အချစ် ~
အချစ်ကို သိတယ်ဆိုတဲ့ လူအချို့က အဓိပ္ပါယ်တွေ ဖွင့်ပြကြတယ် ။
အချစ်ကို ပူတယ် အေးတယ် ချိုတယ် ခါးတယ် ဝမ်းနည်းရတယ် ပျော်ရွှင်ရတယ် အဓိပ္ပါယ် မျိုးစုံဖွင့်ပြကြတယ် ။
ဟုတ်ပါတယ်...ကျွန်တော် သူတို့ကို ဦးစားပေးလိုက်တယ် သူတို့က အချစ်ကို သိတဲ့လူတွေပဲလေ ပြောကြပါစေ ။
သူတို့ပြောတဲ့ အချစ်အကြောင်းကို ကျွန်တော် ငြိမ်ငြိမ်လေး နားထောင်နေလိုက်ပြီး သူတို့ပြောတာ အချစ်အကြောင်း မဟုတ်ရင်တော့ သူတို့ကို ကျွန်တော်က အာလူး ဟု ခေါ်မှာဗျ ။
မဟုတ်ဘူးလေ ကျွန်တော်ပြောတာ အဲ့ဒီ အချစ်မှ မဟုတ်တာ ။ ကျွန်တော်ပြောတာက ကျွန်တော့် အချစ် အကြောင်းဗျ ။
နားရှုပ်ကုန်ပြီမလား ကျွန်တော်ရှင်းပြမယ် ~ခင်ဗျတို့ပြောမယ့် အချစ်အကြောင်းကိုတော့ ကျွန်တော်သိတာပေါ့ ။ လူတိုင်းပြောနေတဲ့ အချစ်ဆိုတာက ဓာတ်ပြားဟောင်းကြီးဖွင့်သလို သိပြီးသား အကြောင်းကို ထပ်တလဲလဲ ပြောနေကြတာပဲလေ ။ ပျင်းစရာကြီး ~
အဲ့ဒီပျင်းစရာကြီးကိုပဲ လူတွေက ဘာလို့ နားထောင်ချင်နေမှန်းမသိဘူး တကယ် ။
ကျွန်တော့်ကို ပြောပြချင်ရင်တော့ ကျွန်တော့်အချစ်အကြောင်းကိုပြောပြပေါ့ ။ ကျွန်တော် ငြိမ်ငြိမ်လေး နားထောင်ပေးမယ် ။
မသိကြတော့ဘူး မလား ။ ဟုတ်တာပေါ့ ကျွန်တော့်အချစ် အကြောင်းကို ကျွန်တော့်ထက် ဘယ်သူက ပိုသိမှာလဲ ။ မဟုတ်ဘူးလား ။
ထားပါ မသိရင် ကျွန်တော်က ပြောပြမှာပေါ့ ။ ဒါပေမယ့် ကျွန်တော့်အချစ်အကြောင်း ကျွန်တော်ပြောပြမယ့်အခါကြရင် ငြိမ်ငြိမ်လေး နားထောင်ပေးမယ်မလား ။
______
အချစ်က တော်တယ် ၊ ထက်တယ် ၊ ပြီးတော့ နတ်သားသမျှလည်း ချောတယ် ။ တခါတခါ အချစ်ကို စိတ်ကောက်ရတာက ပျော်စရာတော့ကောင်းသည် ။ အချစ်က ကျွန်တော့်ထက် အရပ်ရှည်ပြီး ကျွန်တော့်ထက်လည်း အသက်တစ်နှစ်ကြီးသည် ။ ကျွန်တော့်အချစ်က ကျွန်တော့်လိုပဲ ကောင်ချောလေးတယောက်ဗျ ။
ပြီးတော့ ကျွန်တော်က တခါတလေဆို အချစ်ကို စိတ်ကောက်တတ်သည် ။ အချစ်ရင်ခွင်ထဲမှာ ခေါင်းမှီရင် စိတ်ကောက်တဲ့အချိန်တွေဆို အချစ်က ကျွန်တော့ဆံပင်လေးတွေကို နမ်းရှိုက်ကာ ချော့တတ်သေးသည် ။ ထိုအချိန်တွေဆို အချစ်ဆီကရတဲ့ ကိုယ်သင်းနံ့လေးက ဘာလို့များ မွှေးနေတတ်တာပါလိမ့် ။ ကျွန်တော် တကယ်မသိလို့မေးကြည့်တာပါ ။
အာ~~အချစ်အကြောင်းကို ပြောပြမယ်ဆို အစီအစဉ်တကျပြောမှ စိတ်ဝင်စားစရာကောင်းမှာပေါ့ ။ ကျွန်တော့်မေ့သွားတယ် ။
ကျွန်တော်အစကနေ ပြောပြမယ် ။ တကယ်တမ်းကြ အချစ်နဲ့က ......
_____________
ကဲ~ကောင်လေးပြောမယ့် အချစ်အကြောင်းကို ခင်ဗျားလေးတို့သိလား
ကျွန်တော်လည်းမသိဘူးဗျ ~။အဲ့တော့ သူပြောမှာလေးကို အတူတူ ငြိမ်ပြီး နားထောင်ကြည့်ရအောင်လေနော် 😊😗
YOU ARE READING
L.O.V.E || Completed ||
Fanfictionခင်ဗျားလေးတို့ကို အချစ်အကြောင်း ကျွန်တော်ပြောပြမယ် ခင်ဗျားလေးတို့က ငြိမ်ငြိမ်လေးနားထောင်ပေးမယ်မလား.... Cover by -Jaejoong Htike