" CANDY RANGERS " အပိုင်း ( ၁ )

8.3K 15 0
                                    

" CANDY RANGERS " အပိုင်း ( ၁ )

ဇာတ်လမ်း - နတ်သား

... အစ ...
အုတ်ခဲနီနီလေးတွေကို ညီညီညာညာအကွက်ဖော်ကာ ခင်းထားသည့် လမ်းတလျှောက် လျှောက်လာရင်းမှ၊
နိုင်မျိုးအောင် နောက်ပြန်လှည့်မကြည့်ပဲ ကားသော့နှင့် အတူတွဲထားသည့် ခလုတ်ကို နှိပ်သည်။
"တွမ် တွမ်" ဆိုသည့် အသံက သူရပ်ထားခဲ့သည့် နေရာရှိ ပရာဒိုကားအနက်ကြီးဆီမှ ကြားရသည်။ စတူဒီယိုမှ
ပြန်လာခဲ့သည့် လမ်းတလျှောက် အတွေးတွေနှင့် နစ်မျောနေခဲ့သဖြင့် အိမ်ပြန်ရောက်သည့်တိုင် ကားတံခါးသော့
ပိတ်ခဲ့သလား၊ မပိတ်ခဲ့သလား မသိ။ အခုမှ သေချာသွားသည်။ နိုင်မျိုးအောင် တစ်ယောက် အခုလိုမျိုး
လူနှင့်စိတ်မကပ်တာ တော်တော်ကြာပါပြီ။ အသေအချာသာ ပြောရမည်ဆိုလျှင် ခြောက်လတိတိပင်ရှိနေခဲ့ချေပြီ။
ကားသော့ကို စတိုင်ဘောင်းဘီ၏ ဘေးအိတ်ထဲ ပြန်ထိုးထည့်လိုက်ပြီး Inya Heights ဆိုသော နာမည်ကို
ရွှေရောင်ဖောင်းကြွစာလုံးတွေနှင့် ထိုးထားသော ကွန်ဒို၏ ဆင်ဝင်အောက်ထဲသို့ ခြေလှမ်းမှန်မှန်
လျှောက်ဝင်လာခဲ့သည်။ အုတ်နီခဲလေးတွေနှင့် သူ့ရှူးဖိနပ်ဒေါင့် ထိတွေ့သံက တဒေါက်ဒေါက်နှင့်
မြည်နေလေသည်။ အချိန်က ညနေခင်း မရောက်တရောက် အချိန်မို့ ကွန်ဒိုရှေ့ တွင် လူရှင်းနေသည်။ သူမှလွဲ၍
တခြားသူ မရှိ။ အထပ်နှစ်ဆယ်မြင့်ပြီး ခန့်ညားထည်ဝါစွာ ဆောက်လုပ်ထားသည့် ကွန်ဒိုရှေ့တွင် သူ
တစ်ယောက်တည်း။ သူ့ဘေးတွင် လူသူတစ်ယောက်မှ မရှိသလို၊ သူ့ရှေ့တွင်လည်း ဘယ်သူမှ မရှိ။
ဟူး ... နိုင်မျိုးအောင်၏ ပတ်ဝန်းကျင်သည် တိတ်ဆိတ်မှု အပြည့်အစုံနှင့် ကြေကွဲစွာ လဲလျောင်းလျှက်
ရှိနေလေသည်။
ကွန်ဒို၏ Lobby ကို ဖြတ်ကျော်လာပြီးနောက် ၁၂ထပ်ရှိ သူ့အခန်းဆီ တက်ဖို့ ဓါတ်လှေကား စောင့်နေစဉ်တွင်
သန့်ရှင်းရေးအလုပ်သမား ဖြစ်သူ အပါနားကို တွေ့သည်။
"ဆရာနိုင် ပြန်လာတာ စောလှချည်လား ..."
အပါနားက သန့်ရှင်းရေးလှည်းလေးကို ရေကူးကန်ဘက်က တွန်းလာရင်း နှုတ်ဆက်တာ ဖြစ်သည်။
အင်လျားဟိုက်စ်မှာနေနေတာ နှစ်နှစ်ရှိပြီမို့ နိုင်မျိုးအောင်ကို သူက မှတ်မိနေသည်။
"အေး .. ဒီနေ့ စတူဒီယိုမှာ လုပ်စရာ အလုပ်နည်းလို့ စောစောစီးစီး ပြန်လာတာ .. ဒါနဲ့ ရေကူးကန်ဘက်မှာ
လူတွေများလား ... အပါနား .."
"မများသေးဘူး .. ဆရာနိုင်... ညနေဘက် သိပ်မရောက်သေးလို့ ထင်တယ် ... ဆရာနိုင် ကူးမယ်ဆိုရင်
အချိန်ကောင်းပဲ ..."
"အေး ... အေး ..."
နိုင်မျိုးအောင် စကားစဖြတ်ကာ "၁" ကို ရောက်လာတော့မည့် ဓါတ်လှေကားကို စောင့်နေလိုက်သည်။ အပါနားလဲ
သူ့တွန်းလှည်းလေးကို တွန်းကာ စတိုဘက်ကို ထွက်သွားလေသည်။ အသက် ၃၀ပြည့်တော့မှာ ဖြစ်သည့်တိုင်
တစ်ယောက်တည်းသမား ဖြစ်နေသည့် နိုင်မျိုးအောင်အတွက် သူ့ဘေးပတ်ဝန်းကျင်တွင် ခင်တွယ်စရာ
လူနည်းပါးလှသည်။ ထို့ကြောင့်ပင် သူရေကူးတိုင်း ရေကူးကန်နားတွင် သန့်ရှင်းရေး တာဝန်အမြဲကျလေ့ရှိသူ
အပါနားနှင့် ခင်မင်နေတာ ဖြစ်သည်။ တခါတလေ အပါနားနှင့် စကားလက်ဆုံ ပြောဖြစ်သည်။ အသက်၂၀
အရွယ်ကတည်းက အိမ်ထောင်ကျခဲ့သည့် အပါနားသည် နိုင်မျိုးအောင်၏ တကိုယ်တည်းဘ၀ကို ကြည့်ပြီး
ကြားကနေ ကျိတ်မနိုင်ခဲမရ ဖြစ်နေသူများတွင် တစ်ဦးအပါအ၀င် ဖြစ်သည်။
ဓါတ်လှေကားက မြေညီထပ်ကို ရောက်လာပြီ ဖြစ်သဖြင့်၊ ဝေ့လည်လည် ဖြစ်ချင်နေသော အတွေးစကို
အတင်းဖြတ်တောက်ပြီး နိုင်မျိုးအောင် သူ့အခန်းရှိရာသို့ တက်လာခဲ့သည်။ ၁၂ထပ်အရောက်တွင် ထွက်လိုက်ပြီး
ညာဘက်သို့ ချိုးကွေ့လိုက်သည်။ မဟော်ဂနီရောင် တလက်လက်ထနေသော အိမ်တံခါးမကြီးက သူ့ဝင်ပေါက်ကို
ကာဆီးလျှက်သားနှင့် အသင့်စောင့်ကြိုနေသည်။ နှစ်နှစ်တာ သက်တမ်းအတွင်း မရိုးနိုင်အောင် နေ့စဉ်နေ့တိုင်း
မြင်နေရသည့် မြင်ကွင်းဖြစ်သည့်တိုင် ဒီနေ့တော့ နိုင်မျိုးအောင် တစ်ယောက် ရင်ထဲ တစ်မျိုးဖြစ်ရသည်။
အသံမမြည်သည့် သက်ပြင်းတစ်ခုကို ကျိတ်ကာချရင်း သူ့အခန်း၏ ကုတ်နံပါတ်ကို တံခါးဘောင်၏ဘေးတွင်ရှိသော
သော့ကွက်တွင် ရိုက်နှိပ်လိုက်မိသည်။
ထုံးစံအတိုင်းပင် ....
