျီးဂျီးဆိုပြီး
တိုးညှင်းသည့်အသံလေး ပေါ်ကာ ပတ်ချာစလည်သည်။ ဒီပစ္စည်းက လရောင်ချို၏ ဆန္ဒကိုဖြည့်ဆည်းဖို့ဆိုပြီး
ရှာဖွေထားရသည့် လိင်တန်တု။ စစတုန်းကတော့ လရောင်ချိုက ဒီအတုကို သုံးရတာ သိပ်မကြိုက်သော်လဲ
ဦးညီထွေး အခြေအနေကို သဘောပေါက်ပြီးကတည်းက ဒါကိုပဲ အမြဲသုံးခိုင်းသည်။
ဦးညီထွေး ကိုယ်တိုင်လဲ လရောင်ချို၏ အလှကျော့ကွင်းတွင် လှုပ်မရအောင် မိနေပြီမို့ သူမဆန္ဒကို မကန့်ကွက်မိ။
ထို့ကြောင့် အခုနောက်ပိုင်း လရောင်ချိုနှင့် ချိန်းတွေ့လျှင် သူတို့သတ်မှတ်ထားသည့် ပရိုဂရမ်က
ပထမအဆင့်လျက်ပေးဖို့၊ ဒုတိယအဆင့် လိင်တန်အတုသုံးကာ ထိုးဆွပေးဖို့ပြီး၊ ဒါတွေပြီးမှ
လရောင်ချိုအခြေအနေကြည့်ကာ နောက်ဆုံးအဆင့်သို့ တက်လှမ်းကြရသည်။
"အိုး .. ဟင့် .."
စိုရွှဲနေသည့် အနားသားနှစ်ဖက်ကို တွန်းတိုက်ပြီး ၀င်လာသည့် ထိပ်ဖူးတုကြောင့် လရောင်ချို မျက်လုံးလေးမှိတ်ပြီး
နှုတ်ခမ်းဖျားမှ ညည်းသံလေး ပေါ်ထွက်သည်။ ရင်ထဲဖိန်းရှိန်းသွားမှု၏ အကျိုးဆက်ကြောင့် တင်ပါးတွေကပါ
လှုပ်ခါယမ်းသည်။ ထိုရောအခါ သူမဟာလေးထဲကို ၀င်ရောက်နေပြီဖြစ်သော လိင်တန်တုကို ထပ်ဆင့်
လှုပ်သွင်းသလို ဖြစ်သည်။ ထိပ်ပိုင်းသာမက အချောင်းကြီးတစ်ခုလုံး အရည်တွေရွှဲနင့်နေသာ အထဲသို့လျှောခနဲ
ရောက်သွားသည်။ ဦးညီထွေး လက်နှင့်ထိန်းကာ ကိုင်ထားသည့် လက်ကိုင်အရင်းပိုင်းသာ အပြင်ဘက်၌
ကျန်ခဲ့သည်။ လက်ကိုင်၏ အပေါ်ဘက်တွင် ကပ်လျက်ရှိနေသည်က ဂေါ်လီလိုလို အဖုလေးတွေ ..
ပတ်ချာလည်နေသော ထိုနေရာသည် နှုတ်ခမ်းသားများကို အပြတ်ထိုးမွှေပေးနေလေရာ လရောင်ချို တဟင်းဟင်း
တအင်းအင်းနှင့် ညည်းညူသံတွေ ပိုကျယ်လာသည်။ ဒါတွင်မကသေး။ လိင်တန်တု၏ ကိုယ်ထည်မှ ကိုင်းတစ်ခုလို
ခွဲထွက်နေသော အပိုင်းထိပ်သည် အကွဲကြောင်းအပေါ်ဘက်ရှိ အဖုလေးကို မိမိရထိုးမိပြန်သည်။
ကြည်လဲ့ချွဲပစနေသော အရည်ကြည် တစ်သုတ်က လိင်တန်တု တလျှောက် လိမ့်ကာ စီးကျလာတော့သည်။
လရောင်ချို၏ ပေါင်တန်နှစ်ဖက်ကြား ခေါင်းမော့ပြီး ကြည့်နေသည့် ဦးညီထွေး အသေအချာကို မြင်လိုက်ရသည်။
"အင့် ... ဟင့် .. ဟင့် ... ဦးညီရယ် ..."
ဝါဂွမ်းစလေးတစ်စ လေဟုန်ထဲမှာ လွင့်ပါမျောနေသလို ခံစားနေရရှာသူ လရောင်ချို .. ။ သူမနှုတ်ဖျားမှ
ဖွင့်ကျလာသည့် ညည်းသံများက မာထန်ခြင်း အလျဉ်းမရှိတော့ပါ။ ကိုယ်ပိုင်ရတနာတွင်းလေးထဲမှ တဆင့်
ပြန့်နှံ့လာသော ကာမအရသာသည် တကိုယ်လုံး အနှံ့ကြီးစိုးထားပြီမို့ ထိုအရသာဆိုသည့် တိမ်မျှင်တန်း၏
ခေါ်ဆောင်မှုနောက်သို့ လွင့်ပါးကာ လိုက်ပါနေမိသည်။ တိမ်တိုက်တွေပေါ် တစ်ခုကနေ တစ်ခု ခုန်ကူးကာ
ပြေးလွှားနေသည်။ ရင်ထဲတွင် ဖိုလိုက် အေးလိုက်နှင့်။ တိမ်မျှင်တစ်စပေါ်သို့ သူမ ခြေလှမ်းလိုက်သည်။
ခြေဖြင့်တောင် မနင်းလိုက်ရ။ တိမ်သားတွေက သူမခြေထောက်အောက်မှ ပျောက်သွားသည်။ လရောင်ချို ရင်ထဲ
လှပ်ခနဲ ဖြစ်သွားပြီး တိမ်တိုက်တွေပေါ်မှ ပြုတ်ကျသလို ခံစားလိုက်ရသည်။
"အား ... ပြီး .. ချို .. ပြီး .. ပြန်ပြီ .. "
ဒီတစ်ခါ ပြီးသည့်အချိန်က အိမ်ရှေ့ခန်းမှာ ပြီးသည်ထက် ဒီဂရီမြင့်လှသဖြင့် လရောင်ချို မတ်တပ်တောင် ဆက်ပြီး
ရပ်ထားနိုင်စွမ်း မရှိ။ အစကတည်းက ကြမ်းပြင်တွင် ချထားသော ခြေထောက်တစ်ဖက်ကိုသာ အားပြုထားရသည်မို့
တကိုယ်လုံး ယိမ်းခါပြီး ခပ်ကြမ်းကြမ်းပြီးသွားမှုတွင် ကုတင်ပေါ်ကို လက်ထောက်ကာ အားပြုလိုက်ရသည်။
ကိုယ်ရှေ့သို့ ငိုက်ကျပြီး ရွေ့သွားသည်တွင် တင်ပါးတွေပါ လိုက်ပါသွားရာ လိင်တန်တုကို ဆွဲချွတ်သလို ဖြစ်သည်။
ပြွတ်ခနဲ မြည်ပြီး ထွက်လာသည့် လိင်တန်တု၏ နောက်ကွယ်မှ အရည်ကြည်တော်တော်များ ပွက်ခနဲ အန်ကျသည်။
မျက်နှာအမော့သား ရှိနေသည့် ဦးညီထွေးပေါ်သို့ တည့်တည့်မတ်မတ်ကျသည်။
နီရဲစိုရွှဲနေသော အတွင်းသားများကို ထုတ်ပြထားသော တွင်းဝသည် မဟတဟနှင့် ဖြစ်ကျန်သည်။ ဦးညီထွေး
ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ပါ။ ထိုင်နေရာမှ ကုန်းထကာ ၀တ်လာသည့် အ၀တ်တွေကို မြန်မြန်ဆန်ဆန်
ချွတ်သည်။ လရောင်ချိုနှင့် တွေ့ရမည်ဆိုလို့ ကြိုသောက်လာခဲ့သော ဆေးပြာလေးတွေ၏ အစွမ်းကလဲ ပြနေလေရာ
သူ့လိင်တန်သည် ပေါင်ကြားတွင် ထိုးထိုးထောင်ထောင် ဖြစ်နေလေသည်။
"ဦးညီ .. ချို ဘယ်လို နေပေးရမှာလဲ ... ကုတင်ပေါ် တက်ပေးရဦးမလား ..."
"ရတယ် .. မတက်နဲ့တော့ လကလေး .. ဒီအစွန်းမှာပဲ ဆက်ကုန်းပေးထား .. ဦးညီ ဒီအတိုင်းပဲ ဆက်လုပ်မယ် ..."
