အပိုင်း(၃)

5.4K 671 45
                                        

(Zawgyi)

-- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- --

❝ ​မျှော်​လင့်​ချက်​​တွေ ကုန်​ဆုံး ပျက်​ပြယ်​​နေတဲ့ နှလုံးသားကို
ကျေးဇူးပြုပြီး အ​ပျော်​သ​ဘောနဲ့ တခဏတာ ​ခြွေယူ လှုပ်ခါ
မကစားပါနဲ့ ချစ်​ရသူ...

ကိုယ့်​နှလုံးသား​က မင်းကစားချင်​တိုင်း ကစားလို့ရတဲ့
သက်​မဲ့ အရုပ်​တစ်​ရုပ်​မဟုတ်တဲ့ ၊ ခံစားချက်​​တွေအပြည့်​ရှိတဲ့ ၊
ခံစားတတ်​တဲ့ ၊ ပိုင်ရှင်မဲ့​​​​နေတဲ့ သက်​ရှိနှလုံးသားတစ်​စုံ... ❞

-- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- -- --

" Baek ကိုယ်​တို့ ဒီည အတူတူ​နေရ​အောင်​ "

တလှုပ်​လှုပ်​နဲ့ လှုပ်​ခါ​နေတဲ့ နှလုံးသား...

မယုံကြည်​နိုင်​​လောက်​​သော သူ့​ ပြောစကား တစ်​ခွန်းကြား
အသက်​ရှု မှားသွားမတက်​ ​​ကြောင်အမ်းအမ်း ဖြစ်​​နေ​မိ​သော
ကျွန်​​တော်​ ။

ဟင့်​အင်း ။ မလိုချင်​ဘူး ။

ဘယ်​​လောက်​ပဲ သူ့ကို ချစ်​ ချစ်​ ။

ဘယ်​​လောက်​ပဲ သူ့ဆီက အချစ်​​တွေကို
တောင်းတခဲ့​ ​တောင်းတခဲ့ ။

အခုလို ကိုယ့်​နှလုံးသား​ကို တန်​ပြန်​ တက်​​ရောက်​မှု မ​ပေးနိုင်​တဲ့
သူ့ရဲ့ အဖြူ​ရောင်​စွန်း​နေတဲ့ သံ​ယောဇဉ်​တို့နဲ့ ကိုယ့်​ဘက်​ကို
သနားစိတ်​ထားသလိုလို ပုံစံမျိုး ၊ တစ်ချက်က​လေး​လောက်
လှည့်​ကြည့်​ ၊ ဖြည့်​ဆည်း​ ပေးလာသလို ပုံစံမျိုးနဲ့ ရလာတဲ့
သူ့ဆီက အကြင်​နာ​တု​တွေကို ကျွန်​​တော်​မလိုချင်​ဘူး ။

" အိပ်​​တော့Chan... Baek အလုပ်​ လုပ်​စရာရှိ​သေးလို့
အိပ်​ရာဝင်​​ ​နောက်​ကျမယ်​ အဲ့ဒါ​ကြောင့်​ Chanပဲ ကုတင်​ကို
သုံးလိုက်​ပါ "

ခါး​ပေါ်က သူ့လက်​တစ်​ဖက်​ကို အလျင်ြ​ဖုတ်​ချရင်း အကြည့်
လွဲလျက်​ စာကြည့်​ စားပွဲခုံဆီသို့သာ သူ့ကို​ ကျောခိုင်းပြီး ​လျှောက်​သွားမိသည့်​ကျွန်​​တော်​ ။

|| LET ME LOVE YOU || 《COMPLETED》 Donde viven las historias. Descúbrelo ahora