ရောင်ခြည်ထွက်ခါစ ကောင်းကင်က ဘယ်လောက်လှလဲဆိုတာ ကျွန်တော်မပြောပြတတ်ဘူး ။ ဟုတ်တာပေါ့ ..ကျွန်တော်က ကဗျာရေးတယ်ဆိုပေမယ့် အသည်းကွဲကဗျာ အချစ်ကဗျာကလွဲရင် ကျန်တာမှ မရေးဖူးတာ ။ဒါပေမယ့် ထိုကောင်းကင်ကိုကြည့်နေတဲ့ အချစ်ကဘယ်လောက်လှလဲလို့မေးလာရင်တော့ ကျွန်တော်ခင်ဗျားတို့ကို ဖြေပေးနိုင်လိမ့်မယ် ။ သိတယ်မလား ကျွန်တော်က အချစ်နဲ့ပတ်သက်လာရင် သိပ်ကြွားချင်တဲ့ကောင်ဆိုတာကို ။
"ကိုယ့်ကို ဘာလို့အဲ့လောက်ကြည့်နေရတာလဲ "
အချစ်မေးလာတဲ့ မေးခွန်းကြောင်း ခေါင်းခါပြပြီး အချစ်ရဲ့ပခုံးပေါ်ကို မှီချလိုက်၏ ။
"မင်းရဲ့အကြောင်းကို ပြောပြပါလား "
"ဘယ်ဟာကိုလဲ "
အချစ်ပြန်မေးခွန်းထုတ်ရင်းနဲ့ သူ့ပခုံးကိုမှီထားတဲ့ကျွန်တော့်ခေါင်းပေါ်ကို ပါးအပ်လာသည် ။
"မင်း ဟိုးး ငယ်ငယ်လေးကတည်းကစပြီး အခုချိန်ထိ "
ကျွန်တော်ပြောလိုက်တော့ အချစ်ရဲ့ခပ်တိုးတိုးရယ်သံကို ကြားရ၏ ။ အချစ်ရဲ့အသံက နှစ်လိုဖွယ်ရှိတာကို ခင်ဗျားတို့ သိကြရဲ့လား ။
"ကိုယ့်အကြောင်းလား ကိုယ့်အကြောင်းက ဘာမှထူးထူးခြားခြားမရှိပါဘူး နယ်ကနေ ဒီကိုကျောင်းလာတက်တယ် ပြီးတော့အချိန်ပိုင်းအလုပ်လုပ်ရင်း ပိုက်ဆံရှာတယ် .."
"မင်း ဒီလောက်ပိုက်ဆံတွေအများကြီးရှာပြီးတော့ ဘာလုပ်လဲ "
ကျွန်တော်သိချင်တဲ့ အကြောင်းကို မေးလိုက်မိသည် ။ အချိန်ပိုင်းအလုပ် ၊ ကားအငှားမောင်း ၊ စာကြည့်တိုက်ထိုင် သူဒီလောက်အလုပ်တွေလုပ်ပြီး ရလာတဲ့ပိုက်ဆံတွေကို သူဘာလုပ်ပစ်သလဲဆိုတာကို သိချင်မိ၏ ။
"ကိုယ်လား...ဒီလိုပဲ သုံးစရာနေရာရှိတယ် ဒါပေမယ့် အခုမရှိတော့ဘူး "
အချစ်ရဲ့စကားကို ကျွန်တော်နားမလည်စွာ လှမ်းကြည့်လိုက်တော့ အချစ်ကပြန်ကြည့်လာသည် ။ တဆိတ် အချစ်ရဲ့မျက်ဝန်းတွေက မျက်ရည်လဲ့နေတာလား ။ အချစ်ဘာကို ဝမ်းနည်းနေရတာပါလဲ ။
YOU ARE READING
L.O.V.E || Completed ||
Fanfictionခင်ဗျားလေးတို့ကို အချစ်အကြောင်း ကျွန်တော်ပြောပြမယ် ခင်ဗျားလေးတို့က ငြိမ်ငြိမ်လေးနားထောင်ပေးမယ်မလား.... Cover by -Jaejoong Htike