"အင်း .. ပြီးရော .. ချိုအစေ့လေးကို တစ်ချက် နှစ်ချက်လောက် စုပ်ပေးပါဦးနော် .. ဖီလင်လေး ပြန်ဝင်လာအောင်
.. ပြီးရင်တော့ ဦးညီ ကြိုက်သလိုလုပ် .. ပြီးချင်လဲ အထဲမှာပဲ ပြီးလိုက် .. ဦးညီ ပြီးသွားရင် ဦးညီကို ပြောစရာ
ရှိသေးတယ် ... တိုင်ပင်စရာပေါ့ .."
"ရတယ် .. ရတယ် .. ပြောစရာ ရှိတာ ပြီးမှ အေးဆေးပြော .. ကဲ .. ကဲ ... အစေ့လေးကို စုပ်တော့မယ် ..
အစေ့လေးရော ဦးညီ လာပြီဟေ့ ..."
လရောင်ချို၏ လေသံက ချွဲနွဲ့မှုအပြည့်နှင့် ပျော့ပြောင်းလာပြီမို့ ဦညီထွေး ရွှင်မြူးတက်ကြွစွာ ပြန်ဖြေမိသည်။
ဒီနေ့တွေ့ဆုံမှု၏ ပရိုဂရမ်သည် တစ်နှင့်နှစ်တွင်သာ ပြီးဆုံးသွားသည် မဟုတ်ပဲ နောက်ဆုံးအဆင့် နံပါတ်သုံးပါ
ဖြစ်လာတော့မှာမို့ ကလေးငယ်လေး ချော့ကလက်ပုံးနှင့် တည့်တည့်တိုးတိုးသလို ပျော်ရွှင်သွားသည်။
လေးဘက်ကုန်းပေးထားလို့ စွင့်ကားလုံးဝန်းနေသည့် တင်သားများနောက်သို့ သူ့မျက်နှာကို ထိုးကပ်ပြီး
ပြူးထွက်နေသည့် အဖုတ်၏ အစေ့လေးကို သူ့လျှာနှင့် လိုက်လံရှာဖွေသည်။ မျှော့တစ်ကောင်လို
အစုပ်ကောင်းသည့် ဦးညီထွေး၏ လျှာကြောင့် လရောင်ချိုတင်သားများ တယမ်းယမ်း ဖြစ်ရပြန်သည်။
ထိုနောက်တွင်တော့ ...
သန်မာတောင့်တင်းခြင်းမရှိသည့်တိုင် နွေးထွေးလှသည်မို့ ဦးညီထွေး၏ ဖွားဖက်တော် တိုးဝင်လာပြီဆိုတာကို
လရောင်ချို သိသည်။ သို့သော် လရောင်ချို ထူးထူးခြားခြား ရင်ခုန်သည်ဟူ၍ မဖြစ်တော့ပါ။ ဦးညီထွေး
လုပ်ပေးသည်က မကောင်းတာ မဟုတ်သည့်တိုင် သူမအား အမြင့်ဆုံးနေရာသို့ ရောက်အောင်
ခေါ်ဆောင်သွားဖို့လောက်အထိတော့ မစွမ်းချေ။ ဒီအချက်ကို ဦးညီထွေးနှင့် ပထမဆုံးအကြိမ် နှစ်ဦးသဘောတူ
တွေ့ဖြစ်ကတည်းက လရောင်ချို သိခဲ့ပြီးသား။ ဦးညီထွေးသည် လိင်တန်ထကြွဖို့အတွက် အချိန်ယူရသလို၊
သုတ်ကိုလဲ ထိန်းနိုင်သူမဟုတ်။ ခေတ်မီဆေးဝါးတွေ သုံးသည့်တိုင် မသကာ လုပ်နိုင်လျှင် မိနစ်ပိုင်းထက် မပို။
နိုင်မျိုးအောင်နှင့်တုန်းက ရေရှည်ဆွဲကာ လုပ်ပေးခြင်းကို ခံခဲ့ရဖူးသည်မို့ လရောင်ချိုမှာ အာသာတောင် မပြေ။
တစ်ခုတော့ ဦးညီထွေးက နိုင်မျိုးအောင်ထက် သာတာရှိသည်။ သူမအဖုတ်ကို လျက်ပေးယုံမက၊ လိင်တန်တုနှင့်
သူမကိုကောင်းအောင် ပြုစုပေးချင်စိတ် ရှိနေတာဖြစ်သည်။ သူ့ချို့ယွင်းချက်အတွက် တခြားတဖက်လမ်းမှ
ပြန်လည်ပေးဆပ်တာဟု သူမကို ပြောရှာသည်။ လရောင်ချိုဆိုသည်ကလဲ ညံ့ဖျင်းသည့် မိန်းမသားမဟုတ်လို့
ဦးညီထွေး အတွင်းစိတ်အမှောင်ကို တစ်ခါထဲနှင့်တင် ခန့်မှန်းမိခဲ့ရာ ထိုအချက်ကို အသုံးပြုပြီး သူမ ဦးညီထွေးအပေါ်
ကောင်းကောင်းကွန်ထရိုးလုပ်ထားနိုင်သည်။ သူမဖြစ်ချင်တာ မှန်သမျှကို ဦးညီထွေးက လိုက်လျောခဲ့သည်။ အခုလဲ
နိုင်မျိုးအောင်၏ Girls Band ကိစ္စအတွက် ဦးညီထွေးကို အသုံးပြုရဦးပေမည် ...။
ည၏အမှောင်ထဲသို့ နိုင်မျိုးအောင်၏ ပရာဒိုကားကြီးသည် တရိပ်ရိပ်နှင့် တိုးဝင်နေသည်။ ညဥ့်နက်လာပြီမို့
လမ်းမပေါ်တွင် ကားအသွားအလာ ရှင်းနေသည့်တိုင် နိုင်မျိုးအောင် ကားမောင်းရတာ ခက်ခဲသလို ဖြစ်လာသည်။
ဖွင့်ထားသည့် Air-con ကြောင့် ကားထဲမှာ စိမ့်စိမ့်လေးအေးနေသည့်တိုင် ချွေးစေးလေးများ ပြန်စပြုသည်။
လက်ထဲရှိ စတီရာတိုင်ကို မလိုအပ်ပဲ တင်းတင်းဆုပ်ကိုင်ထားမိသည်။ ဇူးဇူး ကားပေါ်မှာ ရှိနေစဉ် အစောတုန်းက
နိုင်မျိုးအောင် ဒီလိုမျိုး မဖြစ်။ ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး ကားမောင်းလာခဲ့တာ ဖြစ်သည်။ အခု ဇူးဇူး
သူမအိမ်ရောက်လို့ ဆင်းသွားပြီး သူနှင့် သွန်းနဒီ နှစ်ယောက်ထဲ ကားပေါ်မှာ ကျန်ခဲ့ချိန်တွင် ဒီလိုမျိုး
စဖြစ်တာဖြစ်သည်။ သွန်းနဒီက ကားနောက်ခန်းမှာ၊ သူက ရှေ့ခန်းမှာ ဖြစ်သည့်တိုင် နိုင်မျိုးအောင် စိတ်ထဲ
ခံစားမှုတစ်ခုနှင့် မလုံမလဲ ဖြစ်နေရှာသည်။ ထိုခံစားမှုသည်ကား ...
