ဆိုးလ်အားရောက်သည်နှင့် ပထမဆုံးဦးတည်မိသည်က အချစ်နေထိုင်ရာတိုက်ခန်းဆီသို့ ။ တိုက်ခန်းဘေးလမ်းတွင် ကားကိုရပ်လိုက်ပြီး အပေါ်ထပ်ကို မော့ကြည့်မိသည် ။ ထိုတိုက်ခန်းတွင် အချစ်တစ်ယောက် ဘေးမသီရန်မခပါပဲ ရှိနေပါစေ ။
"အချစ်..မင်းငါ့ကို အကြောင်းပြချက်ကောင်းကောင်းပေးဖို့ပြင်ထား "
ကျွန်တော်ရေရွတ်လိုက်ပြီး အချစ်ရဲ့တိုက်ခန်းရှိရာကို တက်သွားလိုက်၏ ။ အခန်းတံခါးလက်ကိုင်ကိုလှည့်လိုက်တော့ ပွင့်သွားသောတံခါးကြောင်း ကျွန်တော်အနည်းငယ် စိတ်သက်သာရာရခဲ့သည် ။
"အချစ် ..မင်း ငါ့ကို ဘာ လို့ .."
ဆိုဖာပေါ်တွင် တွေ့လိုက်ရတဲ့ Sumi Noona ကြောင့် ပြောမယ့်စကားတို့ ပျောက်ရှသွားရသည် ။ သူမက ဘာလို့ ဒီကိုရောက်နေရတာလဲ ။
"Yoongi ..."
သူမကလည်း ကျွန်တော့်ကို ကြည့်လာ၏ ။ အချစ်က အခန်းထဲကထွက်လာတော့ ကျွန်တော့်ကိုမြင်တာကြောင်းထင်တယ် အချစ်ရဲ့ မျက်ခုံးတို့ဟာ အနည်းငယ်တွန့်ချိုးသွားသည် ။
"အချစ်..."
"Yoongi .."
ကျွန်တော်က အချစ်ကိုခေါ်လိုက်ချိန်တွင် Sumi Noona က ကျွန်တော်ကိုခေါ်လာတာကြောင်း ကျွန်တော်ကြည့်လိုက်၏ ။ သူမ၏မျက်နှာက တစ်ခုခုကို အလိုမကျဖြစ်နေဟန်တူသည် ။
"Yoongi ..တို့ မင်းကို ပြောစရာ..."
"မင်း..အပြင်လိုက်ခဲ့ "
သူမ စကားပြောတာကို ဖြတ်ပြောလာတဲ့အချစ်က တချိန်တည်းမှာပဲ လက်ကိုလှမ်းဆွဲကာ အပြင်သို့ ခေါ်ထုတ်လာ၏ ။ အချစ်ဆုပ်ကိုင်ထားတဲ့ လက်နေရာက အနည်းငယ်နာလာတာကြောင်း မျက်မှောင်ကြုပ်ကာရုန်းလိုက်မိသည် ။
"ကိုယ် ..မင်းကို "
စကားပြောရင်း ကျွန်တော့်ဘက်ကို လှည့်လာတဲ့ အချစ်ရဲ့မျက်နှာချောချောလေးကို လက်သီးဖြင့်ထိုးလိုက်တယ် ။ အချစ်ကို ကျွန်တော်ဒေါသထွက်ခွင့်ရှိတယ်မဟုတ်ပါလား ။
"ငါ့ကို စာတစ်စောင်နဲ့ ပစ်ထားခဲ့တဲ့အကြောင်းအရင်းက သူလား ..ဟုတ်လား "
YOU ARE READING
L.O.V.E || Completed ||
Fanfictionခင်ဗျားလေးတို့ကို အချစ်အကြောင်း ကျွန်တော်ပြောပြမယ် ခင်ဗျားလေးတို့က ငြိမ်ငြိမ်လေးနားထောင်ပေးမယ်မလား.... Cover by -Jaejoong Htike