Mu Lian. 7

7.8K 958 39
                                    

ဝမ်ဝမ်..သူမဒီနန်းတော်ကိုရောက်နေတာ တစ်လပင်ကျော်လာလေနေပြီ...ဒီတစ်လအတွင်းမှာပဲ အဖြစ်အပျက်တွေကအများအပြားပင်...အဓိကအသက်ရောက်ဆုံးခံရသူက သူမပင် ဖြစ်သည်...

'ဒီတစ်လအတွင်း..ဘာတွေဖြစ်ခဲ့တာလဲ...'

သူမက ဖုန်းအာ ကိုချစ်၍ သူမနေရပ်ကိုပင်စွန့်လွှတ်ခဲ့ရသည်...အဲ့ဒီအစား...ရာထူးတစ်ခုဖြစ်တဲ့ မိဖုရားလေးရာထူးကိုရခဲ့သည်...ဒီရာထူးနဲ့ပဲ သူ့အနားမှာပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်မယ်လို့ထင်ခဲ့ခြင်းပေ...

ဒါပေမဲ့သူမအတွေးနဲ့ လက်တွေ့ကတော့တစ်ခြားစီပင်..
မိဖုရား ရာထူးပေမဲ့ သူနဲ့အနီးကပ်ဆုံးအဆောင်ဖြစ်တဲ့ မိဖုရားခေါင်ကြီး အဆောင်တွင်နေထိုင်ခွင့်ရသည်...
ရာထူးမြင့်သူလို ဂရုစိုက်ခံရမယ့်အစားသူမရရှိတာက ဒီအဆောင်က အစေခံတွေရဲ့ အထင်သေးရွံ့ရှာမှုတွေပဲဖြစ်တယ်...

သူမဘယ်လောက်ပဲ အစေခံတွေနဲ့ရင်းနှီးဖို့ကြိုးစားကြိုးစား
အစေခံတွေမှာသူမနဲ့ခပ်ခွာခွာနေကာ...ဆက်လက်အထင်သေးကြမြဲပင်...သူမကြောင့်..မုမိဖုရားခေါင်ကြီးနန်းစွန့်သွားခြင်းဟုထင်ကာ..သူမအပေါ်စက်စုတ်မှုများကိုဖုံးကွယ်ဖို့ပင်မကြိုးစားပဲ အတိုင်းသားမြင်နေရသည်...

ထို့သို့သောအချက်တွေကြောင့်...သူရဲ့ဖေးမ မှုနဲ့နွေးထွေးမှုတွေကသာ သူမရဲ့ ခိုလှုံရာဖြစ်ခဲ့သည်...
သူရဲ့ အချစ်ခံရဆုံးမိန်းကလေးဖြစ်သော်ငြားလည်း...
အနောက်ဆောင်ကိုယ်လုပ်တော်တွေရဲ့ မနာလိုမှုတွေ
အကောက်ကြံမှုတွေ...မုအိမ် ဘက်တော်သားအမတ်တွေရဲ့ အမြင်မကြည်မှုတွေကြောင့် တစ်လကြာသော်လည်းကျင့်သားရရမည့်အသား သူမတစ်ဖြေးဖြေးနဲ့နန်းတော်ကိုကြောက်ရွံလာခဲ့သည်...

နယ်စပ်ကအရေးကိစ္စများကြောင့်...သူသည်လဲ သူမအနားတွင်အချိန်ပြည့်မနေနိုင်တော့ပေ..အမြဲလိုလိုအလုပ်တွေရှုပ်နေတတ်သည်...သူရဲ့ဖေးမမှုတွေကိုလဲ အရင်လိုမရတော့ပေ...အားငယ်မှုတွေသာကြီးစိုးနေခဲ့ပေသည်..

အခုဆိုသူမရဲ့အားကိုးရာတစ်ခုဖြစ်သော...ချန် မှာလဲသူရဲ့နေရပ်ကိုပြန်တော့မည်ပြောနေပေသည်...

System vs Villain (own creation) Where stories live. Discover now