episode-1

3.5K 84 1
                                    

Zawgyi
"ဒုံး"
ဟာ သွားပြီ ကားကိုbackဆုတ်​ရင်း ​နောက်​ကဆိုင်​ကယ်​ကိုသွားထိမိလိုက်​ပြီ
တာရာ ကား​ပေါ်က​နေ ဆင်းကြည့်​မယ်​လုပ်​​နေတုန်း
လူတစ်​​ယောက်​ ​ဒေါကြီး​မောကြီးနဲ့ မှန်​တံခါးကိုလာထု​နေ​တော့ လန့်​ပြီး ချက်​ချင်းမဖွင့်​ရဲဘူး
ကားမှန်​ကို​ဖြေး​ဖြေးချင်း ချလိုက်​တာနဲ့
"ဟိတ်​​ကောင်​ မင်း​စောက်​လုံး​တွေကန်း​နေလား ငါ့ဆိုင်​ကယ်​မီးသီးကွဲသွားပြီကွ အ​လျော်​မ​ပေးချင်​လို့ကား​ပေါ်ကမဆင်းတာလား အခုဆင်းခဲ့"
ဒေါသတကြီး​အော်​ဟစ်​​နေတဲ့အသံ​ကြောင့်
တာရာပို​ကြောက်​လာမိတယ်
ပထမဆုံး​ဆေးရုံကိုHouseစဆင်းရမှာမို့ ကားယူလာမိတာကိုက မှားတာ
အခု​တော့လူရမ်းကားနဲ့​တွေ့ရပြီ ကား​ပေါ်ကဆင်းလို့ လက်​သီးနဲ့ဆွဲထိုးမှာကိုလည်း​ကြောက်​မိ​သေးတယ်
မဆင်းရင်​လည်း တစ်​ခုခုလုပ်​မှာကိုလည်း​ကြောက်​တယ်
တာရာ​ကြောက်​လွန်းလို့ ဒူး​တွေပါ​တုန်​လာတယ်
"ဟိတ်​​ကောင်​ နားပါကန်း​နေတာလား အခုဆင်းခဲ့စမ်း"
ဟိုလူကထပ်​​အော်​​တော့ ​မျက်​စိစုံမှိတ်​ပြီး ကားကိုအတင်း​မောင်းထွက်​ခဲ့တယ်
နောက်​လှည့်​ကြည့်​​တော့ ဟိုလူ​ပြေးလိုက်​လာတာကို​တွေ့​တော့ အရှိန်​တင်​ပြီး​မောင်းလာလိုက်​တယ်
နောက်​က​နေ ဖိနပ်​​ချွတ်​ပြီးပစ်​​ပေါက်​​နေတဲ့ဟိုလူကိုကြည့်​ပြီး ရီ​တောင်​ရီချင်​လာတယ်
သူသာ​ဒေါသတကြီးမ​ပြောရင်​ အ​လျော်​​ပေးမိမှာပါ အခုဟာက ​သူက​ကြောက်​ဖို့​ကောင်း​နေတာကို
နောက်​တစ်​​ခေါက်​​တွေ့မှ အ​လျော်​​ပေးလိုက်​ရင်​​ကောင်းမလား
နောက်​တစ်​ခါ​ရော ထပ်​​တွေ့ပါ့မလား
ဟိုလူက​ဒေါသသာထွက်​​နေတာ အသားကဖြူဖြူ အရပ်​လည်းရှည်​​သေး နှုတ်​ခမ်း​မွှေး​ရေး​ရေး​လေးနဲ့ ​တော်​​တော်​ကြည့်​​ကောင်းတာပဲ
ငါဘာ​တွေ​တွေး​နေမိတာလဲ တာရာ
ဟိုက မင်းကိုသတ်​ချင်​​နေ​လောက်​ပြီ မင်းကစိတ်​ကူး​ယဉ်​​နေ​သေး

