အပိုင်း(၆)

5.7K 759 88
                                        

(Zawgyi)

" Baek မင်း တကယ်​ ဘယ်​မှထက်​ထွက်​​မသွားပါဘူး​နော်​ ! "

ဆန်​ပြုတ်​​ သောက်​ပြီး​ အချိန်​မဆိုင်းပဲ ဆေးသောက် ​​ပြီးသည်​နှင့်
ဆေး အရှိန်​​ကြောင့်​ ကုတင်​ထပ်​တွင်​ မျက်​လုံးစင်းစ ပြု​နေ​သော
Chan ။

သူ့ ကုတင်​ အစွန်း​တွင်​ တင်​ပါး​စောင်း​လေး ထိုင်​​နေသည့်
ကျွန်​​တော့်​ ​လက်​တစ်​ဖက်​အား ဆုတ်​ကိုင်​ထားလျက်​ သူ့အား
ထားမသွားဖို့ ​ပြော​နေသည်​မှာ တဖွ ဖွ ။

တကယ်​ပါ ။

ကျွန်​​တော့်​ရဲ့ Chanဆိုတာ​လေ တခြား အချိန်​​တွေသာ
လူကြီး ဆန်​တာ ။ 

နေမ​ကောင်းဖြစ်​တဲ့ အချိန်​ကျရင်​​တော့ ဂျီ ကျလိုက်​တာမှ
၅နှစ်​သား​တောင်​ အရှုံး​ ပေးရ​လောက်​​တယ်​ ။

" Baek! "

" ဟင်​ "

" ဘာ​တွေ ​တွေး​နေတာလဲ ! ... ကိုယ်​​မေး​နေတယ်​​လေ
ကိုယ့်​ကို ထပ်​ပြီး ထားမသွားဘူးမဟုတ်​လားလို့ ! "

နှုတ်​ခမ်း ထူထူ​လေးကို ဆူ​ထော်​ပြပြီး​ ပြော​နေတဲ့Chan ။

ကျေးဇူးပြုပြီး ဒီ​လောက်​နဲ့ တင်းတိမ်​​ရောင့်​ရဲ တက်​တဲ့
Baekရဲ့ နှလုံးသားကို ဒီထက်​ပိုပြီး​ ​​လောဘ​တွေ
ကြီးလာ​အောင်​ မလုပ်​ပါနဲ့ Chanရယ်​ ။

" Baek ! "

အ​တွေးထဲ နယ်​ချဲ့​နေမိသည့်​ ကျွန်​တော့်​ဆီက ပြန်​ ဖြေ​ပေးတဲ့
အ​ဖြေစကားကို မကြားရလို့ ထင်​ ။ လှဲအိပ်​နေရာမှ ​ငေါက်​ခနဲ
ထ ထိုင်​လိုက်​တဲ့ သူ ။

သူနဲ့ 5cm ကွာကွာတွင်​ ရှိ​သော ကျွန်​​တော့်​ မျက်​နှာအား 
စေ့​စေ့ စိုက်​ကြည့်​ပြီး ရုတ်ချည်းပင်​ သူ့ ရင်​ခွင်​ထဲသို့
ကျွန်ေ​တာ့်ကိုယ်ေ​​​လးအား ဆွဲသွင်းပြီး​ တင်းကြပ်​စွာ
ထွေးဖက်​ထားလိုက်​ပြန်​တယ်​ ။

ဘာကို​ကြောက်​​နေတာလဲ Chanရယ်​...

Chanအနားမှာ Baekမရှိလဲ
Chanချစ်တဲ့ ​သူမ ရှိတာပဲ မဟုတ်​ဘူးလား ။

" Baek !!! "

လိုချင်​သည့်​ အ​ဖြေစကား မရမချင်း သူ့ရင်​ခွင်​ထဲက
ပြန်​ လွှတ်​​ပေးမည့်​ ပုံ မ​ပေါ်သည့်​ သူ့​ကြောင့်​ ။

|| LET ME LOVE YOU || 《COMPLETED》 Dove le storie prendono vita. Scoprilo ora