ရှေ့ကကြည့်လဲယဉ်တယ်၊ နောက်ကကြည့်လဲယဉ်တယ်၊ ဘယ်လိုပဲကြည့်ကြည့် ယဉ်တဲ့သူရယ်ဆိုသော စကားကို
အကြွင်းမဲ့ ပိုင်ဆိုင်ထားသည့် သွန်းနဒီဆိုသော ကောင်မလေးကို နိုင်မျိုးအောင် စတွေ့ခါစကတည်းက
စိတ်ဝင်စားခဲ့ပါသည်။ လရောင်ချိုကြောင့် ပျက်စီးသွားခဲ့ရသည့် သူ့နှလုံးသားမြို့တော်ကို သွန်းနဒီနှင့်အတူ
ပြန်လည်တည်ဆောက်ချင်သည်မှာ သူ့ရင်ထဲက ဆန္ဒဖြစ်သည်။ သို့သော် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို
ဦးစားပေးနေရသည့် အချိန်မို့ နိုင်မျိုးအောင် အသစ်တစ်ဖန်ဖြစ်တည်လာသည့် သူ့အချစ်ကို မျိုသိပ်ထားခဲ့ရသည်။
အခုလောလောဆယ်တွင် သူစိတ်ကူးယဉ်ကာ တည်ဆောက်ထားခဲ့ရသည့် Candy Rangers အဖွဲ့
ဖြစ်တည်လာဖို့က ပိုအရေးကြီးသဖြင့် သွန်းနဒီအပေါ် စိတ်ဝင်စားမှုကို ဘေးဖယ်ထားခဲ့ရသည်။
သို့သော် နှလုံးသား၏ တောင့်တမှုဆိုတာကလဲ အခက်သား မဟုတ်လား။ အချစ်ဆိုသော ငုတ်ကောင်သည်
ချိုးနှိမ်ထားမှုကို ခံရလေလေ၊ ပိုပြီးတော့ ရုန်းကန်လှုပ်ရှားလေ ရှိသည်ဆိုတာ သဘာဝပင်။ အခွင့်ကောင်းအား
အမြဲချောင်းပြီး ပေါက်ကွဲထကြွဖို့ အဆင်သင့် ဖြစ်နေသော သတ္တ၀ါကို အချစ်ဟုခေါ်သည်ဟု ဆိုရလိမ့်မည်။
သို့အတွက်ကြောင့် ဘီယာတန်ခိုးနှင့် အနည်းငယ် ရီဝေေ၀လေး ဖြစ်နေသော နိုင်မျိုးအောင်၏ ဦးနှောက်ကို
နှလုံးသားထဲမှ ခုန်ကြွတက်လာသော အချစ်က အလစ်ချောင်းကာ တိုက်ခိုက်လာတော့သည်။ ထိုရောအခါ
နိုင်မျိုးအောင်၏ မျက်စိသည် ရှေ့တူရှုကို ကြည့်ပြီး ကားမောင်းနေရာမှ တစ်ချက်တစ်ချက်တွင်
ကားနောက်ကြည့်မှန်မှတဆင့် သွန်းနဒီဆီသို့ ရောက်ရောက်သွားတော့သည် ...။
ကားနောက်ခန်းတွင် တစ်ယောက်ထဲ ဖြစ်သွားသော သွန်းနဒီသည် တိတ်ဆိတ်ငြိမ်သက်မှု၏ အရှိန်ကို ပို၍
ခံစားလာရသည်။ ဇူးဇူးနှင့် သူမ နှစ်ယောက်ရှိနေတုန်းက ထိုအချက်က မသိသာပေမယ့် အခုတော့
ထိုတိတ်ဆိတ်နေမှုက သူမအပေါ် ပိကျလာသလို ဖြစ်နေသည်။ ဆရာနိုင်က ဘာဖြစ်လို့ သူမကို
စကားလေးတစ်ခွန်းတောင် မပြောပဲ ကားကိုဖိမောင်းနေရာတာလဲ ...။ ဒီလိုမှန်းသာ သိလျှင် သူမအိမ်က
ဒရိုင်ဘာဖြစ်သူ ဦးမြကြီးကို လာကြိုခိုင်းလိုက်ပါရဲ့။ အခုတော့ အားလုံးထဲမှာ သူမတစ်ယောက်ထဲ ခွဲထွက်ပြီး
ပြန်မသွားချင်လို့ အတူလိုက်ခဲ့မှ စိတ်ထဲမွန်းကြပ်သလို ဖြစ်နေရသည်။ ဘာလုပ်ရမှန်း မသိလျှင် ပြုမူနေကြ
ထုံးစံအတိုင်း ဘယ်ဘက်ရင်အုံပေါ်တွင်သိမ်းကာ ချထားသည့် ဆံပင်တွေကို ညာဘက်လက်လေးကွေးကာ
အပေါ်အောက် သာသာလေးသပ်နေမိသည် ..။
ဆရာနိုင်ဟု အများခေါ်လို့ လိုက်ခေါ်ရသော နိုင်မျိုးအောင်ဆိုသည့် လူထွားကြီးကို သွန်းနဒီ မြင်စကတည်းက
စိတ်ဝင်စားခဲ့သည်။ ရုပ်တည်ကြီးနှင့် ထိုကိုလူချောသည် သူမ အပေါ်ဘယ်လိုကဘယ်လို လွှမ်းမိုးသွားသည် မသိ။
ညစဉ် ညစဉ် မက်သော အိပ်မက်များထဲတွင် ၀င်ရောက်နေရာယူထားတတ်သည်မှာ သွန်းနဒီတစ်ယောက်ထဲ
သိသည့် ကိစ္စဖြစ်ခဲ့သည်။ သူမ ထိုကဲ့သို့ ယောက်ျားတစ်ယောက်ကို အိပ်မက်ထဲ ထည့်မက်ရသည်ဆိုတာကို
အခုအသက်အရွယ်ထိ တစ်ခါမှ မကြုံခဲ့ဘူး။
သွန်းနဒီဆိုသော သူမသည် စိုပြည်လှပမှုအပေါင်းနှင့် ပြည့်နှက်နေပြီး၊ ဖိုသတ္တ၀ါတွေ မက်မောချင်စရာ
အတိုင်းအထွာတွေ အကုန်ရှိသည်မို့ ချစ်ပါသည်၊ ကြိုက်ပါသည်ဟု ၀ိုင်းဝန်းကာ ပြောဆိုမှုကတော့ မရှားခဲ့ပါ။
သို့သော် သူမ စိတ်နှလုံးသားကို လွှမ်းမိုးထားနိုင်သူက မြန်မာပြည်မှာ မရှိခဲ့သလို၊ စလုံးမှာ အတန်းတက်ခဲ့စဉ်ကလဲ
မကြုံဖြစ်ခဲ့။ အခု ကြုံမယ့်ကြုံတော့ သူမကို သီချင်းဆိုခွင့်ရအောင် ဖန်တီးပေးမည့် ဆရာလာဖြစ်နေသည်။
ရိုးရိုးတန်းတန်း ဆရာတောင် မဟုတ်။ ဣနြေ္ဒသိက္ခာကြီးနှင့် ဆရာဆိုတော့ သူမမှာ မြင်းကမလှုပ်ပဲ
ခုံရလှုပ်ရမလိုပင်။ ဒါပေမယ့် ခက်တာကလဲ ဆရာနိုင်ပတ်ဝန်းကျင်ရှိ ခုံက တစ်ခုံတောင် မဟုတ်။ သူမ အပါအ၀င်
ငါးခုံတောင် ဖြစ်နေတော့ သွန်းနဒီ ဘာလုပ်ရမှန်းမသိ။ တစ်ခါတစ်ရံတွင် ၀ဲကနဲ ၀ဲကနဲ ကျရောက်လာသည့်
နိုင်မျိုးအောင်၏ အကြည့်များကိုသာ ငဲ့လင့်ရင်း ရင်ခုန်စွာ စောင့်စားနေရသည်။ မိန်းမသား ဘ၀ဆိုတာကလဲ
အခက်သား မဟုတ်လား ...။
ကားမောင်းနေသူ နိုင်မျိုးအောင်ခမျာတော့ သွန်းနဒီကို နောက်ကြည့်မှန်ထဲမှနေ၍ ခိုးမကြည့်ဖြစ်လျှင်
အကောင်းသား။ ကြည့်ဖြစ်တော့မှ ပိုဒုက္ခရောက်ရသည်။ သူ့အကြည့်ကို အရင်ဆုံး ဖမ်းစားထားလိုက်သည်က
ကိုရီးယားမလေးတွေအလား ပြင်ဆင်ထားလို့ ဘောင်းဘီတိုတိုလေး အောက်ပိုင်းမှ သွန်းနဒီ၏
ဖြူဝင်းဖြောင့်စင်းနေသော ပေါင်တန်ရှည်ရှည်လေးများ။ လူ့စိတ်ဆိုသည်ကလဲ အခက်သား။ တကယ်ဆို
သွန်းနဒီသာမဟုတ်၊ ဇူးဇူးရော ကျန်သည့် ကောင်မလေးများပါ ကိုယ့်အတိုင်းအတာနှင့် လှပချောမွေ့သူများ
ဖြစ်ကြသည်သာ။ အထက်ပါအရည်အချင်းရော၊ အောက်ပါအရည်အချင်းရော တစ်ကွက်မှ ပြောစရာမရှိ။
သို့သော် နိုင်မျိုးအောင်အတွက်ကတော့ ကိုယ့်ငါးချဉ်ပဲ ကိုယ်ချဉ်နေလို့လား မသိ။ အပြစ်အနာဆာကင်းသည့်
သွန်းနဒီ၏ ပေါင်တန်သွယ်သွယ်လေးကို စူးစိုက်ကြည့်မိရုံနှင့် ရင်ခုန်နှုန်း မြန်လာသည်။ သူ့မျက်စိက
သွန်းနဒီကိုယ်၏ အပေါ်ပိုင်းကို တက်လာလေလေ၊ ရင်ခုန်လှုပ်ရှားမှုက ပို၍ မြင့်တက်လာလေလေ ဖြစ်သည်။
သူကြည့်နေတုန်း သွန်းနဒီ၏ ညာဘက်လက်ကလေး လှုပ်ရှားသွားပြီး ဘယ်ဘက်ရင်အုံပေါ်တွင် ဖြန့်ထားသော
ဆံပင်ရှည်များကို အပေါ်အောက် စုန်ဆန်သပ်ပေးနေသောအခါ နိုင်မျိုးအောင် ရင်ခုန်သံတွေ ဗလောင်းဗလဲတောင်
ဖြစ်ကုန်ရသည်။ သွန်းနဒီ၏ အမှတ်တမဲ့ လှုပ်ရှားမှုသည် နဂိုကမှ မို့ဝန်းပါသည်ဆိုသော ရင်နှစ်မွှာ၏အောက်ကို
ညာလက်ကလေးနှင့် ပင့်ပြထားသည့်သဖွယ် ဖြစ်သွားယုံမက၊ လက်လှုပ်တိုင်း လိုက်၍လှုပ်ခါသလိုမျိုးပါ ဖြစ်နေရာ
အာခေါင်တွေ ခြောက်တက်လာရသည်။
"ဟိုက် သောက်ခွေး !! "
"အမေ့ .."
