ဒီနေ့အပြင်ဘက်မှာ မိုးဖွဲဖွဲလေးကျနေသည် ။ အားကစားရုံထဲမှာ ထိုင်နေကြသော လူတွေထဲ၌ ကျွန်တော်ဖိတ်ကြားထားတဲ့ တစ်ဦးတည်းသော လူသားအား လိုက်ရှာနေမိ၏ ။
ဟော~တွေ့ပြီ ။ ကျွန်တော့်အချစ်က အပြာနုရောင် အင်္ကျီလက်ရှည်လေးကို style pant အနက်လေးနဲ့ တွဲဝတ်ထားပြန်ပါပြီ ။ ကွင်းထဲကို မကြည့်ဘဲ သူ့ဘေးနားက လူတစ်ယောက်နဲ့ စကားပြောနေတာက သိပ်တော့ မကျေနပ်ချင် ။
" Min Yoongi ~သွေးပူအောင် ဆော့လေ ဘာလုပ်နေတာလဲ "
Captain ကခေါ်လိုက်တာကို ကြားတော့ ကျွန်တော်ရှိရာကို လှည့်ကြည့်လာတဲ့ အချစ်က ကျွန်တော့်ကို တွေ့တော့ ရယ်ပြသည် ။ ကျွန်တော်ရယ်ပြပြီး ခပ်မြန်မြန်ပဲ အသင်းသားတွေဘက်ကို ပြန်လှည့်လိုက်သည် ။ ကျွန်တော်က သူ့ကိုလိုက်ကြည့်နေရင်းနှင့် လေ့ကျင့်ခန်းလုပ်ဖို့ကို အပျင်းခိုသလိုဖြစ်သွားတာ သူသိသွားမလား ။
သွေးပူလေ့ကျင့်ခန်းအဖြစ် ကွင်းကိုပတ်ပြေးနေပေမယ့် အချစ်ရှိတဲ့ အခြမ်းကိုတော့ မရောက်ဖြစ်ပါ ။ ကျွန်တော်ဆိုတာလည်း ထူးဆန်းလိုက်တာ ကိုယ်ရည်သွေးတာပြချင်လို့ အချစ်ကိုခေါ်လိုက်ပေမယ့် အခုကြတော့လည်း အချစ်ဟာ ကျွန်တော့်အား လိုက်ကြည့်နေမလားဟု စိုးရိမ်နေမိပြန်သည် ။ အရင်လို ကိုယ်ဟန်မဖို့ပါပဲ သူငယ်ချင်းတွေရယ် အနောက်မှာ ကိုယ်ကို ကွယ်ထားမိသည် ။ ကျွန်တော်ဘာလို့ အရင်လိုမျက်နှာမပြောင်ရဲပါလိမ့် ။
ဒိုင်လူကြီးရဲ့ ဘောလုံးမြှောက်ပေးမှုနဲ့အတူ ပွဲစလာသည် ။ ထိုအတူ လှုပ်ရှားနေသော ကျွန်တော့်စိတ်ကလေးလည်း တည်ငြိမ်စပြုလာသည် ။ တစ်ဖက်အသင်းက တက္ကသိုလ်လက်ရွေးစင်ဆိုပေမယ့် ဖွဲ့ထားတာ သုံးလလောက်ပဲရှိသေးတာကြောင်း လူမညီသေး ။ ကျွန်တော်တို့အသင်းက ဖွဲ့ထားတာနှစ်နှစ်ရှိပြီဖြစ်သည် ။ဒါဟာ ကျွန်တော်တို့အတွက် အသာပင် ။
"Hyung သတိထား "
Namjoon က လှမ်းသတိပေးတာကြောင်း ဘောလုံးကို အနောက်ဆုတ်ကာ Namjoon ဆီကို လှမ်းပစ်ပေးလိုက်ကြသည် ။သူတို့အသင်းက ကျွန်တော်နှင့်Namjoon ကို ဖြုံကြတာ ကျွန်တော်သိတာပေါ့ ။ ကျွန်တော်တို့ဆိုတာက ဒီလောကမှာ ဆရာတွေပဲကို ။
![](https://img.wattpad.com/cover/177036593-288-k142676.jpg)
YOU ARE READING
L.O.V.E || Completed ||
Fanfictionခင်ဗျားလေးတို့ကို အချစ်အကြောင်း ကျွန်တော်ပြောပြမယ် ခင်ဗျားလေးတို့က ငြိမ်ငြိမ်လေးနားထောင်ပေးမယ်မလား.... Cover by -Jaejoong Htike