(ZAWGYI)
" အ့ "
အခန်း ဝရံတာတွင် လေညင်းခံနေရာမှ မိုက်ခနဲ
တစ်ချက်မူးနောက်သွားတဲ့ ခေါင်း ။နာကျင်မှုက သေမတက် ။
" Baek ! ! "
ယိမ်းယိုင်နေသည့် ကိုယ်အား လဲကျမသွားစေရေး
အတွက် ခပ်တင်းတင်းလေး ဆုတ်ကိုင်ထားမိသည့်
ဝရံတာ လမ်းရမ်း ။အနောက်မှ သူ့ခါးလေးကို လှမ်းဖက်ပြီး ထိန်းလာ
ပေးသော ဒဏ်ရာတွေ ဗလာပွနဲ့ ကြည့်ရဆိုးနေသည့်
နာကျင်လှသော သူ့ နှလုံးသားကို ပိုင်ဆိုင်ထားတဲ့ ချစ်ရသူ ။သေမယ့်နေ့ကို နာကျင်မှုများစွာနဲ့ ထိုင်စောင့်နေတဲ့
မိမိလို လူတစ်ယောက်အတွက် ဖြုန်းတီးဖို့ မသင့်တဲ့
ချစ်ရသူရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ။ဟန်ဆောင်အမုန်းတွေနဲ့သာ ခေါင်းစဉ်တပ်ပြီး
အဝေးသို့ နှင်ရန် သူဟန်ပြင်မိသည် ။" မင်းဘာလာထပ်လုပ်ပြန်ပြီလဲ ? "
အမေးနှင့်အတူ သူ့ ခါးပေါ်က ချစ်ရသူရဲ့ လက်
တစ်စုံအား အားဖြင့် ဆွဲဖြုတ်ရင်း ချစ်ရသူအား
ကျောခိုင်းလိုက်လျက် မေးလိုက်တော့. . .ဆက်ခနဲ ခါးပေါ်သို့ တဖန် ပြန်သိုင်းဖက်လာတဲ့
လက်တစ်စုံ ။ကျောနဲ့ကပ်မိတဲ့ ချစ်ရသူ၏ ဝဲဘက် ရင်ဘတ်မှ
ကြားနေရတဲ့ ဒဏ်ရာတွေပေးတဲ့ ရင်ခုန်သံတွေ ။ကြိတ်မခံနိုင်လောက်အောင် နာကျင်ရလွန်းလို့
မျက်ဝန်းတစ်စုံကို စုံမှိတ်ချလိုက်သည့် အခါ . . .ပါးပြင်ထပ်သို့ စီးကျလာသော ဘောင်ဘင်ခတ်နေသော
မျက်ဝန်းအတွင်းက ပုလဲ မျက်ရည်ကြည်တို့ ။တဖန် ဒုတိယအကြိမ် ထပ်မံ့၍ အားနဲ့ သူ ဖြုတ်ခါမိသည့်
ခါးပေါ်က သိပ်ချစ်ရတဲ့ နှလုံးသားသဟန် ချစ်ရသူရဲ့
လက်တစ်စုံ ။
![](https://img.wattpad.com/cover/172559699-288-k489231.jpg)