Until You (Extra)

2.4K 119 10
                                    

"Xing ah "

"Waeeeee?"

"မြန်​မြန်​လုပ်​ပါ "

"အာ လုပ်​​နေပါတယ်​ Junရဲ့ "

ဒီ​နေ့ Junတက်​ခဲ့တဲ့​ဆေးရုံ​လေးကို သွားမဲ့​နေ့ဖြစ်​သည်

Junအတိတ်​​မေ့​နေခဲ့စဉ်​က ခင်​ခဲ့တဲ့ က​လေး​တွေကိုလွမ်းသည်​တဲ့​လေ

သူ့ကိုပြုစု​ပေးခဲ့တဲ့ သူနာပြု​တွေနဲ့ သူ့ကိုကု​ပေးခဲ့တဲ့ ဆရာဝန်​တို့ကို ​ကျေးဇူးတင်​ချင်​တယ်​တဲ့​လေ

သူ​မေ့​နေတုန်းက ​နေ့မအိပ်​ညမအိပ်​ ပြုစု​ပေးတဲ့ ဒီလူကြီးကို​တော့ မသိချင်​​ယောင်​​ဆောင်​​နေသည်

'ဟင်းဟင်း ​နေမ​ကောင်း​သေးလို့​ပေါ့ကွာ '

'​နေ​ကောင်းသွားလို့က​တော့ ​တွေ့ပီပဲ '

'ဒီယုန်​လုံး​ဖောင်းနဲ့ ကုတင်​​ပေါ်မှာ နပန်းသတ်​ပြမယ်​ '

"Xing!!! "

"​ဟေ ​ဟေ ဘာ ဘာလဲ "

"လူကို စားမတတ်​ ဝါးမတတ်​ စိုက်​ကြည့်​​နေတာ ဘာလို့လဲ "

"ဟင်​ ဘာမှဟုတ်​ဘူး ဟီး ဟီး "

"Sandwich ​တွေ ​သေချာထည့်​​နော်​ ပြားကုန်​လိမ့်​မယ်​ "

"ကိုယ်​​သေချာထည့်​​နေပါတယ်​ "

"သူကျ​တော့ ကူမထည့်​ဘဲနဲ့ "

"တိုးတိုး တိုးတိုးနဲ့ ဘာ​တွေ​ပြော​နေတာလဲ "

"ဘာမှမဟုတ်​ပါဘူးခင်​ဗျာ "

ဆေးရုံကလူ​တွေကို​ကျွေးဖို့ သူတို့၂​ယောက်​ Sandwich လုပ်​ခဲ့ကြသည်

ပြော​တော့တာ ၂​ယောက်​တူတူလုပ်​မယ်

ပီး​တော့လည်း သူတစ်​​ယောက်​တည်းသာ အကုန်​လုပ်​ခဲ့ရသည်

JunMyeon က​တော့ ဟိုဟာနှိုက်​စားလိုက်​ ဒီဟာနှိုက်​စားလိုက်​ အမှိုက်​​တွေဖွလိုက်​နဲ့ သူ့ကိုလိုက်​ရှုပ်​​နေသည်

JunMyeon စားလို့ကုန်​သွားလို့ အသစ်​ပြန်​ပြန်​လုပ်​ရတာလည်း အလုပ်​တစ်​လုပ်

JunMyeon ကို စ​တွေ့တုန်းက သိပ်​​ကြောက်​စရာ​ကောင်းပီး သိပ်​ကိုတည်​ငြိမ်​​အေး​ဆေးတဲ့ စုံ​ထောက်​ကြီးလို့ထင်​ခဲ့တာ

Until YouDove le storie prendono vita. Scoprilo ora