" CANDY RANGERS " အပိုင်း ( ၃ )
ဇာတ်လမ်း - နတ်သား
ကိုယ့်အိမ်ကိုယ်ယာ ရောက်နေသည့်နှယ် အထုပ်တွေဆွဲပြီး နောက်ဘေးတန်းဝင်သွားသည့် ဇူးဇူးကြောင့်
နိုင်မျိုးအောင်တောင် ဘာပြောရမှန်းမသိ။ သူ့ကို ကျောခိုင်းကာ လျှောက်သွားသည့် ဇူးဇူး၏ နောက်ပိုင်းအလှကိုသာ
စိုက်ငေးကြည့်နေမိရာ ဆန္ဒတစ်ခုက လည်ချောင်းဝသို့ ခုန်တက်လာသည်။ ဂလုခနဲ မျိုချလိုက်ရသည့် တံတွေးသံက
အပြင်ဘက်သို့ ထွက်မလာသည့်တိုင် နိုင်မျိုးအောင်ကိုတော့ ဈာန်လျှောသည့် ရသေ့ကြီး
အသိတရားရလာသလိုတော့ ဖြစ်စေသည်။ ဂျင်းဘောင်းဘီတိုတိုလေးသာ ၀တ်ထားသည့် ဇူးဇူး၏ အောက်ပိုင်းကို
မကြည့်ဖြစ်အောင် ခေါင်းကိုခပ်မော့မော့ထားလိုက်ပြီး သူမနောက်မှ သွက်သွက်လိုက်လာခဲ့သည်။
“ဆရာ .. ကြေးအိုးထည့်ဖို့ ပန်းကန်လုံး နှစ်လုံး အရင်ပေး .. ဇူးဇူးလဲ စတူဒီယိုက တန်းလာတော့
ဘာမှမစားခဲ့ရသေးလို့ စားမယ်နော် .. ဖြစ်တယ်မှတ်လား ..“
“ဖြစ် .. ဖြစ်ပါတယ် .. ပန်းကန်လုံးတွေက အဲဒီပေါ်က စင်မှာ ..“
ဂက်စ်မီးဖိုပေါ်က သစ်သားစင်ကို လက်ညိုးထိုးပြလိုက်တော့ ဇူးဇူးက တံခါးချပ်လေးအား သွက်သွက်လက်လက်ပင်
ဆွဲဖွင့်ရင်း ပန်းကန်လုံးခပ်ကြီးကြီးနှစ်လုံးကို ရွေးကာထုတ်သည်။ ဘေဇင်ရှိရာကို အရင်သယ်သွားပြီး ဆပ်ပြာရည်နှင့်
တိုက်ချွတ်ဆေးပြီးမှ ထမင်းစားပွဲသို့ ယူလာသည်။ ၀ယ်လာခဲ့သည့် ကြေးအိုးထုပ်ကို သူမဖာသာသူမ ဖြေဖောက်ပြီး
ပန်းကန်ထဲသို့ လောင်းထည့်သည်။ လောလောလတ်လတ် ၀ယ်လာလို့လား မသိ။ ပူပူနွေးနွေး ကြေးအိုးက
ပန်းကန်လုံးထဲမှာ အငွေ့တထောင်းထောင်းနှင့် ထနေသည်။ မနက်ကတည်းက ဘာမှ မစားရသေးသူ နိုင်မျိုးအောင်
ဒါကိုမြင်တော့ တံတွေးမျိုချရမလိုတောင် ဖြစ်သည်။
“ဆရာနေမကောင်းဘူးဆိုတာ ဦးဗညားပြောပြလို့ သိတာလေ .. အဲဒါနဲ့ ဇူးဇူးက နွယ်နီနဲ့ တိုင်ပင်ပြီး
သီချင်းတိုက်တာ ပြီးသွားတော့ ဆရာ့ဆီသွားကြည့်ကြရင် ကောင်းမယ်ဆိုပြီး ထွက်လာကြတာ ..