"ကျွီ ..."
ကားရှေ့မှ ရိပ်ခနဲ ဖြတ်ပြေးသွားသည့် အကောင်ကြောင့် နိုင်မျိုးအောင် ဘရိတ်ကို အလန့်တကြား နင်းချသည်။
တိတ်ဆိတ်နေသည် လမ်းမကြီးတလျှောက် ကားဘီးနှင့် ကတ္တရာပွတ်ဆွဲသံက ကျယ်လောင်စွာပင် ပေါ်ထွက်သည်။
ကီခနဲ အော်မြည်ပြီး ခြေကုန်သုတ်ကာ ပြေးသွားသည့် ခွေးကို နိုင်မျိုးအောင် ဂရုမစိုက်နိုင်အား။ ဖရိုဖရဲ အသံတွေ
ကြားလိုက်ရသည့် နောက်ခန်းကိုသာ ကမန်းကတမ်း လှည့်ကြည့်သည်။
"သွန်း ... သွန်း ဘာဖြစ်သွားလဲ ..."
သွန်းနဒီ မျက်နှာလေး ရှုံ့ မဲ့ရင်း ခိုက်မိသွားသည့် နဖူးပြင်ကို လက်ဝါးလေးနှင့် ပွတ်သပ်သည်။ နာကျင်မှု အရှိန်နှင့်
နှုတ်က တကျွတ်ကျွတ်နှင့် ညည်းမိသည်။ နိုင်မျိုးအောင် တစ်ယောက် သွန်းနဒီ၏ အဖြစ်ကို မြင်ပြီး
စိတ်တအားပူသွားသည်။ ချက်ချင်းပင် ကားကို လမ်းဘေးသို့ ရွှေ့ကာကပ်ရပ်လိုက်ပြီး ရှေ့ခန်းမှ ပြေးဆင်းသည်။
ဇူးဇူး ဆင်းသွားသည့်ဘက်မှ နောက်ခန်းတံခါးကို ဆွဲဖွင့်ပြီး အထဲသို့ ၀င်လိုက်သည်။ အထဲရောက်ရောက်ခြင်းလဲ
စိတ်ဇောနှင့် နဖူးပြင်ကို အုပ်ထားသည့် သွန်းနဒီလက်ကို ဆုပ်ကိုင်ကာ ဆွဲယူလိုက်သည်။
"အာ .. ဖူးယောင်သွားတာပဲ ..."
"အယ် .. တကယ်လား .. ဆရာနိုင် ..."
"အ .. အရမ်း နာနေလား သွန်း ..."
"နာ .. နာ .."
"နာတာပေါ့" ဟု ပြောမိမည် ပြုပြီးမှ သွန်းနဒီ သူမတို့နှစ်ယောက် ရှိနေသည့် အနေအထားကို သတိပြုမိသွားသည်။
ဆရာနိုင်နှင့် သူမသည် တစ်ယောက်အသက်ရှူသံကို တစ်ယောက် ပြန်ကြားလို့ရအောင်အထိ နီးကပ်နေသည်။
သူမပေါင်တန်တစ်ဖက်က နိုင်မျိုးအောင်ကိုယ်နှင့် ထိကပ်နေပြီး နဖူးပြင်ကိုင်ထားခဲ့သည့် လက်ကမူ သူ့လက်ထဲတွင်
နစ်ဝင်ပျောက်ကွယ်နေသည်။ သွန်းနဒီ တကိုယ်လုံး အမျိုးမည်မသိသော ခံစားမှုနှင့် ဖိန်းရှိန်းတက်လာပြီး နဖူးက
နာကျင်နေမှုကိုတောင် မေ့လျော့သွားသည်။ စိုးရိမ်တကြည့်နှင့် စိုက်ကြည့်နေသော နိုင်မျိုးအောင်၏ အကြည့်များကို
ရင်မဆိုင်ရဲတော့ပဲ မျက်လွှားလေး ချသည်။ သူ့လက်နှင့် ဆုပ်ကိုင်ထားသည့် သူမလက်ကလေးကိုလဲ မသိမသာ
ရုန်းကြည့်မိသည်။
"ဆ .. ဆရာ ... သွန်း လက်ကို လွှတ်ပါ ဦး ..."
စိတ်လှုပ်ရှားမှု အရှိန်ကြောင့် သွန်းနဒီ၏ အသံသည် တုန်ယင်တိုးဖျော့နေသည်။ နိုင်မျိုးအောင် တစ်ယောက်
သွန်းနဒီပြောသည်ကို မကြားပဲ နှုတ်ခမ်းနီနီလေး လှုပ်ရှားသွားသည်ကိုသာ စိုက်ငေးလျှက် ရှိသည်။ သူ့လက်ဖ၀ါးနှင့်
ကိုင်ထားသော သွန်းနဒီလက်က သဲ့သဲ့လေး ထပ်လှုပ်သည်။
သွန်းနဒီ တအား ရှက်လာရပြီ ဖြစ်သည်။ အခုအချိန်ထိ ဆရာနိုင်သည် သူမလက်ကို မလွှတ်သေး။ ပြောသည်ကိုလဲ
ကြားဟန် မတူပဲ သူမကိုသာ ရီဝေသော အကြည့်တွေနှင့် ငေးကြည့်နေတုန်းရှိသေးသည်။ ထို့အကြည့်တွေ၏
ပြင်းအားက အနည်းဆုံး ဗို့အား ၁၅၀၀လောက် ရှိမှာမို့ ရင်တွေ ထိန်းမရအောင် ခုန်နေမိသည်။ အများနည်းတူ
သောက်ထားမိသည့် ဘီယာအရှိန်ကတောင် ဒီလောက် မပြင်းပဲ၊ ဆရာနိုင်၏ အကြည့်တွေက ပို၍ ပြင်းထန်နေရာ
သူမမှာ အားလျော့ကာ ပျော့ခွေကျချင်သလို ဖြစ်သည်။ မဖြစ်တော့ .... ။ ယဲ့ယဲ့လေးသာ ကျန်တော့သည့်
စိတ်ကိုအားတင်းလိုက်ရင်း နိုင်မျိုးအောင် ဆုပ်ကိုင်ထားသည့် သူမလက်ကို ဆောင့်၍ ရုန်းလိုက်သည်။
"အို ..."
"ဟာ .. ဆောရီး .. သွန်း ..."
အားနှင့် ရုန်းလိုက်မှ ပိုဆိုးသည်။ လက်ကိုမလွှတ်တမ်း ကိုင်ထားသည့် နိုင်မျိုးအောင်ကိုယ်က သူမဘက်ပါလာပြီး
နဂိုတုန်းကမှ သိပ်မဝေးသည့် မျက်နှာနှစ်ခုက နီးစပ်သွားသည်။ လူ့ခန္ဓာကိုယ်၏ မျက်နှာရှိ အစိတ်အပိုင်းများတွင်
ရှေ့ကိုချွန်ထွက်နေသည့်ကောင်နှင့် ပါးပြင်နုနုလေး ထိတွေ့သည်။
နိုင်မျိုးအောင် ကမန်းကတမ်း ကိုယ်ကို နောက်ပြန်ဆုတ်သည်။ အခုမှ အသိဝင်လာသလို ဆုပ်ကိုင်ထားမိသည့်
သွန်းနဒီ၏ လက်ကလေးကို လွှတ်ပေးလိုက်သည်။ မျက်နှာတစ်ခုလုံး ဆေးနီနှင့် အပက်ခံရသည့်နှယ်
ရဲဗလောင်းခတ်သွားသည့် သွန်းနဒီကို တောင်းပန်ဖို့ စကားတွေ အလုအယက် စဉ်းစားရသည်။ ပြောချင်သည့်
စကားတွေက များနေရာ လည်ချောင်းဝရောက်လာသည့် စကားလုံးတွေက တစ်ခုနှင့်တစ်ခု တွန်းတိုက်မိကုန်သည်။
ပါးစပ်ကြီးဟထားသည့်တိုင် အပြင်ဘက်သို့တော့ ဘာစကားသံမှ ထွက်ကျမလာပါ ...။
"အ .. ဟင့် .. ဟင့် ..."
