#_Crd
#သမီးထက်ပိုfeelရှိတဲ့အမေ_ ( စ ဆုံး)
🎧🎧🎧🎧🎧🎧🎧🎧🎧🎧🎧🎧" ...ဟင် ဘဲကြီး ရူပါက ပုံမလာပါဘူးကွာ... ''
ပျိုမြစ်နုနယ် (၁၆) နှစ်အရွယ်ရှိ သိင်္ဂီဇော်က သို့ကလို ရည်ရွယ်၍ ဆိုလိုက်ခြင်းပါ။ သစ်ရွက်လှုပ်တာကိုဘဲ မျက်ရည်စက်လက်ကြွေသော အရွယ်ပေမို့ဆန့်ကျင်ဖက်လိင်ယောကျာင်္းတို့ကို စူးစမ်းနေတာ အပြစ်မဆိုသာချေ။ ကိုယ်တော်ချောကတော့ ခပ်တည်တည် မှန်မှန်ကြီးကိုယ့်လိုရာကို မြန်းနေချေ၏။
"ကြည့်ပါလား သစ်ကုလားအုပ်ကြီးလိုဘဲ ခြေတစ်လှမ်း လှမ်းတိုင်း ခေါင်းက လှုပ်တုတ်တုတ်နဲ့ ခစ်ခစ်''
သို့စဉ်မှာပင် ဆဌမအာရုံလေလာဘာလားမသိ အဲဒီလူအရှည်ကြီးက သူမ တို့ထိုင်ရာ ၀ရန်တာဆီ ခေါင်းလှည့်လာသည်။ အဲ …..စူးရှအေးစက်သော မျက်လုံးအစုံက သိဂီ င်္ဇော်တို့ သူငယ်ချင်း ၃ ယောက်ကို ရေခဲရေပက်ဖျန်းခံရသလိုတောင် ထင်သွားစေသည်။ တော်ပါသေးရဲ့… သူ့ခရီးကိုသူဆက်သွားလို့။
"ကြောက်စရာကြီးဟယ်''
"အေးတော့ … လူဆိုးကြီးလား မသိဘူး''
" ဖြစ်နိုင်တယ် . လူသတ်သမားတောင် ဖြစ်ချင်ဖြစ်မှာ''
မိန်းခလေးတို့သဘာဝ ….. ပြီးတော့ မလိုအပ်ဘဲအာချောင်ချင်တဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံးသတ္တဝါ …..လူသားသဘာဝအားဖြင့် ကိုအရှည်ကြီးကို လူဆိုးစာရင်းတွင် သွင်းလိုက်လေသည်။ သူတို့လေးတွေက အသက်ရွယ်တူ အတန်းတွေတူကြတော့ ဝါသနာတူတွေမို့ တွဲမိကြသည်။ အဓိက အချက်မှာ သူတို့လေးတွေတွင် ရည်းစားမရှိကြခြင်းပင်။ သို့ကြောင့် ရည်းစားအရသာကို မြည်းစမ်းကြည့်ချင်ကြသည်။ ဒါပေမယ့် တစ်ယောက်နှင့်တစ်ယောက် အသိမပေး။