လမ်းရောက်တော့မှ နွယ်နီကောင်လေးက ဖုန်းဆက်ပြီး အရေးကြီး ကိစ္စတစ်ခုနဲ့ လှမ်းခေါ်လို့ သူက ပြန်သွားတာ …
အဲဒါကြောင့် ဇူးဇူး တစ်ယောက်ထဲပဲ လာရတာ .. အချဉ်ရည်တော့ မစားနဲ့တော့နော် ဆရာ .. ဆရာက
နေမကောင်းဘူးဆိုတော့ တည့်မှာ မဟုတ်ဘူး ..“
အဲဒီစကားတွေကို ဇူးဇူးက နိုင်မျိုးအောင် ကြေးအိုးသောက်ရန် အတွက် တူတစ်စုံနှင့် ကြွေဇွန်းတစ်ချောင်း
ကိုထုတ်ပေး၊ တစ်ရှူးဗူးထဲမှ တစ်ရှူးရွက်နှစ်ခုသုံးခုကို ညီညီညာညာခေါက်ပြီး စားပွဲပေါ်မှာ ချပေးရင်းနှင့်
ပြောနေတာ ဖြစ်သည်။ လက်ကလှုပ်ရှားရင်း ပါးစပ်မှ တတွတ်တွတ်နှင့် စကားပြောနေဟန်သည် နိုင်မျိုးအောင်၏
ရင်ကို လှုပ်ရှားမှု ဖြစ်လာစေသည်။ လရောင်ချိုနှင့် သူအဆက်ပြတ်ပြီး ကတည်း သူ့တိုက်ခန်းတွင်
မိန်းကလေးအဖော်ဆို၍ တစ်ယောက်မှ ရောက်မလာခဲ့ဖူးပေ။ အခုမှ ဇူးဇူးက ပထမဦးဆုံးအကြိမ်
ရောက်လာခဲ့တာဖြစ်သည်။ အချိန်တော်တော်ကြာ တိတ်ဆိတ်နေခဲ့သည် သူ့ထမင်းစားခန်းထဲတွင် ဇူးဇူး၏
အသံသာသာလေးကို ကြားရသည်မှာ နားဝင်ချိုဖွယ် ကောင်းနေသည်။ ကြေးအိုးပန်းကန်က
သူ့ရှေ့ရောက်လာသည့်တိုင် မတို့ထိဖြစ်သေးပဲ စကားပြောမပြတ်သေးသည့် ဇူးဇူးကို ယောက်ျားလေးမျက်စိနှင့်
သေသေချာချာကြည့်မိသည်။
ဒီနေ့ ဇူးဇူးဝတ်လာသည်က အပေါ်ဘက်တွင် ဘလောက်စ်အင်္ကျီခပ်ပွပွဖြစ်ပြီး၊ အောက်ဘက်ကတော့ သူမ
အမြဲတမ်း ၀တ်နေကြအတိုင်း ဂျင်းဘောင်းဘီတိုတိုလေးသာ ရှိနေသည်။ အင်္ကျီကခပ်ပွပွ ဖြစ်သည့်အတွက်ကြောင့်
ထိုင်နေသည့် နိုင်မျိုးအောင် ရှေ့တွင် ကိုယ်ကိုကိုင်းမိတိုင်း မို့ဝင်းသည့် ရင်သားအပေါ်ပိုင်းက ဖွေးကနဲ ဖွေးကနဲ
ပေါ်ပေါ်လာသည်။ အောက်ပိုင်းကတော့ ကြည့်မိလျှင်ပင် ပကတိအတိုင်း မြင်နေရသည့် သွယ်လျဖြောင့်စင်းသည့်
ခြေတံကြောင့် နိုင်မျိုးအောင် မကြည့်မိအောင် သတိထားနေရသည်။
ပုံမှန်အတိုင်းတော့ ဇူးဇူး ဒါမျိုးဝတ်သည်ကို နိုင်မျိုးအောင် စတူဒီယိုမှာ တွေ့နေကြ ဖြစ်ပါသည်။ သို့သော် အခုလို
နှစ်ယောက်တည်း သီးသန့်ရှိနေသောအခါတွင်မူ ဒီမြင်ကွင်းက သူ့စိတ်ကို လှုပ်ရှားလာရစေသည်။ သွေးမတော်
သားမစပ် ခပ်မိမိကောင်မလေးတစ်ယောက်က သူ့နှင့်အနီးကပ်တွင် ရှိနေသည်ဖြစ်ရာ အဖျားကြောင့် ကိုယ်ပူသည်
မဟုတ်ပဲ၊ ဆန္ဒတစ်ခုကြောင့် ကိုယ်ပူသလိုလို ဖြစ်လာသည်။
“ကြေးအိုးသောက်လေ ဆရာ .. ဇူးဇူးကို ဘာဖြစ်လို့ ဒီလောက်တောင် စိုက်ကြည့်နေရတာလဲ ..“
မူနွဲ့နွဲ့နှင့် ပြောလိုက်သည့် ဇူးဇူးကြောင့် နိုင်မျိုးအောင် စိတ်လွတ်ထွက်ပြီး ငမ်းနေမိသည့် သူ့အဖြစ်ကို သတိရကာ
မျက်နှာပူသွားသည်။ တမဟုတ်ချင်း လက်ထဲက ဇွန်းနှင့် ကြေးအိုးကို ခပ်သောက်သည်။
“ဆရာ !!! .. အပူကြီး ..“
ဘေးချင်းယှဉ်ကာ ထိုင်နေသူ ဇူးဇူးက သူမလက်နှင့် နိုင်မျိုးအောင်၏ လက်ကောက်ဝတ်ကို လှမ်းကိုင်သည်။
ယောင်ယောင်နနဖြစ်နေသူ နိုင်မျိုးအောင် ပါးစပ်နားရောက်လာသည့် ဇွန်းကို ပြန်ငုံ့ကြည့်မိသည်။ ဇူးဇူး
