S2 Ep11 part1 (အမှတ်ရစေတယ်)
(ဆေးရုံကိုရောက်သွားပြီးဆရာဝန်ကTinကိုအခန်းအပြင်ဘက်မှာနေခိုင်းလိုက်သည်Tinထိုင်စောင့်နေရဲ့တွေးလိုက်သည်)
Other:တောင်းပါတလ် တျောက်တျောက်ကလုပ်ခိုင်းလို့ပါ
(Tinတွေးရင်းတွေးရင်းနဲ့နာရီဝက်ကြာပြီးဆရာဝန်အခန်းထဲ ထွက်လာသည်Tinချက်ချင်းထပြီး)
Tin:လူနာကဘယ်လိုဖြစ်သလဲ
Doctor:စိုးရိမ်စရာမရှိတော့ပါဘူးအအေးဓာတ်နဲ့အကြာကြီး အတူနေရတာကြောင့်ခနမေ့လှဲသွားတာပါအခုတော့သူ့ရဲ့သွေးစီးဆင်းမှုတွေပုံမှန်ဖြစ်သွားပြီသူ့ကိုဆေးထိုးပေးထားလို့နောက်နာရီဝက်ဆိုသူပြန်နိုးပြီ ခနနေဆေးယူပြီးအိမ်ပြန်လို့ရပါပြီ
Tin:ဟုတ် ကျေးဇူးတင်ပါတယ် (Doctorနဲ့စကားပြောပြီး Tin အခန်းထဲဝင်ပြီး Can ဘေးနားလေးမှာသွားရပ်ပြီး Can လက်လေးကိုကိုင်လိုက်သည် Canလက်လေးကို သူ့ပါးလေးမှာထားရင်း)
Tin:Can ငါ့ကြောင့်မင်းဒီလိုဒုက္ခတွေရောက်နေတလ် အကုန်လုံးကငါ့ကြောင့်ပဲ...ငါဘာဆက်လုပ်ရမလဲ ဟင် ငါ့ကိုပြောပြအုန်း...Can... (Tinပြောနေရင်းသူ့မျက်ရည်က အလိုလိုကျဆင်း လာတော့သည် ပြေးထွက်သွားတဲ့တျောက်က Dantဆီဖုန်းခေါ်သည်)
Dant:ဟလို ဘယ်လိုလဲ
Other:အင်း အဆင်ပြေတလ် ဟိုကောင်ရဲ့လက်တီးက တော်တော်လေးတာပဲ ငါ့နှုတ်ခမ်းနဲ့မျက်နှာတွေဒဏ်ရာရကုန်ပြီ ဒါပေမဲ့ထင်ထားတဲ့အတိုင်းပဲရောက်လာတလ်ဒီလိုအလုပ်တွေကမဆိုးဘူးပဲ
Dant:ပြောပြီးသားပဲ နဲနဲလုပ်ရုံနဲ့ပိုက်ဆံအများကြီးရတယ် ဟင့် ဒါပေမဲ့ ငါသူ့ကိုလက်စားချေအုန်းမှာ သူအရမ်းချစ်မြတ်နိုး နေတဲ့အဲ့ပစ္စည်းကိုငါစားကြည့်ချင်တလ်ကောင်းလားလို့ Other:ဟွေ့ မင်းတကယ်ယူမလား
Dant:အင်း
Other:ငါလဲစားကြည့်ချင်တလ်အတူစားမလား
Dant:မရဘူး ဒါက ငါ့အတွက်ချိုမြိန်တဲ့လက်စားချေမှုပဲ ဟင့် Aik Tin မင်းသေဖို့သာပြင်တော့ အင်း..ဒါပဲ ငါတို့ရဲ့သခင်ဆီဖုန်းဆက်ရအုန်းမှာ (ဖုန်းချပြီး Dant က Tul ဆီဖုန်းဆက်လိုက်သည်)
Tul:အင်း ဘယ်လိုလဲ
Dant:အင်း ဒီတခါတော့ငါ့ရဲ့အထင်မမှားရင်မင်းဖြစ်ချင်တိုင်း သူလုပ်ပေးလောက်တလ် စောင့်နေလိုက်
