(Zawgyi)
ပိုင်ဆိုင်ခွင့်မရှိသော နှစ်ယောက်မရှိတဲ့ သူကို
နှလုံးသား တစ်ခုလုံး ပုံအော်ပြီး ကျွန်တော် ချစ်ခဲ့ဖူးသည် ။ကြည်နူးခြင်း မရှိသော ကြေကွဲခြင်း ဇာတ်လမ်းတွင်
အရံနေရာက ပါဝင်ပြီး ကျွန်တော် အသည်းကွဲခဲ့ဖူးသည် ။ညကောင်းကင်ယံထက်မှာ များစွာရှိတဲ့ ကြယ်စင်တွေကို
တွေတွေလေး မော့ကြည့်ပြီး ကျွန်တော် ငိုခဲ့ဖူးတယ် ။ဖြတ်သွား ဖြတ်လာရင်း အမှတ်မထင် တွေ့ခဲ့ဖူးသည့်
စိမ်းညို့ညို့ တောင်ကုန်းလေးကို ငေးကြည့်ပြီး
ကျွန်တော် ဆွေးခဲ့ဖူးသည် ။လိုတရ ဖြည့်ဆည်းပေးနိုင်သော မီးခွက်စောင့် ဘီးလူးကဲ့သို့
အစွမ်း တန်ခိုး မရှိပေမယ့် သူ့နှလုံးသားလေး ပျော်မွေ့စေဖို့
သူမနဲ့ သူရဲ့ ချစ်ခရီးလမ်းကို ဖြောင့်ဖြူးအောင် တစ်ထောင့်
တစ်နေရာကနေ ကျွန်တော် ရင်အကွဲခံပြီး ဖြည့်ဆည်း
ပေးခဲ့ဖူးသည် ။တောင်းဆုတိုင်း မပြည့်နိုင်ဘူးဟု ဆိုရိုးစကားကို မျက်နှာလွဲ
ဘေးပြုပြီး မွေးနေ့ရောက်တိုင်း တစ်ကိုယ်တော်ကျင်းပသည့်
မွေးနေ့တွင် ကိုယ်ကိုယ်တိုင် ဝယ်ထားသော မွေးနေ့
ကိတ်မုန့် လေးပေါ်တွင် ကိုယ်ကိုယ်တိုင် ထွန်းငြိထားတဲ့
ဖယောင်းတိုင် လေးတို့အား ပါးစပ်မှ လေအသာမှုတ်ပြီး
လက်အုပ်ချီလျက် သူနဲ့ကိုယ့်ကို တစ်ကြိမ်တစ်ခါလောက်
လေးပဲဖြစ်ဖြစ်ချစ်ခွင့်လေးတော့ပေးပါဟု အရူးတစ်ယောက်လို
ကျွန်တော် စိတ်ထဲ ကြိတ်၍ တောင်းဆုပြုခဲ့ဖူးသည် ။အခုတော့ ထို အရာတွေနဲ့ ဆန့်ကျင်ပြီး ကောင်းကင်ပြာ
ထက်တွင် တရွေ့ရွေ့နဲ့ ရွေ့ လျားနေသော တိမ်တိုက်ငယ်တို့
အား ငေးကြည့်ရင်း နာကျင်မှုတွေများစွာ ခံစားနေရသော
နှလုံးသားမှ တိုးတိုးလေးပြောလာသော သူ့အား လက်လွတ်
လိုက်ချင်ပြီ ဆိုသည့် စကားလေးတစ်ခွန်းအား ကျွန်တော်
နာခံဖို့ အတွက် အစပျိုးကာ တွေးတောနေမိသည် ။