...
ဆေးရုံမှာကားရပ်​ရတာအဆင်​မ​ပြေ​တော့ ​ကျောင်းထဲမှာပဲသွားရပ်​ထားလိုက်​တယ်
Wardထဲလည်းအမြန်​သွားရ​တော့မယ်​ လိုအပ်​တဲ့ပစ္စည်း​တွေအကုန်​ယူပြီး ကားတံခါးကိုအပိတ်
"ဟိတ်​​ကောင်​ မင်း​ပြေးလို့မလွတ်​ပါဘူး ငါ့လက်​က​နေ"
အသံလာရာလှမ်းကြည့်​​တော့
ဟိုလူ ဟုတ်​တယ်​ ဟိုလူပဲ
တာရာ လက်​ထဲကထမင်းချိုင့်​နဲ့​ရေဘူး​တွေပါပြုတ်​ကျကုန်​တယ်
ဟိုလူက သူ့လည်​ဂုတ်​ကိုဖမ်းဆွဲလိုက်​ပြီး မျက်​နှာနားထိကပ်​လာတယ်
တာရာ ရင်​​တွေခုန်​လာတယ်
ကြောက်​လို့ပဲရင်​​ခုန်​သံ​တွေမြန်​လာတာလား သူ့မျက်​နှာနားထိ​ရောက်​လာလို့ရင်​ခုန်​​နေတာလားဆိုတာ​တော့
တာရာကိုယ်​တိုင်​လည်းမသဲကွဲဘူး
"မင်းဘယ်​​ပြေး​ပြေး ငါ့လက်​ကမလွတ်​ဘူး အခု​လျော်​​ပေး ငါ့ဆိုင်​ကယ်​ပျက်​စီးတာကို"
တာရာ ​ခေါင်းကိုမြန်​မြန်​ငြိမ့်​ပြလိုက်​တယ်
"မယုံဘူး မင်းကို ခုနက​တောင်​ထွက်​​ပြေးထားတာဆို​တော့"
"ကျ​နော်​ ကျ..​နော်​ တကယ်​..​လျော်​..​လျော်​...​ပေးမှာပါ"
တာရာအသံ​တွေပါတုန်​ပြီး ပြန်​​ဖြေလိုက်​တယ်
"အခုဆိုင်​ကယ်​ပြင်​ဆိုင်​သွားမယ်​ လိုက်​ခဲ့"
"ကျ​နော်​ ကျ​နော်​ ​နောက်​..ကျ​နေလို့ ​နောက်​မှ..လိုက်​...လိုက်​​ခဲ့လို့..မရ..မရဘူးလား..ဟင်​"
"မရဘူး အခုလိုက်​ခဲ့"
တာရာ ​ခေါင်းပဲထပ်​ငြိမ့်​ပြလိုက်​တယ်
"လာ တက်​ ဆိုင်​ကယ်​ပြင်​ဆိုင်​သွားမယ်​"
"ဗျာ ကျ​နော်​ကားနဲ့လိုက်​ခဲ့မယ်​​လေ"
"မရပါဘူး မင်းထွက်​​ပြေးသွားမှာ​ပေါ့ ထပ်​ပြီး
လာတက်​ ငါ့ဆိုင်​ကယ်​​နဲ့ပဲသွားမယ်​"
"ကျ​နော်​ ကျ​နော်​ တစ်​ခါမှမစီးဖူးဘူးဗျ"
"အမ်​ ​နောက်​ကထိုင်​စီးရတာပဲကွာ ဘာခက်​လို့တုန်း ငါခွထိုင်​သလိုပဲ ခွထိုင်​ပြီးစီး ဟုတ်​ပြီလား စိတ်​ပါ​လေတယ်​ ဘယ်​လို​ကောင်​လဲမသိ"
တာရာ ​သူ့​နောက်​က​နေ ထိုင်​လိုက်​တယ်​ သူ့အသားနဲ့မထိ​အောင်​ ​​အတတ်​နိုင်​ဆုံးခွာ​နေလိုက်​တယ်
"ဟိတ်​​ကောင်​ ​ပြုတ်​ကျ​သေချင်​လို့လား​ ငါအမှုမပတ်​ချင်​ဘူး​နော်​"လို့ ဟိုလူက​ပြောပြီး တာရာ့လက်​ကိုယူပြီး သူ့ပခုံး​ပေါ်တင်​လိုက်​တယ်
သူ့ဆိုင်​ကယ်​​နောက်​လိုက်​စီးရတာ စိတ်​ထဲကြည်​နူး​နေမိတယ်
အဲ့အချိန်​​လေးကိုရပ်​တန့်​ထားချင်​မိတယ်
ရုတ်​တရက်​ က​လေးတစ်​​ယောက်​ ဆိုင်​ကယ်​​ရှေ့ကဖြတ်​အ​ပြေး
သူကဘရိတ်​​ဆောင့်​အုပ်​လိုက်​​တော့ တာရာလန့်​ပြီး
သူ့ခါးကိုသွားဖက်​လိုက်​မိတယ်
"ဟိတ်​​ကောင်​ အကြာကြီးဖက်​မထားနဲ့​လေ အသက်​ရှူကြပ်​တယ်​ကွ"
သူ​ပြောမှ လွှတ်​လိုက်​မိတယ်​ ငါဘာ​တွေလုပ်​​နေမိတာလဲ
တာရာ ​ယောက်ျားအချင်းချင်းကို ဘာကိစ္စနဲ့ရင်​​တွေခုန်​​နေမိတာပါလိမ့်​....

Unicode

One Sided Love(Completed) (Zawgyi+Unicode)Where stories live. Discover now