Tul:အင်း ကောင်းတလ် (Tul ဖုန်းချပြီး )
Dant:ဟင့် မင်းတို့ညီအစ်ကိုကတော်တော်တုံးတာပဲငါကသူများ ပြောတဲ့စကားတိုင်းအကုန်လိုက်လုပ်တဲ့သူမဟုတ်ဘူး မင်းက ဟိုကောင်ကိုဒီတိုင်းလေးခေါ်သွားပြီး Aik Tin နဲ့လမ်းခွဲပေးဖို့ရုံပဲဒါပေမဲ့မင်းပြောတဲ့ဇာတ်ကွက်ကငါမကြိုက်လို့ပြန်ပြင်ပေးတာ ဟင့်... (5:00 ချိန်မှာ Can နိုးလာပြီး Tin ကCanဘေးမှာထိုင်ခုံပေါ်မှာထိုင်ပြီးCanလက်ကိုကိုင်ထားရင်းအိပ်ပျော်နေသည် Tin ကသူ့လက်ကို ကိုင်ရင်းအိပ်ပျော်နေတာကိုမြင်တော့ Can ပြုံးပြီး Tin အိပ်နေတာကိုကြည့်နေသည် Can နိုးတာမကြာခင် Tin နိုးလာတာကိုတွေ့တော့ Can မျက်လုံးမှိတ်ပြီး အိပ်ပျော်နေသလိုဟန်ဆောင်နေသည် Tin နာရီကြည့်ရင်း)
Tin:ပြောတော့နာရီဝက်ပြီးရင်နိုးလာမလ်ဆို ဘာလို့ခုထိမနိုး သေးသလဲအိပ်တာ1နာရီရှိတော့မလ် (TinပြောပြီးCanလဲ မျက်လုံးလေးဖွင့်ပြီးချောင်းဆိုသလိုဟန်ဆောင်ခဲ့သည်)
Can:အဟမ့် အဟမ့်
Tin:အောဝ်း..နိုးပြီလား ခနခနရေယူပေးမလ် (ဟန်ဆောင်သူ တော့ပြုံးနေတော့သည်)
Tin:ရော့ ဒီမှာ ဖြေးဖြေးသောက် (Canရေသောက်ပြီး)
Tin:မင်းဘယ်လိုလုပ်အဲ့ကားထဲရောက်သွားသလဲ (Canခနစဉ်းစားလိုက်သည်)
Can:အင်း....ငါမှတ်မိတာတော့ မင်းနဲ့တွေ့ဖို့ငါသွားခဲ့တလ် လမ်းတစ်ဝက်မှာရောက်တော့တစ်ယောက်ယောက်ကငါ့နောက်ကနေပုဝါတခုနဲ့ငါ့နှာခေါင်းကိုအုပ်လိုက်တလ်ပြီးတော့ဘာတွေဆက်ဖြစ်လဲဆိုတာငါမမှတ်မိတော့ဘူး
Tin:မင်းသူ့ကိုနဲနဲလေးမှမမြင်လိုက်ရဘူးလား
Can:အင်း...မမြင်ဘူး Tin ထားလိုက်တော့ဘာပြသာနာမှ ထပ်မရှာနဲ့တော့ဖြစ်သင့်လို့ဖြစ်တာပဲဝ၌ကျွေးတွေကိုချေပစ်တလ်လို့ပဲသဘောထားလိုက်ငါလဲခုအဆင်ပြေနေပြီလေ
Tin:ဒါပေမဲ့ ငါ...(CanကTinလက်ကိုဆွဲကိုင်ရင်း)
Can:နာ....ငါတောင်းဆိုတလ်အဲ့လိုလူတွေနဲ့မင်းလက်ထိဖို့ မတန်ဘူး..နာ...သူတို့ကိုရန်မရှာနဲ့တော့... (Canအသံနွှဲ့ပြီး တစ်ချက်ပြုံးပြတော့ )
Tin:အင်း... (Tinနာရီကြည့်လိုက်တော့ 5:30 ရှိနေပြီ )
Tin:ငါထင်တာဒီနေ့ဘန်ကောက်ထဲမပြန်နိုင်တော့ဘူး ထင်တလ်
Can:ဘာလို့လဲ...