လှမ်းဆွဲလိုက်တာ မှန်သည်။ ကြေးအိုးရည်က အငွေ့တထောင်းထောင်းထနေရာ ပါးစပ်ထဲသာ ရောက်လျှင် သူ့လျှာ
ကျက်သွားလောက်သည်။
“ကျေးဇူးပဲ … ဇူးဇူး …“
“ကဲပါ ဆရာရယ် … မြန်မာစကားမှာ ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့ဆိုတာ ရှိနေမှတော့ .. ဇူးဇူးပဲ ခပ်တိုက်ပါ့မယ်
.. ဆရာ့ကြည့်ရတာ တုန်ချိတုန်ချိနဲ့ … တော်ကြာနေ မှောက်ကျနေဦးမယ် .. “
“ဟာ .. ရပါတယ် .. ဇူးဇူး … ကိုယ့်ဖာသာကိုယ် သောက်ပါ့မယ် …“
“ပေးပါ .. ဇူးဇူးကို ပေးပါ ..“
ဇူးဇူးက သူ့လက်ထဲက ဇွန်းကို ဆွဲယူသွားသည်တွင် နိုင်မျိုးအောင် အားနာနာနှင့် လွှတ်မပေးပဲ ပြန်ဆွဲယူလိုက်သည်။
နှစ်ယောက်သား လက်အားအရှိန်နှင့် ဇွန်းထဲရှိ ကြေးအိုးရည်က အပြင်ဘက်သို့ လွင့်စင်ကျသည်။
“အား … ပူတယ် … အလာလား …“
“ဟာ … ဇူးဇူး .. ဆောရီး .. “
မှောက်ကျသွားသည့် ကြေးအိုးရည်ပူပူက ဇူးဇူး၏ ညာဘက်ပေါင်ပေါ်ကို ကွက်တိကျသည်။ ကံမကောင်း
အကြောင်းမလှချင်တော့ ကျသွားသည့် နေရာကလည်း ဂျင်းဘောင်းဘီသား မရှိသည့် ညာဘက်ဒူးခေါင်း
အထက်ပိုင်း။ ဖြူဖွေးဝင်းနေသည့် နေရာသည် ချက်ချင်းပင် ရဲတက်လာသည်။ နိုင်မျိုးအောင် ခြေမကိုင်မိ
လက်မကိုင်မိဖြစ်ပြီး ထိုင်နေရာမှ ၀ုန်းကနဲထသည်။ ဇူးဇူးရှေ့တွင် ဒူးထောက်ကာ ထိုင်ပြီး သူ့လက်နှင့် နီရဲနေသည့်
ထိုနေရာကို လှမ်းပွတ်သည်။
“ရှီး .. ပူ .. ပူနေသေးတယ် .. ဆရာ … လုပ် .. လုပ်ပါဦး ..“
ဇူးဇူး လက်တစ်ဖက်က နိုင်မျိုးအောင်၏ ပခုံးတစ်ဖက်ကို အားကိုးတကြီးနှင့် ဆုပ်ကိုင်သည်။ နိုင်မျိုးအောင်
ဘာလုပ်ရမှန်း မသိသေးပဲ မျက်စိနှင့် တစ်တန်းတည်း ဖြစ်နေသည့် ဇူးဇူး၏ ပေါင်တန်နှစ်ခု စုစည်းသွားရာသို့
ယောင်ပြီး ငေးကြည့်နေမိသည်။ ဇူးဇူးက သူကြည့်နေတာကို သတိမမူမိ။ ကြေးအိုးပူလောင်သွားသည့်အတွက်
ပေါင်တံနှစ်ခုကို စုစည်းထားခြင်း မရှိပဲ ခပ်ကားကားလုပ်ထားရင်း ထိုင်နေလေရာ သူမ၏လျှို့ ဝှက်နေရာကို
နိုင်မျိုးအောင် မျက်နှာနား ကပ်ပြထားသလို ဖြစ်နေသည်။ ဂျင်းဘောင်းဘီသား အလယ်တည့်တည့်ရှိ ထိုနေရာကို
စိုက်ကြည့်ရင်း နိုင်မျိုးအောင် အာခေါင်တွေခြောက်ကာ ရင်ထဲ ကတုန်ကယင်ဖြစ်လာသည်။
“ဆရာ .. လုပ်ပါဦး ဆို … အယ် !!! ..“
နိုင်မျိုးအောင် ဘယ်လိုအခြေအနေ ဖြစ်နေသည်ကို ခဏကြာတော့ ဇူးဇူး ရိပ်မိသွားသည်။ ရှက်ကိုးရှက်ကန်းဖြစ်ပြီး
ပေါင်တန်နှစ်ဖက်ကို ပြန်စေ့လိုက်သည်တွင် နိုင်မျိုးအောင်လည်း အိပ်မက်မှ လန့်နိုးသည်။
“ခဏ .. ခဏလေးနော် .. ဇူးဇူး .. ကိုယ် သွားတိုက်ဆေး သွားယူလိုက်မယ် ..
အဲဒါက အပူကို သက်သာစေတယ် ..“
နိုင်မျိုးအောင် ကပျာကယာနှင့်ပြောရင်း ထိုင်ရာမှထကာ ရေချိုးခန်းထဲသို့ အပြေးတစ်ပိုင်းနှင့်သွားသည်။
မျက်နှာသစ်စင်ပေါ်မှ သွားတိုက်ဆေးဗူးကို ဆွဲယူလာပြီး စက္ကန့်ပိုင်းအတွင်း ဇူးဇူးရှိရာသို့ ပြန်ရောက်လာသည်။
ဗူးအဖုံးကို ဖွင့်ပြီး သွားတိုက်ဆေး အနည်းငယ်ကို လက်ညိုးပေါ် ညှစ်ချသည်။ အနေတော်လောက်ရသည်တွင်
