(Zawgyi)
" Chan Baekလက်ကို လွှတ်ပေးတော့ နာနေပြီ အ!! "
ပြောစကားမဆုံးသေး ။ ရုတ်တရက် ကိုင်ထားတဲ့
လက်ကို အားနဲ့ ဆောင့်ချလိုက်တဲ့သူ...။
ယောက်ျားချင်း အတူတူတောင် ကိုယ့်ထပ် အားကြီးတာကြောင့်
နာသွားတဲ့ ညာဘက်လက်ကောက်ဝတ်လေးကို ဘယ်လက်ဖြင့်
ဖိကိုင်လျက် သူ့ကို မော့ကြည့်လိုက်တော့...
မငြိမ်းသတ်သေးတဲ့ ဒေါသမီးတောက်နေတဲ့ မျက်ဝန်းတစ်စုံက
ကျွန်တော်ကို ဆီးကြိုလို့နေ ။
" Baek ကိုယ်မင်းကို ဘယ်လိုမှ ထင်မထားခဲ့ဘူး
မင်းကတကယ်ပဲ ဟာကွာ...!!! "
သူဘာတွေပြောနေတာလဲ !
ကျေးဇူးပြုပြီး တစ်ယောက်ယောက်လောက်
ကျွန်တော်ကို သူ့စကားတွေကို ဘာသာပြန်ပေးလို့ရမလား ။
ကျွန်တော် တကယ်ပဲ သူ ဆိုလိုချင်တဲ့ စကားရဲ့ အဓိပ္ပါယ်ကို
နားမလည်လို့ပါ ။
" ဘာကိုလဲ Chan ! "
အရွဲ့တိုက်ကာ ၊ မသိချင်ယောင်ဆောင်ပြီး ပြန်မေးခြင်းမဟုတ် ။
အမှန် တကယ် နားမလည်လို့ ၊ မသိလို့ ပြန်မေးလိုက်ခြင်း၏
ရလဒ်သည်ကား ကျွန်တော် ရင်ဘတ်ကို သူ့ လက်တစ်စုံဖြင့်
ဆောင့် တွန်းထုတ်လိုက်၍ မြေပြင်ပေါ်သို့ နောက်ပြန်
လက်ထောက် လဲကျ သွားခြင်းပင် ။
" မင်း သိပ်ဟန်ဆောင်ကောင်းလွန်းတယ် Baek
ဒီကြော်ငြာက Ji Ahအတွက် ဘယ်လောက် အရေးကြီးသလဲ
ဆိုတာ မင်းသိလျက်နဲ့ မင်းမို့ သက်သက်ကြီး လူအစားထိုး
ပေးလိုက်ရတယ်လို့ "
မင်း...!
ခဏ...။
သူ အခု ကျွန်တော်အပေါ်ကို ' မင်း ' ဆိုတဲ့ နာမ်စားကို
သုံးဖို့ အချိန်တောင် ရောက်သွားခဲ့ပြီလား...!
" မင်း အဲ့ဒီလောက်တောင် Ji Ahကို မုန်းနေတာလားဟမ်! "
