မသိစိတ်ရဲ့ လှုပ်ခက်မှုကြောင့် သူမခေါင်းထဲ အနဲငယ်ရှုပ်ထွေးသွားလေသည်.....
သူမရှိနေတဲ့ ပန်းခင်းကြီးလဲ အမြင်တွေဝေဝါးလာမှုနှင့်အတူပျောက်ကွယ်သွားလေသည်....
အသိစိတ်အနဲငယ်ကြည်လာတာကြောင့် မျက်လွှာကိုဖွင့်လိုက်တော့မှ မြင်ရတဲ့ မြင်ကွင်းကြောင့် သူမ မရှိတဲ့ တိုင်နဲ့သာပြေးဆောင့်လိုက်ချင်မိသည်....
ဘာလို့ မရှိတဲ့ တိုင်လဲ....
သူမရောက်လာတာက System Space ထဲ ဘာဆိုဘာမှမရှိတဲ့ space....တရားခံမှာ တခြားသူမဟုတ်နိုင် သူမ၏လတ်လတ်ဆက်ဆက် နယူး အပ်ဂရိတ် system လေး.....
" S-y-s-t-e-m ''
သူမရဲ့ ခပ်စက်စက် ခေါ်သံကြောင့် သူမရှေ့ ရောက်လာတဲ့ လေးထောင့်တုံးလေး ရိုးရိုးတောင်မဟုတ်ဘူး ထိပ်မှာ တိုင်နှစ်ချောင်းကထောင်ထားသေး ဘယ်လိုရူးကြောင်ကြောင်တွေလဲဟအပ်ဂရိတ် system. "ဘာလို့ရုပ်ကြမ်းကြီးနဲ့လဲ ''
"-_- "
"နင်ငါကို ဒီအကြောင်းရှင်းပြဖို့ လိုတယ်မထင်ဘူးလား ''
System '' ရှင်းပြပါ့မယ် ''
"အခုချက်ချင်းရှင်း ''
System ''ဟိုဟာလေ သခင်က ကျွန်တော့ကို upgrade လုပ်လိုက်တယ်လေ အဲ့တာက ဒီ universe rule နဲ့ နဲနဲငြိသွားတာ ''
"အဲ့တာနဲ့ပဲ ငါက ကမ္ဘာတုက ဒီတိုင်းဖယ်ခံလိုက်ရကောလား ''
Rule နဲ့ငြိသွားသည်ဆိုသောကြောင့် သူမအနဲငယ်စိုးထိတ်သွားသော်လည်းပဲ system ထပ်ပြောသောစကားကြောင့် သူမရှိသမျှသွေးတွေ ပြောင်းပြန်တောင်စီးကုန်ပြီထင်သည်
System '' ကမ္ဘာတုက ဖယ်တယ်မဟုတ်ပါဘူး ကျွန်တော်ဖယ်လိုက်တာ ''
"နင်က အတော်သတ္တိရှိတယ်ပေါ့လေ နင်ငါ့ဒီတိုင်းဖယ်လိုက်တော့ ငါ့ရဲ့ ရှိသမျှ point တွေကုန်ပြီပေါ့ ဟုတ်လား ''
သူ့အားပြုံးပြုံးကြီးစိုက်ကြည့်ရင်းပြောနေသောကြောင့် new system လေးခဗျာ ကြောချမ်းရလေရဲ့
' ဒီ host ကသခင်ပြောသလို ယဉ်ကျေးလိမ္မာမယ့်ပုံမပေါ်ဘူး သခင်ရေ....ကျွန်တော့ကို ပြန်ခေါ်ပါ...>~< '
KAMU SEDANG MEMBACA
System vs Villain (own creation)
AcakSystem...'' Host မင်းလိုရာ တစ်ခုတောင်းပါ'' Host '' ကမ္ဘာအစစ် '' system...'' တောင်းဆိုချက်ကိုပယ်ချသည်...'' Host. ''.....'' ''ဘာကိစ္စ လာမေးနေလဲမပေးနိုင်ရင်လဲ.....နင့်ငုံးဥ.... ##$@###@$$$$'' System. ''ကမ္ဘာသစ်ကူးပြော...