ZG
ဗိုက်လဲတင်းသွားပီမို့ ဝရံတာဘက်ထွက်ခဲ့လိုက်သည်။
မှောင်မဲသောတိမ်တိုက်များကြား လမင်းကြီးကတိုးထွက်ကာ တစ်လောကလုံးကို မမှောင်စေဘဲ အလင်းရောင်အနည်းငယ်ပေးနေသည်။
သူ့ကိုနမ်းရှိုက်သွားသော လေပြေလေညှင်းဟာလဲ အေးလေသည်။
"Arrr ကောင်းလိုက်တာ "
လေများကို တဝကြီးရှုရှိုက်လိုက်သောကြောင့် စိတ်ပေါ့ပါးသွားသလိုခံစားရသည်။
အမှုကိစ္စများနဲ့ ရှုပ်ယှက်ခက်နေသောကြောင့် ဒီလိုနားနားနေနေမနေရတာအတော်ကြာပီ။
တစ်စုံတစ်ယောက်အိမ်လဲ မသွားဖူးတာကြာပီ။
တစ်စုံတစ်ယောက်ရဲ့ရေချိုးခန်းမှာ တခါမှလဲရေမချိုးဖူးခဲ့
တစ်စုံတစ်ယောက်နဲ့အတူ ခေါက်ဆွဲပြုတ်လဲမစားဖူးခဲ့
အခုတော့ သူအကုန်လုပ်ဖူးသွားပီ။
ZhangYixing ကြောင့် သူ့အိမ်လဲရောက်ဖူးသွားပီ။
ZhangYixing ကြောင့် သူ့အိမ်ရေချိုးခန်းမှာ ရေချိုးဖူးသွားပီ။
ZhangYixing ကြောင့် သူနဲ့ ခေါက်ဆွဲပြုတ်တူတူစားခဲ့ဖူးပီ။
သူ့ဘဝထဲ ဘာလို့ ZhangYixing ဆိုတဲ့ လူ ဝင်ရောက်လာရတာလဲ
အရင်ကဆို တစ်ယောက်တည်းနေတယ် စားချင်စားသလိုစားတယ် အမှုတွေလိုက်စုံစမ်းတယ် တရားခံတွေလိုက်ဖမ်းတယ် စခန်းမှာပဲ ဖစ်သလိုနေရင်နေတယ် အိပ်ချင်သလိုအိပ်တယ်
တစ်စုံတစ်ယောက်ရဲ့ ယုယမှုတွေမခံရတာအတော်ကြာပီ အမေဆုံးသွားကတည်းကပေါ့
တခါတလေကြင်ကြင်နာနာပြောဆိုဆက်ဆံတယ်
တခါတလေအော်ရင်အော်တတ်တယ်
ZhangYixing မင်းက ဘယ်လိုလူလား?
အမှန်ပြောရရင် စိတ်၂မျိုးဖစ်နေမိတယ်
YOU ARE READING
Until You
FanfictionXingHo (Boy Love) ZawGyi and Unicode ZawGyi "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အလုပ်ကပိုအရေးကြီးတယ် ခင်ဗျားထက်ပေါ့: Zhang Yi Xing" >>Kim Jun Myeon Unicode "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အ...