နီရဲနေသည့် ဒဏ်ရာတစ်ဝိုက်အား သာသာလေး ပွတ်ပေးလိုက်သည်။ ဇူးဇူးတော့ ဘယ်လိုနေသည်မသိ။
နိုင်မျိုးအောင်၏ လက်ညိုးကတော့ တုန်တုန်ယင်ယင်နှင့် ဖြစ်နေသည်။ ရင်ထဲမှာလည်း ကတုန်ကယင် ဖြစ်မှုက
ပျောက်မသွား ..။
“ဘယ် .. ဘယ်လိုနေလဲ ဟင် .. ဇူးဇူး … “
“ကောင်းတယ် ဆရာ .. မပူတော့ဘူး .. အေးသွားတယ် … ဘာ .. ဘာမှတော့ မဖြစ်လောက်ပါဘူးနော် ..“
“မဖြစ်ပါဘူး … တစ်ရက် နှစ်ရက်နေရင် ပျောက်သွားမှာပါ .. အခုက ပူတုန်းခဏမို့ပါ ..“
“အဲဒါ ဆရာကြောင့် …ဇူးဇူး တိုက်ပါ့မယ်ဆိုတာကို ဇွန်းကို အတင်းပြန်လုတယ် ..“
နှုတ်ခမ်းလေးစူပြီး မျက်စောင်းထိုးကာ ပြောလိုက်သည့် ဇူးဇူးပုံစံက နိုင်မျိုးအောင် ရင်ခွင်တစ်ခုလုံးကို
ပွင့်ထွက်သွားစေသည်။
“ဇူးဇူး ..“
သူမနာမည်ကို လှိုက်လှိုက်မောမောခေါ်ရင်း မျက်နှာချင်းဆိုင်က ခုံတွင် ၀င်ထိုင်သည့် နိုင်မျိုးအောင်ကို ဇူးဇူးက
မျက်လွှာလေး ပင့်ကာ ကြည့်သည်။ သူမ မျက်ဝန်းတွေက နိုင်မျိုးအောင် ပြောမည့်စကားကို ငဲ့လင့်နေဟန်နှင့်
အရည်လဲ့ကာ အရောင်တောက်နေသည်။ နှုတ်ခမ်းပါးလေးနှစ်ခုကလည်း မဟတဟနှင့် တစ်ခုခုကို
စောင့်ကြိုနေဟန်ရှိသည်။ ဇူးဇူး၏ ထိုပုံစံကို စက္ကန့်ပိုင်းမျှ နိုင်မျိုးအောင် စိုက်ငေးနေမိရင်း သူမကို
ဘာပြောရမှာလဲဆိုတာကို သူစဉ်းစားနေမိသည်။ “ဇူးဇူး” လို့ ခေါ်လိုက်တိုင်းက ပြောစရာစကား ရှိသော်လည်း၊
တကယ်တမ်း ပြောရမည်ဆိုတော့ ဘာစကားပြေချင်တာလဲ ဆိုတာ နိုင်မျိုးအောင် စဉ်းစားလို့မရ။
“ဘာပြောမလို့လဲ ဆရာ .. ပြောလေ ..“
နိုင်မျိုးအောင်ပါးစပ်ထဲမှ စကားသံထွက်လာဖို့ လမ်းဖွင့်ပေးနေသူ ဇူးဇူးအသံက နွဲ့နှောင်းတိုးညှင်းလှသည်။
ဘာပြောရမှန်း မသိသေးသူ နိုင်မျိုးအောင် ထိုခဏ၌ သူ့မြင်ကွင်းထဲတွင် မိန်းကလေးတစ်ယောက်၏ ပုံရိပ်က
ဖြတ်ကနဲ ထင်ပေါ်သည်။
“ဟို .. ဟိုလေ … ဇူးဇူးတို့အဖွဲ့ အတွက် … Lead singer အဖြစ် သုံးနိုင်မယ့် မိန်းကလေးအဆိုရှင် တစ်ယောက်ကို
ရှာတွေ့ထားတယ် …“
“ဆရာ !! .. ဘယ်လို … မိန်းကလေးအဆိုရှင် .. Lead singer ဟုတ်လား...“
မထင်မှတ်ပဲ ထွက်လာသည့် နိုင်မျိုးအောင် စကားကြောင့် ဇူးဇူး မျက်ဝန်းများက အံ့သြမှုနှင့်
ဝိုင်းစက်သွားသည်။နိုင်မျိုးအောင် ကိုယ်တိုင်လည်း ဘာဖြစ်လို့ သွန်းနဒီအကြောင်းကို အခုအချိန်မှာ
ထုတ်ပြောလိုက်မိသည်ကို စဉ်းစားမရ။ ပါးစပ်ကနေ လွှတ်ကနဲ ထွက်သွားပြီးပြီမို့ ဇူးဇူး နားလည်အောင်
နောက်ဆက်တွဲ ထပ်ရှင်းပြလိုက်သည်။
“ဟုတ်တယ် .. ဇူးဇူး … ကိုယ် မနေ့ကပဲ သွန်းနဒီဆိုတဲ့ အဆိုဝါသနာရှင် ကောင်မလေးတစ်ယောက်ကို
တွေ့ထားတယ် .. သူ့အသံနဲ့ ဆိုပေါက်ကို နားထောင်ကြည့်ရတာ တော်တော်လေးကို ဆွဲဆောင်မှုရှိပြီး
အပြစ်ပြောစရာ မရှိအောင် ကောင်းနေတယ် ... အဲဒါနဲ့ ကိုယ်တို့အဖွဲ့မှာ Lead singer အဖြစ်သုံးဖို့
ရာထားလိုက်တယ်...“
“ဆရာ ပြောချင်တာ ဒါလား … ဆရာ ..“
ဇူးဇူး လေသံက ရုတ်ချည်းပြောင်းလဲသွားသည်။ စကားသံတွင် မကျေနပ်မှု အရိပ်အငွေ့တွေ ယှက်သမ်းနေသလို၊
