ZG
တိတ်ဆိတ်နေသော ညချမ်းတွင် တိတ်တဆိတ်လှုပ်ရှားနေသော လူများရှိသည်။
ထိုလူများကတော့ တရုတ်ကိုမှောင်ခိုကူးကြမဲ့လူများဖြစ်သည်။
လေယာဉ်စရိတ်မတတ်နိုင်သောကြောင့်လည်းကောင်း တရားမဝင်ရောင်းဝယ်မှုများရှိသောကြောင့်လည်းကောင်း ရဲများလိုက်ဖမ်းမှာစိုးသောကြောင့်လည်းကောင်း အစရှိသဖြင့် လူများ ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။
ထိုလူများထဲတွင် Ji Wang Min လဲပါသည်။
သူ့ကိုသစ္စာဖောက်သွားသော လူများ တရုတ်တွင်ရှိတာသူသိသည်။
"ရာရာစစ ငါ့ကိုများ "
ရဲများစုံထောက်များ သူ့ကိုအလိုရှိနေသောကြောင့် ဒီနိုင်ငံကနေ အမြန်ဆုံးထွက်သွားမှ အဆင်ပြေမည်။
မဟုတ်လျှင် သူအဖမ်းခံရလိမ့်မည်ဖြစ်သည်။
အချိန်ကိုကြည့်လိုက်တော့ ၇နာရီထိုးတော့မည်ဖစ်၍ သဘောင်္ပေါ်သို့ အမြန်ဆုံးတက်ဖို့ပြင်လိုက်သည်။
ဘေးဘီဝဲယာကိုကြည့်လိုက်သောအခါ အခြေအနေအဆင်ပြေသည်မို့ ခပ်သွက်သွက်လှုပ်ရှားလိုက်သည်။
လက်မှတ်ကို ကောင်လေးကို ပြလိုက်ရာ ကောင်လေးက အပေါ်တက်ဖို့ အချက်ပြသည်။
သူ့လက်ကိုလှမ်းကိုင်သောကြောင့်
'ဒီကောင်လေးကဘာလဲကွာ '
"ဘာလဲ "
ဟိုကောင်လေးမဟုတ် နောက်တယောက်ဖစ်နေသည်။
"Ji Wang Min ခင်ဗျားကို တရားမဝင်မှောင်ခိုအရောင်းအဝယ်လုပ်မှုနဲ့ဖမ်းလိုက်ပီ "
ဘေးဘီကြည့်လိုက်တော့ သူ့ကို သေနတ်ဖြင့်ချိန်ထားသော လူများစွာရှိသည်။
"ထွက်ပြေးမယ်မကြံပါနဲ့ အမှုပိုကြီးသွားမယ် "
"ခေါ်သွားတော့ သူ့ကို "
YOU ARE READING
Until You
FanfictionXingHo (Boy Love) ZawGyi and Unicode ZawGyi "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အလုပ်ကပိုအရေးကြီးတယ် ခင်ဗျားထက်ပေါ့: Zhang Yi Xing" >>Kim Jun Myeon Unicode "Jun မင်း ကိုယ့်အပေါ်ကိုလုပ်ရက်တယ်နော်" >>Zhang Yi Xing "အ...