" တစ်ချက်လောက် အလုပ်ကိုစိတ်ဝင်စားပေးနိုင်မလား
Mr.Van ''"ဟုတ်...ဟုတ်ကဲ့ ''
သူ့ဘေးနားထားတာကြာတော့ သိလာရတာတစ်ခုက
Van ဆိုသည့်ကောင်လေးသည် အရမ်းအတွေးလွန်သည်
ဆက်စပ်တွေးတာမျိုးမဟုတ်ဘဲ ဘာတွေးမှန်းမသိ တစ်နေ
ရာကို အချိန်အကြာကြီးစိုက်ကြည့်နေတာမျိုး ဖြစ်သည်တစ်ခါတစ်ရံ နှင်းဆီဖြူတွေအား စိုက်ကြည့်နေသည်
အများဆုံးစိုက်ကြည့်တာကတော့ သူ့မျက်နှာပင်
ထိုကောင်လေးအား Gay နေသလားပင် အတွေးဝင်မိ
လေသည်...တစ်ခါ ပစ္စည်းလဲရန် စီစဉ်ထားသောနေရာမှာ bar
ဖြစ်သောကြောင့် လူပေါင်းစုံရှိသည့်နေရာ...
ထို့ကြောင့် သူစီစဉ်သည့်အတိုင်း ရုပ်ရည်အတန်မြင့်
သော ကောင်လေး တစ်ယောက်အား Van အနားကပ်
ခိုင်းခဲ့သည်ကောင်လေးခဗျာ အနားကပ်ဖို့သာကြံရွယ်ရသေး
Van မှ သေနတ်ဖြင့် ခြိမ်းခြောက်မှုကြောင့်
သူ့ပင်လှည့်မကြည့် တန်းနေအောင် ပြေးသွားသည်..
ထိုအချိန်ကထဲက Van အားမစမ်းသက်ရဲတော့ပေ...သို့သော်လည်း ထိုကောင်လေး၏ အကြည့်အားမနှစ်မျို့
မတွေ့ရတာကြာသောသူကို တမ်းတနေသည်လော
သူ့အနားမှ အပိုင်ထားချင်သည့် လောဘ မျက်ဝန်းမျိုး
တိတိကျကျ အဖြေထုတ်၍မရ တစ်ခါတစ်ရံ ဝမ်နည်း
နေသလို အရမ်းတက်ကြွနေတာမျိုးပင်သူအတွေးလွန်ချိန်၌ သူ့အရှေ့မှ လူနှစ်ယောက်၏
အကြည့်တိုက်ပွဲအား မရိပ်မိလိုက်ပေ..."မတွေ့ရတာ ကြာပြီနော် Brother''
စည်းချက်မှန်တဲ့ high heel သံနှင့်အတူ ဝင်ရောက်
လာသည့် ကြည်လင်ပြတ်သားသည့် အသံကြောင့်
စားပွဲပေါ်ရှိ စာရွတ်စာတမ်းများမှအကြည့်အား အသံ
လားရာသို့ လွဲပြောင်းလိုက်သည်...အဖြူရောင်ခါးတိုအင်္ကျီပေါ်၌ ချပ်ရပ်နေသည့် အနီရောင် leather အင်္ကျီနှင့်အတူ အနီရောင်ပေါင်တို
leather ဘောင်းဘီအားဝတ်ဆင်ထားပြီး pony -tail ပုံစံစည်းနှောင်ထားသည့် မဟူရာဆံနွယ် ပိုင်ရှင်
မှာ အခန်းတွင်းသို့ ဝင်လာသည်...ဖြောင့်တန်းနေသော မျက်ခုံးနှင့် တည်ငြိမ်နေသော
မျက်ဝန်း ပါးလွှလွှ နှစ်ခမ်းပါးလေး တို့မှာ ရင့်ကျက်
တည်ငြိမ်သည့် အမျိုးသမီးပုံစံပင်...
ထိုကောင်မလေးမှာ လက်ရှိခန္ဓာကိုယ် Carlo Lewis
၏ ညီမအရင်းခေါက်ခေါက်ပင်
တစ်ဦးတည်းသော ဆွေမျိုးဖြစ်သည့် ညီမလေးအား
ငယ်စဉ်ကတည်းက LA သို့ပို့ထားခဲ့သည်
သူသေသွားချိန်ထိ သူ့ညီမ အားသွားမတွေ့ခဲ့...
YOU ARE READING
System vs Villain (own creation)
RandomSystem...'' Host မင်းလိုရာ တစ်ခုတောင်းပါ'' Host '' ကမ္ဘာအစစ် '' system...'' တောင်းဆိုချက်ကိုပယ်ချသည်...'' Host. ''.....'' ''ဘာကိစ္စ လာမေးနေလဲမပေးနိုင်ရင်လဲ.....နင့်ငုံးဥ.... ##$@###@$$$$'' System. ''ကမ္ဘာသစ်ကူးပြော...