Yixing မျက်လုံးကို အသာအယာ ဖွင့်ကြည့်လိုက်တော့ မျက်နှာကျက်ဖြူဖြူကို တွေ့လိုက်ရသည်
'ငါ ဘယ်ရောက်နေတာလဲ '
"Zhang Yixing shi နိုးလာပီလား "
Yixing ရင်းနှီးနေသည့် သူနာပြုမလေးကိုတွေ့တော့မှ သူ ဆေးရုံရောက်နေတာ သတိရသွားသည်
"Jun Jun "
"အမလေး လူနာ Kim JunMyeon ရှိပါတယ် "
"လူကပင်ပန်းလို့ မူးလဲသွားတာကို ခဏ အနားယူပါအုန်း "
"လူနာစောင့်က ကျန်းမာမှ လူနာကို ပြုစုလို့ရမှာပေါ့ "
ဆရာမလေး ပြောနေသည်များကို Yixing ကြားပေမဲ့လည်း စိတ်က JunMyeon ဆီမှာသာ
"ဆရာမလေး Junကို တကယ်ပဲ လက်လျှော့ရတော့မှာလားဟင် "
"ကျွန်တော် စုထားတာလေးတွေ ရှိပါတယ် "
"ဘယ်လောက်ကုန်ကုန် ကျွန်တော်ပေးနိုင်ပါတယ် "
"Junကိုသာ ကယ်ပေးပါ "
သူနာပြုဆရာမလက်ကို ကိုင်ကာ Yixing တောင်းပန်နေမိသည်
"Yixing shi ကျွန်မတို့လည်း လူနာကို ကယ်တင်ပေးချင်တာပေါ့ "
"အခုဆို ၅နှစ်ကျော်ပီလေ "
"ကျွန်မတို့ စောင့်ကြည့်အုန်းမှာပါ မတတ်နိုင်တော့မှသာ "
"ဆရာမလေးရယ် Junကို ရအောင် ကယ်ပေးပါနော် "
"ဟုတ်ပါပီရှင် အခုတော့ အားရှိအောင် တစ်ခုခု စားလိုက်ပါ "
"မဟုတ်ရင် လူနာ Kim JunMyeon ကို မကြည့်ပေးတော့ဘူးနော် "
ဆရာမပြောမှပဲ သူ သတိရသွားတော့သည်
သူ ထမင်း သေချာ မစားတာ ဘယ်နှရက် ရှိနေပီလဲ
သူအိပ်နေတုန်း JunMyeon တစ်ခုခုဖစ်သွားမှာဆိုး၍ ကောင်းကောင်းလည်း မအိပ်နိုင်
သူလည်း အဆင်ပြေနေပြီမို့ ကုတင်ပေါ်မှာ မလှဲချင်တော့
YOU ARE READING
Until You
FanfictionXingHo (Boy Love) ZawGyi and Unicode ZawGyi "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အလုပ်ကပိုအရေးကြီးတယ် ခင်ဗျားထက်ပေါ့: Zhang Yi Xing" >>Kim Jun Myeon Unicode "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အ...