ုသမုဒ္ဒရာအလယ်တွင် သီးသန့်စွာတည်ရှိ
နေသယောင်ထင်ရသော ကျွန်းဆီသို့ ဝေဟင်
အထက်မှ ဟယ်လီကော်ပတာ တစ်စီး သက်ဆင်းလာလေသည်
ထိုရဟပ်ယာဉ် ထိပ်ဦးပိုင်းရှိ Sakura ပန်းပွင့်
သည် ကျွန်း၌ရှိသော လူအများအား လှုပ်
လှုပ်ရှားရှားဖြစ်စေသည်"ပြန်လာတာ ကြိုဆိုပါတယ် သခင်လေး''
ယာဉ်ပေါ်မှသက်ဆင်းလာသော သခင်လေး
ဆိုသူသည် နေရောင်အား စိတ်ညစ်ညူးနေ
သည့်အသွင် မျက်ခုံးမှာတွန့်ချိုးနေသည်"အဖေကော Dare''
"သခင်ကြီး စံအိမ် အနောက်ဘက်မှာပါ''
Dare သည်နောက်ပါးထံမှ အသင့်ပါလာ
သော ထီးကို သခင်လေးအရိပ်ရအောင်ပြု
ပေးရင်း မေးခွန်းကိုဖြေလေသည်"အဖေ့ကို သွားတွေ့မယ်''
"ဟုတ်ကဲ့''
အပြင်မှပြန်ရောက်ရောက်ခြင်း သခင်ကြီး
အားသွားတွေ့လိုခြင်း အကြောင်းအား
သူတို့ကဲ့သို့ အစေအပါးများသည် မေးခွင့်
မရှိသောကြောင့် မမေးရဲပေ
သခင်ကြီးနှင့် သခင်လေး၏နှုတ်မိန့် တစ်ခုသာ သူတို့လိုက်နာရန်လိုသည်အတွေးတို့ကို ချေဖြတ်ရင်း အရှေ့မှ မပြေးရုံတမယ် ခြေလှမ်းကျဲလှမ်းနေသော သခင်လေးနောက် သခင်လေးလောက် ခြေတံမရှည်သော Dare အဖို့ အပြေးလိုက်နေရပါပြီ
စံအိမ်အနောက်ဖက် မရောက်ခင်အချိန်လေး
တွင်မှ ခြေလှမ်းလျှော့ချကာ တွေ့ကျေနေသော ဝတ်စုံအား သေသပ်အောင်လုပ်နေသော သခင်လေးကြောင့် သူ့မှာအံ့သြပြီးရင်း
အံ့သြနေရပြန်သည်ယခင်ကတည်းက ဘယ်တော့မှ အလျင်စလိုမပြုဖူး ခြေလှမ်းကျဲကျဲမလျှောက်ဖူး တွန့်ကျေနေသော အဝတ်အစားအား ချက်ချင်း
လဲလှယ်ဝတ်သော သခင်လေးသည် တစ်နေ့ထဲနှင့် ထိုအပြုအမူသုံးခုအား ပြုလုပ်နေသည်'ဘုရားသခင် ကျွန်တော့်သခင်လေး နတ်ဆိုးအပူးခံထားရသည်လား'
စံအိမ်အနောက်ဘက်တွင် သခင်လေးကိုယ်တိုင်ပျိုးထားသော နှင်းဆီဖြူပန်းခင်းကြီးမှာဝံ့ဝံ့ကြွားကြွားရှိနေသည်
ပန်းခင်းအလယ်၌ အဖြူရောင် အမိုးအခုံးလေးဖြင့် နားနေဆောင်လေးသဖွယ်အဆောက်အအုံတွင် သခင်ကြီးနှင့်
အမည်မသိကောင်လေးတစ်ယောက်အတူရှိနေသည် အမည်မသိကောင်လေးဟုသာ သူပြောနေရပေမယ့် သခင်ကြီးနှင့်တန်းတူထိုင်နိုင်သော ကောင်လေး၏အရည်အချင်းမှာသေးမည်မဟုတ်
Dare တွေးနေချိန်တွင်ပဲ သခင်လေးမှာ အမိုးအခုံးအဆောက်အဦးထဲသို့ဝင်ရောက်သွားပြီ
YOU ARE READING
System vs Villain (own creation)
RandomSystem...'' Host မင်းလိုရာ တစ်ခုတောင်းပါ'' Host '' ကမ္ဘာအစစ် '' system...'' တောင်းဆိုချက်ကိုပယ်ချသည်...'' Host. ''.....'' ''ဘာကိစ္စ လာမေးနေလဲမပေးနိုင်ရင်လဲ.....နင့်ငုံးဥ.... ##$@###@$$$$'' System. ''ကမ္ဘာသစ်ကူးပြော...