Carlo Lewis. 7

5.4K 616 20
                                    


"ဘာဆက်လုပ်မှာလဲ ''

အလှစားပွဲပေါ်သို့ ခြေတင်ကာ ဘေးပန်းပုရုပ်လေးပေါ်ရှိ
ကြွေပန်းကန်မှ ပန်းသီးစိတ်လှမ်းယူနေသော လက်မှာ ခဏရပ်ဆိုင်းသွားကာ 'ငါအစား စားနေတယ်'ဆိုသော
အကြည့်ကိုသာလက်ခံရသည်
မည်သည့်စကားမှမဆိုဘဲ ပန်းသီးစိတ်အားလှမ်းယူကာ
စားနေသောကြောင့် စိတ်ထဲကသိကအောင့်ဖြစ်လာသည်

"Carlo  ''

"အင်းပြော''

"ဘာဆက်လုပ်မှာလဲ ''

မေးသာမေးနေရသည် ထိုကောင်လေးမှာအေးအေး
လူလူ တစ်နေ့က စကားကြီးစကားကျယ်အပြောကြောင့် သူပင်မျောခဲ့ရသည်မဟုတ်လား...

"ဘာလို့သိချင်နေရတာလဲ အချိန်တန်သိရမှာပဲကို''

လက်တစ်ဖက်၌ပန်းသီးစိတ် ရှိသည့်ခရင်းကိုကိုင်ပြီး
နောက်တစ်ဖက်၌ကိုင်ထားသော ဖုန်းကိုသာစိတ်ဝင်
တစားကြည့်နေသော ထိုကောင်လေး၏ အဖြေကြောင့်
သူ့မှာ ဆက်ပြောစရာပင်ပျောက်ရသည်

"ကောင်းပြီ အခုငါဘာလုပ်ရမလဲ''

မေးသူရှိပြီး ဖြေသူမရှိသည့်နောက် တိတ်ဆိတ်မှု ခေတ္တ
ကြီးစိုးသွားသည်

"အာ ဂိမ်းရှုံးသွားပြီ...
မင်းတော်တော်စကားများလာတယ် A''

'ငါကပုံမှန်ပါပဲ မင်းကမှငါ့ထက် စကားနည်းသွားတာ'
စိတ်ထဲက စကားများကိုထုတ်မပြောပဲ ငြိမ်နေလိုက်သည်

"ဧည့်သည်ရောက်လာလိမ့်မယ် သွားစောင့်နေ''

ခေါင်းတစ်ချက်ငြိမ့်ပြရင်းသာ ထွက်လာတော့သည်
အခုတလော ပစ္စည်းပို့သည့်နေရာများကို ရပ်ဆိုင်း
ထားသည်
သူ့လက်အောက်မှလူများလဲ အနဲအကျင်း ဖယ်ထုတ်ခံ
နေရသည် Carlo ပြောင်းလဲသွားသည်လား...
အရင်က တည်ငြိမ်သော်လည်းစိတ်ခံစားမှုနှင့်
တုံ့ပြန်မှုရှိသည် ယခု၌ ထိုကောင်လေး၏ ခံစားချက်နှင့်အတွေးများကို လုံးဝ မခန့်မှန်းနိုင်တော့ပေ...
အတွေးများကြောင့် စိတ်ရှုပ်ရခြင်းကို မနှစ်သက်
'မတွေးတာပဲကောင်းတယ်'

A နှင့် Van ၏ အချက်အလက်များကို System
မှမပေး မပေးဆိုသည်ထက်ရှာမရခြင်းဖြစ်နိုင်သည်
Space ပြောင်းလဲခြင်းနှင့်အတူ ဇာတ်ကြောင်း အချက်
အလက်များသည် မခိုင်လုံတော့ပေ

System vs Villain (own creation) Donde viven las historias. Descúbrelo ahora