ကားပေါ်မှာ လိုက်လာတဲ့တစ်လျှောက် သူ့ရဲ့စိုးရိမ်မှုအမှတ်
ဟာတရိပ်ရိပ်တိုးမြင့်နေဆဲ ပေါက်ကွဲမှုဖြစ်တဲ့နေရာရောက်
သည်နှင့် Yo Yo ကိုတောင်မစောင့်ဘဲ အလျင်စလို အပြေး
ဆင်းမိသည်တရုန်းရုန်းဖြစ်နေတဲ့လူအုပ်ကြောင့် သူ့အမြင်အာရုံမှာမရှင်း
မလင်းဖြစ်နေသည် ဆူညံသံတွေအားလျစ်လျူရှုကာ သူသိ
သော တစ်စုံတစ်ယောက်အား ရှာဖွေနေမိသည်"A ဟိုမှာ Ven''
ပျာပန်းခက်နေတဲ့လူအုပ်ထဲမှာ မလှုပ်မယှက် ငြိမ်ကျ
နေသော Ven အား တွေ့သွားသော Yo Yo မှာ
သူ့အားလက်တို့သည်ထိုအခါမှ သူ့စိတ်အစဉ်သည် အသိဝင်လာလျက် Ven
ဆိုသော ကောင်လေးအနားတစ်ယောက်ယောက်အားတွေ့
လိုတွေ့ငြား အပြေးသွားမိသည်"Ven အဆင်ပြေလား အကိုကော အကိုCarlo ကော''
သူ့နံဘေးမှ Yo Yo ၏စိုးရိပ်မှုသည်လည်း သူ့ထက်မသာ
လျှင်တောင် သူ့ထက်မလျော့ကြောင်း သူသိသည်
Ven ပြန်ဖြေလိုက်သော အဖြေမှာ တင်းထားသော
စိတ်ကို တတိတိ ရိုက်ချိုးနေသည်"ကျွန်တော်...ကျွန်တော်... မသိဘူး''
အသိလွတ်နေသူပမာပြန်ဖြေတဲ့ Venကြောင့် သူ့ဒေါသမှာ
ထိန်းမရသိမ်းမရဖြင့် ကော်လံကိုဆွဲရင်းမေးမိသည်"မင်းက မသိရအောင် မင်းကိုCarlo ဘေးနားထားတာ
အလှထားတယ် မှတ်နေလား ''"A စိတ်လျော့ လူရှင်းတဲ့နေရာသွားကြရအောင် လာVen''
သူတို့ထွက်သွားရန်ပြင်ချိန်၌ ဝင်းထဲသို့ရောက်လာသော
အမှတ်သမားတံဆိပ်ပါ ယာဉ်များကြောင့် ကြက်သေသေ
ကုန်ကြသည်"WT### မူးယစ်တိုက်ဖျက်ရေး အဖွဲ့ ''
"မင်းကြီးတော် ဒီမှာ မီးလောင်နေတာလေ မင်းတို့က
ဘာလာလုပ်ကြတာလဲ''"အို ဘုရားသခင်ကျွန်တော်တို့ကို လာနောက်နေတာလား''
ဘေးပတ်ဝန်းကျင်မှ တုံ့ပြန်သံများကြောင့် ကားပေါ်မှ
ဆင်းလာသူများလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
ကာ မဲ့ရမလို ပြုံးရမလိုပင်
'မင်းနှမကြီးတော်လား ငါတို့က ဘယ်လိုလုပ်သိမှာလဲ
အထက်က သွားခိုင်းလို့ ငါတို့ရောက်လာတာလေ
ငါတို့ကကော အားယားနေကြတယ်မှတ်လို့လား'
ဘာစကားမှ ပြန်မပြောကြသော်လည်း ထိုသူတို့ရဲ့အမူအရာမှာ ဤကဲ့သို့သော စကားများ အထင်းသား
KAMU SEDANG MEMBACA
System vs Villain (own creation)
AcakSystem...'' Host မင်းလိုရာ တစ်ခုတောင်းပါ'' Host '' ကမ္ဘာအစစ် '' system...'' တောင်းဆိုချက်ကိုပယ်ချသည်...'' Host. ''.....'' ''ဘာကိစ္စ လာမေးနေလဲမပေးနိုင်ရင်လဲ.....နင့်ငုံးဥ.... ##$@###@$$$$'' System. ''ကမ္ဘာသစ်ကူးပြော...