Until You (Episode 40)

1.1K 95 6
                                    

"စုံ​ထောက်​Kim သတိထားပါအုန်း "

အ​ရေး​ပေါ်ကား​ရောက်​လာပီမို့ စုံ​ထောက်​Kim ကို ကုတင်​​ပေါ်တင်​ပီး ကား​ပေါ်တင်​လိုက်​သည်​။

"ငါလိုက်​သွား​ပေးလိုက်​မယ်​ မင်း ငါ့အစားပါ တာဝန်​ယူ​ပေးထားပါ "

"​အေးပါ ပီး​တော့ အထက်​ကလူမသိ​အောင်​ပါ လုပ်​ထားလိုက်​မယ်​ "

"​အေး လုပ်​​ပေးထားပါ မဟုတ်​ရင်​ ငါ ပြဿနာ တက်​​နေမှာ "

"သူ့အ​ခြေအ​နေ စိုးရိမ်​ရလား "

ဆေးရုံကား​ပေါ်က ဝန်​ထမ်းကို​မေး​တော့ ဝန်​ထမ်းက စုံ​ထောက်​Kim ​ခေါင်း​ပေါ်က ​သွေး​တွေကိုသုတ်​​ပေးရင်းနဲ့ ပြန်​​ဖြေသည်

"သိပ်​​တော့ မစိုးရိမ်​ရပါဘူး ​ခေါင်းကွဲသွားရုံပါ "

"မစိုးရိမ်​ရဘူးဆိုရင်​ ​တော်​ပါ​သေးရဲ့ "

ဒီလိုနဲ့ ​ဆေးရုံကို​ရောက်​​တော့ စုံ​ထောက်​Kim ကို ကားထဲက ထုတ်​ကာ ​ဆေးရုံထဲသို့​ခေါ်​ဆောင်​သွား​တော့သည်

တာဝန်​ကျဆရာဝန်​​ရောက်​လာကာ စုံ​ထောက်​Kim ကို စမ်းသပ်​​စစ်​​ဆေး​နေသည်

"ဆရာ အ​ခြေအ​နေဘယ်​လိုလဲ "

"လူနာက အားနည်း​နေတာပါ "

"အစားမစားဘဲ အရက်​​တွေပဲ​သောက်​​နေ​တော့ အစာအိမ်​ကလက်​မခံနိုင်​တာ "

"အဲ့​တော့ ခုခံအား​တွေက ကျဆင်း​နေချိန်​မှာ ​သွေး​တွေပါအများကြီးထွက်​​တော့ သတိ​မေ့သွားတာပါ "

"​ခေါင်းကဒဏ်​ရာက ချုပ်​လိုက်​ရင်​ ရပါတယ်​ "

"လူနာရှင်​လား "

"ဟုတ်​ကဲ့ အသိပါ "

"ကျွန်​​တော်​တို့ ​ခေါင်းကိုချုပ်​ထားလိုက်​ပါ့မယ်​ "

"ဟုတ်​ကဲ့ "

"ကျသင့်​​ငွေကို​တော့ ​ကောင်​တာမှာ ရှင်း​ပေးပါ "

"အာ ဟုတ်​ကဲ့ ရှင်း​ပေးပါ့မယ်​ "

စုံ​ထောက်​Kimရဲ့ ​ဘောင်းဘီအိတ်​ကပ်​ကိုစမ်း​တော့ ပိုက်​ဆံအိတ်​ကို ရှာ​တွေ့လိုက်​သည်

Until YouWhere stories live. Discover now