ခေတ်မီဆန်းသစ်သည့် အိမ်ထောင်ပရိဘောဂများနှင့် ဖွဲ့ စည်းထားသည့်တိုင် တိတ်ဆိတ်သွေ့ ခြောက်နေသော
ဧည့်ခန်းက သူ့ကို ဆီးကြိုနေပြန်သည်။ နိုင်မျိုးအောင် စီးလာသည့် ဖိနပ်ကိုတောင် ချွတ်ဖို့ အားအင် မရှိတော့သလို
ခံစားရပြီး၊ ဧည့်ခန်းအလယ်က ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ အကောင်းစား ဆိုဖာက စွေ့ကနဲ
ဝင်လာသည့် သူ့ကိုယ်ကို အိကနဲနေအောင် ပြန်ကန်လိုက်သည်မို့ နိုင်မျိုးအောင် ဆိုဖာကို ယောင်၍ ငုံ့ကြည့်မိသည်။
အခုအချိန်များ ဆိုဖာကြီးသာ အသက်ဝင်လာပြီး စကားပြောခဲ့မည်ဆိုလျှင် နိုင်မျိုးအောင်ကို ဘာဖြစ်လို့
တစ်ယောက်တည်း ဖြစ်နေရတာလဲဟု မေးနေမလား မသိ။ ဦးနှောက်ထဲက အတင်း မောင်းထုတ်ထားခဲ့သည့်တိုင်
အတွေးစတွေက ဒီအကြောင်းအရာသို့ပဲ ဦးတည်ကာ ပြန်ရောက်လာတော့ နိုင်မျိုးအောင် စိတ်ညစ်လာရသည်။
ဒီအတိုင်း တိတ်တိတ်ဆိတ်ဆိတ်နေလို့တော့ မဖြစ်တော့ပါဘူးဟု တွေးပြီး စားပွဲပေါ်တွင် ရှိနေသည့် တီဗွီရီမုတ်ကို
ကောက်ယူလိုက်သည်။
"ကျမတို့ အစီအစဉ်ရဲ့  နောက်ဆုံးပိတ်အနေနဲ့ ယခုရက်သတ္တပတ်ရဲ့  နံပါတ်တစ်နေရာမှာ ရပ်တည်နေတဲ့
လူကြိုက်အများဆုံး သီချင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ..."
MRTV-4 မှ ကုတ်အင်္ကျီအပြာရောင်လေးကို စတိုင်လ်ကျကျ ၀တ်ဆင်ထားသည့် presenter (တင်ဆက်သူ)
ကောင်မလေးကြောင့် နိုင်မျိုးအောင် စိတ်ဝင်စားသွားသည်။ သူလည်းပဲ ဂီတလောကထဲမှ လူမို့ တစ်ပတ်တာ၏ Top
Ten သီချင်းများကို ရွေးချယ်တင်ဆက်ပေးသော အစီအစဉ်နှင့် တိုက်တိုက်ဆိုင်ဆိုင် တိုးတော့ သိချင်လာမိသည်။
ဘယ်သီချင်းကများ နံပါတ်တစ်နေရာမှာ ရှိနေတာပါလိမ့် ...။
"ဇွန်လ တတိယပတ်ရဲ့  လူကြိုက်အများဆုံး သီချင်းကဏ္ဍမှာ နံပါတ်တစ်နေရာမှာ ရပ်တည်နေတဲ့ သီချင်းက
ဘာသီချင်းများ ဖြစ်နေမလဲဆိုတာ ပရိတ်သတ်ကြီး သိချင်နေမှာပေါ့နော် .. တကယ်တော့ အခုအပတ်ရဲ့ 
နံပါတ်တစ်နေရာမှာ ရှိတဲ့ သီချင်းက ပြီးခဲ့တဲ့အပတ်တုန်းကလည်း နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့တဲ့
သီချင်းဖြစ်ပါတယ် .."
အစီအစဉ် တင်ဆက်သူ ကောင်မလေးက ဘာသီချင်းလည်း ဆိုတာကို ထုတ်မပြောပဲ အပြုံးချိုချိုလေးနှင့်
သီချင်းအကြောင်း ဝေေ၀ဆာဆာ ညွှန်းဆိုနေသဖြင့် နိုင်မျိုးအောင် စောင့်ကြည့်ရင်းနှင့်တောင် မချင့်မရဲ
ဖြစ်လာရသည်။ သူက ဒီအစီအစဉ်လာသည့်အချိန်တွင် အိမ်မှာ မရှိတတ်သဖြင့် အရင်အပတ်တုန်းက
ဘယ်သီချင်းက နံပါတ်တစ်ဖြစ်သလဲဆိုတာ မသိပါ။ သို့သော် သူ့စိတ်ထဲတွင်တော့ တစ်စုံတစ်ယောက်၏
မျက်နှာလေးကို ပြေးမြင်လာမိသည်။ ဘာဖြစ်လို့ ဒီလိုမြင်ရတာလဲ ဆိုတာ သူ့ကိုယ်သူတောင် နားမလည်။
နိုင်မျိုးအောင်၏ အတွေးမြင်ကွင်းက ပီပီပြင်ပြင်တောင် မဖြစ်သေး၊ အစီအစဉ် ကြေညာသူ ကောင်မလေး၏
နောက်ဆက်တွဲ စကားကြောင့် သူ့နှလုံးသားက ရုတ်တရက် လှုပ်ခါသွားသည်။
"သီချင်းခွေစထွက်သည့်အချိန်ကစပြီး ယနေ့ထက်တိုင် သီတင်းအပတ် ခုနှစ်ပတ်တိတိ၊ လူကြိုက်အများဆုံးနေရာမှာ
နံပါတ်တစ် အဖြစ် ဆက်တိုက် ရပ်တည်နေတာကတော့ တက်သစ်စ တေးသံရှင် အဆိုတော်မလေး လရောင်ချိုရဲ့
အပြစ်မမြင် ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ် .. ကဲ .. အားလုံးပဲ ကျမနဲ့အတူ လရောင်ချိုရဲ့ အပြစ်မမြင်ဆိုတဲ့
သီချင်းလေးကို နားဆင်ကြည့်လိုက်ရအောင်နော် .."
မြင်ကွင်းအပြောင်းအလဲ ဖြစ်သွားသည့် တီဗွီ၏ မြင်ကွင်းကို ကြည့်ပြီး နိုင်မျိုးအောင် ငိုင်သွားသည်။ ခြောက်လတိတိ
မေ့ဖို့ ကြိုးစားခဲ့သည့် အကြောင်းအရာတစ်ခုသည် အခုလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် သူ့ရှေ့သို့
ပြန်ရောက်လာမည်မှန်း ထင်မထားခဲ့။ လှပနုပျိုသည့် အဆင်းလက္ခဏာတွေနှင့် ပြည့်နှက်နေသော
မိန်းမချောလေးတစ်ယောက် နွဲ့နှောင်းစွာ သီချင်းဆိုနေသည်ကို သူ ငေးမောနေမိသည်။ ချိုနွဲ့ ထပီးသာယာသော
သီချင်းသံသည် သူ့နားထဲသို့ စိမ့်ဝင်စွာ စီးဆင်းလာသည်။ သြော် .. အပြစ်မမြင်ဘူးတဲ့လား။ သူမက တကယ်ပဲ
အပြစ်မမြင်တာလား။ ဒါဆို အပြစ်မြင်ခဲ့သူဟာ သူပဲဖြစ်နေတာလား။ နိုင်မျိုးအောင် တီဗွီဖန်သားပြင်ကို
အသိစိတ်မဲ့စွာ စိုက်ကြည့်နေမိသည်။ အနက်ရောင် အပေါ်အောက်ဝမ်းဆက် ၀တ်စုံကို ကိုယ်လုံးပေါ်အောင်
ဝတ်ဆင်ထားသည့် မိန်းမချောလေးကမူ သူမ၏ ကိုယ်လေးကို ယိမ်းနွဲ့ လှုပ်ခါလျှက် သီချင်းတစ်ပုဒ်ကို
ဆိုညည်းနေလေသည်။
"ချစ်သူ့ဘေးနားမှာ နေတဲ့ခဏ .. နူးညံ့နွေးထွေးသလို အကြည့်လေးများထဲ .. တင်းထားမယ် တို့စိတ်ကူးတွေ
အခိုးအငွေ့ ဖြစ်ကာရယ် ..."