မျက်နှာတွင်လည်း တင်းမာမှု အရိပ်အယောင်တွေကို မြင်နေရသည်။ အတူယှဉ်ကာ ထိုင်နေရာမှလည်း ဆတ်ကနဲ
ထရပ်သည်။
“ဆရာ ပြောချင်တာ ဒါပဲဆိုရင်တော့ ဇူးဇူး ပြန်တော့မယ် .. ဇူးဇူး သွားစရာ ရှိသေးတယ် …“
ပြောပြီးသည်နှင့် ဇူးဇူးတစ်ယောက် နိုင်မျိုးအောင်ကို နောက်ပြန်လှည့်မကြည့်ပဲ ထမင်းစားခန်းထဲမှ
ပြေးထွက်သွားသည်။ နိုင်မျိုးအောင် သတိရလို့ “ဇူးဇူး“ ဟု နောက်က လိုက်ခေါ်သည်တွင် သူမက
ဓါတ်လှေကားထဲတောင် ရောက်နှင့်နေပြီ ဖြစ်သည်။ နိုင်မျိုးအောင် “ဇူးဇူး“ ဟု ထပ်ခေါ်သေးသည်။ သို့သော် ဇူးဇူးက
သူခေါ်တာကို မဖြေတော့ပဲ ဓါတ်လှေကားတံခါးကို ခလုတ်နှိပ်ကာ ပိတ်လိုက်လေတော့သည်။
ဇူးဇူး စိတ်တိုလိုက်တာမှ လွန်ရော။ ရင်ထဲမှာ အစာမကြေမှုနှင့် ကိုယ့်ကိုကိုယ် မကျေနပ်မှုများက
အုံကြွကာဆူဝေတက်နေသဖြင့် ကွန်ဒိုရှေ့က လမ်းမပေါ်သို့ ဘယ်လိုပြန်ရောက်လာသည်မှန်းတောင် သူမ သေချာ
မသိလိုက်။ ဆိုက်ဆိုက်ပေါက်ပေါက် လာနေသည့် တက်စီတစ်စီးကို ရပ်ခိုင်းပြီး ဈေးကိုပင် မေးမနေတော့ပဲ
သူမအိမ်လိပ်စာကို ပြော၍ နောက်ခန်းထဲ ၀င်ထိုင်လိုက်သည်။ ကိုယ်ကိုလျော့ရဲရဲ အနေအထားနှင့် ကားကူရှင်အား
မှီထားရင်းမှ စိတ်ပြန်တည်ငြိမ်လာအောင် အသက်ကို မှန်မှန် ရှူနေရသည်။
နိုင်မျိုးအောင် ဆိုသည့် ဒီလူကို ဇူးဇူး ဘယ်လို နားလည်ရမှန်း မသိတော့ပါ။ ဒီယောက်ျားသည်
ရိုးသားအေးဆေးသည် ဆိုတာကိုတော့ ဇူးဇူး နိုင်မျိုးအောင်နှင့် မသိခင်ကတည်းက အများအပြောနှင့်
သိထားပါသည်။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဒီသတင်းများကို ကြားခါစက သူမ ဘယ်လိုမှ မယုံ။ ကိုယ်တိုင်
လက်တွေ့ကျကျ ဆရာတပည့်အဖြစ် တွဲလုပ်ရမှ သူများတွေ အပိုမပြောဘူးဆိုတာကို သိခဲ့ရသည်။
ယောက်ျားပီသသော ရုပ်ရည်ကို ခန့်ခန့်ညားညားပိုင်ဆိုင်ပြီး၊ သူမနှင့် နွယ်နီအပေါ် စိတ်သဘောထား
တည်တည်ကြည်ကြည်နှင့် ဆက်ဆံတတ်သည့် နိုင်မျိုးအောင်ကို ဇူးဇူး သဘောကျခဲ့တာ ကြာပါပြီ။ လွတ်လပ်သော
မိန်းကလေးတစ်ယောက်အဖို့ နိုင်မျိုးအောင်သည် ရွေးချယ်ဖို့ကောင်းသည့် ယောက်ျားပျိုတစ်ယောက်ဆိုတာ
ဘယ်လိုမှ ငြင်းမရနိုင်သည့် အချက်ပင်။
ဒါပေမယ့် ခက်သည်က နိုင်မျိုးအောင်။ ဇူးဇူး ဘယ်လောက်ပဲ ရေလာမြောင်းပေး၊ လိုက်လိုက်လျောလျော
အမူအယာတွေ ပြပေမယ့် သူကပဲ ရိုးသားလွန်းနေလို့လားတော့ မသိ။ သူမထောင်ထားသည့် ပိုက်ထဲကို
တိုးလာသည်ဟူ၍ မရှိ။ တော်တော်ဆိုးသည့် ယုန်။ ဘာနှင့်မျှားလို့ မျှားရမှန်းတောင် မသိတော့။ နိုင်မျိုးအောင်၏
ပုံစံက ဂီတလောကရှိ တခြားသော ကြောင်ပါးကြီးတွေနှင့် တခြားစီပင်။ သူမနှင့် အတွဲညီကာ အဖွဲ့ကျနေပြီ ဖြစ်သည့်
နွယ်နီကတောင် ဇူးဇူး၏ အခြေအနေကို ရိပ်မိပြီး ရယ်စရာလုပ်ကာ ပြောဖူးသေးသည်။
“ဆရာနိုင်ကို လရောင်ချိုနဲ့သာ ရည်းစားဖြစ်ဖူးတယ်လို့ မသိရင် အခြောက်ကြီးလို့ ထင်မှာပဲဟ .. နင် ဒီလောက်
