Wan Chen Xu ထလာရင်းနဲ့ သူ့ရဲ့လက်စွဲတော် သားရေကြိုးပါ ယူလာသည်
"ငါ့ဆီကလွတ်သွားတဲ့သူဆိုရင် မင်းတစ်ယောက်တည်းရှိတာ "
"မင်းကဘာမို့လို့လဲ "
'ရွှီး.......ဖြောင်း....ဖြောင်း '
"အာ့ "
သားရေကြိုးရဲ့ရိုက်ချက်တွေက ခန္ဓာကိုယ်ပေါ် အဆက်မပျက်ရောက်ချလာသည်
JunMyeon အသံမထွက်မိအောင် မနည်းထိန်းထားရသည်။
ရိုက်နေတဲ့ကြားထဲက ရှောင်ထွက်ဖို့ကြိုးစားရသည်
အတင်းကုန်းရုန်းထကာ ထွက်ပြေးမိတော့ ကျောပေါ်သို့ ရောက်ချလာသော ရိုက်ချက်များ
"အာ့ "
ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်
အနားသို့လာသော Wan Chen Xuကို ပိတ်ကန်လိုက်သည်
"အား ခွေးကောင် "
အဓိကချက်ကောင်းကိုကန်လိုက်တာမို့ သူ့ဟာသူကိုင်ကာ အနောက်ဆုတ်သွားသည်
"ဘာလုပ်နေတာလဲ ချကြလေ "
သူ့တပည့်က အနောက်ကလူများကိုပြောရင်း bossကိုမေးနေသည်
"Boss ဘာဖစ်သွားသေးလဲ "
"အဲ့ကောင်ကို သေအောင်ချကြ "
Wan Chen Xu အမိန့်ပေးလိုက်သည်နဲ့ လူ၎ယောက်လောက်က သူ့ဆီသို့လျှောက်လာသည်
JunMyeon အမြန်ဆုံးပြန်ထကာ ထိုသူများကို ချဖို့ ခန္ဓာကိုယ်ကို အသင့်အနေအထားထားလိုက်သည်
အရှေ့ဆုံးကနေ သူ့ကို လက်သီးနဲ့ထိုးဖို့ဝင်လာတဲ့တယောက်ကို သူ့လက်ကိုဖြတ်ရိုက်ကာ ကျန်လက်ဖြင့် မျက်နှာကိုပိတ်ထိုးလိုက်သည်
ပထမတစ်ယောက်ကိုရှင်းပီးသည်နဲ့ ဘေးကဒုတိယယောက်ဘက်သို့လှည့်လိုက်သည်
"Yrrrr "
ပါးစပ်ကအော်ကာ သူ့ဆီသို့ ပြေးဝင်လာပီး သူ့ကိုတွန်းချဖို့လုပ်သည်
YOU ARE READING
Until You
FanfictionXingHo (Boy Love) ZawGyi and Unicode ZawGyi "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အလုပ်ကပိုအရေးကြီးတယ် ခင်ဗျားထက်ပေါ့: Zhang Yi Xing" >>Kim Jun Myeon Unicode "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အ...