တကယ်ဆို သူ ဒီသီချင်းကို ဆက်နားထောင်ဖို့ မသင့်ပါ။ လက်ထဲ ကိုင်ထားဆဲဖြစ်သည့် ရီမုတ်ကို နှိပ်ကာ
ပိတ်ပစ်လိုက်ဖို့ ကောင်းပါသည်။ သို့သော် နိုင်မျိုးအောင် ထိုသို့ မလုပ်ဖြစ်။ မလုပ်ရက်။ ပြုလုပ်ဖို့ရန်လည်း
စွမ်းအားမဲ့သလို ခံစားနေရသည်။ ကင်မရာမင်းက အနီးကပ် ရိုက်ကာ ပြထားသည့် မျက်နှာလှလှလေးကို
ငေးကြည့်နေမိသည်။ ဒီမျက်လုံး၊ ဒီနှုတ်ခမ်း၊ ဒီအသံ။ ဒါတွေကို သူ ရင်းနှီးခဲ့ဖူးသည်။ လရောင်ချိုဆိုသည့်
အဆိုတော်မလေးသည် တီဗွီထဲမှာ သီချင်းဆိုနေတာ မဟုတ်တော့။ နိုင်မျိုးအောင်၏ ကွန်ဒိုအခန်းလေးထဲတွင်
ကိုယ်ကလေးကို နွဲ့ ကာ သီချင်းဆိုနေသည်သာ ဖြစ်သည်။
ချည်သားဂါဝန်လေးနှင့် ကိုယ်ကလေးကို နွဲ့ကာ သီချင်းဆိုနေသည့် ကောင်မလေးကို ဆိုဖာပေါ်တွင် ထိုင်လျက်က
နိုင်မျိုးအောင် ရီဝေစွာနှင့်မော့ကြည့်နေမိသည်။ တမ်းတမ်းတတ မြတ်နိုးသည့် အကြည့်။ ထိုစဉ်တွင်
ဘယ်ဘက်ပါးပြင်ပေါ် ရုတ်တရက် ဖုံးသွားသည့် ဆံနွယ်တစ်ချို့ ကို လရောင်ချိုက လက်ဖြင့်သိမ်းကာ
နားရွက်နောက်သို့ ပို့သည်။ ပြီးလျှင် သီချင်းအဆို မပျက်ပဲ သူ့ကို ထိုအနေအထားနှင့် ငုံ့ကြည့်သည်။
ထိုကြည့်ဟန်လေးကြောင့် နိုင်မျိုးအောင်တစ်ယောက် လက်ထဲတွင် ကိုင်ထားသည့် ၀ီစကီခွက်ကို သောက်ရမှာလား၊
မသောက်ရမှာလား မသိပဲနှင့် ဆက်ကိုင်ထားမြဲထားလျှက် ရှိနေလေသည်။
"အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတဲ့နောက် .. ဖြစ်သမျှဟာ အကောင်းပဲပေါ့ ... မင်းရင်ခွင်နဲ့ ခွဲခွာနေဖို့ မရဲပါဘူး ..
အနားနားမှာ အမြဲရှိပါရစေ .."
http://www.youtube.com/watch?v=RkFx7_fa2KA
လေလှိုင်းထဲတွင် လွင့်နေသော သီချင်းသံသည် ပြီးဆုံးသွားပြီ ဖြစ်သည်။ သို့သော် နိုင်မျိုးအောင်၏ နားထဲတွင်
လရောင်ချို၏ အသံက ပျောက်ပျယ်မသွားသေးချေ။ အပြစ်မမြင်ဆိုသည့် ဤသီချင်းသည် လရောင်ချို၏ ပထမဆုံး
စီရီးအတွက် Title Song အဖြစ် သူတို့နှစ်ယောက်ပေါင်း၍ ရွေးထားသော သီချင်းဖြစ်သည်။
သီချင်းကောင်းလေးတွေ လေးငါးပုဒ်လောက် ရှိသည့်အထဲမှ ငြိမ့်ငြိမ့် ညောင်းညောင်း ရှိလှသည့် ဤသီချင်းကို
နိုင်မျိုးအောင်ရော၊ သူမပါ ကြိုက်နှစ်သက်ပါသည်။ ထို့အတွက်ကြောင့် လရောင်ချိုက သီချင်းနားထောင်မလား
ဆိုပြမယ်ဆိုတော့ မဆိုင်းမတွဆိုသလို နိုင်မျိုးအောင် ဒီသီချင်းကို တောင်းဆိုခဲ့သည်သာ ..။
"ကိုနိုင် .. လူကို ဘာဖြစ်လို့ ဒီလောက်တောင် စိုက်ကြည့်နေတာလဲ .. သီချင်းဆို ပြီးတာဖြင့် ကြာလှပြီ .."
လရောင်ချိုက မတ်တပ်ရပ်နေရာမှ သူ့ဘေးနားရှိ လွတ်နေသည့် ဆိုဖာဘက်ခြမ်းတွင် ၀င်ထိုင်လိုက်မှ နိုင်မျိုးအောင်
အသိပြန်ဝင်လာသည်။ မျက်နှာဖူးဖူး ၀ိုင်းဝိုင်းလေးနှင့် ကြွေရုပ်လေးလို လှပသည့် လရောင်ချို၏ မျက်နှာလေးကို
လှည့်ကြည့်သည်။ တစ်နေတာလုံး စတူဒီယိုထဲတွင် သီချင်းတိုက်စဉ်တလျှောက် နီးနီးကပ်ကပ် နေခဲ့ရသည့်
အတွေ့အကြုံကို၊ ဖန်ခွက်တစ်ဝက်လောက် ကျိုးသွားပြီ ဖြစ်သော ၀ီစကီ၏ အရှိန်နှင့် ထည့်ပေါင်းလိုက်တော့
နိုင်မျိုးအောင် စိတ်ထဲတွင် ဆန္ဒတစ်ခုက ဖြစ်တည်လာသည်။ ကိုင်ထားဆဲ ဖြစ်နေသေးသည့် ၀ီစကီကို
တစ်ကျိုက်လောက် အနည်းငယ် ထပ်မော့ပြီး ရှေ့က စားပွဲခုံတွင် တင်သည်။ လရောင်ချိုကတော့ နိုင်မျိုးအောင်
လုပ်သမျှကို အရည်လဲ့နေသည့် မျက်ဝန်းများနှင့် မခို့တရို့ လိုက်ကာကြည့်နေသည်။ နိုင်မျိုးအောင်တစ်ယောက်
ဘာဆက်လုပ်တော့မည်ဆိုတာ လရောင်ချို ဗေဒင်မမေးရပဲ သိနှင့်နေသည်။ သူမအတွက်တော့ နိုင်မျိုးအောင်သည်
တွက်ချက်စရာမလိုပါပဲ အဖြေကိုသိနှင့်နေသော ပုစ္ဆာတစ်ပုဒ်ပင် ..။
"ချိုက သီချင်းဆိုတာ အရမ်းကောင်းလို့ စိုက်ကြည့်နေတာပါ .. ချို့ရဲ့ အသံနဲ့ ဒီသီချင်းက အရမ်းလိုက်တာပဲ .."
