6

719 101 14
                                    

အခန်းတံခါးကိုဖွင့်လိုက်တော့ တိတ်ဆိတ်နေခြင်းက ကြိုဆိုလျက် ။ ကြည့်ရတာ Namjoon နဲ့ Hoseok အိပ်ပျော်နေကြပြီ ထင်တယ် ။ တံခါးကို အသာပိတ်လိုက်ကာ ဧည့်ခန်းထဲက ဆိုဖာပေါ်သို့ ပစ်လှဲလိုက်လေသည် ။ ဖုန်းကို ထုတ်ကြည့်လိုက်တော့ အဝင်call တစ်ခုမှမရှိသော ဖုန်းက ကျွန်တော့်ကို လှောင်ပြောင်နေသလို ခံစားလိုက်ရ၏ ။

အချစ်အနေနဲ့ ကျွန်တော့်ကို ထားသွားခဲ့ရတဲ့ အကြောင်းအရင်းကို ဖုန်းဆက်ပြီးဖြစ်ဖြစ်တော့ ရှင်းပြသင့်တယ် မဟုတ်လား ။ ဘယ်လောက်တောင် မေ့တတ်တဲ့ အချစ်ပါလဲ ။

" Yoongi Hyung "

ခေါ်သံကြားလို့ကြည့်လိုက်တော့ အိပ်ခန်းထဲကနေ ထွက်လာတဲ့ Namjoon ဖြစ်နေတာကြောင်း သူက ခေါင်းငြိမ့်ပြကာ နှုတ်ဆက်လိုက်သည် ။ သူကထွက်သွားပြီး ခဏအကြာတွင် လက်ထဲမှာ ဘီယာနှစ်ဗူးနဲ့ ပြန်ရောက်ချလာတာပြီး ဘီယာတစ်ဗူးကို ကမ်းပေးလာ၏ ။

"အခုမှ ပြန်လာတာလား Hyung "

Namjoon ရဲ့စကားကို ခေါင်းငြိမ့်ပြလိုက်ကာ ဘီယာဗူးကို ဖောက်လိုက်သည် ။

"Hyung ..စီနီယာSeokjin နဲ့တွဲနေတာလား "

Namjoon ရဲ့ အမေးကြောင်း သူ့ကိုလှမ်းကြည့်လိုက်မိသည် ။

"ကျွန်တော့်က Yura noona က လာမေးနေတယ် Hyung အသစ်တွဲနေတဲ့ ကောင်မလေးက ဘယ်သူလဲတဲ့ ကျွန်တော်မသိဘူးဖြေလိုက်ပေမယ့် သူမကယုံမှာမဟုတ်ဘူး "

"ငါသူ့ဆီ ပြန်မလာတော့ဘူးလို့ ပြောပြီးပြီ"

ကျွန်တော်ပြောလိုက်တော့ Namjoon က ခပ်ရေးရေးပြုံးသည် ။ ထိုသို့သူပြုံးတိုင်း တစ်ခုခုကိုဆိုတော့မည်ဟု ကျွန်တော်စိတ်ထဲ သိနေ၏ ။

"Hyung သေချာရဲ့လား "

Namjoon ရဲ့အမေးဟာ တစ်မျိုးဖြစ်နေတာကြောင်း မျက်မှောင်ကြုပ်လိုက်မိသည် ။

"မင်းက ဘာကိုပြောချင်တာလဲ "

"Hyung တကယ်ပြန်မသွားတော့ဘူးဆိုတာ သေချာရဲ့လား Hyung ကိုနားအလည်ဆုံးက Yura noona ပဲရှိတာနော် ပြီးတော့ Hyung နဲ့သူမနဲ့က လူကြီးချင်းလည်းသိကြတယ် "

"ငါမှ သူ့ကိုမချစ်တာ "

"စီနီယာSeokjin ကိုရော "

L.O.V.E  || Completed ||Where stories live. Discover now