Carlo Lewis. 8

4.5K 540 29
                                    


"အပေါ်ထပ်ကို တက်လို့မရပါဘူး မိန်းကလေး Mika''

"ဘာလဲ''

အခန်းသို့သွားရန် ခြေလှမ်းပြင်နေသော သူမအား
လှေကား၌ဆီးတားနေသော Van ဆိုသည့်
ဘာမဟုတ်တဲ့လူကြောင့် Bill မိဘတွေနဲ့
တွေ့ပြီးပျော်ခဲ့ရသမျှအပျော်များပင် ပျောက်လုမတတ်
ဖြစ်သွားရသည်။

"မိန်းကလေး အတွက်အခန်းက အောက်ထပ်မှာပါ''

"ဘာပြောတယ်''

"မကြားလိုက်ဘူးလား''

'ဖြောင်း!!!'

"နင့်လိုမလောက်လေးမလောက်စား အစေခံအဆင့်က
ငါ့ကို ဘယ်လိုလေသံနဲ့ပြောနေတာလဲ''

"အဟက် အစေခံ ''

သူမနောက်ဖျားဆီမှ လှောင်ရယ်သံထွက်လာရာသို့ ကြည့်မိရာ
ရိုးရှင်းသည့် ဂါဝန်ရှည်ဝတ်ထားပြီး ကျောလယ်လောက်ရှိ
သည့် ဆံနွယ်ရှည်ကို လက်ညိုးဖြင့်ခွေလိမ်ဆော့ကစားရင်း
ခပ်ထေ့ထေ့ လှောင်ပြုံးပြုံးနေသည့် မိန်းကလေးကြောင့်
ဒေါသများဖြင့်ပူထူလာသည်

"နင်ကကော ဘယ်သူလဲ''

"ငါဘယ်သူလဲ မမေးခင် နင်ကကော ဘယ်လောက်ကြီး
မြတ်နေလို့ ငါ့လူကိုထိရဲတာလဲ မေးပါရစေ''

ထိုကောင်မလေး၏ အပြောကို Mika ပြန်လည်ချေပ
စရာမတွေ့ပေ

ူသူမနှင့် အခြေအတင်ဖြစ်သူကို ပုံမှန်ဆို အစောင့်များနှင့်
အိမ်စေများ နှင်ထုတ်မည်မှာကျိန်းသေသော်လည်း
ထိုသို့ဖြစ်လာရန် အရိပ်အရောင်ပင်မတွေ့ပေ
'ဒီမိန်းမက ဘယ်သူလဲ'

"Jack ဒီမိန်းမကို ဆွဲထုတ်သွားစမ်း ''

Carlo မှ သူမအားစောင့်ရှောက်ရန်လွှတ်ထားသော
Jack သည် အစိုးရအဖွဲ့မှ သူလျှိုတစ်ဦးပင် ထို့ကြောင့်
Jack သည်သူမ စကားကိုသာ နာခံသည်

Jack မှ ထိုမိန်းကလေးအနားကပ်သွားသော်လည်း
ထိုမိန်းကလေးမှာ အပြုံးပင်မပျက် ဘေးရှိ အိမ်စေများကလဲ
ဝင်မပြောရဲ

"Yo Yo စနောက်တာ တော်လောက်ပြီ''

"Carlo ဒီမိန်းကလေးက ကျွန်မကို စိတ်အနှောင့်အယှက်
ပေးနေတယ်''

System vs Villain (own creation) Dove le storie prendono vita. Scoprilo ora