Mu Lian. 9

8K 903 31
                                    

"တိမ်နံရံတွေကိ ကျော်လွှားကာရယ်...
ကိုယ့်အတွက် မင်းယူလာပေးခဲ့တဲ့ လစန္ဒာနဲ့
တိမ်လွှာ ပန်းပွားလေးတွေက......
အခုတော့...ဘယ်ဆီဝယ်....

မြေခသွားတဲ့ ဇီးပန်းခက်လေးတစ်ခက်အတွက်...
ဝမ်းနည်းပေးမဲ့ သူ တစ်ဦးမှမရှိပေဘဲ.....
ဝံကြွားစွာနေလေမြဲ တစ်ချိန်မြေခရသော်လည်း...

ကတိစကားလေး တစ်ခုထွင်းထုထားချင်ရဲ့....
နှင်းဆီဖြူတွေ သက်သေထူပေးပါ့မလား......''

ကူကျုံးပေါ် သူမရဲ့လက်ချောင်းလေးတွေအားအသာအယာထိခက်စေရင်း တေးသံအားလဲ သီကျုးလိုက်လေတယ်......

ပွဲတော်မှ လူအားလုံးရဲ့အာရုံကိုဖမ်းစားထားတဲ့ ဖျော်ဖြေစင်အလယ်မှာကူကျုံးလေးတစ်လက်အား တီးခက်ခြင်းခဏ၌ သူမအားတစ်ကမ္ဘာလုံးသိမ်းပိုက်စေသယောင်ပင်....

လေတစ်ချက်ဝေ့လိုက်တိုင်းရောက်လာတတ်တဲ့ ဇီးပန်းခက်ရနံလေးတွေက သူမရဲ့တေးသံနှင့်ပနံသင့်လွန်းနေပေတယ်.....

သူမရဲ့ တေးသံက ကျောက်ဖုန်းကိုရည်ညွှန်ထားခြင်း...
ကျောက်ဖုန်းအိမ်ရှေ့စံ ဘဝ၌ မုလျန်အတွက် နန်းမြို့ရိုးအားကျော်ကာ....သူမ လိုချင်သော် လစန္ဒာ ဆံထိုးနှင့်
တိမ်လွှာပန်းပွားမုန့်ကလေးအား ဝယ်ပေးခဲ့ဖူးသည်...

ပြီးတော့ ဒီသီချင်းက အရင်မုလျန်မသေခင် ရေးစပ်သွားတဲ့သီချင်းလေး....ဒါကြောင့် မုလျန်ရဲ့ဆန္ဒလေးအားပြီးပျက်အောင်ဖြည့်ပေးခြင်းနှင့် သူမအား ခိုင်းစားသော ကျောက်ဖုန်းအား အတိတ်တစ်ချို့တူးဆွပေးလိုက်ရုံသာ...

ကူကျုံးပေါ်၌သူမရဲ့ လက်ချောင်းလေးများအား ဆက်လက်ပြေးလွှားစေပြီး သူမအရှေ့မှ လူနှစ်ယောက်ရဲ့ပျက်ယွင်းနေသောအရိပ်အယောင်များလည်း သူမမျက်စိအောင်က မလွတ်နိုင်သောကြောင့် တခဏတော့ ပြုံးမိလိုက်လေရဲ့....

"ဟိတ...''

"ဘာလဲ Dark''

သူမရဲ့ စိတ်အတွင်းထောင့်တစ်နေရာမှအသံကြောင့်..
သူမ မျက်မှောင်ကြုတ်မိလိုက်လေတယ်...

System vs Villain (own creation) Tempat cerita menjadi hidup. Temukan sekarang