မျက်နှာကို လက်ဝါးနှစ်ဖက်နှင့်အုပ်ပြီး ရုတ်တရက် ငိုချလိုက်သည့် သွန်းနဒီကြောင့် နိုင်မျိုးအောင် မျက်လုံးတွေ
ပြာသွားရသည်။ အမှတ်မရှိသည့်လက်က နောက်ထပ်တစ်ခါအဖြစ် သွန်းနဒီ၏ လက်နှစ်ဖက်ကို ဆွဲဖယ်လိုက်သည်။
"သွန်း .. သွန်း ငိုနေတယ် ..."
"ဟုတ်တယ် .. ငိုမှာပေါ့ .. သူများမှ တခါမှ အနမ်းမခံဘူးတာ .."
"မငိုပါနဲ့ သွန်း .. ကိုယ်က မရည်ရွယ်ပဲ ဖြစ်သွားတာ ..."
ပြေလည်အောင်ဆိုပြီး ရှင်းပြလိုက်မှ သွန်းနဒီ ငိုသည့်အရှိန်က ပိုပြင်းထန်လာသည်။ မျက်ရည်တွေ
တပေါက်ပေါက်နှင့် ကျလာယုံမက ခြေကိုပါဆောင့်ပြီး ကလေးငယ်လေးတစ်ယောက်လို ငိုနေသည်။ နိုင်မျိုးအောင်
စိတ်တွေလွတ်ထွက်သွားသည်။ သူ့နှလုံးသားသည် မိန်းကလေးတစ်ယောက် ငိုနေသည်ကို တောင့်ခံပြီး
ကြည့်နေရမလားဆိုပြီး ဦးနှောက်ထဲမှ အသိဥာဏ်ကို ခြေထောက်နှင့်ဆောင့်ကန်ပစ်လိုက်သည်။
"သွန်း .. သွန်း .. မငိုနဲ့ ...မရည်ရွယ်ဘူးဆိုတာ မဟုတ်ဘူး .. ကိုယ်က ရည်ရွယ်ချင်နေတာ .. သိလား ... သွန်းကို
ကိုယ်အရမ်းချစ်တယ် .."
ထူးဆန်းအံ့သြဖွယ်ရာကောင်းသည့် ကိစ္စတစ်ခု ချက်ချင်းလက်ငင်းကို ဖြစ်သွားသည်။ မျက်ရည်တွေကျဆင်းနေသာ
သွန်းနဒီဆိုသော ကောင်မလေးသည် တန်ခိုးရှင်တစ်ယောက်က တားမြစ်လိုက်သလို ချက်ချင်း
အငိုတိတ်သွားရှာသည်။ နိုင်မျိုးအောင်၏ မျက်နှာကို မျက်ရည်တွေ ဝေ့နေသော မျက်ဝန်းများနှင့် ငေးကာ
စိုက်ကြည့်နေတော့သည်။
လူအသွားအလာပြတ်သော လမ်းမကြီး၏ ဘေးတွင် ပရာဒိုကားတစ်စင်းသည် အမှောင်ထဲ၌ ငြိမ်သက်စွာ
လဲလျောင်းလျှက် ရှိနေလေသည်။
"ဟင် .. ဒါပဲလား နောက်ထပ် ဘာမှ ဆက်မဖြစ်တော့ဘူးလား ..."
"မဖြစ်လိုက်ရပါဘူး .. မမမော်ရာ .. သွန်းအိမ်က ဖုန်း ... အချိန်ကောင်းကြီး ၀င်လာတယ်လေ ..
ကျနော်လဲ ရှေ့ခန်း ပြန်ကူးပြီး ကားမောင်းထွက်လာရတာပေါ့ ..."
"ခစ် .. ခစ် .. မောင်နိုင် ဟတ်ကော့ကြီး ဖြစ်သွားတယ်ပေါ့ .. ဟုတ်လား ..."
သဘောကျပြီး တခစ်ခစ်နှင့် ရယ်နေပေမယ့် ခါတိုင်းလိုမျိုး ပွင့်ဟသွားသည့် သူမပါးစပ်ကို ယုယုမော် လက်နှင့်
ပြန်အုပ်လို့မရပါ။ ယုယုမော်၏ အကျင့်က စိတ်လွတ်ကိုယ်လွတ် ရယ်မိလျှင် သူမလက်တစ်ဖက်နှင့် နှုတ်ခမ်းများကို
ဖုံးဖုံးထားတတ်သည်။ သို့သော် အခုအချိန်တွင် သူမ၏ လက်နှစ်ဖက်စလုံး မအား။ ညာဘက်လက်က
မာတောင်နေပြီဖြစ်သည့် နိုင်မျိုးအောင်၏ အချောင်းကြီးကို တင်းတင်းဆုပ်ကိုင်ကာ အပေါ်အောက်ဆွဲပွတ်ပေးနေပြီး၊
ဘယ်ဘက်လက်ကမူ တွဲလွဲကျနေသည့် ဥတွေကို ရွရွလေး ဆော့နေလို့ဖြစ်သည်။
ဒီကနေ့ နိုင်မျိုးအောင်၏ ကန်ဒီရိန်းဂျားအဖွဲ့ မမမော်၏ သင်တန်းတွင် အကတိုက်ရသည်။ သွန်းနဒီတို့
သီချင်းသွင်းနေမှုက အတော်လေး ပြီးစီးနေပြီ ဖြစ်သည်။ သူတို့အဖွဲ့က တက်ညီလက်ညီ ရှိလှသည့်အပြင် ရှင်နှောင်း
ရေးစပ်ထားသည့် သီချင်းအချို့ကပါ ခပ်ကောင်းကောင်းလေးတွေမို့ အချိန်တိုအတွင်းမှာ မြန်မြန်
ခရီးရောက်သွားခဲ့သည်။ ပထမခွေအတွက် စီခြောက်ဆယ်စာ သီချင်း၁၂ပုဒ်ကို အားလုံးအကြိုက်နှင့်လိုက်အောင်
လွယ်လွယ်ကူကူပင် ရွေးချယ်နိုင်ခဲ့သည်။ ပြင်ဆင်စရာဆိုလို့ နောက်ဆုံးပိတ် သီချင်းသုံးပုဒ်အတွက် အကတိုက်ဖို့နှင့်
MTV အချော ရိုက်ကူးဖို့သာ ရှိတော့သည်။
MTV ရိုက်မည့် ကိုဂွက နောက်တစ်ပတ်လောက်နေမှ အားမည်ဆိုလို့ ဒီရက်ပိုင်းအတွင်း အကကိုပဲ ပြီးပြတ်အောင်
တိုက်ဖို့ နိုင်မျိုးအောင် စဉ်းစားထားသည်။ ထို့ကြောင့် မမမော် သွားကိုက်ရာမှ သက်သာလာပြီဆိုပြီး သူ့ကို
အကြောင်းကြားသည်တွင် နိုင်မျိုးအောင် သူ့အဖွဲ့ကိုချိန်းပြီး ကုက္ကိုင်းရှိ သင်တန်းခန်းမတွင် ဒီနေ့ဆုံဖြစ်ကြသည်။
တစ်နေ့က ပြုလုပ်သည့် မျှော်စင်ကျွန်းရှိုးပွဲတွင် ကန်ဒီရိန်းဂျားလေးတွေ သီချင်းဆိုစဉ်က မမမော် လိုက်မလာနိုင်ခဲ့။
ညနေဘက်အရောက်၌ ရုတ်ချည်း အံသွားတစ်ချောင်းက မခံရပ်နိုင်အောင် ကိုက်လာသည်ဆိုလို့
သွားဆေးခန်းပြေးလိုက်ရသည်။ သွန်းနဒီတို့နှင့် မမမော် ဒီနေ့မှ ပြန်ဆုံဖြစ်ကြသည်။
မမမော်နှင့် သွန်းနဒီတို့ တစ်ဖွဲ့လုံး တစ်နေကုန်နီးပါး အကတိုက်ကြသည်။ နိုင်မျိုးအောင် မနက်တုန်းကတော့
တစ်ခေါက်ရောက်သည်။ သို့သော် စတူဒီယိုတွင် အလုပ်ကိစ္စတစ်ခု ပေါ်လာသဖြင့် ဖင်ပူအောင် ထိုင်မနေနိုင်ပဲ
ချက်ချင်း ပြန်သွားရသည်။ အခု ညနေအားလို့ ပြန်ရောက်လာတော့ ရိန်ဂျားတဖြစ်လဲ သကြားလုံးမလေးများက
အကတိုက်ပြီးလို့ ပြန်တောင်သွားကြပြီဟု ဆိုသည်။ တစ်နေ့ကုန် အကတိုက်ထားရလို့ ပင်ပန်းနေကြရာ
နိုင်မျိုးအောင် လာသည်ကိုတောင် ဘယ်သူမှ မစောင့်နိုင်တော့။
သွန်းနဒီကိုယ်တိုင်လဲ အိမ်က ကားလာခေါ်လို့ ပြန်သွားနှင့်ရှာသည်။ ဘယ်သူမှ မရှိသည့် သင်တန်းခန်းမ၏ အ၀တွင်
မမမော်နှင့် နိုင်မျိုးအောင်သာ တွေ့သည်။ မမမော်က ရောက်ပြီးမှတော့ အိမ်ပေါ်လိုက်ခဲ့ပါလားဟု မချိုမချဉ်ပြုံးကာ
ခေါ်သည်တွင် နိုင်မျိုးအောင် ငြင်းနိုင်စွမ်းမရှိပဲ အပေါ်ထပ်ကိုပါလာခဲ့သည်။ ထို့နောက်တော့ အရင်ကလို အိပ်ခန်းထဲ
မသွားဖြစ်သေးပဲ ပထမဆုံးအကြိမ် မမမော်နှင့်တွေ့ခဲ့သည့် ဆိုဖာပေါ်တွင် အတူထိုင်ကြရင်း
အလုပ်ဖြစ်မိကြပြန်သည်။ မမမော်ဆိုတာ နိုင်မျိုးအောင်၏ ဆရာတစ်ပါးမို့ ဆရာမအလိုကျ တပည့်က
လိုက်လျောရင်း သူ့ဘောင်းဘီဇစ်ပြုတ်ကာ လည်တန်ရှည်ကောင်က အပြင်ရောက်လာသည်။ အခုတော့
ထိုလည်တန်ရှည်ကောင်သည် မမမော်လက်ထဲ၌ တနှင့်တပိုးနှင့် ကြီးထွားနေရှာသည်။
"ဒါနဲ့ .. မမမော် သွားက သက်သာသွားပြီလား ..."
