3

964 135 15
                                    

နေရောင်ခြည် အလင်းတန်းဟာ ကျောပြင်ပေါ်သို့ ကျရောလာတာကြောင်း မထချင်သော်လည်း ထလိုက်ရသည် ။ နိုးနိုးချင်း ပထမဆုံးခေါင်းထဲရောက်လာတာက ကျွန်တော် အုံးနေကြ ခေါင်းအုံးမဟုတ်ဘူးဆိုတာကိုပင် ။ထို့နောက် ခေါင်းထဲရောက်လာသော မနေ့ညကအဖြစ်အပျက်ကြောင်း ဒီခေါင်းအုံးက အချစ်ရဲ့အိပ်ယာပေါ်က ခေါင်းအုံးဆိုတာ သေချာသွား၏ ။ မနေ့ကသောက်ထားတဲ့အရှိန်နဲ့ ထိုးကိုက်နေတဲ့ခေါင်းကြောင်း ခေါင်းကို နှိပ်မလို့လုပ်တော့ လက်မှာကပ်ထားတဲ့ စာရွက်ကလေးတရွက်ကို တွေ့လိုက်ရသည် ။ ထို့ကြောင်း စာရွက်ကလေးကိုယူကာ ဖတ်ကြည့်လိုက်၏ ။

***

morning my sweet ..
      ကိုယ်ကျောင်းသွားနှင့်ပြီ ကျောင်းရဲ့ ဂုဏ်ထူးဆောင်လေးကတော့ ထုံးစံတိုင်း နေ့လယ်လောက်မှ ကျောင်းလာပေါ့ ။ မနက်စာပြင်ပေးခဲ့တယ် ။ ခေါင်းကိုက်နေမှာဆိုတော့ ကော်ဖီအစား ပျားရည်ဖျော်ပေးခဲ့တယ် ။ ပြီးတော့ မနေ့ကအင်္ကျီတွေက ချွေးစိုနေပြီမို့ ကိုယ်အဝတ်လျှော်စက်ထဲ တခါတည်းထည့်ခဲ့တယ် ။ ကိုယ့်ဆီကနေ တော်မယ့်ဟာရွေးဝတ်လိုက်တော့ ။
love you sweet

***

အချစ်ရေးသော ချစ်သဝဏ်လွာမမည်သည့် စာကိုဖတ်ကာ ကျွန်တော် ခေါင်းအုံးပေါ်သို့ နှစ်ခြိုက်စွာ မျက်နှာအပ်လိုက်သည် ။ ကျွန်တော်အိပ်ပျော်နေစဉ် သူကအကုန်လုပ်ပေးခဲ့သည်ဟုသော အတွေးက ကျွန်တော့်ကို မြူးတူးစေသည် ။ အချစ်နဲ့ တကယ်ပဲရည်းစားဖြစ်နေကြသည်ဆိုတဲ့အသိက ကျွန်တော်ကို ပိုပျော်ရွှင်နေသည်နှင့် တူ၏ ။

ခဏအကြာတွင် ကျွန်တော်ပြန်ထကာ တွေ့တဲ့တဘတ်တစ်ထည်ကို ခါးမှာရစ်ပတ်လိုက်ပြီး အပြင်ဘက်သို့ထွက်လာခဲ့သည် ။ ထမင်းစားခန်းထဲဝင်လိုက်တော့ ပေါင်မုန့်မီးကင်နှင့် ကြက်ဥမွှေကြော် ဘေးနားက ပျားသံပုရာခွက်က အသင့်စောင့်ကြိုလျက် ။ ကျွန်တော့်အချစ်သည် စေ့စပ်သောကောင်လေးဖြစ်မည် ။

သူပြင်ပေးထားသော မနက်စာဖြစ်သည့် ပေါင်မုန့်မီးကင်ကို ယူစားရင်း အခန်းထဲကို လျှောက်ကြည့်မိသည် ။ TV မရှိသလို ကွန်ပြူတာလည်းမရှိ ၊ Game စက်လည်း မရှိဘဲနေနိုင်သော အချစ်က ထူးဆန်းသည် ။ စာအုပ်စင်ကစာအုပ်တွေ ၊ record တွေ အကုန်လုံးဟာ နည်းနည်းတော့ ရှေးကျသည် ။

L.O.V.E  || Completed ||Where stories live. Discover now