ပေါ်တင်ကြီး လမ်းခင်းပေးနေတာတောင် လျှောက်လာဖို့ အိုင်ဒီယာ မရဘူးလား မသိဘူး … ဦးဗညားဆိုတဲ့
တစ်ယောက်နဲ့များ ကွာပါ့ ..“
“အေး ဟယ် .. ဇူးဇူးလဲ ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး .. ကိုယ့်မှာတော့ ကိုယ့်ကို နေရာပေးဖို့အတွက်
ဘာလုပ်ပေးရ ပေးရပါ .. ဒါပေမယ့် ခက်တာက ဇူးဇူးကပဲ မိန်းကလေးတန်မယ့် သူ့ကို
အကွက်ပြန်ချောင်းနေရမလိုတောင် ဖြစ်နေပြီ .. လစ်တဲ့အချိန် ဆွဲစိရမလိုပဲ ဟ “
“ခစ် .. ခစ် … ရယ်ရတယ်နော် .. ဆရာနိုင်က ..“
နွယ်နီက သူမစကားကို သဘောကျပြီး ရယ်တော့ ဇူးဇူးလည်း သူမနှင့် အတူ လိုက်ရယ်ခဲ့ဖူးပါသည်။ အခုတော့
သူမအဖြစ်က ရယ်ရအခက်၊ ငိုရအခက်။ တကယ်ဆို မိန်းကလေးတစ်ယောက် အဖော်မပါပဲနှင့်
ယောက်ျားလေးတစ်ယောက်ထဲ ရှိရာ အခန်းကို ဆိုက်ဆိုက်မြောက်မြောက် ရောက်လာသည်ဆိုကတည်းက
သူမသဘောထားက ဘယ်လိုဆိုတာကို နိုင်မျိုးအောင် သိသင့်ပါသည်။ အခုတော့ ကြေးအိုးရည်လေး မဆိုစလောက်
ကျသည်ကို ဟန်ဆောင်ပြီး အပူလောင်ပြလိုက်ရသည့် အိုက်တင်သာ ဆုံးရှုံးသွားသည်။ ဇူးဇူး၏ အကွက်က
မပေါက်ရောက်သည်သာမက၊ သတင်းဆိုးတစ်ခုကပါ အစစ်ထပ်ပြီး သူမရင်ထဲ ရောက်လာရသေးသည်။
ဇူးဇူး အရင်ရည်းစား ကိုတူးသာဆိုလျှင် ဒီလိုနေရာမျိုးတွင် ပွဲပြတ်နေလောက်ပြီ ဖြစ်သည်။
“ဟိုတစ်ယောက်ကျတော့လဲ လည်လွန်းလို့ ရည်းစားတောင် နှစ်ယောက် ပြိုင်တူထားသေးတယ် .. ထားတာမှ
ငါ့ဘေးက သူငယ်ချင်းကိုမှ .. ဒီတစ်ယောက်ကျတော့လဲ အသုံးမကျလိုက်တာ .. ကိုယ်တုံးလုံးချွတ်ပြီး
ရှေ့မှာသွားနေရင်တောင် မတို့မထိပဲ ကသိုဏ်းထိုင်ရှုနေဦးမလား မသိဘူး ..“
စိတ်ပျက်လက်ပျက်နှင့် ဇူးဇူး စိတ်ထဲကနေ ညည်းမိသည်။
ဇူးဇူးလို မိန်းမချောလေး တစ်ယောက်အတွက် သူမကို စိတ်ဝင်စားသည့် ယောက်ျားလေးဆိုတာ ရှားလှသည်
မဟုတ်ပါ။ ဆယ်တန်းအောင်လို့ တက္ကသိုလ်ရောက်ပြီ ဆိုကတည်းက ဟိုမှဒီမှ ၀ဲပျံလာကြသည့်
ပုရိသပျားပိတုန်းတွေသည် တစ်ကောင်ပြီး တစ်ကောင် သူမအနားတွင် ရှိနေခဲ့သည်။
ထိုပျားပိတုန်းတွေထဲမှ သူမထက် အတန်းတစ်တန်းကြီးသည့် ကိုတူးကို ဇူးဇူးတစ်ယောက် စိတ်တိုင်းကျ ရွေးချယ်ပြီး
သူမအနားတွင် ခစားစေခဲ့သည်။ ကိုတူးက ဇူးဇူးတို့ကျောင်းတွင် နာမည်ကြီးသည်။ ရုပ်ရည်ရှိသည်။ ပိုက်ဆံရှိသည်။
အပေါင်းအသင်းကောင်းသည်။ ထို့အပြင် ဇူးဇူးကိုလည်း စိတ်ရှည်လက်ရှည်နှင့် အလိုလိုက်ကာ အကြိုက်ဆောင်သူ
ဖြစ်သည်။ ထိုအချက်များကြောင့် ဇူးဇူး ကိုတူးကို ရည်းစားအဖြစ် လက်ခံခဲ့တာ ဖြစ်ပါသည်။ ချစ်လို့လားဆိုလျှင်တော့
သူမ မဖြေတတ်။
သို့သော် ဇူးဇူး မသိသည့် အချစ်အကြောင်းကို ကိုတူးကသိအောင် လက်တွေ့သင်ပြခဲ့သည်။ ရည်းစားအဖြစ်
လက်ခံလိုက်သည် ဆိုသောနေ့မှာပင်သူမကို အနမ်းအကြောင်း စတင်သင်ပေးသည်။ တစ်ပတ်ကြာတော့ ကိုတူး၏
အနမ်းတွေသည် သူမ နှုတ်ခမ်းတွေပေါ်မှာ ရှိမနေတော့ပါ။ သူမတစ်ကိုယ်လုံးသို့ ပြန့်နှံ့လာခဲ့သည်။ ထို့အတူ ဇူးဇူးနှင့်
ကိုတူး ချိန်းတွေ့ရာသည်လည်း တက္ကသိုလ်၏ ပရ၀ုဏ်အတွင်း၌သာ ရှိနေသည် မဟုတ်တော့။
