နေရောင်ခြည်ကာ မှန်သားများကို ကာထားသော
ဖြူလွလွ လိုက်ကာမှတစ်ဆင့် ဖြတ်ဝင်လာသော
အလင်းရောင်မှာ အခန်းထဲရှိ ကုတင်ပေါ်မှ လူသား
ကို မျက်လွှာနှစ်ချက်အား ပွင့်စေလိုနေပုံအလင်းရောင် မျက်ဝန်းပေါ်တိုက်ရိုက်ကျလာမှုကြောင့်
သူနိုးလာရသည်....
အခန်းထဲရှိ ပျံ့ကြဲနေသော ခေါင်းအုံးများကို မျက်ကွယ်
ပြုကာ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းထဲဝင်ရသည်"System''
"ပြော''
သူ့ရှေ့မှ လေးထောင့်တုံးက သူ့အားနဲနဲလေးမှကျေနပ်
ပုံမပေါ်ပေ...ဇာတ်လိုက်မအားနှောင့်ယှက်ခြင်းထက်
လေးထောင့်တုံးနဲ့ ရန်ဖြစ်ခြင်းကို ပိုနှစ်သက်မိသည်ဒီ host နဲ့သူနဲနဲလေးမှ အလုပ်မလုပ်ချင်ပါဘူးနော်
အားနေ လက်ပါမယ်ဆိုတာချည်း ဘယ်ချိန် အရိုက်ခံ
ရမလဲကြည့်နေရတယ်..."ငါ သိချင်တာရှိတယ် ဒီကမ္ဘာက စွမ်းအားတွေရအောင်
ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ယူရမှာလား''"????''
"ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ သေလဲရတာလား ''
အားနေ သူများအသက်ရန်ရှာဖို့ချောင်းနေတဲ့ host
နဲနဲလေးမှ မကူညီချင်တော့ဘူး သခင်ရေ...ကျနော့်
ကိုပြန်ခေါ်ပါတော့"ဇာတ်လိုက်နဲ့ ဇာတ်လိုက်မ ကိုသတ်လို့မရပါဘူးနော်''
"သူ့တို့ဘာသာသေတာကော''
Host ကကြာလေ မကောင်ဆိုးဝါးနဲ့တူလာလေပဲ
သူလိမ္မာမှရမယ် လေးထောင့်တုံးကနေ
လေးထောင့်ပြား အဖြစ်ပြောင်းမှာမျိုး သဘောမကျပါဘူး"ဒီကမ္ဘာတုတွေက rule အောက်ကနေ ခဏ
သွေဖယ်ရုံပါ....သူတို့သေသွားမယ်ဆိုရင် သတိထား
မိသွားနိုင်တယ် ''"သတ်လို့လဲမရသလို သေလို့လဲမရဘူးပေါ့''
ထုံးစမ်းအတိုင်း ဇာတ်လိုက်တွေသာ အရှင်သခင်ပေါ့လေ
ဘေစင်၌ မျက်နှာသစ်အပြီး ဘေးဘက်ရှိ ပုဝါ
အားလှမ်းယူကာ မျက်နှာပေါ်ရှိ ရေစက်များအား
သုတ်ပစ်လိုက်လေသည်သလင်းကျောက်ကဲ့သို့ ကြည်လဲ့နေတဲ့အပြာရောင်
မျက်စံ ခပ်တန်းတန်း မျက်ခုံးနှစ်ဖက် ပြုံးမယောင်
နှင့်တည်နေသော နှုတ်ခမ်းပါးလေး ....
ВЫ ЧИТАЕТЕ
System vs Villain (own creation)
РазноеSystem...'' Host မင်းလိုရာ တစ်ခုတောင်းပါ'' Host '' ကမ္ဘာအစစ် '' system...'' တောင်းဆိုချက်ကိုပယ်ချသည်...'' Host. ''.....'' ''ဘာကိစ္စ လာမေးနေလဲမပေးနိုင်ရင်လဲ.....နင့်ငုံးဥ.... ##$@###@$$$$'' System. ''ကမ္ဘာသစ်ကူးပြော...