(Zawgyi)
အချစ်ဟု သတ်မှတ်နိုင်တဲ့ တိမ်တိုက်ကလေး
အမုန်းဆိုတဲ့ လေပြင်းလေး မတိုက်ခတ်လာခင်
ကြည်နူးခြင်းဆိုသော လေငြိမ်ရာ ကောင်းကင်
တစ်ခွင်၌ဝယ် ၊ ချိုမြိန်ခြင်းဆိုသည့် လွင့်မျောမှုမရှိ
ထာဝရပင် တည်မြဲနေချင် မိတယ်ဆိုရင် . . .
ထိုအရာကို လောဘဟု ခေါ်ဆိုနိုင်သလား . . . !
ဘဝမှာ ပထမဦးဆုံး နုငယ်သော နှလုံးသားနဲ့
ရင်းပြီး ခံစားခဲ့ဖူးပြီး လူတစ်ယောက်တည်းကိုသာ
ပုံအော အပ်နှံထားခဲ့တဲ့ အချစ် ။
တန်ရာတန်ကြေးဟု မဆိုနိုင်သော တန်ပြန်သက်ရောက်မှု
မကျသည့် နာကျင်မှုတို့သာ နှလုံးသားဆီသို့ ပြန်ဦးတည်
ဆိုက်ကပ်လာသော်လည်း အပြုံးမပျက် ကြိတ်ခံစားလျက်
ပေးဆပ်မြဲသာ ပေးဆပ်နေတဲ့ နှလုံးသား ။
နာကျင်မှုတို့ကို နှောကျေနေပြီဖြစ်သလို ဆေးလဲမတိုးတော့ပင် ။
အလွန်ဝေးကွာနေတဲ့ အကွာအဝေးတွေ တစ်မှတ်တိုင်
စိုက်ထူပြီး တည်မြဲနေတဲ့ သူ့ နှလုံးသား ဘူတာ ။
ဆိုက်ကပ်နေတဲ့ ရထားနှစ်စီးသည်ကား ကျွန်တော်နဲ့ သူမ၏
နှလုံးသား ။
သို့သော် တည်မြဲမှုမရှိပဲ ဆိုက်ကပ်ရာမှ မသေချာ မရေရာကာ
ပြန်ထွက်ခွာဖို့ ဟန်ရှိနေသည့် ရထားတစ်စီးသည်ကား
ကျွန်တော့် နှလုံးသား ။
ဘယ်တော့များ . . . ဘယ်တော့များမှ . . .
သူ့ နှလုံးသား ဘူတာတွင် နာကျင်လှသော ဒဏ်ရာများ
ဗလပွပိုင်ဆိုင်ထားသော ကျွန်တော့် နှလုံးသားလေး
စိုးရိမ်မှုကင်းကင်းနှင့် ထာဝရ ဆိုက်ကပ်နိုင်မည်နည်း ။
" ကိုယ် မင်းကို ဘယ်မှ ထွက်သွားခွင့် မပြုနိုင်ဘူး Baek "
