ZG
'ဟင် အိမ်သာမှာတွေ့တဲ့တစ်ယောက်'
သူခဏငေးရာကနေ သတိပြန်ဝင်လာတော့ သူ့ကိုသေနတ်တစ်လက်နဲ့ချိန်ထားတဲ့ ဖြူစုတ်စုတ်ကောင်လေး
'မဖစ်သေးဘူး အမြန်လစ်မှ'
'ဒိုင်း...ဒိုင်း'
YiXing မရပ်ပဲနဲ့ဆက်ပြေးတော့ နောက်ကနေလှမ်းပစ်တဲ့ကောင်စုတ်လေး ကံကောင်းလို့ပေါ့ ကိုယ်ကခြေသွက်တဲ့သူမို့
လှေကားကနေဆက်ပြေးလာကာ ခေါင်မိုးပေါ်ရောက်တော့ တစ်ဖက်တိုက်ကို ခုန်ကူးခံနီး နောက်ကနေလှမ်းဆွဲခြင်းခံလိုက်ရသည်'ဒီကောင်ပဲလား ကျစ် ဘယ်လိုများလိုက်လာလဲမသိ'
Maskကိုဆွဲဖြုတ်မလိုလုပ်နေတာကြောင့် ကောင်လေးကိုတွန်းပစ်လိုက်သည်။ Yixing ကိုဒီလိုလာလုပ်လို့မရပါဘူး။
ဒီကောင်လေးကိုအသဲယားလာတာနဲ့ လှမ်းဖက်လိုက်သောအခါ
"အယ်"
'ဖုတ်'
JunMyeon လက်ထဲကသေနတ်လေးခမျာ အောက်ကိုပြုတ်ကျသွားလေသည်။
ကောင်စုတ်လေးအငိုက်မိနေတုန်း သူ့သေနတ်ကို တိုက်ပေါ်ကနေလွှတ်ပစ်လိုက်သည်။
ထိုအခါမှ သတိပြန်ဝင်လာသောJunMyeonတယောက် ရှက်ကလဲရှက် ဒေါသကလဲထွက်လာတာနဲ့ အရှေ့က လူပါးဝပီးskinshipလာလုပ်တဲ့ သကောင့်သားကို လှမ်းထိုးလိုက်သည်။
နောက်တခါထိုးမယ်လုပ်နေသော ကောင်စုတ်လေးရဲ့လက်သီးချက်တွေကို ရှောင်ရှားကာနေရသည်။
သူလဲကြာလာတော့ဒေါသထွက်လာကာ ကောင်စုတ်လေးရဲ့လက်ကိုလိမ်ချိုးလိုက်သည်။ ထိုကောင်လေးကလိမ်ထားတဲ့လက်ကိုအတင်းရုန်းကာ ပြန်တွန်းသည်။ ကောင်လေးရဲ့ခြေကန်ချက်ကိုပြန်ရှောင်တိမ်းရင်း သူ့ကိုတစ်ချက်ပြန်ထိုးလိုက်သည်။JunMyeon ဒေါသထွက်လာပီ။ ဒီလူ မခေမှန်းလဲသူသိသည်။ ပြေးဝင်လုံးကာ သူ့ရဲ့လက်ကိုကိုင်ကာ ခန္ဓာကိုယ်ကိုဆွဲမရင်းနဲ့ပစ်ချလိုက်သည်။
ŞİMDİ OKUDUĞUN
Until You
Hayran KurguXingHo (Boy Love) ZawGyi and Unicode ZawGyi "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အလုပ်ကပိုအရေးကြီးတယ် ခင်ဗျားထက်ပေါ့: Zhang Yi Xing" >>Kim Jun Myeon Unicode "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အ...