အပိုင်း(၁၁)

4.6K 480 32
                                    

( Zawgyi )

အချစ်​ ​ပိတ်​ကားထက်​ . . တပ်​မက်​မှု အရိပ်​ထိုး

တောင်းတမှု ​စီချယ်​ . . လိုအပ်မှု ​သရုပ်​ပြ

ကြင်​နာမှု ​​​တည်းဖြတ်​ . . နာကျင်​​မှု အနားကွတ်

အတုအ​ယောင်​ ပြည့်​နှက်​​ ပြဇာတ်​​ နိဂုံးချူပ်

ဇာတ်​သိမ်းဟူသည်​ . . . ?

••• တစ်​လကြာပြီး​နောက်​ •••

အရမ်း​ချစ်​တယ်​ ဆိုတာထက်​ကို ပိုပြီး . .

ကျွန်​​တော် သူ့ကို​ ချစ်​သည် ​။

သူရဲ့​ပျော်​ရွှင်​မှု တစ်​​နေ့တာထဲ ပါဝင်​ခွင့်​ မရခဲ့​ပေမယ့်​ . .

ကျွန်​​တော်​ သူ့ကို ချစ်​သည်​ ။

ကျွန်​​တော်​မဟုတ်​တဲ့ တစ်​ခြား တစ်​​ယောက်​ကိုပဲ အမြဲ
တ​စ္ဆေ မျှော်​ကြည့်​​နေ​တတ်​သော်​လည်း . .

ကျွန်​​တော်​ သူ့ကို ချစ်​သည်​ ။

သူ့ အ​ကြောင်း ​စဉ်းစားတိုင်း တဆစ်​ဆစ်​နဲ့​ အောင့်​တက်
လာတဲ့ ရင်​ဘတ်​ထဲက နှလုံးသားကို​တောင်​ သနား​မပေး
နိုင်​ပဲ သူ့နှလုံးသား နာကျင်​​စေမည့်​ ဒဏ်​ရာတို့ ကြီးကြီး
မားမား မရနိုင်​စေ​ရေးအတွက်​​ စိတ်ထဲ ကိုယ်​စား ​တွေးပူမိတဲ့
အထိကို . . .

ကျွန်​​တော်​ သူ့ကို ချစ်​သည်​ ။

အချစ်​ဆိုသည့်​ သင်ခန်းစာ​၌ သင်​ကြား တတ်​​မြှောက်
ခဲ့​တဲ့ နာကျင်​မှု ။

ရူးသွပ်​ခြင်း လွှမ်းမိုး ခံခဲ့ရသည့်​ အထိကို . . .
ကျွန်​​တော်​ သူ့ကို ချစ်​မြဲ ၊ ချစ်​​တုန်း ၊ ချစ်​ဆဲပင်​ ။

" Hyung ​လေစိမ်း​တွေ ခံ​နေပြန်​ပြီလား ?
အ​အေး​တွေ​တော့ မိ​တော့မှာပဲဗျာ "

|| LET ME LOVE YOU || 《COMPLETED》 Donde viven las historias. Descúbrelo ahora