ခေတ်မီတိုးတက်လာသည့် စုံတွဲတွေ၏ ထုံးစံအတိုင်း ကျောင်းကနေ ကိုတူးကားနှင့် မောင်းသွားလျှင်
နာရီဝက်လောက်ပဲမောင်းရမည့် တည်းခိုခန်းထဲမှာ ဖြစ်လာခဲ့သည်။ ပထမဆုံး အခေါက်ကတော့ ဇူးဇူး
ရှက်လိုက်သည့် ဖြစ်ခြင်း။ တည်းခိုခန်းထဲ ၀င်လိုက်ပြီဆိုတာနှင့် ဘေးပတ်ဝန်းကျင်တောင် မကြည့်ရဲပဲ ခေါင်းကိုသာ
တွင်တွင် ငုံ့ထားဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်တော့ တစ်ခေါက်ပြီးတစ်ခေါက် ရောက်ပါများလို့လား မသိ။ ဇူးဇူး
ရိုးသွားသည်။ တည်းခိုခန်းကောင်တာမှာ ခန့်ထားသည့် အစ်မတစ်ယောက်နှင့်တောင် မျက်မှန်းတန်းပြီး
မေးထူးခေါ်ပြော ဖြစ်လာခဲ့သည်။
ထိုအစ်မနှင့် ခင်မင်သွားမှုကြောင့်သာ ဇူးဇူးတစ်ယောက် ကိုတူးနှင့် ပတ်သက်ပြီး တံလျှပ်ကို ရေထင်နေခဲ့သော
ဘ၀မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ သူမနှင့် မဟုတ်ပဲ တခြားမိန်းကလေးတစ်ယောက်နှင့် ကိုတူး
လာလေ့ရှိသည်ဆိုသော သတင်းကို ရရှိလာခဲ့သည်။ ကိုတူးတို့ အတွဲလာလေ့ရှိသည်ဆိုသော အချိန်တွင်
တည်းခိုခန်းရှေ့မှာ သွားစောင့်နေခဲ့သည်။ အချိန်တန်၍ နှစ်ယောက်သား ပခုံးချင်းဖက်၊ အကြည်ဆိုက်ပြီး
ထွက်လာကြသော အတွဲသည် ကိုတူးနှင့် သူမသူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်နေသည်ဆိုတာကိုတွေ့တော့ ဇူးဇူး
ကိုယ့်မျက်လုံးကိုတောင် မယုံနိုင်။ သူမသာမက၊ ဟိုဘက်က ကြောင်သူတော် အတွဲကလည်း
သူမကိုပြန်ကြည့်နေသည်များ နေ့လယ်ဘက်ကြီးမှာ တစ္ဆေတစ်ကောင်ကို ပက်ပင်း တွေ့လိုက်ရသည့် အကြည့်မျိုး။
ထိုနေ့ထိုအချိန်ကတည်းက စ၍ ဇူးဇူးဘ၀တွင် ယောက်ျားနှင့် ပတ်သက်ပြီး ကင်းကွာခဲ့သည်မှာ ယနေ့အချိန်ထိ။
တစ်ခုတော့ ဇူးဇူး ပြောရဲပါသည်။ ကိုတူးတစ်ယောက် သူမနောက်ကွယ်မှာ ဖောက်ပြန်ခဲ့လို့ ယောက်ျားတွေကို
စိတ်နာသွားသည် ဆိုတာမျိုးတော့ ဇူးဇူး မဖြစ်ပါ။ ယောက်ျားဆိုတော သတ္တ၀ါကို မယုံကြည်သည်သာဖြစ်ပြီး သူမ၏
ခန္ဓာကိုယ်ကတော့ ဖိုဓါတ်၏ အထိအတွေ့ကို တောင့်တခဲ့သည်သာ။ အထူးသဖြင့် ကိုတူး ချစ်သမျှကို
ကောင်းကောင်းကြီးခံခဲ့ရဖူးသော သူမ၏ ကိုယ်ပိုင်အင်္ဂါနေရာက အဆိုးဆုံး။ တခါတလေများ စိတ်ထလို့
ယားယံလာပြီဆိုလျှင် ကိုယ့်လက်နှင့်ကိုယ် ပြန်ပွတ်ရတာကိုတောင် အားမရချင်။
သန်သန်စွမ်းစွမ်း ယောက်ျားတစ်ယောက် အင်တိုက်အားတိုက် ချစ်ပေးတာကို လိုချင်မိသည်။ ထို့ကြောင့်လည်း
ဆရာနိုင်မျိုးအောင်နှင့်တွေ့တော့ ဟုတ်ပြီဆိုပြီး လှုပ်ရှားခဲ့တာ ဖြစ်သည်။ သူမအကြံက သူမလည်း
ခေါင်းဆောင်အဆိုတော်ဖြစ်၊ ဆရာနိုင်နှင့်လည်း စိတ်ကူကိုယ်တူ အချစ်ပွဲနွှဲဖြစ်။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပင်။
အခုတော့ ထိုအကြံက ဆိုခဲ့သလို နှစ်ချက်တော့ပြတ်ပါသည်။ စဉ်းစားထားသည်နှင့် ပြောင်းပြန် ပြတ်သွားသည့်
နှစ်ချက် ..။
ကိုယ့်အတွေးနှင့်ကိုယ် မျောကာပါလာခဲ့သည့်အတွက် တက်စီသမားက သူမ အိမ်ရှိရာလမ်းကို ချိုးကွေ့ပြီး
