"Jun အိမ်သာထဲ ဝင်လိုက်အုန်းမယ် "
JunMyeon အိမ်သာထဲရောက်ပီးနောက် တံခါးလော့ချဖို့ မေ့နေသောကြောင့် လော့ချဖို့လုပ်နေစဉ်မှာ Yixing အကျီလဲနေတာကိုတွေ့လိုက်သည်
'ဟင် လက်မောင်းမှာ ပတ်တီးပါလား '
ပတ်တီးမှာ သွေးတွေစွန်းထင်းနေပီး လျော့ရိလျော့ရဲ ဖစ်နေသည်
ထိုပတ်တီးကိုခွာလိုက်ချိန်မှာ သေနတ်ဒဏ်ရာလိုမျိုး ဒဏ်ရာကိုတွေ့လိုက်သည်
'မ မဖစ်နိုင်တာ Xingက Xingက '
ပတ်တီးကို အသစ်ပြန်ပတ်ပီး အကျီပြန်ဝတ်နေသော Yixing ကို JunMyeon အတွေးများစွာနဲ့ ကြောင်ကြည့်နေမိသည်
အိမ်သာထဲကနေ ဘာမှမဖစ်သလို ပြန်ထွက်လာကာ
"Xing Junကိုလေ Martကနေ ပစ္စည်းလေးတွေ သွားဝယ်ပေးပါလား "
"ဘာလို့လဲ Jun "
"Junစားချင်တာလေးတွေရှိလို့ "
"Xingရယ် ဝယ်ပေးနော် နော်လို့ "
"အင်းပါ ဝယ်ပေးမှာပေါ့ "
"ဘာတွေဝယ်ပေးရမလဲ "
"Junရေးပေးလိုက်မယ် တစ်ခုမှမကျန်စေနဲ့နော် "
စာရွက်ပေါ်မှာ ရေးချင်တာရေးပေးလိုက်ပီး Xingလက်ထဲ ထည့်ကာ အပြင်ကိုအတင်းနှင်လွှတ်လိုက်သည်
"ဖိနပ် "
ဖိနပ်ကိုကြည့်လိုက်တော့ မြေနီရွှံတွေ အများကြီးပဲ
ဆိုးလ်မှာက ဒီလိုတွေမှ မရှိတာ လူမရှိတဲ့နေရာတွေ ခြုံပုတ်နေရာတွေ မြို့စွန်နားတွေပဲ ဒီလို ရွှံတွေပေါတာ
ပီးတော့ ဒဏ်ရာကလဲ မနေ့က ဟိုလူကို ပစ်ခဲ့တာနဲ့ တထေရာတည်း
သံသရဖစ်မိနေသော မိမိကိုယ်ကို မယုံချင်တော့
မဖစ်နိုင်ပါဘူးလို့ အတင်းကာရော ငြင်းဆန်နေပေမဲ့ တကယ်ကို ငြင်းဆန်မရနိုင်တဲ့ သက်သေတွေက မျက်စိရှေ့တွင် ရှိနေသည်
YOU ARE READING
Until You
FanfictionXingHo (Boy Love) ZawGyi and Unicode ZawGyi "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အလုပ်ကပိုအရေးကြီးတယ် ခင်ဗျားထက်ပေါ့: Zhang Yi Xing" >>Kim Jun Myeon Unicode "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အ...