(Zawgyi)
တိတ်ဆိတ်နေတဲ့ ညစာ စားပွဲဝိုင်း ။ လူပို တစ်ယောက်
ပိုနေသည့် အတွက် ။ ယခင်ကလို ရယ်သံ ၊ စကားသံများ
ကင်းမဲ့နေသည်မှာ...ယခုချိန် ကြမ်းပြင်ပေါ်သို့ အပ်တစ်ချောင်း ကျသွားခဲ့လျှင်
ထိုအပ်နဲ့ ကြမ်းပြင်နဲ့ ထိတွေ့ သွားမည့် အသံကိုတောင်
ကြားရလောက်တဲ့ အထိပင် ။" သားကြီး ဒီမှာ သားကြီးကြိုက်တဲ့ ငါးအသားလွှာ
များများစားနော် မေမေ့သားကြီးကို မေမေကြည့်ရတာ
တနေ့နဲ့ တနေ့ ပိုပို ပိန်လာ သလိုပဲ မျက်နှာကလေးက
အရင်တုန်းကလို ပြည့်ပြည့်တင်းတင်း မဟုတ်ပဲ ချောင်ချ
သွားလိုက်တာကွယ် သားငယ် မင်း မေမေ့သားကြီးကို
ဂရုမစိုက်ဘူးလား! အဲ့ဒါကြောင့် သားကြီးပိန်သွားတာလား! "စကားတို့ ကင်းမဲ့ကာ တိတ်ဆိတ်နေတဲ့ အလွှာကို ဖြိုခွဲ
လိုက်သောမေမေ ။ ပန်းကန်ထဲသို့ ငါးအသားလွှာ
ထည့်ပေးပြီး ကျွန်တော်ရဲ့ ချောင်ချသွားတဲ့ မျက်နှာလေးကို
ကိုင်လျက် သူ့ဘက်မျက်နှာ လှည့်ပြီး ပြောလိုက်တော့...သိသိသာသာ ပျက်သွားတဲ့ သူမရဲ့မျက်နှာနဲ့
ဘာပြောလို့ ပြောရမလဲ မသိပဲ အကျပ်ရိုက်နေရသော သူ..." Chanက သားကို ဂရုစိုက်ပါတယ် မေမေရဲ့
သားပိန်သွားတယ် ဆိုတာက အလုပ်များလို့
အလုပ်ပန်းပြီး ပိန်သွားတာပါ မေမေရယ် "" ဘာအလုပ်များတာလဲ သားကြီး ဒုဥက္ကဌတစ်ယောက်က
ဘယ်လောက်များ အလုပ်များနိုင်မှာလဲ သာမန်ကာလျှံကာ
Projectအသစ်အတွက် လုပ်တဲ့အချိန်ပဲ အလုပ်များတာ
ကျန်တဲ့ အချိန်တွေဆို အလုပ်က သိပ်များတာ မဟုတ်ဘူး
သားကြီး သားက ဖေဖေထက် ငယ်သေးပါတယ်ကွာ "သူ့ဘက်သို့ အပြစ်မရောက်အောင် လိုက် ဖာထေး ပြောပေး
နေသော ကျွန်တော်စကားအဆုံး ။ အနောက်မှ နှုတ်ဆိတ်
နေသည့် ဖေဖေရဲ့ ပြန် ချေပ လိုက်သောစကားကြောင့်
ကျွန်တော် မျက်နှာကို အောက်ငုံ့က နှုတ်ဆိတ် နေလိုက်မိသည် ။