နိုင်မျိုးအောင်၏ အသံက လှိုက်လှိုက်လှဲလှဲ ရှိသည့်တိုင် လရောင်ချို စိတ်ထဲ ဘယ်လိုမှ မနေပါ။ ဒီယောက်ျား သူမကို
တကယ်ကို ချစ်မြတ်နိုးစွာနှင့် ပြောသည်ဆိုတာ သိသည့်တိုင် လရောင်ချိုရင်ထဲ လှုပ်ခတ်မှု မဖြစ်။ အရင်တုန်းက
လှုပ်ခတ်မှု မဖြစ်ခဲ့သလို၊ အခုလည်း မဖြစ်ပါ။ ကြားဖူးနေကြ စကားတစ်ခွန်းကိုသာ မရိုးတမ်း ထပ်ခါတလဲလဲ
ပြောနေသည့် နိုင်မျိုးအောင်ကိုသာ ငေးကြည့်နေမိသည်။ ဒီယောက်ျား ဒီစကားတစ်ခွန်းထဲက လွဲလို့ တခြားစကား
ထွင်ပြီး မပြောတတ်တော့ဘူးလား။
နိုင်မျိုးအောင်ကတော့ လရောင်ချို ဘာတွေးနေသည်ကို မသိပါ။ အရည်လဲ့နေသည့် မျက်ဝန်းတွေနှင့်
စိုက်ကြည့်နေသည့် ချစ်သူကောင်မလေးနားသို့ တိုးကပ်လိုက်သည်။ လရောင်ချိုက သူ့ခြေလှမ်းတွေကို သိနေသည်
ဆိုသော အထာနှင့် သူ့ကို ပြုံးစစနှင့် ကြည့်သည်။ ဒီလို အကြည့်ခံရတော့ သောက်ထားသည့်အရှိန်ကို အရဲကိုးပြီး
ရှေ့ဆက်တိုးဖို့ ကြိုးစားသူ၊ နိုင်မျိုးအောင် မ၀ံ့မရဲပြန်ဖြစ်သွားရသည်။
"ကဲ .. ဘယ်လိုဖြစ်ရတာလဲ .. ကိုနိုင်ကတော့လေ ... ဒါမျိုးမလုပ်ဖူးတဲ့သူကျနေတာပဲ .. တကယ်တဲ ..
မိန်းကလေးဖြစ်တဲ့ ချို့ ကိုလဲ အားနာဦး .. ဟုတ်တယ် ..ပြောမပြောချင်တော့ဘူး .."
သူမလက်ကိုပဲ ကိုင်ရမလို၊ ပခုံးကိုပဲ ကိုင်ရမလို ဟိုလိုလို၊ ဒီလိုလိုနှင့် ဖြစ်နေသည့် နေမျိုးအောင် အဖြစ်ကိုကြည့်ပြီး
လရောင်ချိုက မျက်စောင်းထိုးသည်။
"မဟုတ်ပါဘူး .. ချိုရယ် .. ကိုယ်က ချို့ မျက်နှာလေးကို တစိမ့်စိမ့်နဲ့ ထိုင်ကြည့်ချင်နေတာ .. အဲဒီလို .."
အဲဒီလို ကြည့်နေရရင်ကို ကျေနပ်ပါပြီ .. ။ နိုင်မျိုးအောင် ပါးစပ်ထဲမှ ဘာဆက်ထွက်လာမည်ဆိုတာကို
သိနေသည့်အလား လရောင်ချို စိတ်ထဲကနေ လိုက်ရေရွတ်ကြည့်သည်။ တကယ်ပဲ သူမ ထင်ထားသလို
နိုင်မျိုးအောင်က ဆက်ပြောနေသည်။ လရောင်ချို စိတ်ပျက်သွားသည်။ မခံစားနိုင်တော့။ မျက်နှာလေးကို မဲ့လိုက်ပြီး
ထိုင်ရမှ ထသည်။ ဒီလောက်တောင် ရေလာမြောင်းပေး လုပ်နေတာကိုတောင် အဖြစ်ရှိအောင် မလုပ်နိုင်မှတော့
ဒီနေ့ အိမ်ပြန်တာပဲ ကောင်းမည်။ သူ့ကို အားမကိုးချင်တော့ဘူး။
"ဟိတ် .. ဒါက ဘယ်သွားဦးမလို့လဲ .."
ဘသားချောက လရောင်ချို ဆတ်ကနဲ ဆိုဖာပေါ်မှ ကောက်ထလိုက်တော့လည်း သိတတ်သား။ ချက်ချင်းဆိုသလို
သူမလက်ကို လှမ်းဆွဲသည်။ တော်သေးတာပေါ့။ လက်ဆွဲထားဖို့ သိသေးလို့..။
လရောင်ချို ဘာမှ ပြန်မပြောတော့ပဲ ဆိုဖာပေါ်ကို ဆောင့်ကြီးအောင့်ကြီးနှင့် ပြန်ထိုင်ချသည်။ နှုတ်ခမ်းကို
တမင်တကာပင် စူထားပြလိုက်သည်။
"ဆောရီး .. ချိုရယ် .. ကိုယ်က ချိုနဲ့နှစ်ယောက်တည်း သီးသန့်တွေ့ရင် ချစ်တဲ့အကြောင်းပဲ ပြောချင်နေတာ ..
ချိုနားထောင်နေရတာ တစ်မျိုးဖြစ်ရင် ဆောရီးပဲ ... တကယ်ဆို .."
လက်ကိုဆွဲထားသည့်တိုင် ဘာမှဆက်မဖြစ်သေးပဲ ပြာပြာသလဲ ရှင်းပြနေသည့် နိုင်မျိုးအောင် အပြုအမူကြောင့်
လရောင်ချိုဆီမှ အကြည့်စူးစူးတစ်ခုက ဒိုင်းကနဲရောက်လာပြန်သည်။ ဒီတစ်ခါတော့ နိုင်မျိုးအောင် လရောင်ချို
ဘာလိုအပ်နေလဲဆိုတာ သိသွားပြီ ဖြစ်ပြီ။ နောက်ထပ် စကားတစ်ခွန်းမှ မဆိုတော့ပဲ ချွန်ချွန်လေးထွက်နေသည့်
နှုတ်ခမ်းလေးကိုသာ တိုးကပ်၍ နမ်းလိုက်သည်။ ချိုမြရီဝေသော အနမ်းက သူတို့နှစ်ဦးစလုံး၏ ကိုယ်အတွင်းသို့
နှုတ်ခမ်းဖျားများမှ တဆင့် ပျံ့ လွင့်သွားသောအခါ အစောတုန်းက စိတ်ကောက်မလို ဖြစ်နေသည်ကို သတိမရတော့။
ပြောရမည်ဆိုလျှင် တခြားအကြောင်းအရာ ဘာဆိုဘာမှကိုလည်း သတိမရတော့ပဲ ဦးတည်ချက်တစ်ခုနှင့်သာ
သူတို့လက်အစုံတွေက တစ်ဦး၏ကိုယ်ပေါ်တွင်တစ်ဦး ပြေးလွှားနေကြသည်။
"ချို .. အိပ်ခန်းထဲ သွားကြမယ်နော် ...အိမ်ရှေ့ ခန်းကြီးထဲမှာ မကောင်းဘူး"
အနမ်း၏ နောက်ဆက်တွဲအရှိန်နှင့် တော်တော်လေး ဖီလင်တက်နေတာမို့ လရောင်ချို နိုင်မျိုးအောင်ကို
ပြန်မပြောတော့။ ဒီယောက်ျားအကြောင်းကလည်း သူမ၏ ပထဆုံးစီရီးခွေလုပ်ဖို့ ကြိုးစားနေသည့်
သက်တမ်းတလျှောက် တွဲလာခဲ့တာမို့ သိနေသည်သာ။ ပြောရမည်ဆိုလျှင် နိုင်မျိုးအောင်သည် သူမကသာ "ရှင်
ကျမကို ချစ်နေတာ မဟုတ်လား" ဟု ထုတ်ဖော်မေးခဲ့ခြင်း မရှိလျှင်၊ သူမနှင့် ချစ်သူရည်းစား ဖြစ်လာဖို့
အကြောင်းတောင် ရှိခဲ့မည် မထင်။ ရိုးသားအေးဆေးပြီး ချစ်သူ၏ အလိုကိုသာ ရှေ့တန်းတင်တတ်သည့်
နိုင်မျိုးအောင်ဆိုသည့် ယောက်ျားသည် မကောင်းတာ မဟုတ်သည့်တိုင်၊ လရောင်ချိုအတွက်တော့ ဆားမပါသော
ဟင်းတစ်ခွက်လိုသာ ထင်မြင်မိသည်။
"သွားလေ ... ဘာလဲ ချိုက ဦးဆောင်ပြီး ခေါ်သွားရဦးမှာလား ..."