Tin:မိုးချုပ်တော့မှာ ပြီးတော့မင်းလဲသိပ်အဆင်မပြေသေးဘူး
Can:ဒါပေမဲ့ ငါမပြန်ရင်အိမ်ကလူတွေစိတ်ပူမှာပေါ့
Tin:ပြီးတော့ ဒီနေရာနဲ့ဘန်ကောက်ကတော်တော်ဝေးတလ် ရတလ်ငါဖုန်းဆက်ပြီးပြောလိုက်မလ် အော် ငါ့ကိုဒီမှာခနစောင့် ငါဆေးတွေသွားယူပြီးပြန်လာခဲ့မလ်
Can:အင်း.... (Tinအခန်းထဲထွက်သွားပြီးCounterမှာဆေးတွေယူသည်ပိုက်ဆံရှင်းပြီးCanဆီပြန်သွားလိုက်သည် )
Can:အောဝ်...ပြီးပြီလား
Tin:အင်း...(TinပြောပြီးCanလွယ်အိတ်ကိုသူ့အရှေ့မှာ လွယ်ပြီးCan ကိုနောက်ကျောလှည့်ပေးပြီးထိုင်ချလိုက်သည်)
Can:မင်းဘာလုပ်သလဲ ဘာလို့ထိုင်ချသလဲ
Tin:ကျောပေါ်တက်ငါကျောပိုးပေးမလ်
Can:ဟွေ့..... ရတလ်ငါသက်သာပြီငါ့ကိုကျောပိုးပေးတဲ့ထိ မလိုဘူး... (Tin Canကိုလှည့်ကြည့်ပြီးသူ့ကျောပေါ်တက်ဖို့ မျက်လုံးလုပ်ပြသည်Canလဲဘယ်ဘက်လှည့်ညာဘက်လှည့်ကြည့်ရင်းရှက်သလိုလိုနဲ့Tinကျောပေါ်တက်လိုက်သည်TinထပြီးCanကိုကျောပိုးရင်းနဲ့ကားဆီသွားလိုက်သည်သွားနေချိန်မှာဆေးရုံမှာရှိတဲ့လူတွေကြည့်ရင်းတတွတ်တွတ်ပြောပြီးအားကျနေတော့သည်Canကလူကြည့်တာများနေတော့)
Can:Tin...ငါထင်တာတော့ငါ့ကိုယ်ငါလမ်းလျှောက်သွားရင် ပိုအဆင်ပြေမလ်လို့ထင်တလ်
Tin:ဘာလို့လဲ ဒီလိုလုပ်နေလဲကောင်းနေပြီလေ
Can:ကြည့်တဲ့လူတွေများနေတလ်..မင်းမြင်ဘူးလား
Tin:သူတို့အားကျလို့ကြည့်နေမှာပေါ့...
Can:ရူးနေလား.... (CanလဲTinနောက်ကျောပေါ်နေပြီးTinကိုတင်းတင်းလေးပြန်ဖက်လိုက်သည်ပြုံးရင်းနဲ့)
Can:Tin ငါ့ခန္ဓာကိုယ်မလေးဘူးလား
Tin:မင်းခန္ဓာကိုယ်လေးတာထက် မင်းနှလုံးသားမှာမလေးဖို့ပဲအရေးကြီးတလ် (Canကြားပြီးအပြုံးမပျက်ဖြစ်နေသည်)
Can:ရူးနေလား...အင်း ပြောရရင်ဒီလိုဖြစ်လဲကောင်းမှာပဲနော်
Tin:ဘာလို့လဲ
Can:မင်းနဲ့အတူဒုက္ခတွေနဲ့မျှပြီးနေနေရတလ် ငါတို့၂ယောက်အမှတ်ရစရာတွေလဲများတလ်ငါတို့အတူရှိနေတဲ့ချိန်မှာအဆိုးဖြစ်ဖြစ်အကောင်းဖြစ်ငါ့အတွက်အကုန်လုံးကအမှတ်ရစရာတွေပဲ
Tin:Can...ငါမင်းကိုအမြဲပျော်ရွှင်ပြီးအပြုံးလေးနဲ့အမြဲတမ်း ဖြစ်စေချင်တလ်မင်းအတွက်နာကျင်စရာတွေမတွေ့စေချင်ဘူးမင်းနာကျင်သလောက်ငါကမင်းထက်ပိုနာကျင်တလ်...
Can:အင်း...ငါသိတလ်
(TinCanစကားပြောရင်းကားဆီသွားလိုက်သည်)