Final

1.7K 138 32
                                    

ကျွန်တော် အရက်မမူးသေးပေမယ့် ရီဝေဝေတော့ဖြစ်နေပြီ ။ ဘေးနားကနေ လာတွဲပေးတဲ့ မဒီလေးကြောင့် ကားပေါ်ကနေ ဆင်းကာ သူ့ကိုပြုံးပြလိုက်တယ် ။ သူက ပြန်ပြုံးပြလာဆိုတာကို ကျွန်တော်မသိတော့ဘူး ။ ကားကိုမှီရပ်ကာ ထိုမဒီလေးကို နှုတ်ဆက်စကားပြောလိုက်ပြီး ခဏအကြာမှာ သူမရဲ့အိမ်ကကားက လာကြိုသွားတယ် ။ သူမရဲ့ခြံထဲကထွက်တဲ့အထိ အပြင်မှာရပ်နေပြီးမှ ယိုင်နေတဲ့ခြေလှမ်းတွေနဲ့ အိမ်ထဲကို ဝင်လိုက်၏ ။ ဒယ်ဒီကတော့ပြောတယ် မင်းအရက်သမားဖြစ်နေပြီတဲ့ ။

"ဟေ့ကောင်.."

ဒယ်ဒီရဲအသံကြောင့် ဒယ်ဒီကိုကြည့်ကာ ရယ်ပြလိုက်သည် ။

"ဒယ်ဒီ...သားရဲ့ဒယ်ဒီ...သားကိုစောင့်နေတာလား "

"မင်း မူးလာပြန်ပြီလား "

ဒယ်ဒီရဲ့ စကားကြောင့် ကျွန်တော်ရယ်နေရာကနေ ခေါင်ငြိမ့်ပြလိုက်တယ် ။

"ပြီးတော့ အဲ့ကောင်မလေးက ဘယ်ကလည်း "

"သားလည်း မသိဘူးလေ ဒယ်ဒီရ "

ကျွန်တော် တကယ်မသိဘူး ။ တစ်ရက်တည်းတွေ့ရမယ့်လူတွေကို နာမည်မေးတာက အသုံးမဝင်တာမို့ နာမည်မမေးမိဘူး ။

"ဒီလိုမှန်းသိ နာမည်မေးထားလိုက်ပါတယ် ဒယ်ဒီရာ ..."

"ဟိတ်ကောင် ..မင်းသွားတော့ ..အခန်းထဲကို သွားလိုက်တော့ မင်းအဘွားနိုးလာတော့မယ် "

ဒယ်ဒီရဲ့စကားကြောင့် ကျွန်တော်ရယ်ပြီးခေါင်းခါလိုက်သည် ။ အခုထိ အမေကိုကြောက်ရတဲ့ဒယ်ဒီပါပဲလေ ။

"ဒါနဲ့ ဒယ်ဒီ ..."

ကျွန်တော်ခေါ်လိုက်တော့ ဒယ်ဒီက ကြည့်လာ၏ ။

"အချစ်က လှတယ်မလားဟင် "

ကျွန်တော့်အမေးအဆုံးမှာ ဒယ်ဒီက ပြုံးသည် ။ ပုံမှန်အပြုံးမဟုတ်ဘဲ အဓိပ္ပါယ်တွေ အများကြီး ပါနေတဲ့ အပြုံးနဲ့ ။

အခန်းထဲရောက်တာနဲ့ Laptop ရှေ့ကို ပြေးထိုင်မိတဲ့ ကျွန်တော်ရယ်ပါ ။ဒီလိုကြတော့ ခုနကအမူးတွေက ဘယ်ကိုပြေးကပ်ကုန်မှန်းကိုမသိဘူး ။ ဖန်သားပြင်ပေါ်မှာ ထင်ဟပ်လာတဲ့ ပုံရိပ်လေးတစ်ခုကြောင့် ကျွန်တော်တစ်နေ့လုံး ထိန်းချုပ်ထားရတဲ့ မျက်ရည်တွေက အတားအဆီးမဲ့ ကျိုးကျလာတော့သည် ။

L.O.V.E  || Completed ||Where stories live. Discover now