"အင်း .. ကောင်းသွားပြီ .. ဘာဖြစ်လို့လဲ မောင်နိုင် ..."
"မမမော် လက်ချည်းပဲ သုံးနေလို့လေ ... "
"အော် .. တော်တော်ဟုတ်တဲ့ မောင်နိုင် ... သူပြောတာကိုလဲ စကားထောက်ပြီး လိုက်ပြောနေရသေးတယ် ..
မမမော်က ပါးစပ်သုံးလိုက်တော့ မောင်နိုင်က တစ်ယောက်ထဲ စကားပြောနေမှာလား .. ဟွန်း ..."
မျက်စောင်းလေးထိုးရင်း ဗြစ်တောက်ဗြစ်တောက်နှင့် ပြောပေမယ့် တူယှဉ်တွဲကာ ထိုင်နေသည့် မမမော်ကိုယ်က
နောက်ဘက်သို့ ရွေ့သွားသည်။ ဖင်သားကြီးများသာ နောက်ဆုတ်သွားခြင်းဖြစ်သည်မို့ ကျန်ခဲ့သည့် သူမရှေ့ပိုင်းက
အလိုလို နိုင်မျိုးအောင် ပေါင်ကြားသို့ ငုံ့ပြီးကျလာသည်။ တင်းပြောင်နေသည့် ထိပ်ဖူးနှင့် သူမနှုတ်ခမ်းလေး
နီးကပ်သွားသည်။ နှုတ်ခမ်းလွှာလေး နှစ်ခု ပွင့်ဟကာ ငုံစုပ်ရန် ပြင်လိုက်ပြီးမှ မမမော်က တစ်ခုခုကို သတိရဟန်နှင့်
နိုင်မျိုးအောင်ကို မျက်လွှာပင့်ကြည့်သည်။
"ဒါနဲ့ နေပါဦး .. ဒီအကြောင်းတွေကို ဘာဖြစ်လို့ ကိုဗညားကို မပြောပဲ မမမော်ကို အရင်ပြောရတာလဲ ..."
"ကိုဗညားကို မပြောချင်ပါဘူး မမမော်ရာ .. သူ့ပါးစပ်ပေါက်က ပိတ်လို့ရမှာ မဟုတ်ဘူး .. နောက်ပြီး ကျနော်
မမမော်ကို အားနာသလို ဖြစ်လို့ .. စိတ်ထဲလဲ မလုံလို့ ထုတ်ပြောတာ .."
"အားနာလို့ .. ဘာဖြစ်လို့ အားနာရတာလဲ မောင်နိုင် .."
နိုင်မျိုးအောင် အတော်အသည်းယားနေပြီဖြစ်သည်။ မမမော်၏ နှုတ်ခမ်းများက ပွင့်ဟလာနေပေမယ့် ထိပ်ဖူးကို
လှမ်းပြီး ငုံလိုက်သည်ကိုတော့ အခုထက်ထိ မခံရသေးပါ။ လည်တန်ရှည်ကောင်သည် အထက်အောက်
မှန်မှန်လှုပ်ရှားနေသည့် မမမော်၏ လက်အရှိန်နှင့် ဒင်ပြည့်ကျပ်ပြည့် ကြီးထွားနေပြီ ဖြစ်ရာ တွင်းတစ်ခုထဲသို့
ဝင်အောင်းချင်နေပြီ ဖြစ်သည်။ ခေါင်းပိုင်းသည် ဘယ်လောက်တောင်မှ စိတ်မရှည်ဖြစ်နေသလဲဆိုလျှင်
အရည်ကြည်တွေ ယိုစိမ့်ထွက်ကာ မမမော်လက်ထဲမှ အတင်းရုန်းနေသယောင်ရှိသည်။ နိုင်မျိုးအောင် မမမော်နှင့်
အမေးအဖြကဏ္ဍ လုပ်မနေချင်တော့။ ဒါမျိုးဆိုလျှင် တက်ကြွမှု ပိုမြန်သည့် ယောက်ျားတွေ ထုံးစံအတိုင်း
လည်တန်ရှည်ကောင်၏ ဝေဒနာကို မြန်မြန် ငြိမ်းသတ်ချင်နေသည်။
"ကျနော်က မမမော်နဲ့လဲ ဖြစ်နေသေးတယ် .. သွန်းကိုလဲ ချစ်တယ်လို့ ပြောလိုက်သေးလို့လေ ..."
"အော် ... ဒါများ .. မောင်နိုင်ရယ် ..."
"မမမော် ပြောဖူးပါတယ် .. မောင်နိုင်နဲ့ မမမော် ဆက်ဆံရေးက friends with benefits ပါလို့..
မောင်နိုင်ကလဲ မမမော်အပေါ်မှာ ချုပ်ချယ်တာတွေ လုပ်ခွင့်မရှိသလို .. မမမော်လဲ မောင်နိုင်ရဲ့  ကိုယ်ရေးကိုယ်တာ
ကိစ္စတွေမှာ ၀င်မပါပါဘူး .. မောင်နိုင်က သွန်းကို တကယ်ချစ်တာပဲ မဟုတ်လား .. မမမော် ဘယ်လိုမှ မနေပါဘူး ..
ဟုတ်ပြီလား .."
"အင်း .. ဟုတ်ပြီ .."
"တစ်ခုတော့ ရှိတယ် ..."
"အဲဒီ တစ်ခု နောက်မှ ပြောပါလား .. မမမော်ရာ .. ဒီမှာ ကျနော့်ကောင်ကြီး အရမ်းတင်းနေပြီ ... စုပ်ပေးတော့ဗျာ"
"ခစ် .. ခစ် .. ကောင်ဆိုးလေး .. မအောင့်နိုင်တော့ဘူးလား .. စုပ်ပေးမယ် .. ခနစောင့်ဦး ..
မမမော် တောင်းဆိုစရာ ရှိသေးတယ် .."
"ပြော .. ပြောဗျာ ... မြန်မြန်ပြော .."
နိုင်မျိုးအောင်၏ အသံက ဆောင့်ကြီးအောင့်ကြီးသံတောင် ပေါက်နေသည်။ ဖီလင်က တအားတက်နေပြီဖြစ်ရာ
မမမော်၏ ခေါင်းကို တင်းတင်းဆုပ်ကိုင်ပြီး နှုတ်ခမ်းများကြားထဲ သူ့အကောင်ကို အတင်းပင်
ထိုးသွင်းလိုက်ချင်သည်။ နိုင်မျိုးအောင် ဆူဝေထွက်နေသော စိတ်ကို မနည်းထိန်းထားရသည်။ စိတ်နောက်လက်ပါ
ဖြစ်မှာစိုးသဖြင့် လက်နှစ်ဖက်ကို ဆိုဖာသားများကိုသာ တင်းတင်းဆုပ်ကိုင်ထားရသည်။
"သွန်းနဒီနဲ့ ဘာဖြစ်ဖြစ် .. မမမော်ကို ပြန်ပြောပြရမယ်နော် .. ဟုတ်ပြီလား .."
