10

792 109 6
                                    

အစတုန်းကတော့ အချစ်ကို ကျွန်တော်စုံလုံးကန်းပြီး ယုံကြည်ခဲ့တယ် ။ အချစ်နဲ့အတူတူ အနာဂတ်ကို ပုံဖော်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ် ။ ကျွန်တော်သည်သာ အချစ်ဘေးနားမှာ ထာဝရနေမယ့်သူ ၊ ကျွန်တော်သည်သာ အချစ်ကို အဆုံးထိတိုင်နားလည်တဲ့သူဟု၍ ကြွေးကြော်ခဲ့ဖူးတယ် ။ ဒါပေမယ့် အချစ်က လိမ်တယ် ။ ကျွန်တော်ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ခဲ့တယ် ။ ကျွန်တော်အချစ်ကို ဘယ်လိုလုပ်ပြီး ထပ်ယုံရတော့မှာလဲ ။

လက်မှာထင်းနေတဲ့ သွေးကြောထင်းထင်းတွေကို ကြည့်လိုက်မိတယ် ။ အခုချိန်မှာ ကျွန်တော်မရှိတော့ရင် ဘယ်သူတွေများ ဝမ်းနည်းနေမလဲ ။သေချာတာကတော့ အိမ်ကအဖွားနဲ့ ဒယ်ဒီပဲနေမှာ ။ ကျွန်တော်ကရော ငြိမ်းချမ်းသွားမလား ။ ဒီဘဝကနေ နောက်ထပ်ဘယ်ဘဝကိုရောက်သွားမလဲ ။ ကျွန်တော်ကတော့ လူပဲပြန်ဖြစ်ချင်တယ် ။

ကျွန်တော်တွေးနေရာကနေ ရယ်လိုက်မိတယ် ။ ကျွန်တော်မလုပ်ရဲပါဘူး ။ ဟုတ်တာပေါ့ ...ကျွန်တော်ကလူလေ သေမှာကိုကြောက်တယ် ။ သေသွားရင် ကျွန်တော်ချစ်ရတဲ့လူတွေနဲ့ မတွေ့ရတော့မှာကိုကြောက်တယ် ။ အချစ်နဲ့ ပြန်မဆုံတော့မှာကိုကြောက်တယ် ။ ပြီးတော့ အချစ်ကို ဆက်မချစ်ရတော့မှာကို ကြောက်တယ် ။

ဒယ်ဒီက နေ့စဉ်လာတွေ့တယ် ။ ဘွားဘွားကိုတော့ စိတ်ပူနေမှာစိုးလို့ထင်တယ် ပြောမထားဘူးတဲ့ ။ ဟုတ်တာပေါ့ ဘွားဘွားသာသိရင် မိုးမီးလောင်ကုန်မှပေါ့ ။ ကျွန်တော်က ဘွားဘွားချစ်တဲ့မြေးကြီးလေ ။ လောကကြီးထဲမှာ အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေသလိုပဲ ။ ကျွန်တော်ကလွဲလို့ပေါ့ ။ ကျွန်တော်က အသဲကွဲကောင်းတုန်းလေ ။

တံခါးခေါက်သံကိုကြားပေမယ့် ဘာမှမပြောဘဲနေလိုက်တယ် ။ ကျွန်တော်ခွင့်မပေးလည်း သူတို့ဘာသာ ဝင်လာကြမှာပဲ ။

ခဏနေတော့ တံခါးဖွင့်သံကြားတယ် Hoseok ဆိုရင်တောင် ထမင်းစားဖို့ရာတိုက်တွန်းနေမှာစိုးလို့ Hoseok မဖြစ်ဖို့ရာဆုတောင်းလိုက်သည် ။

"Yoongi ...တို့လာတယ် "

ကြားလိုက်ရတဲ့အသံနောက်တွင် ကျွန်တော်လှည့်ကြည့်လိုက်သည် ။ သူမက ဘာလာလုပ်တာလဲ ။

L.O.V.E  || Completed ||Where stories live. Discover now