တခါတလေများ အိမ်ရှေ့ ခန်းထဲမှာ လုပ်တော့ရော ဘာဖြစ်မှာလဲ ဟု လရောင်ချို စိတ်ထဲကပြောမိသည့်တိုင်
နှုတ်ကတော့ ဖွင့်ဟ ပြောမနေတော့ပါ။ ဖွင့်ပြောလိုက်လို့ အိမ်ရှေ့ ခန်းမှာ ဘယ်လိုလုပ်ရမှာလဲ ဟု သူ့ကို
ပြန်မေးနေလျှင် ကိုယ့်စကားနှင့်ကိုယ် ချောက်ကျနေဦးမည်။ သူ့ဆန္ဒအတိုင်း အိပ်ခန်းထဲလိုက်သွားတာပဲ
ကောင်းမည်ဟု တွေးလိုက်ပြီး ခပ်ငေါ့ငေါ့ပင် ပြန်ဖြေလိုက်တာဖြစ်သည်။
လရောင်ချိုလေသံက တစ်မျိုးဖြစ်နေသည့်တိုင် နိုင်မျိုးအောင် ဒါကို သတိမပြုမိ။ သူ့အတွက်တော့ လရောင်ချိုက
ချစ်ခွင့်ကို ရက်ရက်ရောရော ပေးနေသည်ကပင် မဟာဆုလာဘ်ကြီးတစ်ခု။ ချက်ချင်းဆိုသလို လရောင်ချို၏
ကိုယ်ကလေးကို စွေ့ကနဲ ခါးလည်ကနေ ပွေ့မသည်။ ထို့နောက်တွင်တော့ ခြေလှမ်းကျဲကြီးတွေနှင့် အိပ်ခန်းထဲသို့
ပွေ့ခေါ်လာခဲ့လေသည်။
"ချို အ၀တ်တွေ ချွတ်လိုက်မယ်နော် ..."
တကယ်ဆို လရောင်ချိုနှင့် နိုင်မျိုးအောင် ဒီအိပ်ခန်းထဲ ရောက်ခဲ့သည်မှာ အခုအကြိမ်ပါနှင့်ဆို အခေါက်ပေါင်း
မနည်းတော့ချေ။ သို့တိုင်အောင် သူမ၏ လည်တိုင်နောက်ကျောတွင် ချည်နှောင်ထားသော ဂါဝန်ကြိုးလေးကို ဖြေဖို့
နိုင်မျိုးအောင်၏ လက်က တုန်ရီနေဆဲပင်။ သူမကိုလည်း အခုအချိန်ထိ ခွင့်တောင်းနေဆဲပင်။ လရောင်ချို နှုတ်ကနေ
ဘာဆိုဘာမှ ထုတ်ပြောမနေတော့ပဲ မျက်လုံးအစုံကိုသာ မှိတ်ထားလိုက်သည်။ နိုင်မျိုးအောင်ကတော့ ဒါကိုပဲ
သူမဆီက ခွင့်ပြုချက်ရသည်ဟု ထင်သွားလို့လား မသိ။ လည်တိုင်နောက်တွင် ချည်ထားသည့် ဂါဝန်ကြိုးစကို
ဖြေလိုက်သည်။ ဒီကြိုးစက ဂါဝန်တစ်ခုလုံးကို ထိန်းထားသည့် အခရာမို့ အနှောင်အဖို့ လွတ်သွားသည်နှင့်
လရောင်ချို၏ ကိုယ်တွင်းအလှတွေက မဖုံးနိုင်ပဲ ပေါ်ထွက်လှသည်။
လရောင်ချိုသည် မိန်းမချော၊ မိန်းမလှတစ်ဦးမို့ အ၀တ်အစားနှင့်ဆိုလျှင် မြင်သူငေးစရာဖြစ်ပြီး၊ အ၀တ်အစား
မရှိသည့်အချိန်တွင်မူ ရင်ခုန်နှုန်း မြန်ချင်စရာ ကောင်းသူလေးပါ။ ထို့အတွက်ကြောင့် အချိန်ခဏပိုင်းအတွင်း၌ပင် ....
"အီး ... ကိုရယ် .. ဖြေးဖြေးထည့်တာ မဟုတ်ဘူး ..."
"ဆောရီး .. ချို .. ကိုယ် စိတ်မထိန်းနိုင်ဖြစ်သွားတယ် ... ရလား .. ကိုယ်နဲနဲ ပြန်ထုတ်လိုက်ရမလား .."
"သူ့ပြောလိုက်ရင် ဒါကြီးပဲ .. တော်ပြီ .. ထုတ်မနေနဲ့တော့ .. အဲဒီအတိုင်းပဲ ဆက်လုပ် ..
ချိုပြီးအောင်လဲ စောင့်လုပ်ဦးနော် .. အရမ်းကြီးပဲ ဆောင့်မနေနဲ့ သိလား .."
"အင်း ... သိ .. သိပါတယ် .. ဒါ . ဒါနဲ့ .. ချိုပြီးတာသိအောင် .. ချိုက ပြီးခါနီးရင် ပြော .. ပြောဦးနော် .."
"ကျွတ် .. ကိုယ်ကလဲကွာ .. ဒါလေး ..."
ဒါလေးတောင် မသိဘူးလားဟု ပြောချင်ပေမယ့် လရောင်ချိုဆက်မပြောတော့ပါ။ ပြောလည်း လေကုန်ယုံသာ ရှိမှာမို့
သူမကိုယ်အတွင်းကို တိုးဝင်လာပြီဖြစ်သည့် အသားချောင်းကြီးကိုသာ အာရုံခံနေလိုက်သည်။
ထို့အတွက်ကြောင့်လည်း လရောင်ချို၏ မကျေနပ်ချက်မှန်သမျှသည် တဒုတ်ဒုတ်နှင့် သူမအတွင်းပိုင်းတွေကို
လာလာထိနေသည့် အသားချောင်းကြီး၏ အထိအတွေ့တွင် ပြိုကွဲသွားရရှာသည်။ တော်သေးသည်။ ကိုနိုင်တွင်
ဒီလိုမျိုး ကောင်းမွန်သော မွေးရာပါပစ္စည်းတစ်ခုရှိနေလို့။ နိုင်မျိုးအောင်၏ ဖွားဖက်တော်သည် အတော်လေး
ပြည့်စုံကောင်းမွန်သည့်အထဲတွင် ပါသည်မှန်း အတွေ့အကြုံ ရှိခဲ့ဖူးသူ လရောင်ချိုက ကောင်းကောင်းသိသည်။
ခက်တာက ဒီလူသည် ဒီအချက်ကို ကောင်းကောင်း အသုံးမချတတ်တာပင်။ အခုလဲ သူမကို စထွက်ကတည်းက
လှေကြီးထိုး ရိုးရိုးနည်းနှင့် လုပ်နေတာ မိနစ်တော်တော်ကြာလာသည့်တိုင် ပုံစံပြောင်းဖို့ တစ်ခွန်းမှ ဆိုဖော်မရ။
မတတ်နိုင်။ သူမှ မတောင်းဆိုမှတော့ ဒီအတိုင်းပဲ နေလိုက်တာပေါ့ဟု တွေးရင်း လရောင်ချို ရင်ထဲလိပ်ကာလိပ်ကာ
တက်လာသည့် အရသာ၏ ခေါ်ဆောင်မှုနောက်ကိုသာ လိုက်နေလိုက်တော့သည် ..။
"တီ .. တီ .. တီ ..."
