JunMyeon မရောက်သေးပင်မဲ့လဲ Yixing တအားတက်ကြွနေ၍ တိုက်ခန်းအောက်ထိဆင်းကာ စောင့်နေမိသည်
အချိန်က နေ့လည် ၁၂နာရီ
"ငါများ စောနေတာလား "
ပြောရင်းနဲ့ တွေ့လိုက်ရသည်က JunMyeon ကား
JunMyeon ကားကိုတွေ့လိုက်သည်နဲ့ ရင်ထဲကလှိုက်ခနဲတက်လာသော အပျော်လုံးများ
နောက်ဆုံးတော့ ချစ်ရသူလေးနဲ့ ပင်လယ်သွားရတော့မည်
ကား သူ့ရှေ့ရပ်တာနဲ့ Yixing မတက်သေးပဲ ကားမောင်းသူဘက် သွားလိုက်သည်
မှန်ကိုခေါက်လိုက်တော့ မှန်ချလိုက်သည်
"ကိုယ်မောင်းမယ် Jun "
"Junကအေးဆေးလိုက်ခဲ့ "
"အင်း Xing "
ကားမောင်းသူနေရာကို Yixing ဝင်ထိုင်လိုက်တော့ JunMyeon လဲ ဘေးနားမှာထိုင်နေပြီဖြစ်သည်
လုံခြုံရေးခါးပတ်ကို ယူကာ ပတ်ပေးလိုက်တော့ JunMyeon မျက်နှာနဲ့နီးသွားသော Yixing မျက်နှာ
'ပြွတ်စ် '
"ဟာ Xing "
မတွေ့ရတာကြာတော့ Yixing အရမ်းလွမ်းလွန်းလို့ စိတ်မထိန်းနိုင်ဘဲ ပါးကို အနမ်းပေးမိသည်
"ကိုယ်အရမ်းလွမ်းနေလို့ပါ မင်းပါးလေးရော မင်းနှုတ်ခမ်းလေးရော မင်းတစ်ကိုယ်လုံးပါလွမ်းနေတာ "
"အင်း Junလဲလွမ်းနေတာပါ အရမ်း အရမ်း....ကို "
"ဒီနေ့ Xing Junကို ကြိုက်သလိုလုပ်ခွင့်ရှိတယ် ခွင့်မတောင်းနဲ့ "
"ဟင် တကယ် ဘာလို့ "
"တစ်ပတ်လောက်မတွေ့ရတော့ Xingလွမ်းနေမယ်ထင်လို့ "
"ဒီနေ့ အားလုံး Xing သဘောအတိုင်းပဲ "
"ဝိုး....... တကယ်နော် တကယ်နော် နောက်မှ စကားမပြောင်းနဲ့နော် "
"မပြောင်းပါဘူး Xingရဲ့ "
"Yeah ကြိုက်သွားပီ ဒါမျိုးကို "
YOU ARE READING
Until You
FanfictionXingHo (Boy Love) ZawGyi and Unicode ZawGyi "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အလုပ်ကပိုအရေးကြီးတယ် ခင်ဗျားထက်ပေါ့: Zhang Yi Xing" >>Kim Jun Myeon Unicode "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အ...