4

889 133 15
                                    

နာရီအချို့ကြာတဲ့အချိန်မှာ အခန်းရဲ့တံခါးကို ဖွင့်ဝင်လာတဲ့ အချစ်ကို တွေ့လိုက်ရသည် ။ အချစ် ကမန်းကတန်းပြေးလာတယ်ဆိုတာ သိပ်သိသာတာပဲ ။ အချစ်ရဲ့ အိမ်နေရင်းဘောင်းဘီနဲ့ ကွင်းထိုးဖိနပ်တွေက ဖုန်းချလိုက်တာနဲ့ ချက်ချင်းပြေးလာခဲ့တာလို့ ဖော်ပြနေသယောင် ။ကျွန်တော်စိတ်ထဲ ကျေနပ်မှုသေးသေးလေး ဖြတ်ပြေးသွားသည် ။

သူက ဝင်လာပြီး ဘေးနားက ခုံတွင် ဝင်ထိုင်လိုက်သည် ။

"သိပ်နာနေလား "

"သေချင် သေသွားနိုင်တယ် "

စိုးရိမ်စွာမေးလာတဲ့ အချစ်ကို ဘာလို့များ ကျွန်တော် ဘုတောချင်နေရတာပါလိမ့် ။

"ဘယ်နာက နာနေတာလဲ အရမ်းများလား "

"ဗိုက်ကနာတယ် ပြီးတော့ မျက်နှာရောပဲ ဒူးခေါင်လည်း ယောင်နေတယ် "

တကယ်တမ်းကြ ဒယ်ဒီကြောင်း ဆေးရုံမဆင်းရသေးတာဆိုပေမယ့် အဲ့လောက်မနာတာ ကျွန်တော်ကိုယ်ကျွန်တော်သိသည် ။ ဒါပေမယ့် အချစ်ကို ပြောပြနေတာတွေက သူ့ဆီကနေ ဂရုစိုက်မှုတွေ ပိုလိုချင်နေလို့ဖြစ်မည် ။

"ကိုယ်ဆရာဝန် ခေါ်ပေးရမလား .... "

"မလိုဘူး .. "

အချစ်က တကယ်ကို စိုးရိမ်စွာ မေးလာတာပါ ။

"ဆေးရုံက ဂရုရောစိုက်ရဲ့လား "

"ငါ့ကို ဂရုမစိုက်တဲ့သူက ကမ္ဘာပေါ်မှာ တစ်ယောက်ပဲရှိတယ် "

"ဂရုစိုက်ဆုံး လူသားတော့ရှိတယ်မလား "

အချစ်က ပြုံးပြီး ပြောသည် ။

"အဲ့လူက ကမ္ဘာပေါ်မှာ အညာတတ်ဆုံးပဲ "

ကျွန်တော်ကိုယ် ကျွန်တော်သိတာက နှုတ်ခမ်းတို့ဟာ အလိုလိုစူနေကြမည်ကိုပင် ။

"ကိုယ်က မညာပါဘူး "

"အဲ့တာဆိုရင်တော့ ငါက ကမ္ဘာပေါ်မှာ အပျော်ဆုံးလူဖြစ်မှာပေါ့ "

"မင်းရန်ဖြစ်တာကို မသိလို့ စိတ်ကောက်နေတာလား "

သူက မျက်နှာကို လိုက်ကြည့်ကာ မေးလာသည် ။ ကျွန်တော် သူ့နဲ့ မျက်နှာလွဲလိုက်သည် ။

L.O.V.E  || Completed ||Where stories live. Discover now