ရုတ်ချည်းကောက်မြည်လာသည့် ဖုန်းသံကြောင့် အတိတ်၏ခေါ်ဆောင်ရာနောက်သို့ ပြန်ပြောင်းလိုက်ပါနေမိသူ
နိုင်မျိုးအောင် သူ့ခါးကြားကို လက်ဖြင့်စမ်းလိုက်သည်။ ဟုတ်သည်။ ဖုန်းသံက သူ့ဟန်းဖုန်းသံ။ ဖုန်းကို
ကောက်ကိုင်လိုက်သည်တွင် စကရင်ပေါ်တွင် ပြနေသည့် နံပါတ်က နိုင်ငံခြားက နံပါတ်။ ဒါဆို
ဘယ်သူခေါ်နေသည်ဆိုတာ နိုင်မျိုးအောင် သိနေသည်။ သြဇီရှိ သူ့အစ်ကိုထံတွင် လိုက်နေသည့် အမေဆီကပဲ
ဖြစ်ရမည်။ ဘာပြောဦးမှာ သိနေသည့်တိုင် နိုင်မျိုးအောင် အမေဖြစ်သူ၏ ဖုန်းကိုတော့ မကိုင်လို့မဖြစ်ပါ။
"ဟယ်လို ... "
"သား .. မျိုးအောင် .. မေမေရယ် .."
"ဟုတ်ကဲ့ .. မေမေ .. မေမေ နေကောင်းတယ်နော် ..."
"အေး .. ကောင်းတယ် .. သားရော .. နေကောင်းတယ်မှတ်လား .. အခု ဘယ်မှာလဲ .. အိမ်ပြန်ရောက်နေတာလား
.. ဖုန်းအသံက ကြည်နေတယ် .."
"ဟုတ်တယ် .. အိမ်ပြန်ရောက်နေတယ် .."
"အော် .. ဒါဆို စောတာပေါ့ .. ညနေစာ စားပြီးသွားပြီလား .."
"မစားရသေးဘူး .. အပြင်ပြန်မထွက်ချင်တော့တာနဲ့ ခေါက်ဆွဲပြုတ်စားမလား စဉ်းစားနေတယ် .."
"အာ ... မျိုးအောင်ကလဲ ဘာဖြစ်လို့ ခေါက်ဆွဲပဲ ပြုတ်စားနေရတာလဲ .. နင်တော့ ခက်တယ် ..
အဲဒါကြောင့်ပြောပါတယ် .."
လေသံပြောင်းသွားသည့် အမေဖြစ်သူ ဒေါ်စန္ဒီကျော်၏ အသံကြောင့် နောက်ဆက်တွဲအဖြစ်
ဘာတရားဟောတော့မည်ဆိုတာ နိုင်မျိုးအောင် အတတ်သိပါသည်။ ဖုန်းကိုလည်း နားနားကပ်ထားရာမှ နည်းနည်း
ခွာလိုက်သည်။ ဖုန်းဟိုဘက်ခြမ်းရှိ အမေဖြစ်သူကတော့ သားငယ်ဖြစ်သူ နိုင်မျိုးအောင်ဆီ ဆက်တိုင်း
ဟောနေကြတရားကို သြဇီမှနေ၍ ဆက်လက် မှာကြားနေသည်။
နိုင်မျိုးအောင်တို့ မိသားစုသည် ကြီးကြီးမားမား မဟုတ်ပါ။ သူ့အထက်တွင် အသက်ငါးနှစ်ကျော်ကွာသည့်
အစ်ကိုဖြစ်သူ နိုင်မျိုးကျော်ရှိသည်။ နိုင်မျိုးအောင်က ကိုကိုကျော်ဟု ခေါ်သူ ထိုနိုင်မျိုးကျော်သည် ယခုအခါတွင်
သြဇီ၌ အိမ်ထောင်ရက်သားကျကာ နေထိုင်နေသူဖြစ်သည်။ နိုင်မျိုးအောင်၏ မိဘနှစ်ပါးတွင်တော့ အဖေဖြစ်သူ
ဦးနိုင်မင်း မရှိတော့သည်မှာ ဆယ်နှစ်ကျော်ကျော်ပင် ရှိခဲ့ပြီဖြစ်သည်။ ပြောရမည်ဆိုလျှင် နိုင်မျိုးအောင်တို့
မိသားစုသည် ပြေးကြည့်ပါမှ သူရယ်၊ အစ်ကိုဖြစ်သူရယ်နှင့် အမေ ဒေါ်စန္ဒီကျော်သာ ရှိလေသည်။
ဒါကြောင့်ပဲလားတော့ မသိ။ ဒေါ်စန္ဒီကျော်သည် သူတို့မိသားစုတွင် နောက်ထပ် မိသားစုဝင် တိုးပွားလာမှာကို
ရှေးမစွကပင် အလိုရှိခဲ့သည်။ သားကြီးဖြစ်သူ နိုင်မျိုးကျော် သြဇီတွင် အခြေတကျဖြစ်သည့် အချိန်တွင်
အိမ်ထောင်ကျအောင်လည်း သူမကပဲ ဘေးကနေ ၀ိုင်းတွန်းကာ ဆောင်ရွက်ပေးခဲ့သည်။ အိမ်ထောင်ကျပြီးနောက်
မြေးလေးရလာမည်ဆိုတော့လည်း သူမကပင်၊ ချွေးမလုပ်တဲ့သူထက် ပိုတက်ကြွနေခဲ့သေးသည်။ အခုလည်း
မြေးဖြစ်သူက တစ်နှစ်ကျော်ကျော် ရှိလာသည့်အချိန်တွင် အိမ်ထောင်မပြုပဲ ကျန်နေသေးသူ နိုင်မျိုးအောင်ဘက်
မြှားဦးက လှည့်လာနေသည်။
"အင်းပါ .. မေမေရယ် .. သားကို အချိန်လည်း နည်းနည်းပေးပါဦး .. မိန်းမတစ်ယောက်ကို မချစ်ပဲနဲ့
အိမ်ထောင်ပြုရတာတော့ မဟုတ်သေးပါဘူး .. မေမေတို့တုန်းကလဲ .."
"ဒီမှာ .. မျိုးအောင် ... ဘာ မေမေတို့တုန်းကလဲ ... ငါ .. နင့်အကြောင်းပြောနေတာ .. ငါ့အကြောင်းကို
နင်ပြန်ပြောစရာမလိုဘူး .. နင်ကအမေလား .. ငါကအမေလား .."
အမေက အမေပဲပေါ့ ဟု နိုင်မျိုးအောင် စိတ်ထဲက ပြောလိုက်ပေမယ့် နှုတ်ကတော့ မပြောဖြစ်ပါ။ အမေဖြစ်သူ
ဆူငေါက်သမျှကို ခံနေရင်း သူ့ရင်ခွင်ကို ကန်ထွက်သွားသူ လရောင်ချိုအကြောင်း စဉ်းစားနေမိသည်။ သြော် ..
ချိုရယ်။ မင်းသာ ကိုယ့်ကိုစွန့်ခွာမသွားခဲ့ဘူးဆိုလျှင် အခုအချိန်မှာ ကိုယ့်အမေကို ရဲရဲဝင့်ဝင့်ပြောစရာ
စကားတစ်ခွန်းတော့ ရှိနေမှာပါ။ ထိုအတွေးကြောင့် နိုင်မျိုးအောင်၏ နှလုံးသားတွင် စစ်ကနဲ နာကျင်သွားရသည်။
ကျက်မလို ဖြစ်နေသည့် သူ့အနာသည် အကြောင်းတိုက်ဆိုင်တိုင်း သွေးစိမ်းရှင်ရှင် ထွက်ကျနေဆဲဆိုတာ သူသာ
အသိဆုံးဖြစ်ပါသည်။
"ဟဲ့ .. မျိုးအောင် .. အမေဖြစ်တဲ့သူ ပြောနေတာရော ကြားလား ..."
