( Zawgyi )
• ×× • ×× • ×× • ×× • ×× • ×× •
ရုန်းထွက်မရအောင် ထာဝရ နစ်မြှုပ်သွားတဲ့
နောင်တနွံ့ ။နောက်ပြန်ဆုတ်လို့မရ ၊ ရပ်တန့်ထားလို့မရတဲ့
အချိန် ယန္တရားထဲ မြူခိုး မြူမှုန် အဖြစ် လွင့်ပြယ်သွားတဲ့
မျှော်လင့်ချက် ။တစ်လှည့်ပြန် နာကျင်မှုတို့ လက်ဆင့်ကမ်း မျှဝေ ခံစားရင်း
ချစ်ခွင့်လေးတော့ပေးလှည့်ပါ ။• ×× • ×× • ×× • ×× • ×× • ×× •
အမြဲတမ်း အဝေးကနေကြည့်နေခဲ့တယ် ။
ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့သူတစ်ဦးလို ။
ကိုယ်နဲ့ ထပ်တူညီမယ့်ရင်ခုန်တွေ ရှိလိမ့်မယ်လို့
လွဲမှားစွာ ကိုယ့်ကိုယ်ကိုလိမ်ညာရင်း တွေးထင်
နေခဲ့မိတယ် ။ကိုယ်မဟုတ်တဲ့ လူတစ်ယောက်ကို ကြည့်နေပေမယ့် ။
အတိတ်ကို တည် ၊ ပစ္စုန်ပ္ပန်နဲ့ စားရင်တောင် အကြွင်း
ဆိုတဲ့ မသေချာမ ရေရာတဲ့ အနာဂတ်မှာ သူဆိုတာ
ကိုယ့်အတွက် ဧည့်သည်သက်သက်သည်သာ
ဖြစ်တည်လို့ နေစမြဲ ။မေ့ဖျောက်ဖို့ ကြိုးခဲ့တဲ့ သူနဲ့ ပတ်သတ်ခဲ့တဲ့ မှတ်ဥာဏ်တွေ ။
ဆန္ဒလွန်ဆန် ဖျောက်ဖျက်လို့မရတဲ့အပြင် ဆူးတစ်ချောင်း
ကဲ့သို့ နှလုံးနံရံကို ထိုးဆွလို့နေသည်မှာ သေမတက် ။လိုချင်တာမရ ဆန္ဒနဲ့ ထပ်မတူမကျ ကိုယ်တစ်ဦး
တစ်ယောက်တည်း အပေါ် ကွက်၍ မတရားတဲ့
လောကကြီး ။ဘယ်အချိန်ထိ မကုန်ဆုံးနိုင်သေးတဲ့ ရင်နာစရာတွေကို
ဆက်ပေးလို့နေဦးမှာလဲ ?" Baek ခုနက ဘာပြောလိုက်တာလဲ ?
' သား ဖေဖေတို့ မေမေတို့နဲ့ အတူလိုက်လာခဲ့မှာမလို့ '
ဆိုတဲ့ စကားက ဘာအဓိပ္ပါယ်လဲ ? ဘာကိုပြောတာလဲ ? "