Mu Lian. 3

8K 965 28
                                    


မနက် မိုးလင်းထဲက နောက်ကလိုက် ကျွတ်ကျွတ်ကျွတ်နဲ့ ပေါက်ပေါက် ဖောက်နေကြတဲ့ နန်းတွင်းသူတွေကြောင့် သူမမှာ အိပ်ကောင်းခြင်းလဲ မအိပ်ရ စားကောင်းခြင်းလဲ မစားရ...

ခုလဲ တော်ဝင်ဥယျာဉ်ထဲလမ်းလျှောက်ဖို့ခြေလှမ်းပြင်နေ
တုန်း သူမနောက်က ဆက်လိုက်ဖို့ ပြင်နေတဲ့ အစေခံ
တွေကြောင့် ဒေါပွလာပြီ

" တို့ ဘယ်မှမသွားပါဘူး....မင်းတို့ ဘာတွေစိတ်မချ ဖြစ်
နေတာလဲ ''

" မဟုတ်ပါဘူး.....မိဖုရားခေါင်ကြီးကခုမှ နေကောင်းခါစမို့ ဂရုစိုက်ဖို့ ကျောက်မယ်မယ် အမိန့်ပေးထားတာပါ....''

ကျောက်မယ်မယ် အမိန့်ထက် သူမတို့ မိဖုရားကို စိတ်ပူ
တာကပိုဆိုး နေကြောင်း သူမတို့မှလွဲ မည်သူမှမသိပေ...
သို့သော် သူမတို့ စိတ်ပူနေကြောင်း သိသော မုလျန်မှာ
သူမသိကြောင်း ပြောပြမည်မဟုတ်...

" တစ်ယောက်ထဲ နေပါရစေ အကုန်ထွက်သွားပါ...''

" ဒါပေမဲ့......''

" ချန်ယွဲ့ ကိုခေါ်သွားမယ် ဟုတ်ပြီလား....
ထပ်ပြောရင် တစ်ယောက်မှ မလိုက်ရဘူး....''

"အမိန့်အတိုင်းပါ.....''

"သွားမယ် ချန်ယွဲ့ ''

တော်တော် စိတ်ရှုပ်ဖို့ကောင်းတဲ့ ရာထူး......
နောက်ကတစ်ကောက်ကောက်လိုက်နေတဲ့ သူတွေနဲ့...
စိတ်ပူတဲ့သူတွေနဲ့...မုန်းဖို့ကောင်းလိုက်လေခြင်း....
ပျင်းလိုက်တာ.... ဘယ်သူ့ပြသာနာရှာရမလဲ...

လုချန် ဥယျာဉ်အနီးတစ်ဝိုက် လိုက်စစ်ဆေးနေတုန်း
အဖြူရောင်နှင်းဆီခင်းထဲ ကိုလှမ်းလျှောက်လာတဲ့ အပြာ
ရောင် အရိပ်လေးတစ်ခု...

အနီးကပ်လာတော့မှ ကောင်မလေးတစ်ယောက်...ဝမ်ဝမ်
ကို အလှပဆုံးလူသားလို့ ပြောရင် ဒီမိန်ကလေးကိုတော့ သက်ရှိ ပန်းပုရုပ်လေးလို့ တင်စားရမယ်ထင်....

တစ်လှမ်းခြင်းလျှောက်လာပေမဲ့ သူမရဲ့ အရှိန်အဝါကို
ငယ်ရွယ်တဲ့ သူမအသက်အရွယ်ကလဲ မဖုံးဖိထားနိုင်...
'နန်းတွင်းကမင်းသမီး တွေထဲ ဘယ်သူက ဒီလောက်ထိ အရှိန်အဝါ ကောင်းနေရတာလဲ.....'

System vs Villain (own creation) Where stories live. Discover now