"ဟင် .. ဘာလဲ .. အမေ .. သား နားထောင်နေတယ်လေ ..."
"နင်က နားထောင်နေတယ်သာ ပြောတာ .. စိတ်က ဘယ်ရောက်နေလဲ မသိဘူး .. တော်ပြီ .. တော်ပြီ
နင့်ကိုပြောရတာ လေကုန်တာပဲ အဖတ်တင်တယ် .. ဒါပဲ နင့်ကို ငါနောက်ထပ်တစ်နှစ် အချိန်ပေးမယ် .. အဲဒါမှ
ကိုယ့်ဖာသာကိုယ်ရှာမတွေ့သေးဘူးဆိုရင် ငါသဘောတူတဲ့သူနဲ့ အိမ်ထောင်ပြုရလိမ့်မယ် .. ဒါပဲ .."
"အင်းပါ .. အမေရယ် .. သားလည်း နောင်ခါလာနောင်ဈေးလို့ သဘောထားထားပါတယ် .. ဟီး .."
"ဘာပြောတယ် !!! "
နိုင်မျိုးအောင် သူ့အမေ အာရုံပြောင်းအောင် စလိုက်ပေမယ့် ဘွားတော်က ဒေါခီးသွားကာ
နည်းနည်းဆက်ပွမ်နေသေးသည်။ ထို့နောက်မှ မြေးဖြစ်သူ၏ တဗြဲဗြဲနှင့် ငိုသံက နောက်ကနေ
ပေါ်ထွက်လာလို့ထင်သည်။ ဖုန်းပြောတာကို ကမန်းကတမ်း ချသွားရှာသည်။ နိုင်မျိုးအောင်လည်း အဲဒီတော့မှ
နားပူသည့်ဒဏ်က သက်သာရာရသည်။
ဒေါ်စန္ဒီကျော် ဖုန်းချသွားပေမယ့် နိုင်မျိုးအောင်ကတော့ ဟန်းဖုန်းကို ကိုင်ကာ ငိုင်နေဆဲဖြစ်သည်။
တကယ့်တကယ်တမ်း ပြောရလျှင် နိုင်မျိုးအောင်တစ်ယောက် အမေဖြစ်သူကိုလည်း အပြစ်မတင်ပါ။
အသက်ခြောက်ဆယ်ကျော်ပြီဖြစ်သော ဒီအမေသည် လူလောကကို မျက်နှာမလွှဲသွားခင်တော့ သူ့ကို အခြေတကျ
ဖြစ်စေချင်မည်သာ။ ဒါကြောင့်လည်း သူ သြဇီကနေပြန်ပြီး မြန်မာနိုင်ငံမှာ ၀ါသနာပါရာ ဂီတအလုပ်ကိုလုပ်ပြီး
စတူဒီယိုထောင်မည်ဆိုတုန်းက ကန့်ကွက်ခဲ့သည့်နေရာတွင် ထိပ်ဆုံးကပင်။ ဒေါ်စန္ဒီကျော် သဘောက
သူတို့မိသားစု အခြေကျနေပြီ ဖြစ်သော သြဇီတွင်သာ နိုင်မျိုးအောင်ကို အလုပ်လုပ်စေချင်သည်။ ထိုစဉ်တုန်းက
နိုင်မျိုးအောင် သြဇီတွင် ကျောင်းပြီးခါစဖြစ်ပြီး၊ အလုပ်တစ်ချို့က အစဉ်သင့်ရှိနေရာ သူ့အမေဘက်က
တွက်လျှင်လည်း မမှားသည့်ကိစ္စဟု ဆိုရမည်။ နိုင်မျိုးအောင်ကသာ သူသင်ယူခဲ့သည် ပညာနှင့် မြန်မာနိုင်ငံမှာ
ပြန်လုပ်ချင်သည်ဆိုပြီး မျက်စိစုံမှိတ်၍ တောင်းဆိုခဲ့တာဖြစ်ပါသည်။ အမေကတော့ သဘောမကျ။ ကိုကိုကျော်သာ
သူ့ဘက်က ၀င်မပြောပေးခဲ့လျှင် အခုလောက်ဆို သူလည်းပဲ သြဇီမှာ အခြေတကျ ဖြစ်နေလောက်ပြီ ထင်ပါသည်။
အခုတော့ သူ့ဘ၀က ...
နိုင်မျိုးအောင် ဆက်မစဉ်းစားတော့ပဲ ထိုင်ရမှထသည်။ တီဗွီကလည်း အစောက ဖုန်းလာကတည်းက
အသံတိုးထားလိုက်သည်မို့ သူကြည့်ချင်စိတ်မရှိတော့။ မချွတ်ရသေးသည့် ဖိနပ်ကိုသာ ချွတ်လိုက်ပြီး
အိပ်ခန်းဘက်ကို လျှောက်လာခဲ့သည်။ အင်း .. စိတ်ပြေလက်ပျောက် ရေသွားကူးတာပဲ ကောင်းပါတယ် ..
အိပ်ခန်းတံခါးကို ဖွင့်ပြီး ၀င်လိုက်သည်တွင် မနက်က ထွက်သွားစဉ်က ပြတင်းပေါက်လိုက်ကာတွေ ဆွဲမဖွင့်ခဲ့သဖြင့်
အခန်းက မှောင်တောင်တောင် ဖြစ်နေသည်။ နိုင်မျိုးအောင် ခံတင်ဟိုဘက်ခြမ်းရှိ ပြတင်းပေါက်ရှိရာသို့
အရင်လျှောက်သွားပြီး ခန်းစည်းလိုက်ကာကို ဆွဲဖွင့်သည်။ ပြတင်းပေါက်နှစ်ချပ်ကိုပါ လေ၀င်လေထွက်ရအောင်
တဆက်တည်း ဖွင့်လိုက်သည်။
ဝါရွှေရောင် ညနေခင်း၏ အလင်းရောင်က မှန်ပြတင်းပေါက်ကို ဖြတ်၍ အခန်းထဲကို ရောက်လာသဖြင့် အနည်းငယ်
လင်းလင်းခြင်းခြင်း ဖြစ်သွားသည်။ အခန်းအမြင့်အပြည့် တပ်ဆင်ထားသည့် ပြတင်းပေါက်နားတွင် နိုင်မျိုးအောင်
ရပ်နေရင်း၊ သူ့အိပ်ခန်းကို ပြန်ကြည့်ဖြစ်သည်။ တစ်ယောက်အိပ်မက၊ နှစ်ယောက်အိပ်မကျတကျဖြစ်သည့်
သူ့အိပ်ယာကို ပြန်မြင်ရသည်တွင် နိုင်မျိုးအောင် စိတ်က တစ်မျိုးဖြစ်ရပြန်သည်။ အ၀တ်မဲ့ လူသားနှစ်ဦး၏ အရိပ်က
မွေ့ယာပေါ်တွင် ယိမ်းထိုးကာ ကခုန်နေသည် ..။
"ကိုနိုင် .. ဒီလိုကြီးပဲ တန်းလုပ်တော့မလို့လား ..."
"အင်း .. ဟုတ်တယ်လေ .. ဘာဖြစ်လို့လဲ ... ချိုက စိတ်မပါလို့လား .."
"စိတ်မပါတာ ဖြစ်နေမလား .. အနေအထားကိုလဲ ကြည့်ပြီးမေးပါဦး ...
တခါတလေ ကိုနိုင်ကများ ချို့ ကို အလိုက်တသိနဲ့ ထွင်ပြီး လုပ်ပေးမလားလို့ မေးကြည့်တာ.."