ဝင်လိုက်သည်ကိုပင် ဇူးဇူး သတိမမူမိခဲ့။ တက်စီဒရိုင်ဘာက ဘယ်တိုက်ရှေ့မှာ ရပ်ပေးရမလဲလို့ မေးမှ ဇူးဇူး
ကိုယ့်လမ်းကိုယ် ပြန်ရောက်လာမှန်း သတိရသည်။ နှစ်တိုက်စာလောက်တောင် ကိုယ့်တိုက်ကို ကျော်သွားသည်မို့
ကမန်းကတမ်း လမ်းဘေးကို လက်ညိုးထိုးကာ ရပ်ခိုင်းလိုက်ရသည်။ တက်စီသမားကို ကားခပေးပြီး နောက်ခန်းမှ
ထွက်လိုက်တော့မှ သူမ ကားရပ်ရာ နေရာက လမ်းထဲရှိ လက်ဖက်ရည်ဆိုင်နှင့် သိပ်မဝေးတာကို သတိထားမိသည်။
ဂျင်းဘောင်းဘီ တိုတိုလေးသာ ၀တ်ထားသည့် သူမဆီသို့ လက်ဖက်ရည်ဆိုင်ထဲမှ ပုရိသယောက်ျားအပေါင်း၏
မျက်လုံးက ၀ုန်းခနဲ ရောက်ရှိလာသည်ကို ဇူးဇူး သတိထားမိသည်။ ခါတိုင်း ဒါမျိုးအကြည့်ခံရလျှင်
စိတ်ထဲသာယာမိသော်လည်း ဒီနေ့တော့ အလိုလို စိတ်တိုနေသည်။ မျက်နှာကို ရှစ်ခေါက်ချိုးအသွင်
ဖန်ဆင်းလိုက်ပြီး ကိုယ့်တိုက်ခန်းရှိရာသို့သာ ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။ လက်ဖက်ရည်ဆိုင်ထဲမှ သူမကို
လှမ်းစလိုက်သော ယောက်ျားသံများကို ကြားရသည်။ ဇူးဇူး ဂရိုက်စိုက်မနေပါ။ သူမတို့ အိမ်ခန်းကို တက်သည့်
လှေကားဆီသို့သာ ခပ်သွက်သွက်လျှောက်လာခဲ့သည်။
ဒီအချိန်ဆို အိမ်မှာ အမေရော၊ အဖေပါ မရှိတတ်သဖြင့် အိမ်တံခါးဖွင့်ကာ ၀င်လိုက်သည်တွင် တိတ်ဆိတ်သော
တိုက်ခန်းက သူမကို စောင့်ကြိုနေသည်။ သုံးပင် နှစ်ခန်းတွဲ တိုက်ခန်း၏ နောက်ဘက်ခြမ်းတွင် ရှိသော
သူမ၏ကိုယ်ပိုင် အခန်းလေးထဲသို့ ဇူးဇူး ၀င်လာခဲ့သည်။ အခန်းထဲရောက်သည်နှင့် တံခါးကို လော့ချကာ ပိတ်သည်။
ပြီးလျှင် စိတ်ပေါက်ပေါက်နှင့် တစ်ကိုယ်လုံးရှိ ရှိရှိသမျှ အ၀တ်အစားတွေကို ချွတ်လိုက်သည်။ အခန်း၏
နံရံတစ်ဖက်တွင် ကပ်ကာ ရှိနေသာ မှန်တင်ခုံ မှန်ထဲတွင် အပြစ်ပြောစရာ မရှိသည့် မိန်းမချောလေးတစ်ယောက်
ရပ်နေသည်ဆိုတာကို လှမ်းတွေ့ရသည်။
ဇူးဇူး မှန်ထဲမှာ ပေါ်နေသည့် သူမ၏ ပုံရိပ်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် မဲ့ပြုံးတစ်ခုပြုံးသည်။ ငါ
တော်တော်မိုက်မဲတဲ့ မိန်းမပဲ။ အယုံလွယ်ခဲ့မိလို့ သူမ တစ်ခါ ခံခဲ့ရသည်။ အခုတစ်ခါတော့ သူမကိုယ်သူမ
အယုံကြည်လွန်းလို့ ခံခဲ့ရသည်။ ဇူးဇူး .. နင့်ဘ၀ ခံရတဲ့ဘက်ကချည်းပါလား ..။ ဇူးဇူး ရင်နာနာနှင့်
တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်သည်။ အခုအချိန်တွင် ပေါက်ကွဲထွက်ချင်နေသော သူမအတွက်
အလိုအပ်ဆုံးအရာက ဘာဆိုတာ သူမသိသည်။ မှန်တင်ခုံ အံဆွဲထဲမှ Discman လေးကို ဆွဲထုတ်လိုက်ပြီး
အသင့်တပ်ထားသည့် နားကြပ်နှစ်ခုကို နားတစ်ဖက်တစ်ချက်စီမှာ တပ်သည်။ ပြီးနောက် ကုတင်ပေါ်သို့တက်ကာ
ပက်လက်လှန်၍ နေရာယူလိုက်သည်။ သူမ စိတ်ကျဉ်းကြပ်လျှင် ဒီလိုမျိုး အမြဲပြုမူနေကြဖြစ်သည်။ နားထဲတွင် သူမ
အကြိုက်ဆုံးသီချင်း၏ တီးလုံးသံကို စတင်ကြားလိုက်သည်နှင့် ဇူးဇူး လက်သွယ်လေးလေးတစ်ဖက်က ပေါင်ကြားကို
အလိုလို ရောက်သွားတော့သည်။