"ပြောမယ် .. ပြောပြမယ်ဗျာ .."
"ဒါဆိုလဲ ပြီးရော .."
မမမော် ကတိစကားတည်ပါသည်။ နောက်ဆုံးစကားဆိုပြီးသည်နှင့် သူမ ပါးစပ်ဖျားမှ နောက်ထပ် ဘာစကားသံမှ
ထွက်မကျလာတော့ပါ။ စကားသံများကို တအိအိ တအုအု အသံများဖြင့် အစားထိုးပစ်လိုက်သည်။ ပါးစပ်နှင့် လျှာကို
ကောင်းကောင်း အလုပ်ပေးလိုက်ယုံသာမက၊ ပါးစပ်ထဲ ၀င်အောင် မသွင်းနိုင်သည့် လည်တန်ရှည်ကောင်၏
အရင်းပိုင်းကို လက်ချောင်းလေးများဖြင့် ဆက်လက်၍ ပွတ်ပေးသည်။ တစ်ချက်တစ်ချက်တွင် ကပ်၍ရှိနေသာ
ဥနှစ်လုံးကိုလဲ ရွရွလေးပင့်ကာ တွန်းရင်း ဆော့ပေးသည်။
နိုင်မျိုးအောင် ခေါင်းတမော့မော့၊ ခါးတလှုပ်လှုပ် ဖြစ်လာရသည်။ ခံစားမှု အရှိန်က ဒီဂရီအရမ်းမြင့်လာပြီမို့
လက်နှစ်ဖက်က ဆိုဖာကို ကိုင်ထားရတာကို အားမရတော့။ ညာဘက်လက်ဖြင့် မမမော်၏ ခေါင်းကို ဆွဲကိုင်မိပြီး၊
ဘယ်ဘက်လက်ကမူ လည်ဟိုက်အင်္ကျီထဲမှ မြင်နေရသည့် တောင်ပူစာတစ်လုံးဆီသို့ အလိုလို ရောက်သွားသည်။
နွယ်နီတစ်ယောက် ကိုယ့်ကိုကိုယ် အပြစ်တင်မိသည်မှာ တအားဖြစ်သည်။ မေမေရဲ့ အမွေ လက်စွပ်ကလေးကို သူမ
အရမ်းကို သံယောဇဉ်ကြီးသည်။ အခုတော့ ထိုလက်စွပ်က သူမ၏ ညာဘက်လက်ချောင်း သွယ်သွယ်လေးပေါ်တွင်
ရှိမနေပါ။ ဒါကို အိမ်ပြန်ရာ လမ်းတစ်ဝက်ရောက်မှ သတိထားမိသည်။ ငှားလာသည့် တက်စီကို ချက်ချင်း
နောက်ပြန်လှည့်ခိုင်းပြီး မမမော်အိမ်သို့ ပြန်လာခဲ့သည်။ သင်တန်းရှိရာသို့ ပြန်ရောက်သည်တွင် ဆရာနိုင်၏ ကားကို
ခြံထဲတွင် ရပ်ထားသည်ကိုတွေ့သည်။ ကားထဲမှ ရေးကြီးသုတ်ပြာနှင့် ဆင်းပြုပြီးမှ တက်စီသမားက ပိုက်ဆံဟု
လှမ်းပြောလို့ သူမမှာ အိမ်ဘက်ကို မသွားနိုင်သေးပဲ တက်စီခကို ထုတ်ရှင်းရသည်။
တက်စီဆရာက ညဘက်မောင်းသူနှင့် ချိန်းရမှာမို့ သူမကို စောင့်မနေနိုင်ဟု လမ်းမှာကတည်းက ပြောထားခဲ့သည်။
နွယ်နီဆီမှ ပိုက်ဆံရသည့်နှင့် ကားကို ၀ူးကနဲ မောင်းထွက်သွားသည်။ လက်စွပ်ဇောနှင့် စိတ်မောနေသည့် နွယ်နီလဲ
အောက်ထပ်သင်တန်းခန်းမထဲသို့သာ တန်းပြေးဝင်လာခဲ့သည်။ လူသူတစ်ယောက်မှ မရှိသည်ကို သတိပြုမိပေမယ့်
ရှည်ရှည်ဝေးဝေး တွေးမနေပဲ သန့်စင်ခန်းဘက်သို့ ခပ်သုတ်သုတ်ပြေးလာခဲ့သည်။ တော်သေးသည်။
သန့်စင်ခန်းတံခါးကို ဖွင့်ပြီး လက်ဆေးဖို့ ဆပ်ပြာခွက်ထားရာကို ကြည့်လိုက်တော့ လက်စွပ်ကလေးက
ပိုင်ရှင်သခင်ကို အဆင်သင့် စောင့်မျှော်နေသည်။
"ဟူး ... တော်ပါသေးရဲ့ ... "
ကိုယ့်ဇောနှင့်ကိုယ်မို့ သင်တန်းထဲ ပြေးဝင်လာတုန်းက ပတ်ဝန်းကျင်ကို သတိမထားမိသော်လည်း၊
လက်စွပ်ပြန်အရပြီးတွင် နွယ်နီ အိမ်ကြီးတစ်အိမ်လုံး တိတ်ဆိတ်နေမှုကို စိတ်ထဲတစ်မျိုး ဖြစ်လာသည်။
ဆရာနိုင်ကားကို တွေ့လိုက်သည်မို့ ဆရာနိုင် ဒီရောက်နေသည်ဆိုတာ သေချာပါသည်။
အောက်ထပ်သင်တန်းခန်းမတွင် ဆရာနိုင်ကို မတွေ့ဆိုတော့ သူက ဘယ်ရောက်သွားသနည်း။ ဆရာနိုင်ကိုသာ
မဟုတ်၊ အမြဲတမ်း သူမတို့လာလျှင် အောက်ထပ်မှာပဲ တွေ့ရလေ့ရှိသည့် မမမော်ကိုပါ မတွေ့ရသောအခါ
နွယ်နီစိတ်ထဲ သို့လောသို့လော အတွေးက ၀င်လာသည်။ နွယ်နီဆိုတာက အစကတည်းက ဟိုစပ်စပ် ဒီစပ်စပ်နှင့်မို့
ဆရာနိုင်နှင့် မမမော် အောက်ထပ်မှာ ဘာဖြစ်လို့ မရှိသည်ဆိုတာကို အရမ်းသိချင်သည်။ အပြင်ဘက်သို့
ပြန်ထွက်လာရင်း သင်တန်းပေါက်ဝအရောက်တွင် အပေါ်ထပ်သို့ တက်ရာလှေကားဆီသို့ ခြေလှမ်းတွေကို အလိုလို
လှမ်းမိလိုက်သည်။
"အယ် ..."
မထိုးပဲထားသည့် ထီက သိန်းဆုကြီးပေါက်ပါသည်ဆိုလျှင်တောင် နွယ်နီ ဒီလောက် အံ့သြမိမှာ မဟုတ်။
မဟတဟလေး ဖြစ်နေသော တံခါးဝ၏ နောက်ကွယ်ရှိ မြင်ကွင်းကြောင့် သူမမှာ ကိုယ့်မျက်လုံးကိုယ်တောင်
မယုံနိုင်။ ယောင်ယမ်းကာ "အယ်" လို့ ရေရွတ်မိပြီးမှ ဟောင်းလောင်းဖြစ်သွာသည့် ပါးစပ်ကို လက်ဖြင့် အမြန်
ပိတ်လိုက်ရသည်။ ပုံမှန်အရ ဒါမျိုးမြင်ကွင်းကို မိန်းမပျိုလေးတစ်ယောက် ကြုံမိလျှင် ပိတ်ကာလိုက်သည့်
လက်ဖ၀ါးနှစ်ဖက်က ပါးစပ်အပေါ်ဘက်ရှိ မျက်စိနေရာသို့ တက်လာရမည် ဖြစ်သည်။ သို့သော် နွယ်နီသည် သူမ
မျက်စိကို လက်နှင့်ကာသည်အထိ မပြုလုပ်နိုင်။ ထိုသို့ မပြုလုပ်နိုင်ယုံသာမက မမမော်၏ ပါးစပ်ထဲသို့
တိုးဝင်ပြန်ထွက် ဖြစ်နေသည့် အချောင်းကြီးကို မျက်တောင်မျှပင် မခတ်ပဲ စူးစိုက်ကြည့်နေမိသည်။
"ဆရာနိုင် .. သူ .. သူ့ဟာကြီးက အဲဒီလောက်တောင်ပဲလား .. ကြည့်စမ်းပါဦး ..
