နေမင်းရဲ့ အလင်းတန်းဟာ ကမ္ဘာကြီးပေါ်သို့ ဖြန့်ကျက်လျက် ။ သို့သော်သူသည်ကား လူသားတစ်ဦးပေါ်၌သို့ သက်ရောက်နိုင်ခြင်းကား မစွမ်းသာ ။ ထိုလူသားငယ်၏ မျက်နှာနှင့် ဖြူစင်လှသော ခန္ဓာကိုယ်အထက်၌ ကျယ်ပြန့်သောပခုံးတစ်စုံဟာ နေရောင်ခြည်တို့အား မခစားစေချင်သည့်နှယ် ခိုင်ခံစွာ ကာရံပေးထား၏ ။
"My sweet .."
ခေါ်သံနှင့်အတူ နှုတ်ခမ်းပေါ်သို့ ကျရောက်လာသော အနမ်းတစ်ပွင့်ကြောင်း ပြုံးလိုက်မိသည် ။
"ထတော့ "
"အွန်း နှစ်မိနစ် နှစ်မိနစ် "
မျက်စိမဖွင့်သေးဘဲ လက်နှစ်ချောင်းကိုထောင်ပြကာ ခွင့်တောင်းလိုက်တော့ အချစ်ရဲ့ရယ်သံကိုကြားလိုက်ရ၏ ။
"နှစ်မိနစ်ပြီးရင် ထခဲ့တော့ ကိုယ်မနက်စာလုပ်ထားမယ် "
အချစ်ကပြောပြီး ဆံပင်တွေကို သပ်တင်ပေးကာ နဖူးထက်၌ အနမ်းဖွဖွခြွေသွားပြန်ပါသည် ။ အချစ်ထွက်သွားပြီး ခဏအကြာတွင် အိပ်ရာထက်၌ လူးလှိမ့်နေရာမှာထကာ ဘေးနားရှိတဲ့ Shirt အင်္ကျီတစ်ထည်ကို ကောက်စွပ်လိုက်သည် ။ မှန်ထဲကြည့်ကာ ပွနေတဲ့ဆံပင်တွေကို သပ်လိုက်သည် ။ အချစ်ရဲ့အင်္ကျီက ပွနေတာကြောင်း ပေါင်ထိရှိသောunderwearတောင်မှ ဖုံးနေသလိုပင် ။
ရေချိုးခန်းထဲကထွက်ပြီး မီးဖိုခန်းဘက်ကိုသွားတော့ အချစ်က တစ်ခုခုကို ကြော်လှော်နေလေသည် ။
"Morning ..အချစ် "
"Morning "
ဟင်းချက်နေရာမှ ပြန်နှုတ်ဆက်လာသော အချစ်ကို အနောက်ကနေဖက်ရင်း ကျောပြင်ကျယ်ကျယ်ကို ပါးအပ်လိုက်တော့ သူရဲ့ နှုတ်ခမ်းပါးတို့က ကော့တက်သွား၏ ။
" ဘာတွေချက်နေတာလဲ "
သူ့ကိုယ်ကနေခွာကာ ဘေးစင်ဘေးနားက နေရာအလွတ်လေးမှာ တမ္မလင်ခွေဝင်ထိုင်လိုက်တော့ အချစ်ကကြည့်လာသည် ။
"ဘာလဲ မကြိုက်ဘူးလား "
"မဟုတ်ရပါဘူး my sweet ရာ "
ကျွန်တော်မေးတာကို ပြုံးပြီး အဖြေပြန်ပေးကာ နှုတ်ခမ်းပါးတို့ကို လှမ်း၍အနမ်းခြွေလေသည် ။
YOU ARE READING
L.O.V.E || Completed ||
Fanfictionခင်ဗျားလေးတို့ကို အချစ်အကြောင်း ကျွန်တော်ပြောပြမယ် ခင်ဗျားလေးတို့က ငြိမ်ငြိမ်လေးနားထောင်ပေးမယ်မလား.... Cover by -Jaejoong Htike