နိုင်မျိုးအောင် သူ့ရင်ခွင်အောက်ရှိ ကောင်မလေးကို အပေါ်စီးကနေ မိုးကြည့်နေရာမှ မျက်ခုံးပင့်သည်။
လရောင်ချိုသည် အခုတလောအတွင်း ဘာဖြစ်သည် မသိ။ သူ့ကိုတစ်ခုမဟုတ် တစ်ခု ပြသနာရှာနေသည်။ ရင်ထဲ
နှစ်နှစ်ကာကာ ချစ်ရသူမို့ သူမအလိုကျ နိုင်မျိုးအောင် ဘာမဆို လိုက်လျောပါသည်။ သို့တိုင်အောင်
သူတို့နှစ်ယောက် အဆင်ပြေလှသည်ဟူ၍ မရှိ။ အမှန်ဆို ဒီနေ့သည် လရောင်ချို၏ မွေးနေ့။ ထို့ကြောင့်လည်း
မနက်ခင်းကတည်းက အခုအချိန်ရောက်သည့်တိုင်အောင် နိုင်မျိုးအောင် သူမစိတ်ကူးအတိုင်း အရာရာကို
ဖြစ်စေခဲ့သည်သာ။ တကယ်ဆို သူ့အခန်းလိုက်လာမည်ဆိုတာလည်း သူမ ဆန္ဒပင်။ ယုတ်စွအဆုံး အိပ်ခန်းထဲကို
ဒီလိုအခြေအနေနှင့် ရောက်လာခဲ့သည်ကလည်း လရောင်ချိုကြောင့်ပင်။ အခု ဘာဖြစ်ရပြန်တာလဲ ..။
"ကိုယ်ကဘာလုပ်ပေးရမှာလဲ .. ချို .. ခါတိုင်းလိုပဲ လုပ်ကြယုံပဲ မဟုတ်လား ...
ချိုက ကိုယ့်ကို ဘာလုပ်ပေးစေချင်လို့လဲ .."
"တော်ပြီကွာ .. သူ့ပြောလိုက်ရင် ဒါမျိုးချည်းပဲ .. တခါတလေများ ချို့ကို မဂျာပေးချင်ဘူးလား ..
ဂျာတယ်ဆိုတာရော သိရဲ့ လား .. ကိုနိုင်ရယ် .."
"ဟာ ကွာ .. ချိုကလဲ ဘာလို့မသိရမှာလဲ .. ဒါပေမယ့် ကောင်းပါ့မလားကွာ ... ဒီအတိုင်း .."
"တော်ပြီ !!! .. ကိုနိုင်မျိုးအောင် .. ရှင့်ကို ကျမ ဘာမှမပြောချင်တော့ဘူး .. ကျွတ် .. စိတ်ကုန်တာကွာ .."
နိုင်မျိုးအောင် ဒီစကားကိုတော့ သည်းမခံနိုင်တော့။ သူ လရောင်ချိုကို ချစ်လို့ သည်းခံသည်ဆိုပေမယ့်
သူ့ခန္တီပါရမီသည် အတိုင်းအတာတစ်ခုအထိပဲ ပြည့်စုံပါသည်။
"စိတ်ကုန်တယ်" ဆိုသည့် စကားကိုတော့ ဘယ်လိုမှ သူ မခံစားနိုင်။
"ချို .. မင်း စကားက ဘာလဲ .. ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို မဂျာပေးဘူးဆိုတာနဲ့
စိတ်ကုန်တယ်ဆိုတာ ဘာသဘောလဲ .. မင်းကိုယ်မင်း လွန်နေပြီလို့ မထင်ဘူးလား .."
"သြော် .. ကျမကလွန်တယ် .. ကျမအပြစ်ဖြစ်တယ် .. ဒါကို ရှင်ပြောချင်တာလား .. ကိုနိုင်မျိုးအောင် .. တော်ပြီ ..
ရှင့်ကို ကျမ ရှင်းမပြချင်တော့ဘူး .. ရှင့်လိုမျိုးသူရဲ့ အချစ်ကို ကျမ ဘာဖြစ်လို့ လက်ခံလိုက်တယ်ဆိုတာတောင်
ပြန်စဉ်းစားရဦးမယ် .. ကျမ ပြန်မယ် !!!"
"အေး .. ပြန် ပြန် .."
ကုတင်ပေါ်တွင် ချွတ်ထားခဲ့သည့် အ၀တ်တွေကို ပြန်ကောက်ယူပြီးနောက် သူ့ကို ခပ်စိမ်းစိမ်းကြည့်ကာ
ထွက်သွားသည့် လရောင်ချိုဆိုသည့် မိန်းကလေးတစ်ယောက်ကို ထိုစဉ်တုန်းက နိုင်မျိုးအောင် တားဖို့ သတိမရခဲ့ပါ။
သူကိုယ်တိုင်လည်း မာနကို အခြေခံသည့် ဒေါသနှင့် လောင်မြိုက်နေခဲ့၍ ယောက်ျားတကာစွဲမက်ဖွယ်
ပကတိအလှတရားတွေကို မြင်နေရသည့်တိုင် နှမြောရကောင်းမှန်း မသိခဲ့။ လရောင်ချို သူ့အခန်းထဲက
ပျောက်ကွယ်သွားသည့်တိုင် ခံတင်ပေါ်တွင် မလှုပ်မယှက်နှင့် ကျန်ရစ်ခဲ့သည်သာ။ အခုတော့ ထိုပုံရိပ်သည်
ပြန်လည်၍ ခြောက်လှန့်နေခဲ့ချေပြီ။
နိုင်မျိုးအောင် အိပ်ယာဘက်ကို ငေးစိုက်ကြည့်နေမိသည့် သူ့အကြည့်တွေကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မူလပထမ
ရေကူးဖို့ အစီအစဉ်ကိုပဲ အကောင်အထည်ဖော်ရန် အ၀တ်ဗီရိုရှိရာသို့ လျှောက်လာခဲ့သည်။ ဗီရိုတံခါးကို
ဆွဲဖွင့်မည်ပြုစဉ်တွင် အခန်းထောင့်ရှိ သူ့စားပွဲဆီမှ တဖျပ်ဖျပ်ဆိုသော အသံကို ကြားရသည်။ ပြတင်းပေါက်
တံခါးဖွင့်ထားခဲ့လိုက်လို့ လေအတိုးတွင် စားပွဲပေါ်ရှိ စာရွက်တစ်ချို့ လှုပ်ခါသွားတာ ဖြစ်ပါသည်။ နိုင်မျိုးအောင်
ကြည့်နေစဉ်မှာပင် နောက်ထပ်လေအတိုးတွင် စားပွဲပေါ်ရှိ စာရွက်တစ်ရွက်က အောက်ကိုလွင့်ကျသည်။ ဝေ့ကနဲ
ကျလာသည့် အေဖိုးဆိုက် စာရွက်အဖြူသည် တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့ခြေထောက်ရှေ့ သို့ ရောက်ရှိ၍လာသည်။
စာရွက်ပေါ်ရှိ အရောင်အနည်းငယ် လွင့်ချင်နေသည့် မှင်ရာနှင့်တကွ ဂီတသင်္ကေတများကိုမြင်သည်နှင့်
နိုင်မျိုးအောင် ဘာဆိုတာ သိသည်။ သူ့နှလုံးသားသည် ခဲဆွဲခံလိုက်ရသည်နှယ် လေးလံသွားပြီး စာရွက်ကလေးကို
ကုန်းကောက်သည်။ မျက်စိကလည်း အလင်းရောင် မကျရောက်သည့် အခန်းထောင့်တွင် ပစ်ကာထားခဲ့သည့်
ဂစ်တာဆီသို့ ရောက်သွားသည်။ သားရေအိတ်နှင့် အကျအနထည့်ကာ ပိတ်လှောင်ထားခြင်း ခံရသော
ဂစ်တာလေးသည် နိုင်မျိုးအောင်ကို အေဖိုးစာရွက်ပေါ်က စာသားအတိုင်း သူ့ကို လှမ်း၍ သီဆိုပြနေလေသည်။

Rated Collection (Normal)Where stories live. Discover now