အမှုစစ်ဆေးသောအခန်းထဲ၌..........
"ဒီမယ် ZhangYixing မင်းဘာမှဝန်မခံရင် အမှုပိုကြီးသွားမယ် "
ပါးစပ်ပိတ်ထားဆဲဖစ်သော Xingကိုကြည့်ကာ စောင့်ကြည့်တဲ့အခန်းထဲက JunMyeon သက်ပြင်းသာအသာချမိသည်
ချစ်ရသူကို မစစ်ဆေးချင်လို့ စုံထောက်Min လက်ထဲသာအပ်လိုက်သည်
သူကတော့ စောင့်ကြည့်တဲ့အခန်းကနေသာ ကြည့်နေရသည်
မှန်တစ်ချက်ခြားနေပေမဲ့ နီးနီးကပ်ကပ် ရှိနေသလိုပင်
မျက်လုံးများနီရဲကာ ပေတေတေ ဂျစ်ကန်ကန်ပုံစံနဲ့ Xingက သူအရင်ကမြင်ဖူးတဲ့လူမဟုတ်တော့သလိုပင်
စုံထောက်Min ကို မထိမဲ့မြင်ကြည့်နေပုံက ဘာမှဂရုမစိုက်တဲ့လူတယောက်လို
"ငါ့ပါးစပ်က ပြောချင်ပြောမယ် မပြောချင်မပြောဘူး မင်းတို့ ငါ့ကို လာအမိန့်ပေးမနေနဲ့ "
"တောက် "
'ဝုန်း......'
စုံထောက်Min ဒေါသထွက်ကာ စားပွဲခုံကို ထုလိုက်ခြင်းဖြစ်သည်
"ဒီမှာ ဒီမှာ သက်သေတွေနဲ့တကွ ဖမ်းတာ "
ဖိုင်တစ်ခုပီးတစ်ခုထုတ်ပြတော့ တချက်ပဲလှည့်ကြည့်ကာ မျက်နှာလွှဲသွားသည်
"မင်းသာ ဝန်ခံလိုက်ရင် အမှုလျော့သွားလိမ့်မယ် "
"ဒီလိုသာဆက်လုပ်နေရင် ထောင်ထဲတစ်သက်လုံးဝင်ရလိမ့်မယ် "
"ငါစောက်ဂရုမစိုက်ဘူး "
"ကျစ် မင်း...."
Xingက မဲ့ပြုံးပြုံးကာ မှန်ကိုစိုက်ကြည့်လာသည်
"ဒီလိုပုံစံမြင်ရတာ တော်တော်သဘောကျလား "
လက်ထိပ်ကိုမြှောက်ပြကာ မှန်ကိုစိုက်ကြည့်ပီးပြောနေသော Xingကို ကြည့်ကာ JunMyeon ခြေထောက်တောင်မခိုင်ချင်တော့
စုံထောက်Yoo က မိုက်ကနေတဆင့် စုံထောက်Minကိုလှမ်းပြောသည်
VOCÊ ESTÁ LENDO
Until You
FanficXingHo (Boy Love) ZawGyi and Unicode ZawGyi "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အလုပ်ကပိုအရေးကြီးတယ် ခင်ဗျားထက်ပေါ့: Zhang Yi Xing" >>Kim Jun Myeon Unicode "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အ...