တက္ကသိုလ်ကျောင်းသား ကောင်ဆိုးလေးတွေဟာ စာမသင်ပဲ ဂလေရိုက်လေ့ရှိတယ် ။ အဲ့လိုပါပဲ ကျွန်တော်ကလည်း နောက်ဆုံးနှစ်ရောက်တဲ့အချိန်ထိ လျှောက်ပြီး ဂလေရိုက်တုန်း ။
စာသင်ခန်းထဲမှာမရှိဘဲ တခါတလေဆို ဂီတာဆိုင်မှာ ၊ တခါတလေဆို Club မှာ ၊ တခါတလေဆိုရင် ကျောင်းထိပ်က ကော်ဖီဆိုင်မှာ အချိန်ကုန်တယ်လေ ။
ရည်စားဟောင်းတွေကို သတိရတဲ့အချိန်ကြရင်တော့ ဂီတာဆိုင်မှာ သွားထိုင်ပြီး သီချင်းရေးလေ့ရှိတာပေါ့ဗျာ ။
တခါတလေကြရင်လည်း basketball ကွင်းထဲမှာ အချိန်ဖြုန်းဖြစ်သလို ပျင်းရင်လည်း စာကြည့်တိုက်ဘက်ကို လျှောက်လည်ဖြစ်တယ် ။ မဟုတ်ဘူးလေ ~စာကြည်တိုက်ဘက်သွားတာနဲ့ စာဖတ်တယ်ဖြစ်ရော့လား ။ မသိလို့မေးကြည့်တာပါ ။
ကျွန်တော်ကတော့ စာကြည့်တိုက်ဘက်သွားရင် အချောကလေးတွေကို လိုက်ရှာဖြစ်တာများတယ်ဗျ။ စာအုပ်ဖတ်နေတဲ့အချိန်မှာဖြစ်တတ်တဲ့ သူတို့ပုံလေးတွေက ချစ်စရာကောင်းလွန်းကြတယ်လေ ။ ပခုံးပေါ်ကနေ ဝဲကျနေတဲ့ ဆံပင်လေးတွေကြားထဲကနေ မခို့တရို့ပေါ်နေတဲ့ မျက်နှာလေးတွေ ၊ စာအုပ်ထဲမှာ စိတ်ဝင်စားသွားရင် ပွင့်အ လာတဲ့ ချယ်ရီဖူးနှုတ်ခမ်းလေးတွေ ၊ စာအုပ်ပေါ်မှာ တရွေ့ရွေ့သွားနေတဲ့ လက်ချောင်း ခပ်ဖောင်းဖောင်းလေးတွေက သိပ်ချစ်ဖို့ကောင်းတာပဲ ။အဲ့ကြားထဲမှာမှ ရည်းစားခိုးခိုးဖတ်ကြတယ် နှုတ်ခမ်းနီမလေးတွေဟာ ပိုချစ်ဖို့ကောင်းကြတယ် သူတို့ရဲ့ ရင်ခုန်မှုကြောင်း ပါးဖောင်းဖောင်းလေးတွေက ဆေးမကူပါပဲ ပန်သွေးရောင် ပြေးနေတတ်သည်လေ ။
အဲ့နေ့က ကျွန်တော်စာကြည့်တိုက်ဘက်သွားတော့ အချောလေးတွေ လေးငါးရောက်လောက်က စာအုပ်စင်ကိုကွယ်ကာ စာဖတ်နေကြသည် ။ တနေရာရောက်တော့ ဖြူဖြူလုံးလုံးကောင်မလေးတယောက်က စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေရာမှ ကျွန်တော့ကိုတွေ့တော့ နှာခေါင်းရှူံပြတယ် ။ ဝက်ကလေးနဲ့ သိပ်တူတာပဲ ။ ချစ်စရာကောင်းနေတာကြောင်း ကျွန်တော်ပြုံးလိုက်မိသည် ။
ဘယ်ကလာ အချစ်ကမှာလဲ ~အချစ်ကဝက်နဲ့တူစရာလား အချစ်ကချောပါတယ်ဆို ။ ကျွန်တော်ပြောသားပဲ အချစ်က ကောင်လေးလို့ ။ ပြီးတော့ ကျွန်တော့်အချစ်ကို ကျွန်တော်က အသံကစကြားတာဗျ ။
ESTÁS LEYENDO
L.O.V.E || Completed ||
Fanficခင်ဗျားလေးတို့ကို အချစ်အကြောင်း ကျွန်တော်ပြောပြမယ် ခင်ဗျားလေးတို့က ငြိမ်ငြိမ်လေးနားထောင်ပေးမယ်မလား.... Cover by -Jaejoong Htike