မမမော်လို ပါးစပ်ပြဲတဲ့သူတောင် မနည်းဟပြီ ငုံထားရတယ် ..."
နွယ်နီတစ်ယောက် သူမရောက်ရှိနေသည့် နေရာကို ခေတ္တခဏမျှ မေ့သွားသည်။ ဆွဲဆောင်အား
ကောင်းလွန်းလှသည့် နိုင်မျိုးအောင်၏ အချောင်းကြီးကို တမ်းတမ်းတတ မျှော်ကာကြည့်ရင်း တကိုယ်လုံးရှိ
သွေးတွေပူနွေးစပြုသည်။ နွယ်နီတွင် လောလောလတ်လတ် ရည်းစားရယ်လို့ မရှိ။ သူနှင့် တွဲဖက်ညီနေသည့်
ဇူးဇူးနှင့်က ဘ၀တူတွေလို့ ပြောလို့ရသည်။ ဇူးဇူး၏ ရည်းစားဟောင်း ကိုတူးဆိုသူက သူမအပေါ် လှည့်စားခဲ့သလို၊
နွယ်နီကျတော့ "မောင်" လို့ ခေါ်ခဲ့ရသည့် သူ့ချာတိတ်က ကုမ္ပဏီပိုင်ရှင် မမတစ်ယောက်နှင့် ညှပ်ကာ သူမအနားမှ
ခွဲသွားခဲ့သည်။
အခုခေတ်တွင် ဒါမျိုးက ဆန်းသည်ဟု ပြော၍ မရတော့။ မိန်းမငယ်လေးတွေသာ ပိုက်ဆံရှိသည့် ယောက်ျားမျိုးကို
ရွေးပြီးကြိုက်ကြတာမဟုတ်၊ ကောင်ကလေးတွေကလဲ ချမ်းသာသည့် မိန်းကလေးကိုမှ ရွေးပြီးလိုချင်ကြတာ Trend
တစ်ခုလို ဖြစ်နေသည် မဟုတ်လား ..။
ယောက်ျားတစ်ယောက်နှင့် စိတ်လွတ်ကိုယ်လွတ် ချစ်ပွဲဝင်ရသည့် အရသာကို ကောင်းကောင်းသိနေခဲ့သည်မို့
ရည်းစားလက်ကိုင် မရှိသည့် နွယ်နီဘ၀သည် ဟာတာတာ ဖြစ်နေသည်မှာ ကြာခဲ့ပါပြီ။ ဟာတာတာ ရင်ခွင်မှာ
အစားထိုးရမည့်လူက ယနေ့ထက်ထိ ရှာမတွေ့ခဲ့သေးသလို၊ ဆာတာတာဖြစ်နေသည့် သူမ၏ ပေါင်ကြားမှ
ရွှေကြုတ်ထဲတွင်လည်း ဖြည့်ဆည်းစရာက မရှိခဲ့သေး။ ခပ်မိုက်မိုက်၊ ခပ်မိမိ ကောင်မလေးမို့
နောက်ကလိုက်နေသည့် ယောက်ျားသားတွေ မရှိတာ မဟုတ်သည့်တောင် ထိုထဲမှလဲ စိတ်တိုင်းကျဆိုတာက
မဖြစ်သေး။
အခုတော့ သူမ စိတ်တိုင်းကျ နိုင်သည့်အရာက မမမော်၏ ပါးစပ်ထဲတွင် သွားတွေ့နေသည်။ ဆရာနိုင်နှင့်
မမမော်တို့က ဒီလိုဖြစ်နေကြတာလား ဆိုပြီး သူမ အသိဥာဏ်က ခနစဉ်းစားမိလိုက်ပေမယ့်၊ အဲဒီနောက်တော့
တခြားဘာမှ ဆက်မတွေးနိုင်တာ့ပါ။ မျက်လုံးမှ မြင်သည့် အမြင်က သူမကိုယ်ထဲသို့ ဆန္ဒတစ်ခုအဖြစ်
စီးဆင်းသွားပြီး၊ ပေါင်ကြားတွင် သွားရောက် သန္ဓေတည်သောအခါ နွယ်နီတစ်ယောက်က အလိုလို ဒူးခေါင်းတွေက
ကွေးညွတ်သွားသည်။ လူကလဲ ခပ်ကိုင်းကိုင်းဖြစ်ကာ ပေါင်တန်နှစ်ချောင်းကမူ ခပ်ကွကွ ဖြစ်ရှာသည်။
"အား ... မမမော် .. ကျနော် ... အရမ်း .. ကောင်းလာပြီ ... "
ချောင်းကြည့်နေသည့် နွယ်နီတစ်ယောက် နိုင်မျိုးအောင်ဆီမှ ပေါ်ထွက်လာသည့် ပထမဆုံး စကားသံကြောင့်
ကိုယ်ကလေးတောင် တုန်တက်သည်။ အခုထက်တိုင် သူမပါးစပ်ကို ကာမိထားသော လက်တစ်ဖက်က ဘယ်သူမှ
ခိုင်းစေခြင်း မပြုပါပဲနှင့် နို့လေးတစ်ဖက်ပေါ် ရောက်သွားသည်။ ဒီနေ့ အကတိုက်ဖို့သပ်သပ်ပဲမို့ သူမ၀တ်လာသည်က
ခပ်ပါးပါး တီရှပ်အဖြစ်ရောင်လေးသာ။ အခံအဖြစ် ၀တ်ထားမိသည့် ဘရာကလဲ မနေ့တစ်နေ့ကမှ ၀ယ်လိုက်သည့်
ဘရာစီယာ အနီရဲရဲလေး ..။
စိတ်လှုပ်ရှားဖွယ် မြင်ကွင်းအရှိန်နှင့် သူမတောင် သတိမထားမိပဲ နို့သီးခေါင်းလေးတွေက စူကြွနေသလို
ဖြစ်နေသည်။ နွယ်နီ၏ တကိုယ်လုံးတွင် အားနည်းချက်ဟုပြောရမလား၊ ပျော့ကွက်ဟု ပြောရမလား မသိ။ သူမ၏
နို့သီးခေါင်းလေးတွေက စိတ်ထလာချိန်တွင် အရမ်း sensitive ဖြစ်သည်။ ထို့အတွက်ကြောင့် အခုလို
ကိုယ့်နို့ကိုယ်ပြန်ကိုင်မိချိန်တွင် နွယ်နီတစ်ယောက် အသေးစားငလျင်လေးတစ်ခု သူမကိုယ်ကို ဖြတ်စီးသွားသလို
ခံစားရသည်။ နောက်ထပ်ကျန်နေသည့် လက်တစ်ဖက်ကပါ အလိုလို အောက်လျှောသွားပြီး
စကတ်ဘောင်းဘီခေါ်ရမည့် ဘောင်းဘီတိုတိုပျော့ပျော့လေး၏ အလယ်ခေါင်နေရာကို ကိုင်မိသည်။
ကိုယ့်အရှိန်နှင့်ကိုယ်လိမ့်နေပြီး ဘေးနားတွင် နူကလီးယားဗုံးပေါက်လျှင်တောင် သတိထားမိကြမည် မဟုတ်သော
အထဲက လူသားနှစ်ယောက်မှာတော့ ...
"မမ မော် .. ကျနော် ... ထွက် .. ထွက်ပြီ ..."
မမမော် ပါးစပ်ထဲမှ ဆွဲအားအရှိန်ကြောင့် ဆိုဖာပေါ် ဖင်ချထိုင်ထားသော နိုင်မျိုးအောင်တစ်ယောက် ဖင်ကြီးများပင်
ကြွတက်သည်။ တကိုယ်လုံးရှိ အကြောအချဉ်များလဲ တောင့်တင်းသွားကာ မိမိရရအစုပ်ခံထားရသော
လည်တန်ရှည်ကောင်ကမူ အတင်းမာဆုံး အခြေအနေသို့ တမဟုတ်ချင်း ရောက်သည်။ ဒလဟော ထွက်သွားသည့်
အရည်များနှင့်အတူ တကိုယ်လုံးရှိ အားအင်များ စီးဆင်းသွားသလို ခံစားရသည်။
"ဟူး .. မောလိုက်တာ .. မောင်နိုင်ရယ် .. မင်းဟာကြီး သိပ်သန်တာပဲ ..."
လည်တန်ရှည်ကောင်ဆီမှ အချစ်ရည်များ ကုန်စင်သွားမှ မမမော် သူမ၏ ပုလွေပညာခန်းကို
တစ်စခန်းရပ်လိုက်သည်။

အပိုင်း ( ၅ ) ကိုဆက်လက်အားပေးကြပါ
ချစ်ခြင်းများစွာဖြင့်
#မန္တလာမောင်မောင်တုတ်

Rated Collection (Normal)Donde viven las historias. Descúbrelo ahora