7

681 98 15
                                    

တစ်ပတ်...အချစ်ပြန်မလာတာ တစ်ပတ်ကျော်သွားပြီ ။ ဘာအဆက်အသွယ်မှမလုပ်ပဲ ပျောက်နေသော အချစ်ကြောင့် လူမှာ ရူးခါနီးဆဲဆဲ ။ သိပ်ချစ်လွန်းရင် ရူးတတ်ကြတယ်တဲ့ ။ မဟုတ်ဘူးလေ ရူးတော့မရူးသေးပေမယ့် လွမ်းရလွန်းလို့ ရူးချင်ချင်ဖြစ်နေပြီ ။

ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ကြည့်တော့ Namjoon နဲ့ Hoseok ခေါ်ထားသည်တို့ကသာ နေရာယူလျက် ။ ကျွန်တော်မြင်ချင်ဆုံးသော ဖုန်းနံပါတ်လေးကတော့ ပေါ်မလာပါ ။ ဖုန်းကိုဘောင်းဘီအိတ်ထဲပြန်ထည့်ကာ အချစ်တို့ အဆောင်ဘက်ကို သွားလိုက်၏ ။

ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သော်လည်း အတန်းချိန်မစသေးတာကြောင့် လူသိပ်မစုံသေး ။

"ဟို ..စီနီယာSeokjin ကျောင်းတက်ပြီလားမသိဘူး "

ဘေးနားကနေဖြတ်သွားသော အတန်းထဲက အမကိုမေးလိုက်တော့ သူမကခေါင်းခါပြသည် ။ ထို့ကြောင်း နှုတ်ဆက်လိုက်ပြီး သက်ပြင်းချလိုက်မိသည် ။ ကျောင်းသားရေးရာကို သွားမေးသော်လည်း အချစ်က အခုသူနေနေသော တိုက်ခန်းလိပ်စာကိုသာ ဖြည့်ထား၏ ။ တကယ်ပဲ အချစ်ကို ဘယ်လိုက်ရှာရမလဲ မသိတော့ပါ ။

"Min Yoongi လားမသိဘူး "

အသံကြားလို့ ကြည့်လိုက်တော့ ကျောလယ်လောက်ထိရှည်သောဆံပင်ကို ဖြန့်ချထားကာ ခပ်ဝဲဝဲဂါဝန်လေးကို ဝတ်ထားသော ကောင်မလေး တစ်ယောက် ။

"Sumi Noona ..."

ကျွန်တော့်ခေါင်းထဲရောက်လာသော နာမည်တစ်ခုကို နှုတ်ကနေ ထုတ်ခေါ်လိုက်တယ် ။ ထိုအခါ သူမကပြုံးကာ ခေါင်းငြိမ့်ပြသည် ။

"အမ မင်းနဲ့ စကားခဏပြောချင်လို့ရမလား ဒီနေရာမဟုတ်ဘဲ တခြားတိတ်ဆတ်တဲ့နေရာကို သွားရအောင်လား "

သူမ ပြောမယ့်စကားဆိုတာ အချစ်နဲ့သက်ဆိုင်မယ်ဆိုတာ ဗေဒင်ပြေးမေးစရာမလိုပါ ။ကျွန်တော်သိတာပေါ့ ကျွန်တော်ဆိုတာက အချစ်နဲ့ပတ်သက်လာရင် အလိုလိုသိနေတာပဲလေ ။

ထပ်ပြီးရောက်လာပြန်သော ကျောင်းရှေ့ကကော်ဖီဆိုင်လေး ။ လူတွေရဲ့အကျင့်ဆိုတာက ခက်သား ။ သွားနေကြနေရာကိုပဲ သွားချင်ကြပြီး နေရာအသစ်ကို စူးစမ်းရန် မတွေးကြပေ ။ ကျွန်တော် ရည်းစားအသစ်တွဲတိုင်း ဒီဆိုင်ကို ခေါ်လာမိသလိုမျိုးပေါ့ ။

L.O.V.E  || Completed ||Where stories live. Discover now