Qing HuiYuan. 1

508 58 19
                                    

Zawgyi

ဘေးပတ်ဝန်းကျင်မှ တိတ်ဆိတ်နေသော်လည်း မသိစိတ်မှ လုံခြုံမှုမရှိဟု ခံစားနေရသောကြောင့် ခပ်လေးလေးဖြစ်နေသော မျက်ခွံအားပင့်တင်လိုက်ရတော့သည်

ရုပ်တရက်ဝင်လာသော အလင်းကြောင့် မျက်လုံးအားကာရန် လက်ပင့်တင်လိုက်ချိန် ဆေးအပ်ကြောင့် စူးခနဲ ဖြစ်သွားသည်

'ကျစ် ပျော့လိုက်တဲ့ ခန္ဓာကိုယ်'

မူလပိုင်ရှင်၏မှတ်ဉာဏ်များနှင့် ဇာတ်ကြောင်းမှာ မရောက်ရှိသေးသောကြောင့် အိပ်ယာထိပ်၌မှီရင်း အခန်းပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်

သူမလှဲနေသည့် ကုတင်ဘေးတွင် ဆေးပစ္စည်းအနည်းငယ်သာရှိပြီး တစ်ခန်းလုံးတွင် ထိုင်စရာခုံတစ်ခုံပင်မရှိပေ

သန့်ရှင်းသော်လည်း ဆေးရုံကဲ့သို့ အနံ့မျိုးမရ နံရံအရောင်မှာ အတန်ငယ်မှိုင်းသော အထီးကျန်ဆန်သည့်ခံစားချက်ဖြစ်သည် အခန်းအား ကောက်ချက်ချနေချိန် တစ်စုံတစ်ယောက်မှ တံခါးဖွင့်ဝင်လာသည်

"နိုးပါပြီလား မမလေး"

ဝတ်စုံအပြည့်ဖြင့် အိမ်ထိန်းဖြစ်ဟန်တူသည့် လူသည် အိပ်ယာထိပ်၌ ခေါင်းအုံးမှီထိုင်နေသော သူမအားကြည့်ရင်း မျက်ဝန်း၌ရွံရှာဟန် ဖြစ်လာသော်လည်း မဖော်ပြမိရန် ခေါင်းကိုငုံ့လိုက်သည်ကို မြင်လိုက်ချိန် ဤကမ္ဘာ၌ မူလပိုင်ရှင်၏နေရာမှာ မရိုးရှင်းပုံကြောင့် မျက်ခုံးပင့်မိသည်။

'စိတ်ဝင်စားဖို့ကောင်းသားပဲ'

"ဘယ်လောက်တောင် အရေးကြီးတဲ့ ကိစ္စဖြစ်လို့ တံခါးတောင်မခေါက်နိုင်ရတာလဲ"

"သခင်ကြီးက မမလေးကို လာတွေ့ခိုင်းလိုက်ပါတယ်"

သူမ အမေးအား ပြန်ဖြေနေသော်လည်း လှောင်ပြောင်သံတစ်စွန်းတစ်စက ပါနေသည်။

"သိပြီ လာခဲ့မယ် ပြောလိုက်"

''သခင်ကြီးက အခုလာဖို့ပြောနေတာပါ မမလေး"

"ကျစ် လာခဲ့မယ်လို့ ပြောခိုင်းနေတယ်လေ နားမပါဘူးလား ထွက်သွားစမ်းပါ"

ထိုလူ၏လှောင်ရိပ်စွန်းသည့် နှုတ်ခမ်းမှာ ပိုမိုထင်ရှားလာပြီး နာခံဟန်ဖြင့် ထွက်သွားဟန်ပြုသည်

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jan 22, 2022 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

System vs Villain (own creation) Tempat cerita menjadi hidup. Temukan sekarang