"ဒီမှာ စုံထောက်Kim "
Junနဲ့သိတဲ့ ထောင်ဝန်ထမ်းကို Yixing အကူအညီတောင်းထားခြင်းဖြစ်သည်
"ကျေးဇူးပါ "
အိပ်ရာပေါ်မှာလဲနေသော Jun
နှာခေါင်းမှာလည်း ပိုက်တွေတပ်ထားသည်
လက်တွေမှာလည်း အပ်ပေါင်းများစွာ
အိပ်ပျော်နေသလိုပင် ဖြစ်နေသည်
အခုချက်ချင်း Junဆီသာ ထွက်ပြေးသွားလိုက်ချင်သည်
"မြန်မြန်လုပ် တခြားသူတွေမြင်သွားရင် ကျွန်တော် ပြဿနာ တတ်မှာ "
"ဟုတ် ရပါပီ ကျွန်တော် ကြည့်ပီးသွားပါပီ "
"နောက်လည်း အကူအညီတောင်းပါတယ် "
ထိုလူက ခေါင်းတစ်ချက်ငြိမ့်ပြကာ အနားကထွက်သွားသည်
*****************************
"ဟင် ဟိုကောင် ဘယ်လက်ရုံး "
ထောင်ထဲတွင် Wan Chen Xuရဲ့ တပည့် ဘယ်လက်ရုံးကို တွေ့လိုက်ရသည်
Yixing အဲဒီနေရာကို အပြေးသွားကာ အဲ့ဒီကောင်ကို ဆွဲထိုးလိုက်သည်
"Junကို မထိပါနဲ့လို့ ငါ မပြောဘူးလား "
'ခွပ် '
"မင်းလိုကောင်ကများ "
'ခွပ် '
'ခွပ် '
'ခွပ် '
'ပီ ပီ ပီ '
"ထောင်အမှတ် 9191 "
"ထောင်အမှတ် 9191 လွှတ်လိုက်စမ်း "
ဝီစီမှုတ်ကာ ရောက်ချလာသော ထောင်ဝန်ထမ်းများကြောင့် Yixing စိတ်တိုင်းကျတောင် မထိုးလိုက်ရ
*****************************
"ထောင်အမှတ် 9191 "
"ခင်ဗျား တခြားထောင်သားကို သွားထိုးတယ်ဆို "
သူကစိတ်တိုနေတဲ့ပုံနှင့် Yixing ကို ပြောလာသည်
"သူက Junကို ဖမ်းပီး နှိပ်စက်ခဲ့တဲ့ကောင် "
YOU ARE READING
Until You
FanfictionXingHo (Boy Love) ZawGyi and Unicode ZawGyi "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အလုပ်ကပိုအရေးကြီးတယ် ခင်ဗျားထက်ပေါ့: Zhang Yi Xing" >>Kim Jun Myeon Unicode "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အ...